ေျမာက္ကုိရီးယားဟာ တံခါးပိတ္ဝါဒကုိ ႏွစ္ေပါင္းမ်ားစြာ လက္ခံက်င့္သုံးေနတဲ့ ႏုိင္ငံျဖစ္ၿပီး၊ သူ႔ရဲ႕ စီးပြားဘက္ႏုိင္ငံအျဖစ္ တ႐ုတ္၊ ႐ုရွတုိ႔သာ လက္ညႇိဳးထုိးျပစရာရွိပါတယ္။ ဒါေပမယ့္ အေမရိကန္အုပ္စုကို ဆန္႔က်င္ေနတဲ့ အီရန္၊ အီရက္၊ ဆီးရီးယားနဲ႔ အေရွ႕အလယ္ပုိင္းႏုိင္ငံေတြလည္း ေျမာက္ကိုရီးယားနဲ႔ စီးပြားေရး (လွ်ိဳ႕ဝွက္)ဆက္ဆံေနၾကတယ္လုိ႔ ဆုိပါတယ္။ ေျမာက္ကုိရီးယားဟာ လွ်ိဳ႕ဝွက္ခ်က္ေတြ မ်ားျပားလွတဲ့ႏုိင္ငံျဖစ္ၿပီး၊ ယင္းႏုိင္ငံရဲ႕ လူသိနည္းေသးတဲ့ အခ်က္ကေလးေတြကို ေရြးထုတ္ ေဖာ္ျပေပးလုိက္ပါတယ္။
(၁) တရားဝင္ ေဆးေျခာက္အသုံးျပဳလုိ႔ရတဲ့ ႏုိင္ငံ
အေမရိကန္၊ မကၠဆီကိုႏုိင္ငံေတြရဲ႕ ျပည္နယ္အခ်ိဳ႕မွာ ေဆးေျခာက္ကို သတ္မွတ္ထားတဲ့ ပမာဏနဲ႔အညီ သုိေလွာင္ထိန္းသိမ္းျခင္း၊ သုံးစြဲျခင္းကို ဥပေဒအရ ခြင့္ျပဳေပးခဲ့တာေတြ ရွိပါတယ္။ ဒါေပမယ့္ ေျမာက္ကုိရီးယားကေတာ့ ေရွးႏွစ္ေပါင္းမ်ားစြာကတည္းက ေဆးေျခာက္ဟာ လူတစ္ေယာက္ရဲ႕ အလုပ္လုပ္ခ်င္စိတ္ကုိ ျမႇင့္တင္ေပးနုိင္တယ္လို႔ ယုံၾကည္ၿပီး၊ တရားဝင္ အသုံးျပဳခြင့္ေပးထားတဲ့ ႏုိင္ငံျဖစ္ပါတယ္။
(၂) ထူးျခားတဲ့ ေျမာက္ကုိရီးယား ျပကၡဒိန္
ေျမာက္ကိုရီးယားရဲ႕ ျပကၡဒိန္ဟာ ကမာၻသုံးေနတဲ့ (၂၀၁၈) ခုႏွစ္ မဟုတ္ပါဘူး။ သူတုိ႔ရဲ႕ ျပကၡဒိန္ကုိ ယခင္က ကုိရီးယား႐ုိးရားျပကၡဒိန္အတုိင္း အသုံးျပဳခဲ့ေပမယ့္ ေနာက္ပုိင္းမွာ ေခါင္းေဆာင္ႀကီး ကင္အီဆြန္ ေမြးဖြားခဲ့တဲ့ (၁၉၁၂)ခုႏွစ္ ဧၿပီလ (၁၅)ရက္ေန႔ကုိ အေျခခံထုတ္ေဝခဲ့ပါတယ္။ အခုဆုိ ေျမာက္ကုိရီးယားျပကၡဒိန္ဟာ (၂၀၁၈)ခုႏွစ္ မဟုတ္ပဲ (106)ခုႏွစ္သာ ရွိပါေသးတယ္။
(၃) မီးမလင္းေသာ လမ္းေဘးမီးပြိဳင့္မ်ား
ေျမာက္ကိုရီးယားမွာ တပ္ဆင္ထားတဲ့ မီးပြိဳင့္ဟာ တပ္ဆင္ၿပီးေနာက္ မၾကာမီမွာ မီးမလင္း၊ အလုပ္မလုပ္ေတာ့ပါဘူး။ သက္ဆုိင္ရာက ဓာတ္အားျဖတ္ေတာက္ထားတဲ့ သေဘာပါ။ ဒါေပမယ့္ ယာဥ္ေၾကား႐ႈပ္ေထြးတဲ့ေနရာေတြမွာ ယာဥ္ထိန္းရဲေမေတြ ရွိေနပါတယ္။
(၄) ကမာၻ႕အႀကီးဆုံး ေဘာလုံးကြင္းႀကီး
ေျမာက္ကုိရီးယားႏုိင္ငံ၊ ၿပဳံးယမ္းၿမိဳ႕ေတာ္မွာ Rungnado May Day stadium အမည္ရ ကမာၻ႕အႀကီးဆုံးေဘာလုံးကြင္းႀကီး တည္ရွိပါတယ္။ အဆုိပါ ေဘာလုံးကြင္းႀကီးဟာ ပရိသတ္ (၁၅၀၀၀၀) အထိ ဆန္႔ပါတယ္။ ဒါေပမယ့္ စံခ်ိန္တင္ ပရိသတ္အားေပးမႈအျဖစ္ ပရိသတ္ နပန္းပြဲတစ္ခုကို ပရိသတ္ (၁၉၀၀၀၀)အထိ အားေပးခဲ့ဖူးတယ္လုိ႔ သိရပါတယ္။
(၅) မ်ိဳးဆက္သုံးခု အျပစ္ေပးတဲ့စနစ္
ေျမာက္ကိုရီးယားမွာ အထူးသျဖင့္ ေခါင္းေဆာင္ေတြကုိ ဆန္႔က်င္ပုတ္ခတ္လွ်င္၊ သို႔မဟုတ္ ပုန္ကန္ရန္ႀကိဳးစားလွ်င္၊ သုိ႔မဟုတ္ ႏုိင္ငံေတာ္သစၥာေဖာက္မႈျဖင့္ စြဲခ်က္တင္ခံရလွ်င္ မ်ိဳးဆက္သုံးဆက္အထိ အျပစ္ေပးတဲ့ သက္ဦးဆံပုိင္ဥပေဒကုိ လက္ရွိအခ်ိန္ထိ က်င့္သုံးေနပါတယ္။
(၆) ေတာင္-ေျမာက္ နယ္စပ္က ေက်းရြာအတု
ေတာင္-ေျမာက္ စစ္ပြဲၿပီးသြားတဲ့အခါ ေျမာက္ကုိရီးယားေတြဟာ သူတုိ႔တစ္ေတြ ေတာင္ကုိရီးယားကေန ခြဲထြက္ၿပီးေနာက္ အလြန္အဆင္ေျပေနၾကတယ္ဆုိတဲ့ ပုံစံကုိ ျပသဖုိ႔ Kijong-dong (Peace Village) အမည္ရ ထပ္ျမင့္အေဆာက္ဦေတြပါဝင္တဲ့ ေက်းရြာအတုတစ္ခုကို တည္ေဆာက္ခဲ့ပါတယ္။ လူမေနေပမယ့္၊ မီးမျပတ္ ထြန္းထားတယ္လုိ႔ ဆုိပါတယ္။
(၇) ျပည္သူအပန္းေျဖဖုိ႔ ပန္းၿခံ(၃)ခု
အလြန္ႀကီးမားလွတဲ့ ၿပဳံးယမ္းၿမိဳ႕ေတာ္ႀကီးမွာ အမ်ားျပည္သူူ အပန္းေျဖနုိင္ဖုိ႔ ပန္းၿခံသုံးခုရွိတယ္လုိ႔ သိရပါတယ္။ ကမာၻလွည့္ခရီးသြားေတြ လာခ်င္လာေအာင္ ဓာတ္ပုံဗြီဒီယုိေတြ ေဝေဝဆာဆာနဲ႔ လူမႈကြန္ယက္မွာ ျပသခဲ့ေပမယ့္၊ တစ္လေနလုိ႔ တစ္ခါ ဖြင့္ဖုိ႔မေသခ်ာတဲ့ ပန္းၿခံေတြလုိ႔ဆုိပါတယ္။
(၈) တီဗီြခ်န္နယ္ (၃)ခု
ေျမာက္ကိုရီးယားမွာ ထုတ္လႊင့္ျပသေနတဲ့ တီဗြီအစီအစဥ္ သုံးခုသာရွိပါတယ္။ ႏွစ္ခုကေတာ့ စေန၊ တနဂၤေႏြေန႔ေတြမွာသာ ထုတ္လႊင့္ၿပီး၊ တစ္ခုကေတာ့ ေန႔စဥ္ ညေနပုိင္းေရာက္မွ ထုတ္လႊင့္ပါတယ္။ သူတုိ႔ဆီမွာလည္း အပုိင္းလုိက္ျပသတဲ့ ေျမာက္ကုိရီးယားဇာတ္လမ္းတြဲေတြ ရွိၿပီး၊ တစ္ႏုိင္ငံလုံးက အားေပးရတဲ့ ဇာတ္ကားေတြပါ။
(၉) စာတတ္သူ (၉၉)% ရွိတဲ့ ေျမာက္ကုိရီးယား
ေျမာက္ကိုရီးဟားဟာ စာတတ္သူ (၉၉)% အထိ ရွိတယ္လုိ႔ ေၾကျငာထာပါတယ္။ သူတုိ႔တစ္ေတြ စာတတ္မတက္ စံသတ္မွတ္ခ်က္က ႐ုိး႐ုိးေလးပါ။ ႏုိင္ငံကုိအုပ္ခ်ဳပ္ခဲ့တဲ့ ေခါင္းေဆာင္ႀကီးေတြရဲ႕ နာမည္ကုိ ေရးတတ္၊ ဖတ္တတ္တယ္ဆုိရင္ စာတတ္တာပါဘဲတဲ့။
(၁၀) ေျမာက္ကိုရီးယားေတြရဲ႕ ဇိမ္ခံၿမိဳ႕ေတာ္ ၿပဳံယမ္း
ေျမာက္ကုိရီးယားမွာ ဇိမ္ခံၿမိဳ႕ေတာ္ တစ္ခုပဲရွိပါတယ္။ အဲဒါကေတာ့ ၿပဳံးယမ္းပါ။ လူဦးေရ (၂၅)သန္းေက်ာ္ ရွိတဲ့အနက္ ၿပံဳးယမ္းမွာ လူေပါင္း (၃)သန္း ေနထုိင္ၾကပါတယ္။ အဆုိပါ လူသ(၃)သန္းဟာ တုိင္းျပည္ရဲ႕ က်ိက်ိတက္ခ်မ္းသာသူေတြ ျဖစ္ပါတယ္။ အစုိးရထိပ္သီးပုဂၢိဳလ္ေတြ၊ အစိုးရနဲ႔ နီးစပ္တဲ့ သူေဌးသူၾကြယ္ေတြနဲ႔ ၎တုိ႔ရဲ႕ ေဆြမ်ိဳးရင္းျခာေတြ၊ အဆင့္ျမင့္အရာရွိေတြရဲ႕ အိမ္ေထာင္စုေတြ စုေဝးရာဟာ ေျမာက္ကိုရီးယား ျဖစ္ပါတယ္။
နတ္စည္ေတာ္ (Shwemom)
source : buzzfeed.com
Unicode
သင်မသိသေးတဲ့ မြောက်ကိုရီးယားနဲ့ပတ်သတ်တဲ့ ထူးခြားအံ့သြဖွယ်ကောင်းတဲ့အချက်များ
pixabay/589724
မြောက်ကိုရီးယားဟာ တံခါးပိတ်ဝါဒကို နှစ်ပေါင်းများစွာ လက်ခံကျင့်သုံးနေတဲ့ နိုင်ငံဖြစ်ပြီး၊ သူ့ရဲ့ စီးပွားဘက်နိုင်ငံအဖြစ် တရုတ်၊ ရုရှတို့သာ လက်ညှိုးထိုးပြစရာရှိပါတယ်။ ဒါပေမယ့် အမေရိကန်အုပ်စုကို ဆန့်ကျင်နေတဲ့ အီရန်၊ အီရက်၊ ဆီးရီးယားနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေလည်း မြောက်ကိုရီးယားနဲ့ စီးပွားရေး (လျှို့ဝှက်)ဆက်ဆံနေကြတယ်လို့ ဆိုပါတယ်။ မြောက်ကိုရီးယားဟာ လျှို့ဝှက်ချက်တွေ များပြားလှတဲ့နိုင်ငံဖြစ်ပြီး၊ ယင်းနိုင်ငံရဲ့ လူသိနည်းသေးတဲ့ အချက်ကလေးတွေကို ရွေးထုတ် ဖော်ပြပေးလိုက်ပါတယ်။
(၁) တရားဝင် ဆေးခြောက်အသုံးပြုလို့ရတဲ့ နိုင်ငံ
pixabay/sipa
အမေရိကန်၊ မက္ကဆီကိုနိုင်ငံတွေရဲ့ ပြည်နယ်အချို့မှာ ဆေးခြောက်ကို သတ်မှတ်ထားတဲ့ ပမာဏနဲ့အညီ သိုလှောင်ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်းကို ဥပဒေအရ ခွင့်ပြုပေးခဲ့တာတွေ ရှိပါတယ်။ ဒါပေမယ့် မြောက်ကိုရီးယားကတော့ ရှေးနှစ်ပေါင်းများစွာကတည်းက ဆေးခြောက်ဟာ လူတစ်ယောက်ရဲ့ အလုပ်လုပ်ချင်စိတ်ကို မြှင့်တင်ပေးနိုင်တယ်လို့ ယုံကြည်ပြီး၊ တရားဝင် အသုံးပြုခွင့်ပေးထားတဲ့ နိုင်ငံဖြစ်ပါတယ်။
(၂) ထူးခြားတဲ့ မြောက်ကိုရီးယား ပြက္ခဒိန်
မြောက်ကိုရီးယားရဲ့ ပြက္ခဒိန်ဟာ ကမ္ဘာသုံးနေတဲ့ (၂၀၁၈) ခုနှစ် မဟုတ်ပါဘူး။ သူတို့ရဲ့ ပြက္ခဒိန်ကို ယခင်က ကိုရီးယားရိုးရားပြက္ခဒိန်အတိုင်း အသုံးပြုခဲ့ပေမယ့် နောက်ပိုင်းမှာ ခေါင်းဆောင်ကြီး ကင်အီဆွန် မွေးဖွားခဲ့တဲ့ (၁၉၁၂)ခုနှစ် ဧပြီလ (၁၅)ရက်နေ့ကို အခြေခံထုတ်ဝေခဲ့ပါတယ်။ အခုဆို မြောက်ကိုရီးယားပြက္ခဒိန်ဟာ (၂၀၁၈)ခုနှစ် မဟုတ်ပဲ (106)ခုနှစ်သာ ရှိပါသေးတယ်။
(၃) မီးမလင်းသော လမ်းဘေးမီးပွိုင့်များ
pixabay/Didgeman
မြောက်ကိုရီးယားမှာ တပ်ဆင်ထားတဲ့ မီးပွိုင့်ဟာ တပ်ဆင်ပြီးနောက် မကြာမီမှာ မီးမလင်း၊ အလုပ်မလုပ်တော့ပါဘူး။ သက်ဆိုင်ရာက ဓာတ်အားဖြတ်တောက်ထားတဲ့ သဘောပါ။ ဒါပေမယ့် ယာဉ်ကြေားရှုပ်ထွေးတဲ့နေရာတွေမှာ ယာဉ်ထိန်းရဲမေတွေ ရှိနေပါတယ်။
(၄) ကမ္ဘာ့အကြီးဆုံး ဘောလုံးကွင်းကြီး
မြောက်ကိုရီးယားနိုင်ငံ၊ ပြုံးယမ်းမြို့တော်မှာ Rungnado May Day stadium အမည်ရ ကမ္ဘာ့အကြီးဆုံးဘောလုံးကွင်းကြီး တည်ရှိပါတယ်။ အဆိုပါ ဘောလုံးကွင်းကြီးဟာ ပရိသတ် (၁၅၀၀၀၀) အထိ ဆန့်ပါတယ်။ ဒါပေမယ့် စံချိန်တင် ပရိသတ်အားပေးမှုအဖြစ် ပရိသတ် နပန်းပွဲတစ်ခုကို ပရိသတ် (၁၉၀၀၀၀)အထိ အားပေးခဲ့ဖူးတယ်လို့ သိရပါတယ်။
(၅) မျိုးဆက်သုံးခု အပြစ်ပေးတဲ့စနစ်
မြောက်ကိုရီးယားမှာ အထူးသဖြင့် ခေါင်းဆောင်တွေကို ဆန့်ကျင်ပုတ်ခတ်လျှင်၊ သို့မဟုတ် ပုန်ကန်ရန်ကြိုးစားလျှင်၊ သို့မဟုတ် နိုင်ငံတော်သစ္စာဖောက်မှုဖြင့် စွဲချက်တင်ခံရလျှင် မျိုးဆက်သုံးဆက်အထိ အပြစ်ပေးတဲ့ သက်ဦးဆံပိုင်ဥပဒေကို လက်ရှိအချိန်ထိ ကျင့်သုံးနေပါတယ်။
(၆) တောင်-မြောက် နယ်စပ်က ကျေးရွာအတု
တောင်-မြောက် စစ်ပွဲပြီးသွားတဲ့အခါ မြောက်ကိုရီးယားတွေဟာ သူတို့တစ်တွေ တောင်ကိုရီးယားကနေ ခွဲထွက်ပြီးနောက် အလွန်အဆင်ပြေနေကြတယ်ဆိုတဲ့ ပုံစံကို ပြသဖို့ Kijong-dong (Peace Village) အမည်ရ ထပ်မြင့်အဆောက်ဦတွေပါဝင်တဲ့ ကျေးရွာအတုတစ်ခုကို တည်ဆောက်ခဲ့ပါတယ်။ လူမနေပေမယ့်၊ မီးမပြတ် ထွန်းထားတယ်လို့ ဆိုပါတယ်။
(၇) ပြည်သူအပန်းဖြေဖို့ ပန်းခြံ(၃)ခု
pixabay/Didgeman
အလွန်ကြီးမားလှတဲ့ ပြုံးယမ်းမြို့တော်ကြီးမှာ အများပြည်သူူ အပန်းဖြေနိုင်ဖို့ ပန်းခြံသုံးခုရှိတယ်လို့ သိရပါတယ်။ ကမ္ဘာလှည့်ခရီးသွားတွေ လာချင်လာအောင် ဓာတ်ပုံဗွီဒီယိုတွေ ဝေဝေဆာဆာနဲ့ လူမှုကွန်ယက်မှာ ပြသခဲ့ပေမယ့်၊ တစ်လနေလို့ တစ်ခါ ဖွင့်ဖို့မသေချာတဲ့ ပန်းခြံတွေလို့ဆိုပါတယ်။
(၈) တီဗွီချန်နယ် (၃)ခု
မြောက်ကိုရီးယားမှာ ထုတ်လွှင့်ပြသနေတဲ့ တီဗွီအစီအစဉ် သုံးခုသာရှိပါတယ်။ နှစ်ခုကတော့ စနေ၊ တနင်္ဂနွေနေ့တွေမှာသာ ထုတ်လွှင့်ပြီး၊ တစ်ခုကတော့ နေ့စဉ် ညနေပိုင်းရောက်မှ ထုတ်လွှင့်ပါတယ်။ သူတို့ဆီမှာလည်း အပိုင်းလိုက်ပြသတဲ့ မြောက်ကိုရီးယားဇာတ်လမ်းတွဲတွေ ရှိပြီး၊ တစ်နိုင်ငံလုံးက အားပေးရတဲ့ ဇာတ်ကားတွေပါ။
(၉) စာတတ်သူ (၉၉)% ရှိတဲ့ မြောက်ကိုရီးယား
pixabay/sipa
မြောက်ကိုရီးဟားဟာ စာတတ်သူ (၉၉)% အထိ ရှိတယ်လို့ ကြေငြာထာပါတယ်။ သူတို့တစ်တွေ စာတတ်မတက် စံသတ်မှတ်ချက်က ရိုးရိုးလေးပါ။ နိုင်ငံကိုအုပ်ချုပ်ခဲ့တဲ့ ခေါင်းဆောင်ကြီးတွေရဲ့ နာမည်ကို ရေးတတ်၊ ဖတ်တတ်တယ်ဆိုရင် စာတတ်တာပါဘဲတဲ့။
(၁၀) မြောက်ကိုရီးယားတွေရဲ့ ဇိမ်ခံမြို့တော် ပြုံယမ်း
မြောက်ကိုရီးယားမှာ ဇိမ်ခံမြို့တော် တစ်ခုပဲရှိပါတယ်။ အဲဒါကတော့ ပြုံးယမ်းပါ။ လူဦးရေ (၂၅)သန်းကျော် ရှိတဲ့အနက် ပြုံးယမ်းမှာ လူပေါင်း (၃)သန်း နေထိုင်ကြပါတယ်။ အဆိုပါ လူသ(၃)သန်းဟာ တိုင်းပြည်ရဲ့ ကျိကျိတက်ချမ်းသာသူတွေ ဖြစ်ပါတယ်။ အစိုးရထိပ်သီးပုဂ္ဂိုလ်တွေ၊ အစိုးရနဲ့ နီးစပ်တဲ့ သူဌေးသူကြွယ်တွေနဲ့ ၎င်းတို့ရဲ့ ဆွေမျိုးရင်းခြာတွေ၊ အဆင့်မြင့်အရာရှိတွေရဲ့ အိမ်ထောင်စုတွေ စုဝေးရာဟာ မြောက်ကိုရီးယား ဖြစ်ပါတယ်။
နတ်စည်တော် (Shwemom)
source : buzzfeed.com
0 Comments