Author:
အာဏာပိုင်တွေက ဒဏ်ရာရ သူတွေနဲ့ သေဆုံးသူတွေရဲ့ အ လောင်းတွေ ရှာဖွေဖို့ ကယ်ဆယ် ရေးသမား ၁၂၀ ကို စေလွှတ်ထား ပါတယ်။
ဒီဇင်ဘာ ၂၄ - အင်ဒိုနီးရှားနိုင်ငံက ခရီးသည်တင်ဘတ်စ်ကားတစ်စီး အလွန်မတ်စောက်တဲ့ လျှိုမြောင် တစ်ခုထဲကို ထိုးကျသွားတာ ကြောင့် ခရီးသည် ၂၅ ဦး သေဆုံး ပြီး ၁၃ ဦး ဒဏ်ရာ ရရှိသွားပါတယ်။
ယာဉ်မောင်းအပါအဝင် လူ ၃၈ ဦး လိုက်ပါလာပြီး ဆူမားတြား တောင်ပိုင်းကနေ ထွက်ခွာလာတဲ့ ဘတ်စ်ကားဟာ တနင်္လာနေ့ညက ပေ ၁၆ဝဝ လောက် ရှိတဲ့ လျှိုမြောင် ထဲကို ထိုးဆင်းသွားတာ ဖြစ်ပါ တယ်။
အာဏာပိုင်တွေက ဒဏ်ရာရ သူတွေနဲ့ သေဆုံးသူတွေရဲ့ အ လောင်းတွေ ရှာဖွေဖို့ ကယ်ဆယ် ရေးသမား ၁၂၀ ကို စေလွှတ်ထား ပါတယ်။
အခုလို ဖြစ်ပွားရတဲ့ အ ကြောင်းအရင်းကိုလည်း စုံစမ်း စစ် ဆေးနေပါတယ်။
၄င်းဘတ်စ်ကားဟာ ဆူမား တြားကျွန်း ဘန်ကူလာမြို့ကနေ တနင်္လာနေ့ အစောပိုင်းက ထွက် ခွာလာတာ ဖြစ်ပါတယ်။ လီကုလမ် မာတန် ဧရိယာမှာ ဒေသစံတော် ချိန် ည ၁၂း၁၅ နာရီမှာ ဖြစ်ပွားခဲ့ တာပါ။
ရဲတပ်ဖွဲ့အကြီးအကဲ ဒေါ်လီ ဂူမာရာက “အသက်ရှင်ကျန်ရစ်သူ တွေကို ဦးစားပေး ကယ်တင်နေ တယ်” လို့ ဆိုပါတယ်။
သူက ခရီးသည်တွေရဲ့ဆွေ မျိုးနဲ့ မိသားစုတွေကိုလည်း ဆေးရုံ ကို လာရောက်ပြီး ဘယ်သူဘယ်ဝါ ဆိုတာခွဲခြားပေးဖို့ တောင်းဆို ထား ပါတယ်။
Author:
ကဗျာညို [ref: BBC, Dec 24, 2019.]
0 Comments