
ျမန္မာေဘာလံုးပရိသတ္သည္ အႏုိင္/အရံႈးအေပၚ မေက်နပ္ပါက ဒိုင္လူႀကီးကိုရိုက္ခ်င္သည့္စိတ္ရွိေၾကာင္း ႏုိင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကေျပာၾကားသည္။ရန္ကုန္ၿမိဳ႕၊ သု၀ဏၰျမက္ခင္းတုကြင္းတြင္ ဇန္န၀ါရီလ ၃၁ ရက္ကက်င္းပသည့္ FIFA Football For School Program ဖြင့္ပြဲအခမ္းအနားတြင္ အထက္ပါအတိုင္းေျပာၾကားျခင္းျဖစ္သည္။

“ကၽြန္မတို႔ေဘာလံုးပြဲပရိတ္သတ္ဟာေဘာလံုးပြဲႏုိင္တာရႈံးတာကိုမေက်နပ္လိ္ု႔ရွိရင္ ဒိုင္လူႀကီးကိုရုိက္ခ်င္တဲ့စိတ္ ရွိတယ္။ အဲဒါကေတာ့လံုး၀မျဖစ္သင့္ပါဘူး။ ႏုိင္သည္ျဖစ္ေစ၊ ရႈံးသည္ျဖစ္ေစသိကၡာရွိရွိလက္ခံႏုိင္ရမယ္။ ႏုိင္တယ္ဆိုရင္ကိုယ့္စိတ္ကိုႏွိမ့္ခ်ၿပီးေတာ့ အိေျႏၵရရႏုိင္ရမယ္။ ရႈံးတယ္ဆိုရင္သတၱိရွိရွိနဲ႔ရႈံးရမယ္။ ဒါရင္ဆိုင္ႏုိင္ရမယ္။ အရႈံးအႏုိင္ကိုမွန္မွန္ကန္ကန္မရင္ဆိုင္ႏုိင္ဘူးဆိုရင္ ကၽြန္မတို႔ဟာတိုးတက္လာမွာ မဟုတ္ပါဘူး”ဟု ႏုိင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္က ေျပာသည္။

ထို႔အျပင္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားသည္ ေက်ာင္းစာသင္ရုိးညႊန္းတမ္းကိုလည္း ၿပီးစီးေအာင္သင္ၾကားေနရၿပီး တစ္ဖက္တြင္လည္း ၄င္းတို႔၏အက်င့္စာရိတၱႏွင့္ တျခားျပင္ပကိစၥမ်ား လုပ္ႏုိင္ရန္အခ်ိန္မရျဖစ္ေနရေၾကာင္းလည္း ထည့္သြင္းေျပာၾကားခဲ့သည္။

ျမန္မာႏုိင္ငံတြင္ ေဘာလံုးၿပိဳင္ပြဲမ်ားက်င္းပရာ၌ မၾကာခဏဆိုသလို ကြင္းအတြင္းပရိသတ္မ်ား ၀င္ေရာက္ျခင္း၊ ပစၥည္းမ်ားျဖင့္ပစ္ေပါက္ျခင္းမ်ားေၾကာင့္ ပြဲၾကည့္ခြင့္ပိတ္ခံရျခင္း၊ ပြဲက်င္းပခြင့္မ်ား လက္လႊတ္ရျခင္းတို႔ ရွိခဲ့သည္။

အကုန္သိ
Unicode
မြန်မာဘောလုံးပရိသတ်သည် အနိုင်/အရှုံးအပေါ်မကျေနပ်ပါက ဒိုင်လူကြီးကိုရိုက်ချင်သည့်စိတ်ရှိကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား
မြန်မာဘောလုံးပရိသတ်သည် အနိုင်/အရှုံးအပေါ် မကျေနပ်ပါက ဒိုင်လူကြီးကိုရိုက်ချင်သည့်စိတ်ရှိကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကပြောကြားသည်။ရန်ကုန်မြို့၊ သုဝဏ္ဏမြက်ခင်းတုကွင်းတွင် ဇန်နဝါရီလ ၃၁ ရက်ကကျင်းပသည့် FIFA Football For School Program ဖွင့်ပွဲအခမ်းအနားတွင် အထက်ပါအတိုင်းပြောကြားခြင်းဖြစ်သည်။
“ကျွန်မတို့ဘောလုံးပွဲပရိတ်သတ်ဟာဘောလုံးပွဲနိုင်တာရှုံးတာကိုမကျေနပ်လိ်ု့ရှိရင် ဒိုင်လူကြီးကိုရိုက်ချင်တဲ့စိတ် ရှိတယ်။ အဲဒါကတော့လုံးဝမဖြစ်သင့်ပါဘူး။ နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေသိက္ခာရှိရှိလက်ခံနိုင်ရမယ်။ နိုင်တယ်ဆိုရင်ကိုယ့်စိတ်ကိုနှိမ့်ချပြီးတော့ အိန္ဒြေရရနိုင်ရမယ်။ ရှုံးတယ်ဆိုရင်သတ္တိရှိရှိနဲ့ရှုံးရမယ်။ ဒါရင်ဆိုင်နိုင်ရမယ်။ အရှုံးအနိုင်ကိုမှန်မှန်ကန်ကန်မရင်ဆိုင်နိုင်ဘူးဆိုရင် ကျွန်မတို့ဟာတိုးတက်လာမှာ မဟုတ်ပါဘူး”ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ထို့အပြင် ကျောင်းသား၊ ကျောင်းသူများသည် ကျောင်းစာသင်ရိုးညွှန်းတမ်းကိုလည်း ပြီးစီးအောင်သင်ကြားနေရပြီး တစ်ဖက်တွင်လည်း ၄င်းတို့၏အကျင့်စာရိတ္တနှင့် တခြားပြင်ပကိစ္စများ လုပ်နိုင်ရန်အချိန်မရဖြစ်နေရကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ဘောလုံးပြိုင်ပွဲများကျင်းပရာ၌ မကြာခဏဆိုသလို ကွင်းအတွင်းပရိသတ်များ ဝင်ရောက်ခြင်း၊ ပစ္စည်းများဖြင့်ပစ်ပေါက်ခြင်းများကြောင့် ပွဲကြည့်ခွင့်ပိတ်ခံရခြင်း၊ ပွဲကျင်းပခွင့်များ လက်လွှတ်ရခြင်းတို့ ရှိခဲ့သည်။
အကုန်သိ
0 Comments