ေနျပည္ေတာ္၊ ဒီဇင္ဘာ ၂၁ ။ ။ ဗစ္တိုးရီးယားအတြက္ အမႈမွန္ေပၚေပါက္ေရး ဆက္လက္ကူညီေဆာင္႐ြက္ေပးသြားမည္ဟု စြပ္စြဲတရားခံဘက္မွ လိုက္ပါကူညီေဆာင္႐ြက္ေပးခဲသည့္ ျမန္မာႏိုင္ငံ လြတ္လပ္ေသာ ေရွ႕ေနမ်ားအသင္း ဗဟိုအလုပ္မႈေဆာင္ေကာ္မတီ၊ ေနျပည္ေတာ္တာဝန္ခံ တရားလႊတ္ေတာ္ေရွ႕ေန ဦးခင္ေမာင္ေဇာ္က ေျပာသည္။
Image result for ေအာင္ႀကီးေရွ႕ေနေျပာ
ဒီဇင္ဘာ ၂၁ ရက္ေန႔က ျမန္မာႏိုင္ငံလြတ္လပ္ေသာ ေရွ႕ေနမ်ားအသင္း ေနျပည္ေတာ္၏ သင္းလုံးကြၽတ္ အစည္းအေဝးအၿပီး သတင္းစာရွင္းလင္းပြဲတြင္ အထက္ပါအတိုင္း ေျပာၾကားခဲ့ျခင္းျဖစ္သည္။ဗစ္တိုးရီးယားအမႈ အတြက္ သံသယတရားခံအျဖစ္ ရဲကဖမ္းဆီးသည့္ ကိုေအာင္ႀကီး(ခ) ေအာင္ေက်ာ္မ်ိဳးသည္ တရားလိုျပ သက္ေသ ၂၆ ဦးမွ ၁၉ ဦးစစ္ေဆးၿပီးခ်ိန္ထိ အမႈက်ဳးလြန္ေၾကာင္း ကနဦးသက္ေသခံခ်က္ မေပၚေပါက္ဟု ခ႐ိုင္တရားသူႀကီးက ဆုံးျဖတ္ခဲ့ၿပီး ရာဇဝတ္က်င့္ထုံး ပုဒ္မ ၂၅၃ပုဒ္မခြဲ (၂) အရတရားရွင္လႊတ္ေပးခဲ့သည္။
Related image
“ကြၽန္ေတာ္တို႔ကေတာ့ ပြင့္ပြင့္လင္းလင္းေျပာရရင္ေတာ့ ဝန္းရံမွာပဲ အမွန္တရားမေပၚေသးဘူးလို႔ပဲ ကြၽန္ေတာ္ယူဆတယ္။ ကြၽန္ေတာ္တို႔အတြက္ အမွန္တရားခံစားလိုက္ရၿပီးၿပီ သို႔ေသာ္ ႏွစ္ခ်က္က်န္ေသးတယ္လို႔ ယူဆတယ္။ ဒါေပမယ့္ အဲ့တာကို Move လုပ္ဖို႔ကက်ေတာ့ ဥပေဒအရ ကြၽန္ေတာ္တို႔နဲ႔မဆိုင္ဘူး။ ဒါေပမယ့္ ရဲလုပ္ရမယ့္တာဝန္ကို လုပ္ေအာင္ဘာလုပ္မလဲဆိုတာက နစ္နာတဲ့ ကေလးရဲ႕ မိဘတို႔ဘာညာပဲ သူတို႔စဥ္းစားၾကေပါ့။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ကေတာ့ ရပ္တည္မွာ တကယ္နစ္နာတယ္လို႔ ကြၽန္ေတာ္တို႔ အခုထိလည္း ယူဆပါတယ္။ ယူဆလို႔ ဟိုေန႔က ကိုေအာင္ႀကီးလြတ္တဲ့ေန႔တုန္းကလည္း ဆရာမေျပာသြားတာရွိပါတယ္။ ဒီဥစၥာက ဆက္ၿပီးေတာ့ ေဖာ္ထုတ္ဖို႔အတြက္ကေတာ့လိုတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔က လုပ္လို႔မရဘူး။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ဒီတာဝန္မေရွာင္ဘူး။ က်ရာေနရာ ကြၽန္ေတာ္တို႔ တာဝန္ထမ္းမယ္”ဟု ဦးခင္ေမာင္ေဇာ္က ေျပာသည္။
Image result for ေအာင္ႀကီးေရွ႕ေနေျပာ
သတင္းစာရွင္းလင္းပြဲတြင္ နစ္နာသူ ကေလးငယ္ အပါအဝင္ မိသားစုဝင္မ်ား၏ ကိုယ္ေရးအခ်က္အလက္မ်ားကို ရဲတပ္ဖြဲ႕က ထုတ္ေဖာ္ေျပာဆိုမႈအတြက္ ျမန္မာႏိုင္ငံလြတ္လပ္ေသာေရွ႕ေနမ်ားအသင္း (ေနျပည္ေတာ္) ဥပေဒအေထာက္အကူအျပဳအဖြဲ႕ႏွင့္ ေနျပည္ေတာ္လူ႔အခြင့္အေရး ဆပ္ေကာ္မတီတို႔က ကန႔္ကြက္ေၾကာင္းလည္း သင္းလုံးကြၽတ္အစည္းအေဝးတြင္ ထုတ္ျပန္ခဲ့သည္။
Related image
“ဥပေဒကို ျပည္သူလူထုက ဥပေဒနဲ႔အညီ ေနႏိုင္ေအာင္ ၾကပ္မတ္ရမယ့္ အဖြဲ႕အစည္းက ခ်ိဳးေဖာက္တယ္။ ျပည္သူလူထုရဲ႕ ဥပေဒပါ အခြင့္အေရးေတြကို ကာကြယ္ေပးရမယ့္ အဖြဲ႕အစည္းက ခ်ိဳးေဖာက္တယ္။ အဲ့တာေၾကာင့္ ကြၽန္ေတာ္တို႔က ကန႔္ကြက္တယ္။ အတိအလင္းကန႔္ကြက္တယ္။ ေနာက္တစ္ခါ ဒါနဲ႔ပတ္သက္လို႔ ကြၽန္ေတာ္တို႔မွားတယ္လို႔ သေဘာထားေပးပါတယ္။”လို႔ ဦးခင္ေမာင္ေဇာ္က ေျပာသည္။ကေလးသူငယ္ အခြင့္အေရးမ်ားဆိုင္ရာ ဉပေဒ ၉၆ (ဃ) တြင္ မည္သူမွ် ျပစ္မႈက်ဴးလြန္ေၾကာင္း၊ စြပ္စြဲခံရေသာ ကေလးသူငယ္(သို႔မဟုတ္) မႈခင္းတြင္ သက္ေသအျဖစ္ပါဝင္သည့္ ကေလးသူငယ္သည္ မည္သူ မည္ဝါျဖစ္ေၾကာင္းႏွင့္ မႈခင္းသတင္းအခ်က္အလက္ရယူျခင္း၊ ထည့္သြင္းျခင္း ေၾကာ္ျငာျခင္း၊ ကေလးသူငယ္ကို ဓာတ္ပုံ႐ိုက္ျခင္း၊ သတင္းစာ၊ မဂၢဇင္း၊ ဂ်ာနယ္ႏွင့္ စာအုပ္စာတမ္းမ်ားတြင္ ထည့္သြင္းျခင္း၊ ျဖန႔္ခ်ိျခင္း၊ အသုံးျပဳျခင္း မျပဳလုပ္ရန္ႏွင့္ ေရဒီယို၊ ႐ုပ္ျမင္သံၾကားႏွင့္ လူမႈ ဆက္သြယ္ေရး နည္းလမ္းမ်ားျဖင့္လည္း ထုတ္လႊင့္ျခင္းမျပဳရဟု ေဖာ္ျပထားသည္။
Source-မ



Unicode



ဗစ်တိုးရီးယားအတွက် အမှန်တရား ဆက်ရှာမည်ဟု အောင်ကြီးရှေ့နေပြော


နေပြည်တော်၊ ဒီဇင်ဘာ ၂၁ ။ ။ ဗစ်တိုးရီးယားအတွက် အမှုမှန်ပေါ်ပေါက်ရေး ဆက်လက်ကူညီဆောင်ရွက်ပေးသွားမည်ဟု စွပ်စွဲတရားခံဘက်မှ လိုက်ပါကူညီဆောင်ရွက်ပေးခဲသည့် မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်း ဗဟိုအလုပ်မှုဆောင်ကော်မတီ၊ နေပြည်တော်တာဝန်ခံ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။

Image result for အောင်ကြီးရှေ့နေပြော

ဒီဇင်ဘာ ၂၁ ရက်နေ့က မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေများအသင်း နေပြည်တော်၏ သင်းလုံးကျွတ် အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ဗစ်တိုးရီးယားအမှု အတွက် သံသယတရားခံအဖြစ် ရဲကဖမ်းဆီးသည့် ကိုအောင်ကြီး(ခ) အောင်ကျော်မျိုးသည် တရားလိုပြ သက်သေ ၂၆ ဦးမှ ၁၉ ဦးစစ်ဆေးပြီးချိန်ထိ အမှုကျုးလွန်ကြောင်း ကနဦးသက်သေခံချက် မပေါ်ပေါက်ဟု ခရိုင်တရားသူကြီးက ဆုံးဖြတ်ခဲ့ပြီး ရာဇဝတ်ကျင့်ထုံး ပုဒ်မ ၂၅၃ပုဒ်မခွဲ (၂) အရတရားရှင်လွှတ်ပေးခဲ့သည်။

Related image

“ကျွန်တော်တို့ကတော့ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဝန်းရံမှာပဲ အမှန်တရားမပေါ်သေးဘူးလို့ပဲ ကျွန်တော်ယူဆတယ်။ ကျွန်တော်တို့အတွက် အမှန်တရားခံစားလိုက်ရပြီးပြီ သို့သော် နှစ်ချက်ကျန်သေးတယ်လို့ ယူဆတယ်။ ဒါပေမယ့် အဲ့တာကို Move လုပ်ဖို့ကကျတော့ ဥပဒေအရ ကျွန်တော်တို့နဲ့မဆိုင်ဘူး။ ဒါပေမယ့် ရဲလုပ်ရမယ့်တာဝန်ကို လုပ်အောင်ဘာလုပ်မလဲဆိုတာက နစ်နာတဲ့ ကလေးရဲ့ မိဘတို့ဘာညာပဲ သူတို့စဉ်းစားကြပေါ့။ ဒါပေမယ့် ကျွန်တော်တို့ကတော့ ရပ်တည်မှာ တကယ်နစ်နာတယ်လို့ ကျွန်တော်တို့ အခုထိလည်း ယူဆပါတယ်။ ယူဆလို့ ဟိုနေ့က ကိုအောင်ကြီးလွတ်တဲ့နေ့တုန်းကလည်း ဆရာမပြောသွားတာရှိပါတယ်။ ဒီဥစ္စာက ဆက်ပြီးတော့ ဖော်ထုတ်ဖို့အတွက်ကတော့လိုတယ်။ ဒါပေမယ့် ကျွန်တော်တို့က လုပ်လို့မရဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဒီတာဝန်မရှောင်ဘူး။ ကျရာနေရာ ကျွန်တော်တို့ တာဝန်ထမ်းမယ်”ဟု ဦးခင်မောင်ဇော်က ပြောသည်။

Image result for အောင်ကြီးရှေ့နေပြော

သတင်းစာရှင်းလင်းပွဲတွင် နစ်နာသူ ကလေးငယ် အပါအဝင် မိသားစုဝင်များ၏ ကိုယ်ရေးအချက်အလက်များကို ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောဆိုမှုအတွက် မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေများအသင်း (နေပြည်တော်) ဥပဒေအထောက်အကူအပြုအဖွဲ့နှင့် နေပြည်တော်လူ့အခွင့်အရေး ဆပ်ကော်မတီတို့က ကန့်ကွက်ကြောင်းလည်း သင်းလုံးကျွတ်အစည်းအဝေးတွင် ထုတ်ပြန်ခဲ့သည်။

Related image

“ဥပဒေကို ပြည်သူလူထုက ဥပဒေနဲ့အညီ နေနိုင်အောင် ကြပ်မတ်ရမယ့် အဖွဲ့အစည်းက ချိုးဖောက်တယ်။ ပြည်သူလူထုရဲ့ ဥပဒေပါ အခွင့်အရေးတွေကို ကာကွယ်ပေးရမယ့် အဖွဲ့အစည်းက ချိုးဖောက်တယ်။ အဲ့တာကြောင့် ကျွန်တော်တို့က ကန့်ကွက်တယ်။ အတိအလင်းကန့်ကွက်တယ်။ နောက်တစ်ခါ ဒါနဲ့ပတ်သက်လို့ ကျွန်တော်တို့မှားတယ်လို့ သဘောထားပေးပါတယ်။”လို့ ဦးခင်မောင်ဇော်က ပြောသည်။ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဉပဒေ ၉၆ (ဃ) တွင် မည်သူမျှ ပြစ်မှုကျူးလွန်ကြောင်း၊ စွပ်စွဲခံရသော ကလေးသူငယ်(သို့မဟုတ်) မှုခင်းတွင် သက်သေအဖြစ်ပါဝင်သည့် ကလေးသူငယ်သည် မည်သူ မည်ဝါဖြစ်ကြောင်းနှင့် မှုခင်းသတင်းအချက်အလက်ရယူခြင်း၊ ထည့်သွင်းခြင်း ကြော်ငြာခြင်း၊ ကလေးသူငယ်ကို ဓာတ်ပုံရိုက်ခြင်း၊ သတင်းစာ၊ မဂ္ဂဇင်း၊ ဂျာနယ်နှင့် စာအုပ်စာတမ်းများတွင် ထည့်သွင်းခြင်း၊ ဖြန့်ချိခြင်း၊ အသုံးပြုခြင်း မပြုလုပ်ရန်နှင့် ရေဒီယို၊ ရုပ်မြင်သံကြားနှင့် လူမှု ဆက်သွယ်ရေး နည်းလမ်းများဖြင့်လည်း ထုတ်လွှင့်ခြင်းမပြုရဟု ဖော်ပြထားသည်။

Source-မဇျ္စိမ