L
ဇန္နဝါရီ ၁၃
နိုင္ငံတကာသတင္း
အရပ္သားေလယာဥ္တစ္စင္းကို ပစ္ခ်ခဲ့သည့္အတြက္ ဆႏၵျပေနသူမ်ားကိုမသတ္ရန္ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က တနဂၤေႏြေန႔ ဇန္နဝါရီ ၁၂ ရက္တြင္သတိေပး သည္။
ဒါ့အျပင္ အေမရိကန္ကာကြယ္ေရးဝန္ႀကီးက အီရန္ႏွင့္ေဆြးေႏြးရန္ တံခါးဖြင့္ထား ေၾကာင္းလည္းေျပာသည္။
အီရန္တြင္ လမ္းေပၚထြက္ေဒါသတႀကီး ဆႏၵျပသူမ်ားႏွင့္ရင္ဆိုင္ေနရခ်ိန္တြင္ ထရမ့္က သတိေပးခဲ့ျခင္းျဖစ္သည္။
အီရန္ေခါင္းေဆာင္မ်ားႏွင့္ ထရမ့္ေတြ႕ဆုံေဆြးေႏြးလိုေၾကာင္း CBS႐ုပ္သံႏွင့္ ေတြ႕ ဆုံေမးျမန္းခန္းတြင္ အေမရိကန္ကာကြယ္ေရးဝန္ႀကီး မိုက္အက္စပါကေျပာသည္။
ဇန္နဝါရီ ၃ ရက္တြင္ အီရန္တပ္မွူးႀကီးတစ္ေယာက္ကို အေမရိကန္က အီရတ္တြင္ ေမာင္းသူမဲ့ဒ႐ုန္းေလယာဥ္မ်ားျဖင့္ လုပ္ႀကံခဲ့ၿပီးေနာက္ အီရန္-အေမရိကန္ ဆက္ဆံ ေရးတင္းမာမွု ထပ္မံျမင့္တက္ခဲ့သည္။
ထို့ေနာက္ အီရတ္ရွိအေမရိကန္ေလတပ္စခန္း ၂ ခုကို အီရန္ကဒုံးက်ည္မ်ားျဖင့္ တိုက္ခိုက္ခဲ့ေသာ္လည္း အေသအေပ်ာက္မရွိခဲ့ေပ။
နာရီပိုင္းအၾကာတြင္ အီရန္ေတာ္လွန္ေရးအေစာင့္တပ္ဖြဲ႕က ယူကရိန္းနိုင္ငံမွ အရပ္ သားပိုင္ေလယာဥ္တစ္စင္းကို မွားယြင္းပစ္ခ်ခဲ့သျဖင့္ လူ ၁၇၆ ေယာက္ေသဆုံးခဲ့ သည္။
Source- AFP
#ဥက္ကာ
#TheFifthWaveNews
Photo- Fox News
------------------------------------------------------------------------
Unicode
ဆန္ဒပြသူတွေကိုမသတ်ဖို့ အီရန်ကို ထရမ့်သတိပေး
ဇန်နဝါရီ ၁၃
နိုင်ငံတကာသတင်း
အရပ်သားလေယာဉ်တစ်စင်းကို ပစ်ချခဲ့သည့်အတွက် ဆန္ဒပြနေသူများကိုမသတ်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တနင်္ဂနွေနေ့ ဇန်နဝါရီ ၁၂ ရက်တွင်သတိပေး သည်။
ဒါ့အပြင် အမေရိကန်ကာကွယ်ရေးဝန်ကြီးက အီရန်နှင့်ဆွေးနွေးရန် တံခါးဖွင့်ထား ကြောင်းလည်းပြောသည်။
အီရန်တွင် လမ်းပေါ်ထွက်ဒေါသတကြီး ဆန္ဒပြသူများနှင့်ရင်ဆိုင်နေရချိန်တွင် ထရမ့်က သတိပေးခဲ့ခြင်းဖြစ်သည်။
အီရန်ခေါင်းဆောင်များနှင့် ထရမ့်တွေ့ဆုံဆွေးနွေးလိုကြောင်း CBSရုပ်သံနှင့် တွေ့ ဆုံမေးမြန်းခန်းတွင် အမေရိကန်ကာကွယ်ရေးဝန်ကြီး မိုက်အက်စပါကပြောသည်။
ဇန်နဝါရီ ၃ ရက်တွင် အီရန်တပ်မှူးကြီးတစ်ယောက်ကို အမေရိကန်က အီရတ်တွင် မောင်းသူမဲ့ဒရုန်းလေယာဉ်များဖြင့် လုပ်ကြံခဲ့ပြီးနောက် အီရန်-အမေရိကန် ဆက်ဆံ ရေးတင်းမာမှု ထပ်မံမြင့်တက်ခဲ့သည်။
ထို့နောက် အီရတ်ရှိအမေရိကန်လေတပ်စခန်း ၂ ခုကို အီရန်ကဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့သော်လည်း အသေအပျောက်မရှိခဲ့ပေ။
နာရီပိုင်းအကြာတွင် အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့က ယူကရိန်းနိုင်ငံမှ အရပ် သားပိုင်လေယာဉ်တစ်စင်းကို မှားယွင်းပစ်ချခဲ့သဖြင့် လူ ၁၇၆ ယောက်သေဆုံးခဲ့ သည်။
Source- AFP
#ဥက်ကာ
#TheFifthWaveNews
Photo- Fox News
------------------------------------------------------------------------
0 Comments