
က်ရာဇာတ္ရုပ္ကို အေကာင္းဆံုး သရုပ္ေဆာင္နိုင္တဲ့ မင္းသား ေက်ာ္သူက အကယ္ဒမီဆုၾကီးတစ္ဆုကို လက္ဝယ္ပိုင္ဆိုင္ထားနိုင္သူ ျဖစ္ပါတယ္။ အသက္အရြယ္ရလာျပီးတဲ့ေနာက္ ေက်ာ္သူက ရန္ကုန္ နာေရးကူညီမႈအသင္းကို တည္ေထာင္ထားျပီး လူမႈကူညီေရး ပရဟိတ လုပ္ငန္းေတြကို လုပ္ကိုင္ေနတာပဲ ျဖစ္ပါတယ္။ ပရဟိတမင္းသားၾကီး ေက်ာ္သူက ဒီေန႔မွာေတာ့ သူေလးစားအားက်ရတဲ့ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ႐ုပ္တုတစ္ခုကို ဖန္တီးခဲ့ေၾကာင္း အခုလိုပဲ ေျပာျပထားပါတယ္။

“၂၀၁၀ခုနွစ္ အေမစု ေနအိမ္အက်ယ္ခ်ုပ္မွလြတ္ေျမာက္လာၿပီးေနာက္ အိႏၵိယနိုင္ငံသို့ အေရာက္ ၀န္ႀကီးခ်ုပ္ေဟာင္း မန္ဆိုဟန္ဆင္းမွ အေမစုအား ဓမၼလက္ေဆာင္ေပးလိုက္သည့္ မဟာေဗာဓိေညာင္ပင္အား အနိစၥဆရာေတာ္ႀကီး(ပုခုကၠူဆရာေတာ္ႀကီး) မွတစ္ဆင့္ ကြ်န္ေတာ္ရရိွလာခဲ့ၿပီးေနာက္ ပရဟိတေစတီေတာင္ေတာ္ေပၚတြင္စိုက္ပ်ိုးခဲ့ရာ ယခုဆိုလ်ွင္ ပရဟိတသာသနာဖြ့ံၿဖိဳးလာသည္နွင့္အညီ ေဗာဓိေညာင္ပင္ႀကီးသည္လည္း ႀကီးထြားရွင္သန္ေနၿပီျဖစ္သည္။”

“စက္တင္ဘာလတြင္ ျပည္ၿမိဳ့သို့”သုံးပန္လွက်ိန္စာ”ရုပ္ရွင္ကားရိုက္ကူးရာတြင္ သုံးပန္လွမင္းသမၤးနန္းရိွရာ လက္သည္းေရကန္ဘုန္းေတာ္ႀကီးေက်ာင္းႀကီးသို့အေရာက္ ျမန္မာျပည္ေျမပုံနွင့္ဗိုလ္ခ်ုပ္ေအာင္ဆန္း ေဒၚေအာင္ဆန္းစုၾကည္တို့ဧ။္ပုံတူရုပ္ထုကိုျမင္ေတြ့ခဲ့ရာမွ ကြ်န္ေတာ္စိတ္ကူးရလာမိသည္။”

“ထို့ေၾကာင့္ ယင္းစိတ္ကူးအားအေကာင္အထည္ေဖၚရန္အတြက္”ပုံတူရုပ္ထုပညာရွင္ ကိုေနသူတင့္” အားစုံစမ္းကာ စက္တင္ဘာလကုန္တြင္အလုပ္အပ္နွံခဲ့ပါသည္။ အေမစု ပင့္ေဆာင္လာသည့္ ေဗာဓိေညာင္ပင္ႀကီးဧ။္ အဂၤါေထာင့္တြင္ အေမစုလက္အုပ္ခ်ီမိုးေမတၱာပို့သေနေသာ ပုံတူရုပ္ထု ထုလုပ္ရန္ အပ္နွံခဲ့ပါသည္။”

“ယခုအခါ ခရစ္စမတ္ေန့အမီ မဂၤလာရိွေသာေန့ျမတ္တြင္ ေအးခ်မ္းစိမ္းလန္း ၿငိမ္းခ်မ္း သာယာေသာ ပရဟိတေစတီေတာ္ေတာင္ေတာ္ေပၚတြင္ အေမစုဧ။္ပုံတူကိုယ္ပြါးရုပ္ထုသည္ျငိမ္းခ်မ္းေအးခ်မ္းေျမ့စြာ ေဗာဓိေညာင္ပင္အနီးတြင္ ကေဒါင္းပုံေက်ာက္ထီးေအာက္ တည္ရိွေနၿပီျဖစ္ေတာ့သည္။” ဆိုၿပီး ပီတိျဖစ္စြာ မ်ွေဝထားပါတယ္။

က်ာ္သူကေတာ့ သူေလးစားအားက်ရတဲ့ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ႐ုပ္တုကို ေသေသခ်ာခ်ာေလး ျပင္ဆင္ခဲ့တာ ျဖစ္ပါတယ္။ အခ်ိန္ေပးၿပီး ဖတ္႐ႈေပးတဲ့ ပရိသတ္ႀကီးကို ေက်းဇူးအထူးတင္ရိွပါတယ္။
မုိမုိေလး
Unicode
ပြည်မြို့ရှိ “ပရဟိတစေတီတော်” ပေါ်ရှိ မဟာဗောဓိညောင်ပင်တွင် အမေစုပုံတူရုပ်တုထားရှိခဲ့တဲ့ ကျော်သူ
ကျရာဇာတ်ရုပ်ကို အကောင်းဆုံး သရုပ်ဆောင်နိုင်တဲ့ မင်းသား ကျော်သူက အကယ်ဒမီဆုကြီးတစ်ဆုကို လက်ဝယ်ပိုင်ဆိုင်ထားနိုင်သူ ဖြစ်ပါတယ်။ အသက်အရွယ်ရလာပြီးတဲ့နောက် ကျော်သူက ရန်ကုန် နာရေးကူညီမှုအသင်းကို တည်ထောင်ထားပြီး လူမှုကူညီရေး ပရဟိတ လုပ်ငန်းတွေကို လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ပရဟိတမင်းသားကြီး ကျော်သူက ဒီနေ့မှာတော့ သူလေးစားအားကျရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်တုတစ်ခုကို ဖန်တီးခဲ့ကြောင်း အခုလိုပဲ ပြောပြထားပါတယ်။
“၂၀၁ဝခုနှစ် အမေစု နေအိမ်အကျယ်ချုပ်မှလွတ်မြောက်လာပြီးနောက် အိန္ဒိယနိုင်ငံသို့ အရောက် ဝန်ကြီးချုပ်ဟောင်း မန်ဆိုဟန်ဆင်းမှ အမေစုအား ဓမ္မလက်ဆောင်ပေးလိုက်သည့် မဟာဗောဓိညောင်ပင်အား အနိစ္စဆရာတော်ကြီး(ပုခုက္ကူဆရာတော်ကြီး) မှတစ်ဆင့် ကျွန်တော်ရရှိလာခဲ့ပြီးနောက် ပရဟိတစေတီတောင်တော်ပေါ်တွင်စိုက်ပျိုးခဲ့ရာ ယခုဆိုလျှင် ပရဟိတသာသနာဖွ့ံဖြိုးလာသည်နှင့်အညီ ဗောဓိညောင်ပင်ကြီးသည်လည်း ကြီးထွားရှင်သန်နေပြီဖြစ်သည်။”
“စက်တင်ဘာလတွင် ပြည်မြို့သို့”သုံးပန်လှကျိန်စာ”ရုပ်ရှင်ကားရိုက်ကူးရာတွင် သုံးပန်လှမင်းသင်္မးနန်းရှိရာ လက်သည်းရေကန်ဘုန်းတော်ကြီးကျောင်းကြီးသို့အရောက် မြန်မာပြည်မြေပုံနှင့်ဗိုလ်ချုပ်အောင်ဆန်း ဒေါ်အောင်ဆန်းစုကြည်တို့ဧ။်ပုံတူရုပ်ထုကိုမြင်တွေ့ခဲ့ရာမှ ကျွန်တော်စိတ်ကူးရလာမိသည်။”
“ထို့ကြောင့် ယင်းစိတ်ကူးအားအကောင်အထည်ဖေါ်ရန်အတွက်”ပုံတူရုပ်ထုပညာရှင် ကိုနေသူတင့်” အားစုံစမ်းကာ စက်တင်ဘာလကုန်တွင်အလုပ်အပ်နှံခဲ့ပါသည်။ အမေစု ပင့်ဆောင်လာသည့် ဗောဓိညောင်ပင်ကြီးဧ။် အင်္ဂါထောင့်တွင် အမေစုလက်အုပ်ချီမိုးမေတ္တာပို့သနေသော ပုံတူရုပ်ထု ထုလုပ်ရန် အပ်နှံခဲ့ပါသည်။”
“ယခုအခါ ခရစ်စမတ်နေ့အမီ မင်္ဂလာရှိသောနေ့မြတ်တွင် အေးချမ်းစိမ်းလန်း ငြိမ်းချမ်း သာယာသော ပရဟိတစေတီတော်တောင်တော်ပေါ်တွင် အမေစုဧ။်ပုံတူကိုယ်ပွါးရုပ်ထုသည်ငြိမ်းချမ်းအေးချမ်းမြေ့စွာ ဗောဓိညောင်ပင်အနီးတွင် ကဒေါင်းပုံကျောက်ထီးအောက် တည်ရှိနေပြီဖြစ်တော့သည်။” ဆိုပြီး ပီတိဖြစ်စွာ မျှဝေထားပါတယ်။
ကျာ်သူကတော့ သူလေးစားအားကျရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်တုကို သေသေချာချာလေး ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
မိုမိုလေး
0 Comments