ဇန္နဝါရီ ၁၃
ဇော်ထွန်း
---------------------------------------------------------------------------
Unicode
ဘဏ်ချေးငွေ အပြည့်အဝပေးသွင်းပြီးဖြစ်၍ ကျောင်းကားအစီး ၂၀၀ YRTA အပိုင်ဖြစ်ပြီဟုဆို
ဇန်နဝါရီ ၁၃
ဇော်ထွန်း
မထသမှ လွှဲပြောင်းငွေနှင့် ဘဏ်ချေးငွေ စုပေါင်းဝယ်ယူထားသည့် ကျောင်းကားအ စီး၂၀၀ အတွက် ဘဏ်ချေးငွေကို အပြည့်အဝ ပေးသွင်းနိုင်ခဲ့ပြီဖြစ်သောကြောင့် YRTA က ပိုင်ဆိုင်သွားပြီဟု ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌဦးတင့်လွင်က ယနေ့ တိုင်းလွှတ်တော်အစည်းအေးတွင် လွှတ်တော်သို့အစီရင်ခံတင်ပြခဲ့သည်။
“၂၀၁၇/၁၈ဘဏ္ဍာနှစ်၌ မထသမှလွှဲပြောင်းရငွေဖြင့် ကျပ်(၅)ဘီလီယံ ဘဏ်ချေး ငွေ ၅ ဒဿမ ၅ဘီလီယံဖြင့် ကျောင်းကား အစီး ၂၀၀ ဝယ်ယူခဲ့ရာ လက်ရှိ ၁၀၇ စီး ပြေးဆွဲလျက်ရှိပြီး ဘဏ်ချေးငွေ ၅ ဒဿမ ၅ ဘီလီယံကို ပေးဆပ်ခဲ့ပြီဖြစ်၍ ကျောင်း ကားများသည် YRTAပိုင် ဖြစ်ပြီဟု ပြည်သူ့ငွေစာရင်းကော်မတီက လွှတ်တော်သို့ တင်ပြခဲ့ခြင်းဖြစ်သည်။
အဆိုပါကျောင်းကားများနှင့် ပတ်သက်၍ ယခင်ကဘဏ်ချေးငွေ အပြည့်အမပေး ချေနိုင်ချိန် ပြေးဆွဲမှုလည်းမပြုနိုင်ဘဲ ကားအများအပြား ရပ်နားထားရသဖြင့် ဝေဖန် မှုများနှင့် ရင်ဆိုင်ခဲ့ရပြီး လက်ရှိအချိန်တွင် ၁၀၇ စီးပြေးဆွဲနေပြီး YRTA က အပြည့် အဝပိုင်ဆိုင်သွားပြီဟု အစီရင်ခံစာအရသိရသည်။
#TheFifthWaveNews. #ဘဏ်ချေးငွေ #ကျောင်းကား #YRTA

(Zawgyi)

0 Comments