

Source-အကုန်သိ
လက်ရှိသုံးစွဲနေသော ၁၀၀၀ တန်ငွေစက္ကူကို ထပ်ထုတ်ခြင်း/မထုတ်ခြင်းမှာမူဝါဒနှင့်သာသက်ဆိုင်ဟု ဆို
လက်ရှိသုံးစွဲနေသော ၁၀၀၀ တန်ငွေစက္ကူကို ထပ်ထုတ်ခြင်း/မထုတ်ခြင်းမှာမူဝါဒနှင့်သာသက်ဆိုင်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နိုင်ငံခြားငွေစီမံခန့်ခွဲမှုဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးဝင်းသော်ကပြောသည်။ဗိုလ်ချုပ်ပုံပါ ၁၀၀၀ တန်ငွေစက္ကူကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်တွင်ထုတ်ဝေသွားမည်ဖြစ်သည့်အတွက် နောက်ဆက်တွဲများကိုမေးမြန်းရာတွင်ယခုကဲ့သို့ဖြေကြားပေးခြင်းဖြစ်သည်။
လက်ရှိသုံးစွဲနေသော ၁၀၀၀ တန်ငွေစက္ကူကို ထပ်ထုတ်ခြင်း/မထုတ်ခြင်းမှာမူဝါဒနှင့်သာသက်ဆိုင်ဟု ဆို
“ဗိုလ်ချုပ်ပုံနဲ့ထုတ်တာက ဗိုလ်ချုပ်ပုံနဲ့ထုတ်တယ်ဆိုတဲ့တစ်ခုအနေနဲ့ သွားတာလေ။ ထုတ်ပြီးသားပိုက်ဆံတွေပေါ်မှာ ဘာမှသက်ရောက်မှုမရှိဘူး။ ယခင်ထုတ်တဲ့ ၁၀၀၀ တန်တွေကလည်း ဆက်ပြီးအသုံးပြုလို့ရပါတယ်။ ဒီငွေစက္ကူကအသစ်ထုတ်တယ်။ ပုံစံအသစ်ထုတ်တာကို ပုံစံအသစ်နဲ့ပဲ ထုတ်မယ်။ ပုံစံအဟောင်းတွေကလည်းမပြောင်းလဲဘူး။ ဆက်ပြီးတော့သုံးနေလို့ရတယ်။ ပုံစံအဟောင်းတွေကလည်း ထပ်ထုတ်ချင်ထုတ်နေမှာပဲ။ သက်ဆိုင်ရာမူဝါဒနဲ့ပဲဆိုင်တာပေါ့။ မလိုတော့ဘူးဆိုရင်လည်း မထုတ်တော့ဘူးပေါ့”ဟုမြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နိုင်ငံခြားငွေစီမံခန့်ခွဲမှုဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးဝင်းသော်က ပြောသည်။
Related image
အသစ်ထုတ်မည့် ဗိုလ်ချုပ်ပုံပါ ၁၀၀၀ တန်ငွေစက္ကူများကြောင့် ငွေကြေးဖောင်းပွမှုမဖြစ်စေနိုင်သည့်အပြင် စီးပွားရေးလုပ်ငန်းများကိုလည်း မထိခိုက်နိုင်ကြောင်း သိရသည်။ ထို့အပြင် ဖျက်သိမ်းလိုက်သောငွေစက္ကူအဟောင်းများအစားထိုးထုတ်လုပ်ခြင်းဖြစ်သည့်အတွက် အကျိုးယုတ်ခြင်းမရှိကြောင်းလည်း သိရသည်။
Source-အကုန်သိ
0 Comments