2019 ႏွစ္ရဲ႕ ေနာက္ဆံုးလျဖစ္တဲ့ ဒီဇင္ဘာလည္းေရာက္လာၿပီေနာ္။ လူေတာ္ေတာ္မ်ားမ်ားရဲ႕ စိတ္ထဲမွာ ႏွစ္ေဟာင္းကုန္လုိ႔ ႏွစ္သစ္ေရာက္ေတာ့မယ္ဆိုရင္ ကိုယ့္ရဲ႕ ခံစားခ်က္ေတြက သစ္လြင္ေတာက္ပမႈေတြနဲ႔ ျပန္အစျပဳၾကမယ္လို႔ ဆံုးျဖတ္ထားတတ္ၾကပါတယ္။ ႏွစ္ေဟာင္းမွာ မလုပ္ျဖစ္လိုက္တဲ့ အရာေတြ၊ အေကာင္အထည္မေဖာ္ျဖစ္လုိက္တဲ့ဟာေတြကို ႏွစ္သစ္ေရာက္ရင္ေတာ့ ျဖစ္ေအာင္လုပ္မယ္ဆိုၿပီး ေတြးထားတတ္ၾကပါတယ္။ ဟုတ္ပါတယ္ ႏွစ္ေဟာင္းရဲ႕ ေဟာင္းႏြမ္းမႈေတြၿပီးသြားရင္ေတာ့ ႏွစ္သစ္ရဲ႕ သစ္လြင္ျခင္းေတြ ေရာက္႐ွိလာေတာ့မွာပါ။ လာမယ့္ႏွစ္သစ္မွာ အေကာင္အထည္ေဖာ္သင့္တဲ့ အခ်က္ေလးေတြကို ေဖာ္ျပေပးလုိက္ပါတယ္ေနာ္။

အိပ္မက္ေတြကို အေကာင္အထည္ေဖာ္ပါ


လူတိုင္းမွာေတာ့ အနည္းဆံုး အိပ္မက္တစ္ခုစီ ႐ွိတတ္ၾကပါတယ္ ဒီထက္မ်ားေကာင္းလည္း မ်ားႏုိင္္ပါတယ္။ လူေတြဟာ အိပ္မက္ေတြကို အေကာင္အထည္ေဖာ္ခ်င္ေပမယ့္ ျဖစ္ခ်င္တာထက္ ျဖစ္သင့္တာကိုပဲ ဦးစားေပးေနရတတ္ပါတယ္။ ဒီႏွစ္သစ္မွာေတာ့ ကိုယ္ျဖစ္ခ်င္တာကို ဦးစားေပးခ်ိန္ေရာက္ၿပီလို႔ ထင္ပါတယ္ေနာ္။ ကိုယ္လုပ္ခ်င္တဲ့ ကိုယ္ဝါသနာပါတဲ့ အရာေလးေတြကို ဒီႏွစ္သစ္မွာ ျဖည္းျဖည္းခ်င္းစလုပ္ၾကည့္ပါ။ ကိုယ္ျဖစ္ခ်င္တဲ့ဆႏၵေတြအတြက္ သင့္ရဲ႕ အခ်ိန္္ေလးနည္းနည္းေလာက္ကို ခြဲေဝေပးလုိက္ပါ။ သင့္ရဲ႕အိပ္မက္ေတြ ေအးခဲမသြားခင္ ျဖည္းျဖည္းခ်င္း စၿပီးေလွ်ာက္လွမ္းပါ။

ငယ္႐ြယ္တုန္း ခရီးသြားပါ


ခရီးသြားျခင္းဆိုတာ အခ်ိန္တစ္ခုထိ အကန္႔အသတ္႐ွိပါတယ္။ တက္ၾကြဖ်တ္လတ္တဲ့ ခုအ႐ြယ္မွာ ကိုယ္သြားခ်င္တဲ့ခရီးေတြကို တတ္ႏုိင္သေလာက္ သြားထားသင့္ပါတယ္။ အသက္အ႐ြယ္တစ္ခုအထိ ေရာက္သြားတဲ့အခ်ိန္မွာ ဒါေတြဟာ တန္ဖိုးမျဖတ္ႏုိင္တဲ့ အမွတ္တရတစ္ခုအျဖစ္ သင့္လက္ထဲမွာ ႐ွိေနမွာပါ။ ဒါေၾကာင့္ ငယ္႐ြယ္တုန္းမွာ ပိုက္ဆံစုၿပီး ကိုယ္သြားခ်င္တဲ့ေနရာ ကိုယ္သြားခ်င္တဲ့ခရီးေတြကို ေရာက္ေအာင္သြားပါ။

အမွားေတြ အ႐ံႈးေတြကေန သင္ယူပါ


ႏွစ္ေဟာင္းမွာ ကိုယ္လုပ္မိခဲ႔တဲ့အမွားေတြကေန အမွန္ကို သင္ယူၿပီး ကိုယ္ရခဲ႔တဲ့ အ႐ံႈးေတြကေန ေအာင္ျမင္ျခင္းကို သင္ယူပါ။ အမွားတုိင္းက တန္ဖိုး႐ွိသလို၊ အ႐ံႈးတုိင္းက ကိုယ့္အတြက္ အျမင့္ကို ေရာက္ေအာင္တြန္းတင္ေပးမယ့္ ေလွကားထစ္ေတြျဖစ္ပါတယ္။ ဒါေၾကာင့္ ႏွစ္ေဟာင္းမွာလုပ္မိတဲ့ အမွားေတြကို ႏွစ္သစ္မွာ အမွန္ျဖစ္ႏုိင္ဖို႔၊ ကိုယ္႐ံႈးနိမ္႔ခဲ့ဖူးတဲ့ ကိစၥရပ္ေတြကို ေနာက္ထပ္မ႐ံႈးနိမ္႔ေစဖို႔ ျပင္ဆင္သင္ယူသင့္ပါတယ္။

ေနာင္တထဲမွာ ပိတ္္မိမေနပါေစနဲ႔

ကိုယ့္လုပ္ခဲ႔ဖူးတဲ့ အမွားေတြ၊ အ႐ံႈးေတြအတြက္ ေနာင္တရေကာင္း ရတတ္ၾကမွာပါ။ ဒါေပမယ့္ ေနာင္တဆိုတာ ခဏေလာက္သာ ခံစားဖို႔ေကာင္းတဲ့ အရာျဖစ္ပါတယ္။ ကိုယ္လုပ္တဲ့အလုပ္ကို အေကာင္းဆံုးလုပ္ၿပီး ေနာင္တဆိုတာကို တတ္ႏုိင္သေလာက္ေမ့ထားတာ အေကာင္းဆံုးပါပဲ။ ေနာင္တထဲပိတ္မိကုန္္ရင္ တျဖည္းျဖည္း ေနာင္တရဲ႕တိုက္စားျခင္းကုိ ခံရၿပီး ကိုယ့္ရဲ႕ ျဖစ္တည္မႈကို စိတ္ပ်က္အားငယ္လာမိပါတယ္။ ဒါေၾကာင့္ ကိုယ္လုပ္ရဲရင္ ခံရဲရမယ္ဆိုတဲ့ စိတ္ကိုေမြးၿပီး အတတ္ႏုိင္ဆံုး ေနာင္တမရပါေစနဲ႔။

စိတ္ထားေကာင္းမြန္တဲ့ သူတစ္ေယာက္ျဖစ္ေအာင္ ႀကိဳးစားပါ


စိတ္ထားေကာင္းတဲ့ သူဟာ ကံေကာင္းပါတယ္။ ကိုယ့္ကိုယ္ကို စိတ္ထားေကာင္းတဲ့သူတစ္ေယာက္ ျဖစ္ေအာင္ ႀကိဳးစားပါ။ စိတ္ထားေကာင္းျခင္းက ကိုယ့္ဆီကို ကံေကာင္းျခင္းေတြ သယ္ေဆာင္လာပါလိမ့္မယ္။ အေကာင္းျမင္စိတ္နဲ႔ လူေတြကိုၾကည့္တတ္ဖို႔၊ ကိုယ္ခ်င္းစာတတ္ဖို႔၊ ၾကင္နာသနားတတ္ဖို႔ သင္ယူၿပီး ကိုယ့္ကိုယ္ကို စိတ္ေကာင္း႐ွိတဲ့သူတစ္ေယာက္ ျဖစ္ေအာင္ ႀကိဳးစားေနထိုင္ပါ။ သင့္ရဲ႕ စိတ္ထားေကာင္းမႈေတြက သင့္ဆီကံေကာင္းမႈမ်ားအျဖစ္နဲ႔ တစ္ဖန္ျပန္ေရာက္႐ွိလာပါလိမ္႔မယ္။
Khin

Unicode


လာမယ့် 2020 နှစ်သစ်မှာ အကောင်အထည်ဖော်ပြီး လုပ်ဆောင်သင့်တဲ့ အချက်တွေ



2019 နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလည်းရောက်လာပြီနော်။ လူတော်တော်များများရဲ့ စိတ်ထဲမှာ နှစ်ဟောင်းကုန်လို့ နှစ်သစ်ရောက်တော့မယ်ဆိုရင် ကိုယ့်ရဲ့ ခံစားချက်တွေက သစ်လွင်တောက်ပမှုတွေနဲ့ ပြန်အစပြုကြမယ်လို့ ဆုံးဖြတ်ထားတတ်ကြပါတယ်။ နှစ်ဟောင်းမှာ မလုပ်ဖြစ်လိုက်တဲ့ အရာတွေ၊ အကောင်အထည်မဖော်ဖြစ်လိုက်တဲ့ဟာတွေကို နှစ်သစ်ရောက်ရင်တော့ ဖြစ်အောင်လုပ်မယ်ဆိုပြီး တွေးထားတတ်ကြပါတယ်။ ဟုတ်ပါတယ် နှစ်ဟောင်းရဲ့ ဟောင်းနွမ်းမှုတွေပြီးသွားရင်တော့ နှစ်သစ်ရဲ့ သစ်လွင်ခြင်းတွေ ရောက်ရှိလာတော့မှာပါ။ လာမယ့်နှစ်သစ်မှာ အကောင်အထည်ဖော်သင့်တဲ့ အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

အိပ်မက်တွေကို အကောင်အထည်ဖော်ပါ


လူတိုင်းမှာတော့ အနည်းဆုံး အိပ်မက်တစ်ခုစီ ရှိတတ်ကြပါတယ် ဒီထက်များကောင်းလည်း များနိုင််ပါတယ်။ လူတွေဟာ အိပ်မက်တွေကို အကောင်အထည်ဖော်ချင်ပေမယ့် ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုပဲ ဦးစားပေးနေရတတ်ပါတယ်။ ဒီနှစ်သစ်မှာတော့ ကိုယ်ဖြစ်ချင်တာကို ဦးစားပေးချိန်ရောက်ပြီလို့ ထင်ပါတယ်နော်။ ကိုယ်လုပ်ချင်တဲ့ ကိုယ်ဝါသနာပါတဲ့ အရာလေးတွေကို ဒီနှစ်သစ်မှာ ဖြည်းဖြည်းချင်းစလုပ်ကြည့်ပါ။ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒတွေအတွက် သင့်ရဲ့ အချိန််လေးနည်းနည်းလောက်ကို ခွဲဝေပေးလိုက်ပါ။ သင့်ရဲ့အိပ်မက်တွေ အေးခဲမသွားခင် ဖြည်းဖြည်းချင်း စပြီးလျှောက်လှမ်းပါ။

ငယ်ရွယ်တုန်း ခရီးသွားပါ


ခရီးသွားခြင်းဆိုတာ အချိန်တစ်ခုထိ အကန့်အသတ်ရှိပါတယ်။ တက်ကြွဖျတ်လတ်တဲ့ ခုအရွယ်မှာ ကိုယ်သွားချင်တဲ့ခရီးတွေကို တတ်နိုင်သလောက် သွားထားသင့်ပါတယ်။ အသက်အရွယ်တစ်ခုအထိ ရောက်သွားတဲ့အချိန်မှာ ဒါတွေဟာ တန်ဖိုးမဖြတ်နိုင်တဲ့ အမှတ်တရတစ်ခုအဖြစ် သင့်လက်ထဲမှာ ရှိနေမှာပါ။ ဒါကြောင့် ငယ်ရွယ်တုန်းမှာ ပိုက်ဆံစုပြီး ကိုယ်သွားချင်တဲ့နေရာ ကိုယ်သွားချင်တဲ့ခရီးတွေကို ရောက်အောင်သွားပါ။

အမှားတွေ အရှုံးတွေကနေ သင်ယူပါ


နှစ်ဟောင်းမှာ ကိုယ်လုပ်မိခဲ့တဲ့အမှားတွေကနေ အမှန်ကို သင်ယူပြီး ကိုယ်ရခဲ့တဲ့ အရှုံးတွေကနေ အောင်မြင်ခြင်းကို သင်ယူပါ။ အမှားတိုင်းက တန်ဖိုးရှိသလို၊ အရှုံးတိုင်းက ကိုယ့်အတွက် အမြင့်ကို ရောက်အောင်တွန်းတင်ပေးမယ့် လှေကားထစ်တွေဖြစ်ပါတယ်။ ဒါကြောင့် နှစ်ဟောင်းမှာလုပ်မိတဲ့ အမှားတွေကို နှစ်သစ်မှာ အမှန်ဖြစ်နိုင်ဖို့၊ ကိုယ်ရှုံးနိမ့်ခဲ့ဖူးတဲ့ ကိစ္စရပ်တွေကို နောက်ထပ်မရှုံးနိမ့်စေဖို့ ပြင်ဆင်သင်ယူသင့်ပါတယ်။

နောင်တထဲမှာ ပိတ််မိမနေပါစေနဲ့
ကိုယ့်လုပ်ခဲ့ဖူးတဲ့ အမှားတွေ၊ အရှုံးတွေအတွက် နောင်တရကောင်း ရတတ်ကြမှာပါ။ ဒါပေမယ့် နောင်တဆိုတာ ခဏလောက်သာ ခံစားဖို့ကောင်းတဲ့ အရာဖြစ်ပါတယ်။ ကိုယ်လုပ်တဲ့အလုပ်ကို အကောင်းဆုံးလုပ်ပြီး နောင်တဆိုတာကို တတ်နိုင်သလောက်မေ့ထားတာ အကောင်းဆုံးပါပဲ။ နောင်တထဲပိတ်မိကုန််ရင် တဖြည်းဖြည်း နောင်တရဲ့တိုက်စားခြင်းကို ခံရပြီး ကိုယ့်ရဲ့ ဖြစ်တည်မှုကို စိတ်ပျက်အားငယ်လာမိပါတယ်။ ဒါကြောင့် ကိုယ်လုပ်ရဲရင် ခံရဲရမယ်ဆိုတဲ့ စိတ်ကိုမွေးပြီး အတတ်နိုင်ဆုံး နောင်တမရပါစေနဲ့။

စိတ်ထားကောင်းမွန်တဲ့ သူတစ်ယောက်ဖြစ်အောင် ကြိုးစားပါ


စိတ်ထားကောင်းတဲ့ သူဟာ ကံကောင်းပါတယ်။ ကိုယ့်ကိုယ်ကို စိတ်ထားကောင်းတဲ့သူတစ်ယောက် ဖြစ်အောင် ကြိုးစားပါ။ စိတ်ထားကောင်းခြင်းက ကိုယ့်ဆီကို ကံကောင်းခြင်းတွေ သယ်ဆောင်လာပါလိမ့်မယ်။ အကောင်းမြင်စိတ်နဲ့ လူတွေကိုကြည့်တတ်ဖို့၊ ကိုယ်ချင်းစာတတ်ဖို့၊ ကြင်နာသနားတတ်ဖို့ သင်ယူပြီး ကိုယ့်ကိုယ်ကို စိတ်ကောင်းရှိတဲ့သူတစ်ယောက် ဖြစ်အောင် ကြိုးစားနေထိုင်ပါ။ သင့်ရဲ့ စိတ်ထားကောင်းမှုတွေက သင့်ဆီကံကောင်းမှုများအဖြစ်နဲ့ တစ်ဖန်ပြန်ရောက်ရှိလာပါလိမ့်မယ်။

Khin