




Unicode
ဆန်းထွဋ်လိုမျိုး နုပျိုနေချင်လို့ သူ့ရဲ့လမ်းစဉ်အတိုင်းလိုက်လုပ်တော့မယ်ဆိုတဲ့ ကျော်ထက်အောင်
ပရိသတ်တွေစောင့်မျှော်အားပေးခဲ့ရတဲ့မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲကြီးကနေတဆင့် ပရိသတ်တွေရဲ့အချစ်ကိုသိမ်းပိုက်ခဲ့သူကတော့ ကျော်ထက်အောင်ပဲဖြစ်ပါတယ်။Host တစ်ယောက်အနေနဲ့ ပရိသတ်တွေစတင်သတိပြုမိခဲ့ကြပေမယ့်လည်း Myanmar Idol Season-1 ပြီးကတည်းက ရုပ်ရှင်သရုပ်ဆောင်အဖြစ်ကမ်းလှမ်းမှုတွေရရှိခဲ့ပြီး အခုဆိုရင်ရုပ်ရှင်ဇာတ်ကားကြီးပေါင်းများစွာကို ရိုက်ကူးခဲ့ပြီးဖြစ်ပါတယ်။
ကျော်ထက်အောင်ကတော့ သရုပ်ဆောင်တစ်ယောက်အပြင် သူကျွမ်းကျင်ရာအလုပ်တစ်ခုဖြစ်တဲ့ Presenter အနေနဲ့လည်း အမြဲမြင်တွေ့နေရသူတစ်ယောက်ပါ။မနေ့ကပွဲတစ်ခုမှာတော့ သူ့လိုပဲ အစီအစဉ်တင်ဆက်တဲ့နေရာမှာ အောင်မြင်မှုရရှိနေသူတစ်ယောက်ဖြစ်တဲ့ ဆန်းထွဋ်နဲ့တွေ့ဆုံခဲ့တဲ့အကြောင်းကို ပရိသတ်တွေကိုမျှဝေခဲ့ပါသေးတယ်။ဆန်းထွဋ်ကတော့ ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်အနေနဲ့ အနုပညာအလုပ်တွေစတင်လုပ်ဆောင်ခဲ့သူဖြစ်ပေမယ့် အခုနောက်ပိုင်းမှာတော့ ပွဲစီစဉ်တင်ဆက်သူတစ်ယောက်အဖြစ်နဲ့ လျှမ်းလျှမ်းတောက်အောင်မြင်နေသူတစ်ယောက်ဖြစ်ပါတယ်။
သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတဲ့အပြင် ဇနီးချောလေးရဲ့ဖြည့်ဆည်းပေးတတ်မှုတွေကြောင့် အများတကာအားကျနေရတဲ့ဆန်းထွဋ်ကိုတော့ ကျော်ထက်အောင်ကလည်း အားကျကြောင်းရေးသားခဲ့တာပါ။“ကျွန်တော့် ဆရာ ကွီးကလေ ဘယ်ချိန်ကြည့်ကြည့် ကိုယ်တွေထက်ငယ်နုကြီး….ကြည့်ရတာ ချစ်ဇနီး ကြောင့်ထင်တယ်..ကိုယ်လည်းအဲလိုနုအောင် ဆရာ နောက် လိုက်မှ” ဆိုပြီးရေးသားမျှဝေခဲ့ပါတယ်။
ပရိသတ်ကြီးရေ ဆန်းထွဋ်ကတော့ အရင်ကတည်းကခန့်ညားတဲ့ရုပ်ရည်ကိုပိုင်ဆိုင်ထားတဲ့အပြင် အိမ်ထောင်ကျပြီးချိန်မှာလည်း အလိုက်တသိဖြည့်ဆည်းပေးတတ်တဲ့ချစ်ဇနီးလေးကြောင့် ကျန်းမာနုပျိုနေဆဲဖြစ်တာမို့ ကျော်ထက်အောင်ကတော့ ဆရာ့လိုဖြစ်အောင် ဆရာ့လမ်းစဉ်အတိုင်းလိုက်တော့မယ်ဆိုပြီး ရေးသားခဲ့တာဖြစ်ပါတယ်။
0 Comments