Zawgyi ျဖင့္ဖတ္ရန္
Single လို႔ေျပာလိုက္တာနဲ႔ ေဂၚမစြံတဲ့ သူလို႔ ထင္ရင္ေတာ့ မွားသြားမယ္ေနာ္။ တကယ္ေတာ့ မစြံတာမဟုတ္ဘဲ single ျဖစ္ေနရျခင္း အေၾကာင္းအရင္းမ်ားစြာ ရွိလို႔ေနပါတယ္။ ကိုယ့္ကိုယ္ကို တန္ဖိုးထားမႈျမင့္မားလို႔၊ ေ႐ြးလြန္းလို႔ ဆင္ဂယ္ျဖစ္ေနတဲ့ ဆင္ဂယ္ စသျဖင့္ မ်ားစြာေသာ အေၾကာင္းအရင္းေတြေၾကာင့္ ဆင္ဂယ္ရာထူးကို ရယူထားတာျဖစ္ပါတယ္။ ဆင္ဂယ္တစ္ေယာက္ရဲ႕ မဟာအားသာခ်က္ေတြက ဒီလိုေတြရွိလို႔ ေနပါတယ္ေနာ္။
စိတ္သြားတိုင္း ကိုယ္ပါႏိုင္တဲ့ သူေလးေတြ
တစ္ေယာက္တည္းသမားေလးေတြအေနနဲ႔ ခ်ဳပ္ခ်ယ္မယ့္သူလည္း မရွိသလို၊ ကိုယ္သြားခ်င္တဲ့ ေနရာကို ကိုယ္သြားခ်င္တဲ့အခ်ိန္ သြားလို႔ ရပါတယ္။ ဘယ္သြားခ်င္တယ္၊ ဘာလုပ္ခ်င္တယ္ဆိုတာ ကိုယ့္သေဘာ ကိုယ့္ဆႏၵတစ္ခုတည္းသာျဖစ္ၿပီးေတာ့ သူငယ္ခ်င္းေတြနဲ႔ပဲ တစ္ေနကုန္ေလွ်ာက္လည္လည္၊ ခရီးေတြပဲ ထြက္ထြက္ ခ်စ္သူက စိတ္မခ်လို႔ မသြားရတာမ်ိဳးလည္း မရွိပါဘူးေနာ္။ ကိုယ္ႀကိဳက္တာကိုယ္လုပ္ပိုင္ခြင့္ရွိတဲ့ ဆင္ဂယ္ေတြျဖစ္ၾကပါတယ္။
စိတ္ဖိစီးမႈမရွိပဲ လႊတ္လပ္ေပ်ာ္႐ႊင္စြာ ေနထိုင္တတ္သူေလးေတြ
ခ်စ္သူနဲ႔ အဆင္မေျပလို႔ စိတ္ညစ္ရတာနဲ႔၊ ခ်စ္သူနဲ႔ ရန္ျဖစ္လို႔ စိတ္ရႈပ္ရတာမ်ိဳးေတြမရွိပဲ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ ေန႔ရက္ေတြကို ျဖတ္သန္းႏိုင္တာ ဆင္ဂယ္ေတြပါ။ ဆက္ဆံေရးအဆင္မေျပလို႔ စိတ္ဆင္းရဲရတဲ့ စိတ္ဖိစီးမႈေတြမရွိပဲ လႊတ္လပ္ေပ်ာ္႐ႊင္မႈကို အျပည့္အဝခံစားရတတ္သူေလးေတြ ျဖစ္ၾကပါတယ္။
အမွီအခိုကင္းကင္းရပ္တည္တတ္တဲ့ သူေလးေတြ
ဆင္ဂယ္ေတာ္ေတာ္မ်ားမ်ားက ကိုယ့္အားကိုယ္ကိုးတတ္တဲ့ သူေတြျဖစ္ၾကပါတယ္တဲ့။ အၿမဲတမ္း ကိုယ့္ခ်စ္သူကိုပဲ အားကိုးေနတတ္သူေတြလို မဟုတ္ပဲ ကိုယ္လုပ္ခ်င္တာေတြကို ကိုယ္တိုင္ပဲ ျဖစ္ေအာင္လုပ္ႏိုင္ၾကတဲ့ သူေတြပါ။ သူတို႔ေတြဟာ အမွီအခိုကင္းကင္းနဲ႔ ရပ္တည္ရတာကို ႀကိဳက္သလို ယုံၾကည္မႈရွိရွိနဲ႔ ဘဝကို ျဖတ္သန္းတတ္ၾကတဲ့ သူေတြျဖစ္ၾကပါတယ္။
ကိုယ့္ကိုယ္ကို တန္ဖိုးထားမႈ ျမင့္မားသူေလးေတြ
သူတို႔ကို တစ္ျခားသူေတြရဲ႕ အခ်စ္ေတြေအာက္မွာ သာယာတာထက္ ကိုယ့္ကိုယ္ကို ခ်စ္တတ္ျခင္းက ပိုၿပီး ေကာင္းမြန္တယ္လို႔ သိနားလည္ထားတတ္ၾကသူေတြပါ။ တစ္ျခားသူေတြရဲ႕ အခ်စ္ဟာ ဘယ္အခ်ိန္မွာ ေျပာင္းလဲသြားမလဲဆိုတာ မသိႏိုင္ေပမယ့္ ကိုယ့္ကိုယ္ကို ခ်စ္တဲ့အခ်စ္ကေတာ့ ဘယ္ေတာ့မွ မေျပာင္းလဲႏိုင္ပါဘူး။ သူတို႔ကို သူတို႔ဘယ္လိုတန္ဖိုးထားၿပီး ခ်စ္ခင္ရမလဲဆိုတာကို ေကာင္းေကာင္းသိတဲ့ သူေတြျဖစ္ၾကပါတယ္။
ကိုယ့္အတြက္ အဆင္ေျပတဲ့သူကို အခ်ိန္မေ႐ြး ေ႐ြးခ်ယ္ႏိုင္သူေတြဆင္ဂယ္ဆိုတာ ႀကိဳက္မယ့္လူမရွိလို႔ တစ္ေယာက္တည္း အထီးက်န္ေနတာမဟုတ္ပဲ ေ႐ြးခ်ယ္စရာမ်ားလြန္းလို႔ ဆင္ဂယ္ျဖစ္ေနရတဲ့သူေတြရွိပါတယ္ေနာ္။ ကိုယ့္ကိုယ္ႀကိဳက္မယ့္သူေတြမ်ားစြာထဲက ကိုယ့္ရဲ႕ အႀကိဳက္နဲ႔ ထပ္တူက်မယ့္ တစ္ေယာက္ကို ေစာင့္ဆိုင္းေနျခင္းသာ ျဖစ္ပါတယ္။ သူတို႔ေတြဟာ ဘယ္အခ်ိန္မဆို ကိုယ္ႀကိဳက္တဲ့တစ္ေယာက္ကို ေ႐ြးခ်ယ္ႏိုင္တဲ့ သူေလးေတြ ျဖစ္ၾကပါတယ္။



Credit: aunty may



Unicode ဖြင့်ဖတ်ရန်



ရည်းစားမရှိတဲ့ တစ်ကိုယ်တည်း FA လေးတို့ရဲ့မဟာအားသာချက်များ
Single လို့ပြောလိုက်တာနဲ့ ဂေါ်မစွံတဲ့ သူလို့ ထင်ရင်တော့ မှားသွားမယ်နော်။ တကယ်တော့ မစွံတာမဟုတ်ဘဲ single ဖြစ်နေရခြင်း အကြောင်းအရင်းများစွာ ရှိလို့နေပါတယ်။ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုမြင့်မားလို့၊ ရွေးလွန်းလို့ ဆင်ဂယ်ဖြစ်နေတဲ့ ဆင်ဂယ် စသဖြင့် များစွာသော အကြောင်းအရင်းတွေကြောင့် ဆင်ဂယ်ရာထူးကို ရယူထားတာဖြစ်ပါတယ်။ ဆင်ဂယ်တစ်ယောက်ရဲ့ မဟာအားသာချက်တွေက ဒီလိုတွေရှိလို့ နေပါတယ်နော်။
စိတ်သွားတိုင်း ကိုယ်ပါနိုင်တဲ့ သူလေးတွေ
တစ်ယောက်တည်းသမားလေးတွေအနေနဲ့ ချုပ်ချယ်မယ့်သူလည်း မရှိသလို၊ ကိုယ်သွားချင်တဲ့ နေရာကို ကိုယ်သွားချင်တဲ့အချိန် သွားလို့ ရပါတယ်။ ဘယ်သွားချင်တယ်၊ ဘာလုပ်ချင်တယ်ဆိုတာ ကိုယ့်သဘော ကိုယ့်ဆန္ဒတစ်ခုတည်းသာဖြစ်ပြီးတော့ သူငယ်ချင်းတွေနဲ့ပဲ တစ်နေကုန်လျှောက်လည်လည်၊ ခရီးတွေပဲ ထွက်ထွက် ချစ်သူက စိတ်မချလို့ မသွားရတာမျိုးလည်း မရှိပါဘူးနော်။ ကိုယ်ကြိုက်တာကိုယ်လုပ်ပိုင်ခွင့်ရှိတဲ့ ဆင်ဂယ်တွေဖြစ်ကြပါတယ်။
စိတ်ဖိစီးမှုမရှိပဲ လွှတ်လပ်ပျော်ရွှင်စွာ နေထိုင်တတ်သူလေးတွေ
ချစ်သူနဲ့ အဆင်မပြေလို့ စိတ်ညစ်ရတာနဲ့၊ ချစ်သူနဲ့ ရန်ဖြစ်လို့ စိတ်ရှုပ်ရတာမျိုးတွေမရှိပဲ ပျော်ပျော်ရွှင်ရွှင်နဲ့ နေ့ရက်တွေကို ဖြတ်သန်းနိုင်တာ ဆင်ဂယ်တွေပါ။ ဆက်ဆံရေးအဆင်မပြေလို့ စိတ်ဆင်းရဲရတဲ့ စိတ်ဖိစီးမှုတွေမရှိပဲ လွှတ်လပ်ပျော်ရွှင်မှုကို အပြည့်အဝခံစားရတတ်သူလေးတွေ ဖြစ်ကြပါတယ်။
အမှီအခိုကင်းကင်းရပ်တည်တတ်တဲ့ သူလေးတွေ
ဆင်ဂယ်တော်တော်များများက ကိုယ့်အားကိုယ်ကိုးတတ်တဲ့ သူတွေဖြစ်ကြပါတယ်တဲ့။ အမြဲတမ်း ကိုယ့်ချစ်သူကိုပဲ အားကိုးနေတတ်သူတွေလို မဟုတ်ပဲ ကိုယ်လုပ်ချင်တာတွေကို ကိုယ်တိုင်ပဲ ဖြစ်အောင်လုပ်နိုင်ကြတဲ့ သူတွေပါ။ သူတို့တွေဟာ အမှီအခိုကင်းကင်းနဲ့ ရပ်တည်ရတာကို ကြိုက်သလို ယုံကြည်မှုရှိရှိနဲ့ ဘဝကို ဖြတ်သန်းတတ်ကြတဲ့ သူတွေဖြစ်ကြပါတယ်။
ကိုယ့်ကိုယ်ကို တန်ဖိုးထားမှု မြင့်မားသူလေးတွေ
သူတို့ကို တစ်ခြားသူတွေရဲ့ အချစ်တွေအောက်မှာ သာယာတာထက် ကိုယ့်ကိုယ်ကို ချစ်တတ်ခြင်းက ပိုပြီး ကောင်းမွန်တယ်လို့ သိနားလည်ထားတတ်ကြသူတွေပါ။ တစ်ခြားသူတွေရဲ့ အချစ်ဟာ ဘယ်အချိန်မှာ ပြောင်းလဲသွားမလဲဆိုတာ မသိနိုင်ပေမယ့် ကိုယ့်ကိုယ်ကို ချစ်တဲ့အချစ်ကတော့ ဘယ်တော့မှ မပြောင်းလဲနိုင်ပါဘူး။ သူတို့ကို သူတို့ဘယ်လိုတန်ဖိုးထားပြီး ချစ်ခင်ရမလဲဆိုတာကို ကောင်းကောင်းသိတဲ့ သူတွေဖြစ်ကြပါတယ်။
ကိုယ့်အတွက် အဆင်ပြေတဲ့သူကို အချိန်မရွေး ရွေးချယ်နိုင်သူတွေဆင်ဂယ်ဆိုတာ ကြိုက်မယ့်လူမရှိလို့ တစ်ယောက်တည်း အထီးကျန်နေတာမဟုတ်ပဲ ရွေးချယ်စရာများလွန်းလို့ ဆင်ဂယ်ဖြစ်နေရတဲ့သူတွေရှိပါတယ်နော်။ ကိုယ့်ကိုယ်ကြိုက်မယ့်သူတွေများစွာထဲက ကိုယ့်ရဲ့ အကြိုက်နဲ့ ထပ်တူကျမယ့် တစ်ယောက်ကို စောင့်ဆိုင်းနေခြင်းသာ ဖြစ်ပါတယ်။ သူတို့တွေဟာ ဘယ်အချိန်မဆို ကိုယ်ကြိုက်တဲ့တစ်ယောက်ကို ရွေးချယ်နိုင်တဲ့ သူလေးတွေ ဖြစ်ကြပါတယ်။
Credit: aunty may