
ေကာင္ေလးေတြနဲ႔ အေပါင္းအသင္းလုပ္ရင္လည္း ႀကိဳက္မွာ မဟုတ္ဘူး။အဆိုေတာ္ ဉာဏ္လင္းေအာင္နဲ႔ ခ်မ္းခ်မ္းပိုင္တို႔ရဲ႕ သမီးေလး သြန္းလင္းရတီရဲ႕ ေမြးေန႔မွာ အလႉအတန္းေတြ လုပ္ခဲ့တာကို ေတြ႕ရပါတယ္။

အဆိုေတာ္ ဉာဏ္လင္းေအာင္ နဲ႔ အလွမယ္ ခ်မ္းခ်မ္းပိုင္ တို႔ရဲ႕ တစ္ဦးတည္းေသာ သမီးေလး သြန္းလင္းရတီက ေတာ့ ေဖေဖာ္ဝါရီလ ၂၂ ရက္ေန႔ မွာ တစ္ႏွစ္ျပည့္သြားၿပီလို႔ သိရပါတယ္။ သမီးေလးရဲ႕ ေမြးေန႔ကိုေတာ့ အလႉအတန္းေတြ လုပ္ရင္း ျဖတ္သန္းခဲ့တယ္လို႔ အင္တာဗ်ဴးမွာ ေျဖဆိုခဲ့ပါတယ္။


“ဒီေန႔က သမီးေလး ၁ ႏွစ္ျပည့္ေမြးေန႔ေလးပါ။ ၂၀၂၀ ၊ ၂ လပိုင္း ၂၂ ရက္ေန႔ဆိုေတာ့ ေန႔ေလးက ထူးျခားတာေပါ့ေနာ္။ နာမည္ေလးကလည္း သြန္းလင္းရတီလို႔နာမည္ေပးထားတယ္။ ဘုန္းဘုန္းေတြကို ဆြမ္းကပ္တယ္။ သမီးေလး ေမြးေန႔မွာစၿပီး အသက္ရွည္ရွည္ေနရပါတယ္။ ေဖေဖ ေမေမ တို႔နဲ႔ တစ္သက္လုံး အတူတူေနရပါေစလို႔ ဆုေတာင္းတယ္။ ေယာက္်ားမေပးစားပါဘူး။ သူ တစ္ႏွစ္ျပည့္တာ အရမ္းျမန္သလို ခံစားရတယ္”ဆိုၿပီးေတာ့ ေဖေဖာ္ဝါရီလ ၂၂ ရက္ေန႔ မနက္ပိုင္းက သြန္းလင္းရတီ ရဲ႕ ေမြးေန႔မွာ ေျဖဆိုခဲ့တာပါ။

ဉာဏ္လင္းေအာင္ တစ္ေယာက္ သမီးေလးကို သဝန္တိုတတ္တဲ့ ေဖေဖ ပါပဲ။ သမီးေလးကိုလည္း ေယာက်္ားေလး သူငယ္ခ်င္းေတြနဲ႔ ေပါင္းတာ မႀကိဳက္ဘူးလို႔ သိရပါတယ္။ သူဟာ ဇနီးျဖစ္သူ ခ်မ္းခ်မ္းပိုင္ နဲ႔ ၂၀၁၈ ခုႏွစ္ကတည္းက လက္ထပ္ခဲ့တာလို႔ သိရပါတယ္။ သမီးေလးကိုေတာ့ ၂၀၁၉ ခုႏွစ္ ေဖေဖာ္ဝါရီလ ၂၂ ရက္ေန႔ မနက္ ၈ နာရီဝန္းက်င္မွာ ေမြးဖြားခဲ့တယ္လို႔ ဇနီးျဖစ္သူ ခ်မ္းခ်မ္းပိုင္က ေျပာပါတယ္။ သမီးေလးကို ပိုင္ဆိုင္ခြင့္ရလာၿပီးတဲ့အခ်ိန္မွာေတာ့ ဖခင္တစ္ေယာက္ရဲ႕ တာဝန္ေတြကို ထမ္းေဆာင္ေနရၿပီလို႔ အင္တာဗ်ဴးမွာ ေျဖဆိုခဲ့ပါတယ္။ သူဟာ ဂီတအလုပ္ေတြလည္း အဆက္မျပတ္လုပ္ေဆာင္ေနတာျဖစ္ၿပီး မိသားစုကိုလည္း အခ်ိန္ေပးသြားမယ္လို႔ေျပာျပခဲ့ပါေသးတယ္။


ဉာဏ္လင္းေအာင္ဟာ ရင္ေသြးေလး တစ္ေယာက္တည္းယူဖို႔ ဆုံးျဖတ္ထားတယ္လို႔ ဆိုပါတယ္။ သူဟာ သမီးေလးကိုလည္း အရမ္းခ်စ္သလို ျပည့္ျပည့္စုံစုံ ထားခ်င္တယ္လို႔လည္း ေျပာပါတယ္။

“ကြၽန္ေတာ္ကလည္း ကေလးအရမ္းခ်စ္တတ္တယ္။ ၿပီးေတာ့ ကိုယ့္သားသမီးလည္းျဖစ္ေနေတာ့ သမီးေလးကို မိဘလို၊ သူငယ္ခ်င္းလိုအေကာင္းဆုံးေတြ ျဖည့္ဆည္းေပးခ်င္ပါတယ္။ ကြၽန္ေတာ္ကလည္း တစ္ဦးတည္းေသာ သားဆိုေတာ့ သမီးေလးကိုလည္း တစ္ဦးတည္းေသာ သမီးျဖစ္ေစခ်င္တယ္။ ၿပီးေတာ့ သူ႔ တစ္ေယာက္တည္းက အေကာင္းဆုံးေတြ လုပ္ေပးခ်င္တယ္၊ ျပည့္ျပည့္ဝဝ ခ်စ္ခ်င္ေသးတယ္” လို႔ သူကဆိုပါတယ္။

ဉာဏ္လင္းေအာင္ကိုေတာ့ ဂီတအလုပ္ေတြ စလုပ္ရင္းက ပရိသတ္ေတြ စတင္သိရွိခဲ့တာပါ။ သူဟာ ပထမဆုံးသီခ်င္းအေခြျဖစ္တဲ့ ‘’သူငယ္ခ်င္း’’ ဆိုတဲ့ တစ္ကိုယ္ေတာ္အေခြ နဲ႔ ပရိသတ္ရင္ထဲကို စတင္ဝင္ေရာက္ခဲ့သူလည္းျဖစ္ပါတယ္။ အဲဒီေနာက္ ၂၀၁၈ ခုႏွစ္တုန္းကလည္း တြန္းအား ဆိုတဲ့ ဒုတိယေျမာက္ တစ္ကိုယ္ေတာ္အေခြလည္း ထြက္ရွိထားသူတစ္ေယာက္ျဖစ္ပါတယ္။

ဆယ္လီရပ္ကြက္
ကြီးလာရင် သမီးလေးကို ယောကျ်ားမပေးစားဘူးဆိုတဲ့ ဉာဏ်လင်းအောင်
ကောင်လေးတွေနဲ့ အပေါင်းအသင်းလုပ်ရင်လည်း ကြိုက်မှာ မဟုတ်ဘူး။အဆိုတော် ဉာဏ်လင်းအောင်နဲ့ ချမ်းချမ်းပိုင်တို့ရဲ့ သမီးလေး သွန်းလင်းရတီရဲ့ မွေးနေ့မှာ အလှူအတန်းတွေ လုပ်ခဲ့တာကို တွေ့ရပါတယ်။
အဆိုတော် ဉာဏ်လင်းအောင် နဲ့ အလှမယ် ချမ်းချမ်းပိုင် တို့ရဲ့ တစ်ဦးတည်းသော သမီးလေး သွန်းလင်းရတီက တော့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ မှာ တစ်နှစ်ပြည့်သွားပြီလို့ သိရပါတယ်။ သမီးလေးရဲ့ မွေးနေ့ကိုတော့ အလှူအတန်းတွေ လုပ်ရင်း ဖြတ်သန်းခဲ့တယ်လို့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။
“ဒီနေ့က သမီးလေး ၁ နှစ်ပြည့်မွေးနေ့လေးပါ။ ၂၀၂၀ ၊ ၂ လပိုင်း ၂၂ ရက်နေ့ဆိုတော့ နေ့လေးက ထူးခြားတာပေါ့နော်။ နာမည်လေးကလည်း သွန်းလင်းရတီလို့နာမည်ပေးထားတယ်။ ဘုန်းဘုန်းတွေကို ဆွမ်းကပ်တယ်။ သမီးလေး မွေးနေ့မှာစပြီး အသက်ရှည်ရှည်နေရပါတယ်။ ဖေဖေ မေမေ တို့နဲ့ တစ်သက်လုံး အတူတူနေရပါစေလို့ ဆုတောင်းတယ်။ ယောက်ျားမပေးစားပါဘူး။ သူ တစ်နှစ်ပြည့်တာ အရမ်းမြန်သလို ခံစားရတယ်”ဆိုပြီးတော့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ မနက်ပိုင်းက သွန်းလင်းရတီ ရဲ့ မွေးနေ့မှာ ဖြေဆိုခဲ့တာပါ။
ဉာဏ်လင်းအောင် တစ်ယောက် သမီးလေးကို သဝန်တိုတတ်တဲ့ ဖေဖေ ပါပဲ။ သမီးလေးကိုလည်း ယောကျ်ားလေး သူငယ်ချင်းတွေနဲ့ ပေါင်းတာ မကြိုက်ဘူးလို့ သိရပါတယ်။ သူဟာ ဇနီးဖြစ်သူ ချမ်းချမ်းပိုင် နဲ့ ၂၀၁၈ ခုနှစ်ကတည်းက လက်ထပ်ခဲ့တာလို့ သိရပါတယ်။ သမီးလေးကိုတော့ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ မနက် ၈ နာရီဝန်းကျင်မှာ မွေးဖွားခဲ့တယ်လို့ ဇနီးဖြစ်သူ ချမ်းချမ်းပိုင်က ပြောပါတယ်။ သမီးလေးကို ပိုင်ဆိုင်ခွင့်ရလာပြီးတဲ့အချိန်မှာတော့ ဖခင်တစ်ယောက်ရဲ့ တာဝန်တွေကို ထမ်းဆောင်နေရပြီလို့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ သူဟာ ဂီတအလုပ်တွေလည်း အဆက်မပြတ်လုပ်ဆောင်နေတာဖြစ်ပြီး မိသားစုကိုလည်း အချိန်ပေးသွားမယ်လို့ပြောပြခဲ့ပါသေးတယ်။
ဉာဏ်လင်းအောင်ဟာ ရင်သွေးလေး တစ်ယောက်တည်းယူဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။ သူဟာ သမီးလေးကိုလည်း အရမ်းချစ်သလို ပြည့်ပြည့်စုံစုံ ထားချင်တယ်လို့လည်း ပြောပါတယ်။
“ကျွန်တော်ကလည်း ကလေးအရမ်းချစ်တတ်တယ်။ ပြီးတော့ ကိုယ့်သားသမီးလည်းဖြစ်နေတော့ သမီးလေးကို မိဘလို၊ သူငယ်ချင်းလိုအကောင်းဆုံးတွေ ဖြည့်ဆည်းပေးချင်ပါတယ်။ ကျွန်တော်ကလည်း တစ်ဦးတည်းသော သားဆိုတော့ သမီးလေးကိုလည်း တစ်ဦးတည်းသော သမီးဖြစ်စေချင်တယ်။ ပြီးတော့ သူ့ တစ်ယောက်တည်းက အကောင်းဆုံးတွေ လုပ်ပေးချင်တယ်၊ ပြည့်ပြည့်ဝဝ ချစ်ချင်သေးတယ်” လို့ သူကဆိုပါတယ်။
ဉာဏ်လင်းအောင်ကိုတော့ ဂီတအလုပ်တွေ စလုပ်ရင်းက ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ သူဟာ ပထမဆုံးသီချင်းအခွေဖြစ်တဲ့ ‘’သူငယ်ချင်း’’ ဆိုတဲ့ တစ်ကိုယ်တော်အခွေ နဲ့ ပရိသတ်ရင်ထဲကို စတင်ဝင်ရောက်ခဲ့သူလည်းဖြစ်ပါတယ်။ အဲဒီနောက် ၂၀၁၈ ခုနှစ်တုန်းကလည်း တွန်းအား ဆိုတဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေလည်း ထွက်ရှိထားသူတစ်ယောက်ဖြစ်ပါတယ်။

ဆယ်လီရပ်ကွက်
0 Comments