ထိုင္းႏိုင္ငံမွာ ျပင္းထန္အဆုတ္ေရာင္ေရာဂါပိုးျဖစ္တဲ့ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ေနာက္ထပ္ ၅ ဦး ေတြ႕ရွိတယ္လို႔ ထိုင္းအမ်ိဳးသားက်န္းမာေရးဌာနက ထုတ္ျပန္ပါတယ္။ အရင္က ၁၄ ဦး ေတြ႕ရွိခဲ့ၿပီး ေနာက္ထပ္ ၅ ဦးေတြ႕တဲ့အတြက္ စုစုေပါင္း ၁၉ ဦး ရွိသြားၿပီျဖစ္ေၾကာင္း၊ အဲဒီထဲက ၇ ဦးမွာ သက္သာလို႔ ေဆး႐ုံက ဆင္းသြားၿပီျဖစ္ရာ လက္ရွိ ေဆး႐ုံမွာ ၁၂ ဦး ေဆးကုသမႈ ခံယူေနတယ္လို႔ ထိုင္းက်န္းမာေရးဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ ေဒါက္တာဆုခုမ္ကန္က်နဖိမိုင္က သတင္းေထာက္ေတြကို ေျပာပါတယ္။
Image result for corona virus at thailand
ဗိုင္းရပ္စ္ပိုးကူးစက္ခံရသူေတြအားလုံးမွာ တ႐ုတ္ျပည္ ဟူေဘးျပည္နယ္ ဝူဟန္ၿမိဳ႕က လာတာျဖစ္ၿပီး တခ်ိဳ႕က ဝူဟန္ၿမိဳ႕ေဒသခံ မဟုတ္ေပမယ့္ ဒီမတိုင္ခင္က အဲဒီၿမိဳ႕ကို သြားခဲ့ဖူးတဲ့သူ ေတြ ျဖစ္ေၾကာင္း၊ တ႐ုတ္ျပည္ကေန လာတာမဟုတ္ဘဲ ထိုင္းမွာေနရင္း ကူးစက္ခံရတဲ့ ၁ ေယာက္ကေတာ့ ဘန္ေကာက္က တကၠစီကားေမာင္းသမား ထိုင္းအမ်ိဳးသား ၁ ဦးျဖစ္တယ္လို႔ ဆိုပါတယ္။ အဆိုပါ တကၠစီေမာင္းသမားမွာ လြန္ခဲ့တဲ့အပတ္က ေနမေကာင္းတဲ့ တ႐ုတ္ခရီးသြား အမ်ိဳးသမီး ၁ ဦးကို ေဆး႐ုံလိုက္ပို႔ခဲ့ၿပီး အဲဒီေနာက္ သူလည္း သိပ္ေနမေကာင္းလို႔ ကားမထြက္ဘဲ အနားယူခဲ့ေၾကာင္း၊ ေဆး႐ုံကိုသြားျပရာမွာ ဆရာဝန္ေတြက သံသယရွိ လူနာအျဖစ္ သတ္မွတ္ၿပီး ဓာတ္ခြဲၾကည့္ရာမွာေတာ့ သူဟာ ကို႐ိုရာဗိုင္းရပ္စ္ ကူးစက္ခံရတယ္ဆိုတာ အတည္ျပဳခဲ့တယ္လို႔ ထိုင္းက်န္းမာေရးဌာနက ေျပာပါတယ္။
တကၠစီေမာင္းသမား လိုက္ပို႔ေပးတဲ့ လူနာတ႐ုတ္အမ်ိဳးသမီးကေတာ့ ထိုင္းႏိုင္ငံကေန ထြက္ခြာသြားၿပီလို႔ ဆိုပါတယ္။ အခုလို ကို႐ိုနာပိုးရွိသူေတြ ထပ္မံေတြ႕ရွိလာတာေၾကာင့္ ေရာဂါစစ္ေဆးကုသမႈ၊ ကာကြယ္မႈေတြ ပိုၿပီးအရွိန္အဟုန္ျမႇင့္ တင္းက်ပ္ထားတယ္လို႔ ေဒါက္တာဆုခုမ္ကန္က်နဖိမိုင္က ေျပာပါတယ္။အသစ္ေတြ႕တဲ့ လူနာ ၅ ဦးအနက္ ၁ ဦးမွာ ထိုင္းေျမာက္ပိုင္း ခ်င္းမိုင္ခ႐ိုင္ ခ်င္းမိုင္ၿမိဳ႕က အသက္ ၂၈ ႏွစ္႐ြယ္ တ႐ုတ္ခရီးသြားဧည့္သည္ ၁ ဦးျဖစ္တယ္လို႔ ခ်င္းမိုင္ခ႐ိုင္က်န္းမာေရးဌာနက ထုတ္ျပန္ပါတယ္။ အဲဒီဧည့္သည္ဟာ တ႐ုတ္ျပည္ က်င္ေကြၽၿမိဳ႕က လာတယ္ဆိုေပမယ့္ ဒီမတိုင္ခင္ ဝူဟန္ကို သြားခဲ့ေၾကာင္း၊ ေနမေကာင္းသလိုျဖစ္တာနဲ႔ ခ်င္းမိုင္ မဟာရတ္ေဆး႐ုံကို ဇန္နဝါရီ ၂၁ ရက္မွာ လာေရာက္ျပသခဲ့ၿပီး သံသယရွိလူနာအျဖစ္ သီးျခားကုသေပးေနရာမွာ ဓာတ္ခြဲခန္းကေန ေရာဂါပိုးရွိေၾကာင္း သိရွိရတယ္လို႔ ခ်င္းမိုင္ခ႐ိုင္က်န္းမာေရးဌာန ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာ က်တူးခ်ိဳင္း မဏီးရတ္က သတင္းေထာက္ေတြကို ေျပာပါတယ္။
Image result for corona virus at thailand
ဒီမတိုင္ခင္ မဲ့ရင္းၿမိဳ႕နယ္ တည္းခိုခန္းတခုမွာ ႐ုတ္တရက္ ေသဆုံးသြားခဲ့တဲ့ တ႐ုတ္အမ်ိဳးသမီးမွာေတာ့ ကို႐ိုနာဗိုင္းရပ္စ္ပိုးမရွိေၾကာင္း၊ ဘာေၾကာင့္ဆုံးသလဲဆိုတာေတာ့ စစ္ေဆးေနဆဲဘဲလို႔ ဆိုပါတယ္။ခ်င္းမိုင္ခ႐ိုင္မွာလည္း တ႐ုတ္ခရီးသြားဧည့္သည္ေတြ အလာမ်ားေနေၾကာင္း၊ အထူးသျဖင့္ မဲ့တိုင္ၿမိဳ႕နယ္ ဆင္စခန္းမွာဆိုရင္ ၇၅ ရာခိုင္ႏႈန္းမွာ တ႐ုတ္ႏိုင္ငံသားေတြျဖစ္လို႔ ဆင္ဦးစီးေတြကို ေရာဂါပိုးကာကြယ္တဲ့ ဝတ္စုံေတြဝတ္ဆင္ခိုင္းသလို ဧည့္သည္အားလုံးလည္း ႏွာေခါင္းစည္းတပ္ဖို႔ လႈံ႕ေဆာ္ထားတယ္လို႔ ေဒါက္တာ က်တူးခ်ိဳင္း မဏီးရတ္က ေျပာပါတယ္။ ဒါ့အျပင္ ခ်င္းမိုင္ ႏိုက္ဆာဖာရီတိရစာၦန္ဥယ်ာဥ္ထဲမွာလည္း ၉၅ ရာခိုင္ႏႈန္းမွာ တ႐ုတ္ခရီးသြား ဧည့္သည္ေတြ ျဖစ္တာေၾကာင့္ ဝန္ထမ္းနဲ႔ဧည့္သည္ေတြကို ႏွာေခါင္းစည္း တပ္ဖို႔လႈံ႕ေဆာ္ထားၿပီး ဥယ်ာဥ္အႏွံ႔လည္း ပိုးသတ္ေဆးေတြ ဖ်န္းထားတယ္လို႔ ခ်င္းမိုင္က်န္းမာေရး ဌာနက ေျပာသြားပါတယ္။
Image result for corona virus at thailand
ဒီဗြီဘီ





Unicode




ထိုင်းတွင် ကိုရိုနာဗိုင်းရစ် ကူးစက်ခံရသူ ၅ ဦး ထပ်မံတွေ့ရှိ



ထိုင်းနိုင်ငံမှာ ပြင်းထန်အဆုတ်ရောင်ရောဂါပိုးဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ နောက်ထပ် ၅ ဦး တွေ့ရှိတယ်လို့ ထိုင်းအမျိုးသားကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။ အရင်က ၁၄ ဦး တွေ့ရှိခဲ့ပြီး နောက်ထပ် ၅ ဦးတွေ့တဲ့အတွက် စုစုပေါင်း ၁၉ ဦး ရှိသွားပြီဖြစ်ကြောင်း၊ အဲဒီထဲက ၇ ဦးမှာ သက်သာလို့ ဆေးရုံက ဆင်းသွားပြီဖြစ်ရာ လက်ရှိ ဆေးရုံမှာ ၁၂ ဦး ဆေးကုသမှု ခံယူနေတယ်လို့ ထိုင်းကျန်းမာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာဆုခုမ်ကန်ကျနဖိမိုင်က သတင်းထောက်တွေကို ပြောပါတယ်။



ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူတွေအားလုံးမှာ တရုတ်ပြည် ဟူဘေးပြည်နယ် ဝူဟန်မြို့က လာတာဖြစ်ပြီး တချို့က ဝူဟန်မြို့ဒေသခံ မဟုတ်ပေမယ့် ဒီမတိုင်ခင်က အဲဒီမြို့ကို သွားခဲ့ဖူးတဲ့သူ တွေ ဖြစ်ကြောင်း၊ တရုတ်ပြည်ကနေ လာတာမဟုတ်ဘဲ ထိုင်းမှာနေရင်း ကူးစက်ခံရတဲ့ ၁ ယောက်ကတော့ ဘန်ကောက်က တက္ကစီကားမောင်းသမား ထိုင်းအမျိုးသား ၁ ဦးဖြစ်တယ်လို့ ဆိုပါတယ်။ အဆိုပါ တက္ကစီမောင်းသမားမှာ လွန်ခဲ့တဲ့အပတ်က နေမကောင်းတဲ့ တရုတ်ခရီးသွား အမျိုးသမီး ၁ ဦးကို ဆေးရုံလိုက်ပို့ခဲ့ပြီး အဲဒီနောက် သူလည်း သိပ်နေမကောင်းလို့ ကားမထွက်ဘဲ အနားယူခဲ့ကြောင်း၊ ဆေးရုံကိုသွားပြရာမှာ ဆရာဝန်တွေက သံသယရှိ လူနာအဖြစ် သတ်မှတ်ပြီး ဓာတ်ခွဲကြည့်ရာမှာတော့ သူဟာ ကိုရိုရာဗိုင်းရပ်စ် ကူးစက်ခံရတယ်ဆိုတာ အတည်ပြုခဲ့တယ်လို့ ထိုင်းကျန်းမာရေးဌာနက ပြောပါတယ်။



တက္ကစီမောင်းသမား လိုက်ပို့ပေးတဲ့ လူနာတရုတ်အမျိုးသမီးကတော့ ထိုင်းနိုင်ငံကနေ ထွက်ခွာသွားပြီလို့ ဆိုပါတယ်။ အခုလို ကိုရိုနာပိုးရှိသူတွေ ထပ်မံတွေ့ရှိလာတာကြောင့် ရောဂါစစ်ဆေးကုသမှု၊ ကာကွယ်မှုတွေ ပိုပြီးအရှိန်အဟုန်မြှင့် တင်းကျပ်ထားတယ်လို့ ဒေါက်တာဆုခုမ်ကန်ကျနဖိမိုင်က ပြောပါတယ်။အသစ်တွေ့တဲ့ လူနာ ၅ ဦးအနက် ၁ ဦးမှာ ထိုင်းမြောက်ပိုင်း ချင်းမိုင်ခရိုင် ချင်းမိုင်မြို့က အသက် ၂၈ နှစ်ရွယ် တရုတ်ခရီးသွားဧည့်သည် ၁ ဦးဖြစ်တယ်လို့ ချင်းမိုင်ခရိုင်ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။ အဲဒီဧည့်သည်ဟာ တရုတ်ပြည် ကျင်ကျွေမြို့က လာတယ်ဆိုပေမယ့် ဒီမတိုင်ခင် ဝူဟန်ကို သွားခဲ့ကြောင်း၊ နေမကောင်းသလိုဖြစ်တာနဲ့ ချင်းမိုင် မဟာရတ်ဆေးရုံကို ဇန်နဝါရီ ၂၁ ရက်မှာ လာရောက်ပြသခဲ့ပြီး သံသယရှိလူနာအဖြစ် သီးခြားကုသပေးနေရာမှာ ဓာတ်ခွဲခန်းကနေ ရောဂါပိုးရှိကြောင်း သိရှိရတယ်လို့ ချင်းမိုင်ခရိုင်ကျန်းမာရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ကျတူးချိုင်း မဏီးရတ်က သတင်းထောက်တွေကို ပြောပါတယ်။



ဒီမတိုင်ခင် မဲ့ရင်းမြို့နယ် တည်းခိုခန်းတခုမှာ ရုတ်တရက် သေဆုံးသွားခဲ့တဲ့ တရုတ်အမျိုးသမီးမှာတော့ ကိုရိုနာဗိုင်းရပ်စ်ပိုးမရှိကြောင်း၊ ဘာကြောင့်ဆုံးသလဲဆိုတာတော့ စစ်ဆေးနေဆဲဘဲလို့ ဆိုပါတယ်။ချင်းမိုင်ခရိုင်မှာလည်း တရုတ်ခရီးသွားဧည့်သည်တွေ အလာများနေကြောင်း၊ အထူးသဖြင့် မဲ့တိုင်မြို့နယ် ဆင်စခန်းမှာဆိုရင် ၇၅ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံသားတွေဖြစ်လို့ ဆင်ဦးစီးတွေကို ရောဂါပိုးကာကွယ်တဲ့ ဝတ်စုံတွေဝတ်ဆင်ခိုင်းသလို ဧည့်သည်အားလုံးလည်း နှာခေါင်းစည်းတပ်ဖို့ လှုံ့ဆော်ထားတယ်လို့ ဒေါက်တာ ကျတူးချိုင်း မဏီးရတ်က ပြောပါတယ်။ ဒါ့အပြင် ချင်းမိုင် နိုက်ဆာဖာရီတိရစ္ဆာန်ဥယျာဉ်ထဲမှာလည်း ၉၅ ရာခိုင်နှုန်းမှာ တရုတ်ခရီးသွား ဧည့်သည်တွေ ဖြစ်တာကြောင့် ဝန်ထမ်းနဲ့ဧည့်သည်တွေကို နှာခေါင်းစည်း တပ်ဖို့လှုံ့ဆော်ထားပြီး ဥယျာဉ်အနှံ့လည်း ပိုးသတ်ဆေးတွေ ဖျန်းထားတယ်လို့ ချင်းမိုင်ကျန်းမာရေး ဌာနက ပြောသွားပါတယ်။



ဒီဗွီဘီ