LOTAYANET TO DAY TV
WELLCOME TO LOTAYANET WEBSITE
HOME
Home
တန္ဖိုးနည္းအိမ္ရာဝယ္ေတာ့မည္ဆိုလွ်င္ လုပ္ေဆာင္ရမည့္အခ်က္မ်ား
တန္ဖိုးနည္းအိမ္ရာဝယ္ေတာ့မည္ဆိုလွ်င္ လုပ္ေဆာင္ရမည့္အခ်က္မ်ား
Lotayanet Burmese
-
January 09, 2020
Zawgyi ျဖင့္ဖတ္ရန္
သင္တန္ဖိုးနည္းအိမ္ရာ ဝယ္ေတာ့မွာလား?ဘယ္လိုဝယ္ရမလဲ ဆိုၿပီးအခက္အခဲျဖစ္ေနတာလား?ေအာက္မွာ နည္းလမ္းေလးေတြ ေဖာ္ျပေပးထားပါတယ္။
တန္ဖိုးနည္းအိမ္ရာ ပိုင္ဆိုင္ႏိုင္ဖို႔ အခ်က္(၇)ခ်က္
တန္ဖိုးနည္းအိမ္ရာ ေလွ်ာက္မယ့္သူေတြအတြက္ အဓိကအားျဖင့္ အခ်က္(၇)ခ်က္ ရွိတယ္လို႔ သိရပါတယ္။
(၁) အရင္ဆုံး ဘာလုပ္ရမလဲ၊
(၂) ေငြဘယ္လိုစုရမလဲ၊
(၃) ေငြဘယ္ေလာက္ စုရမလဲ၊
(၄) ဝယ္ဖို႔ ဘယ္လို အေထာက္အထားေတြ လိုသလဲ၊
(၅) ဘယ္ေနရာကို ဝယ္မလဲ၊
(၆) အိမ္ရဲ႕ အက်ယ္အဝန္းနဲ႔ ပုံစံ၊
(၇) ေဖာင္ဘယ္လိုတင္ရမယ္၊
ဆိုတဲ့ အခ်က္(၇)ခ်က္ ရွိပါတယ္။
၁။ အရင္ဆုံး ဘာလုပ္ရမလဲ?
*****************
အိမ္ရာေလွ်ာက္မယ့္သူေတြ အရင္ဆုံးလုပ္ရမွာက CHD ဘဏ္မွာ စာရင္းဖြင့္ၿပီး ေငြစုရမွာပါ။ ဗိုလ္ခ်ဳပ္လမ္းေထာင့္ ၄၆ လမ္းမွတ္တိုင္နားက CHD ဘဏ္နဲ႔ ေ႐ႊတိဂုံ ဘုရားလမ္း CHD ဘဏ္ေတြမွာ မွတ္ပုံတင္ကတ္၊ ေငြက်ပ္ ၁၀ဝ၀ နဲ႔အတူ စာရင္းဖြင့္ႏိုင္ၿပီး အေကာင့္ထဲမွာ ေငြက်ပ္ ၁၀,ဝဝဝ ကစၿပီး စုေဆာင္းႏိုင္ပါတယ္။
၂။ ေငြ ဘယ္လိုစုရမလဲ?
*************
တန္ဖိုးနည္းအိမ္ရာ မည္သူမဆို ေလွ်ာက္ထားႏိုင္ပါၿပီ။အတိုးက အျခားဘဏ္ေတြအတိုင္း ၈.၅ ရာခိုင္ႏႈန္း ေပးပါတယ္။ အဲသည္ေငြကို ထုတ္မသုံးမခ်င္း အတိုးရေနမွာပါ။ ဒါေပမယ့္ သည္ေငြက အိမ္အတြက္ ရည္စူးထားတဲ့ေငြ ျဖစ္တာေၾကာင့္ ပုံမွန္ေငြထည့္သြင္းထားတာ ပိုေကာင္းၿပီး ထည့္ၿပီးရင္ ျပန္မထုတ္တာက အေကာင္းဆုံး ျဖစ္ပါတယ္။
၃။ ေငြ ဘယ္ေလာက္စုရမလဲ?
***************
တန္ဖိုးနည္းအိမ္ခန္းတစ္ခန္းဟာ ပ်မ္းမွ်တန္ဖိုးအားျဖင့္ သိန္း ၁၀ဝ ပတ္ဝန္းက်င္ရွိတဲ့အတြက္ ၃၀ ရာခိုင္ႏႈန္းျပည့္ေအာင္ စုေဆာင္းရပါမယ္။ ဒါေၾကာင့္ ဘဏ္အေကာင့္ထဲမွာ သိန္း ၃၀ ေက်ာ္ရွိတာနဲ႔ အိမ္ဝယ္လို႔ ရပါၿပီ။ ၃၀ ရာခိုင္ႏႈန္းျပည့္သူေတြကို အိုးအိမ္က စာရင္းကပ္ေပးပါတယ္။ ကိုယ့္နာမည္ ပါ/မပါ အိုးအိမ္႐ုံးမွာ သြားၾကည့္ရပါတယ္။ နာမည္ပါၿပီဆိုရင္ အိုးအိမ္က ေလွ်ာက္လႊာ ေရာင္းခ်ေပးသလို စုေဆာင္းေငြ ၃၀ ရာခိုင္ႏႈန္း ျပည့္ေၾကာင္း အေထာက္အထားေတြေပးၿပီး အိမ္ေလွ်ာက္လို႔ ရပါတယ္။ က်န္ ၇၀ ရာခိုင္ႏႈန္းကိုေတာ့ အတိုးတစ္ႏွစ္ကို ၁၂ ရာခိုင္ႏႈန္းနဲ႔ ဘဏ္က ေခ်းေပးမွာပါ။ ဒါေၾကာင့္ ၃၀ ရာခိုင္ႏႈန္း ျပည့္သူေတြဟာ အိမ္ေပၚတက္ေနလို႔ရၿပီး တစ္လကို ၁ သိန္းေက်ာ္နဲ႔ ၁၀ ႏွစ္သြင္းရင္ တိုက္ခန္းပိုင္ဆိုင္ႏိုင္ပါတယ္။
၄။ ဝယ္ဖို႔ ဘယ္လို အေထာက္အထားေတြ လိုအပ္လဲ?
***********************************
အေထာက္အထား လိုအပ္ခ်က္က ၄ မ်ိဳးရွိပါတယ္။ ၄ မ်ိဳးစလုံးက ဘဏ္စာအုပ္၊ မွတ္ပုံတင္မိတၱဴ၊ သန္းေခါင္စာရင္း မိတၱဴ၊ ရပ္ကြက္ ေထာက္ခံစာ ယူသြားရပါတယ္။ ဝင္ေငြနည္းျပည္သူဆိုရင္ ကိုယ္လုပ္ေနတဲ့အလုပ္က တစ္လကို ၃ သိန္း၊ ၅ သိန္းၾကားရွိေၾကာင္း လုပ္ငန္းဝင္ေငြအေထာက္အထား ယူသြားရပါတယ္။ ကုမၸဏီဝန္ထမ္းနဲ႔ အစိုးရဝန္ထမ္းဆိုရင္ တစ္လကို ၃ သိန္းနဲ႔ ၅ သိန္းၾကားရွိေၾကာင္း အထက္လူႀကီးရဲ႕ ေထာက္ခံခ်က္ယူရမယ္။ အၿငိမ္းစားဝန္ထမ္းဆိုရင္ ပင္စင္ေထာက္ခံခ်က္ ယူရမွာျဖစ္ပါတယ္။ ဝန္ထမ္းေတြက ဝန္ထမ္းကတ္ကို မိတၱဴဆြဲရပါမယ္။ ကိုယ္တစ္ဦးတည္း ဝင္ေငြက ၃ သိန္းနဲ႔ ၅ သိန္းၾကား မျပည့္ရင္ မိသားစုဝင္ေတြရဲ႕ဝင္ေငြကိုပါ ထည့္ေဖာ္ျပႏိုင္တယ္လို႔ သိရပါတယ္။
၅။ ဘယ္ေနရာကို ဝယ္မလဲ?
************
အစိုးရက လႈိင္သာယာ ေ႐ႊလင္ပန္း၊ ယုဇနနဲ႔ ကေနာင္အိမ္ရာေတြကို လက္ရွိမွာ ေရာင္းေနပါတယ္။ မႏၲေလးမွာ ျမရည္နႏၵာ ရွိပါတယ္။ ကိုယ္နဲ႔နီးစပ္တဲ့ေနရာကို ဝယ္ယူႏိုင္ပါတယ္။ အခုေနာက္ပိုင္း တည္ေဆာက္ေနတဲ့ လႈိင္သာယာ က်န္စစ္မင္းအိမ္ရာက ကားလမ္းနဲ႔နီးလို႔ လူစိတ္ဝင္စားမႈ မ်ားပါတယ္။
၆။ အိမ္ရဲ႕ အက်ယ္အဝန္းပုံစံ
***************
အိမ္ေတြက ၈ ခန္းတြဲ ၄ ထပ္နဲ႔ ၆ ခန္းတြဲ ၄ ထပ္ဆိုၿပီး ၂ မ်ိဳးရွိတယ္။ အိမ္ရာအားလုံးက ပုံစံတူပါပဲ။ အက်ယ္အဝန္းကေတာ့ ၅၂၂ စတုရန္းေပနဲ႔ ၄၈၄ စတုရန္းေပဝန္းက်င္ဆိုၿပီး ၂ မ်ိဳးရွိပါတယ္။ ၆ ခန္းတြဲ၊ ၈ ခန္းတြဲ၊ ေလွကားပါတဲ့အခန္းနဲ႔ ေလွကားမပါတဲ့ အျခမ္းေပၚမူတည္ၿပီး အက်ယ္အဝန္း ကြာျခားမႈရွိပါတယ္။ အိမ္ေတြရဲ႕တန္ဖိုးက ေျမညီထပ္ဆိုရင္ ၁၃၅ သိန္းပတ္ဝန္းက်င္ကေန တတိယထပ္ ၉၈ သိန္းေလာက္ ရွိတယ္လို႔ သိရပါတယ္။
၇။ ေဖာင္ ဘယ္လိုတင္မလဲ?
*******************
အိုးအိမ္ဦးစီးဌာနမွ ဝင္ေငြနည္း ျပည္သူေတြ၊ ကုမၸဏီဝန္ထမ္း၊ အစိုးရဝန္ထမ္းနဲ႔ အၿငိမ္းစား ဝန္ထမ္းအတြက္ ေလွ်ာက္လႊာေတြ သီးျခားေရာင္းပါတယ္။ ေလွ်ာက္ထဲမွာ ျဖည့္စရာရွိတာေတြ ျဖည့္ၿပီး ၃၀ ရာခိုင္ႏႈန္းျပည့္ေၾကာင္း၊ အေထာက္အထား မွန္ကန္ေၾကာင္း သြားစစ္ခိုင္းရပါမယ္။ ဘဏ္ကအခ်က္အလက္ အားလုံးမွန္ကန္ေၾကာင္း စစ္ေဆးၿပီးရင္ တံဆိပ္တုံးထုေပးတယ္လို႔ အေတြ႕အႀကဳံရွိသူတစ္ဦးဆီက သိရပါတယ္။
Source:Kumudra
Unicode ဖြင့်ဖတ်ရန်
တန်ဖိုးနည်းအိမ်ရာဝယ်တော့မည်ဆိုလျှင် လုပ်ဆောင်ရမည့်အချက်များ
သင်တန်ဖိုးနည်းအိမ်ရာ ဝယ်တော့မှာလား?ဘယ်လိုဝယ်ရမလဲ ဆိုပြီးအခက်အခဲဖြစ်နေတာလား?အောက်မှာ နည်းလမ်းလေးတွေ ဖော်ပြပေးထားပါတယ်။
တန်ဖိုးနည်းအိမ်ရာ ပိုင်ဆိုင်နိုင်ဖို့ အချက်(၇)ချက်
တန်ဖိုးနည်းအိမ်ရာ လျှောက်မယ့်သူတွေအတွက် အဓိကအားဖြင့် အချက်(၇)ချက် ရှိတယ်လို့ သိရပါတယ်။
(၁) အရင်ဆုံး ဘာလုပ်ရမလဲ၊
(၂) ငွေဘယ်လိုစုရမလဲ၊
(၃) ငွေဘယ်လောက် စုရမလဲ၊
(၄) ဝယ်ဖို့ ဘယ်လို အထောက်အထားတွေ လိုသလဲ၊
(၅) ဘယ်နေရာကို ဝယ်မလဲ၊
(၆) အိမ်ရဲ့ အကျယ်အဝန်းနဲ့ ပုံစံ၊
(၇) ဖောင်ဘယ်လိုတင်ရမယ်၊
ဆိုတဲ့ အချက်(၇)ချက် ရှိပါတယ်။
၁။ အရင်ဆုံး ဘာလုပ်ရမလဲ?
*****************
အိမ်ရာလျှောက်မယ့်သူတွေ အရင်ဆုံးလုပ်ရမှာက CHD ဘဏ်မှာ စာရင်းဖွင့်ပြီး ငွေစုရမှာပါ။ ဗိုလ်ချုပ်လမ်းထောင့် ၄၆ လမ်းမှတ်တိုင်နားက CHD ဘဏ်နဲ့ ရွှေတိဂုံ ဘုရားလမ်း CHD ဘဏ်တွေမှာ မှတ်ပုံတင်ကတ်၊ ငွေကျပ် ၁၀ဝ၀ နဲ့အတူ စာရင်းဖွင့်နိုင်ပြီး အကောင့်ထဲမှာ ငွေကျပ် ၁၀,ဝဝဝ ကစပြီး စုဆောင်းနိုင်ပါတယ်။
၂။ ငွေ ဘယ်လိုစုရမလဲ?
*************
တန်ဖိုးနည်းအိမ်ရာ မည်သူမဆို လျှောက်ထားနိုင်ပါပြီ။အတိုးက အခြားဘဏ်တွေအတိုင်း ၈.၅ ရာခိုင်နှုန်း ပေးပါတယ်။ အဲသည်ငွေကို ထုတ်မသုံးမချင်း အတိုးရနေမှာပါ။ ဒါပေမယ့် သည်ငွေက အိမ်အတွက် ရည်စူးထားတဲ့ငွေ ဖြစ်တာကြောင့် ပုံမှန်ငွေထည့်သွင်းထားတာ ပိုကောင်းပြီး ထည့်ပြီးရင် ပြန်မထုတ်တာက အကောင်းဆုံး ဖြစ်ပါတယ်။
၃။ ငွေ ဘယ်လောက်စုရမလဲ?
***************
တန်ဖိုးနည်းအိမ်ခန်းတစ်ခန်းဟာ ပျမ်းမျှတန်ဖိုးအားဖြင့် သိန်း ၁၀ဝ ပတ်ဝန်းကျင်ရှိတဲ့အတွက် ၃၀ ရာခိုင်နှုန်းပြည့်အောင် စုဆောင်းရပါမယ်။ ဒါကြောင့် ဘဏ်အကောင့်ထဲမှာ သိန်း ၃၀ ကျော်ရှိတာနဲ့ အိမ်ဝယ်လို့ ရပါပြီ။ ၃၀ ရာခိုင်နှုန်းပြည့်သူတွေကို အိုးအိမ်က စာရင်းကပ်ပေးပါတယ်။ ကိုယ့်နာမည် ပါ/မပါ အိုးအိမ်ရုံးမှာ သွားကြည့်ရပါတယ်။ နာမည်ပါပြီဆိုရင် အိုးအိမ်က လျှောက်လွှာ ရောင်းချပေးသလို စုဆောင်းငွေ ၃၀ ရာခိုင်နှုန်း ပြည့်ကြောင်း အထောက်အထားတွေပေးပြီး အိမ်လျှောက်လို့ ရပါတယ်။ ကျန် ၇၀ ရာခိုင်နှုန်းကိုတော့ အတိုးတစ်နှစ်ကို ၁၂ ရာခိုင်နှုန်းနဲ့ ဘဏ်က ချေးပေးမှာပါ။ ဒါကြောင့် ၃၀ ရာခိုင်နှုန်း ပြည့်သူတွေဟာ အိမ်ပေါ်တက်နေလို့ရပြီး တစ်လကို ၁ သိန်းကျော်နဲ့ ၁၀ နှစ်သွင်းရင် တိုက်ခန်းပိုင်ဆိုင်နိုင်ပါတယ်။
၄။ ဝယ်ဖို့ ဘယ်လို အထောက်အထားတွေ လိုအပ်လဲ?
***********************************
အထောက်အထား လိုအပ်ချက်က ၄ မျိုးရှိပါတယ်။ ၄ မျိုးစလုံးက ဘဏ်စာအုပ်၊ မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်း မိတ္တူ၊ ရပ်ကွက် ထောက်ခံစာ ယူသွားရပါတယ်။ ဝင်ငွေနည်းပြည်သူဆိုရင် ကိုယ်လုပ်နေတဲ့အလုပ်က တစ်လကို ၃ သိန်း၊ ၅ သိန်းကြားရှိကြောင်း လုပ်ငန်းဝင်ငွေအထောက်အထား ယူသွားရပါတယ်။ ကုမ္ပဏီဝန်ထမ်းနဲ့ အစိုးရဝန်ထမ်းဆိုရင် တစ်လကို ၃ သိန်းနဲ့ ၅ သိန်းကြားရှိကြောင်း အထက်လူကြီးရဲ့ ထောက်ခံချက်ယူရမယ်။ အငြိမ်းစားဝန်ထမ်းဆိုရင် ပင်စင်ထောက်ခံချက် ယူရမှာဖြစ်ပါတယ်။ ဝန်ထမ်းတွေက ဝန်ထမ်းကတ်ကို မိတ္တူဆွဲရပါမယ်။ ကိုယ်တစ်ဦးတည်း ဝင်ငွေက ၃ သိန်းနဲ့ ၅ သိန်းကြား မပြည့်ရင် မိသားစုဝင်တွေရဲ့ဝင်ငွေကိုပါ ထည့်ဖော်ပြနိုင်တယ်လို့ သိရပါတယ်။
၅။ ဘယ်နေရာကို ဝယ်မလဲ?
************
အစိုးရက လှိုင်သာယာ ရွှေလင်ပန်း၊ ယုဇနနဲ့ ကနောင်အိမ်ရာတွေကို လက်ရှိမှာ ရောင်းနေပါတယ်။ မန္တလေးမှာ မြရည်နန္ဒာ ရှိပါတယ်။ ကိုယ်နဲ့နီးစပ်တဲ့နေရာကို ဝယ်ယူနိုင်ပါတယ်။ အခုနောက်ပိုင်း တည်ဆောက်နေတဲ့ လှိုင်သာယာ ကျန်စစ်မင်းအိမ်ရာက ကားလမ်းနဲ့နီးလို့ လူစိတ်ဝင်စားမှု များပါတယ်။
၆။ အိမ်ရဲ့ အကျယ်အဝန်းပုံစံ
***************
အိမ်တွေက ၈ ခန်းတွဲ ၄ ထပ်နဲ့ ၆ ခန်းတွဲ ၄ ထပ်ဆိုပြီး ၂ မျိုးရှိတယ်။ အိမ်ရာအားလုံးက ပုံစံတူပါပဲ။ အကျယ်အဝန်းကတော့ ၅၂၂ စတုရန်းပေနဲ့ ၄၈၄ စတုရန်းပေဝန်းကျင်ဆိုပြီး ၂ မျိုးရှိပါတယ်။ ၆ ခန်းတွဲ၊ ၈ ခန်းတွဲ၊ လှေကားပါတဲ့အခန်းနဲ့ လှေကားမပါတဲ့ အခြမ်းပေါ်မူတည်ပြီး အကျယ်အဝန်း ကွာခြားမှုရှိပါတယ်။ အိမ်တွေရဲ့တန်ဖိုးက မြေညီထပ်ဆိုရင် ၁၃၅ သိန်းပတ်ဝန်းကျင်ကနေ တတိယထပ် ၉၈ သိန်းလောက် ရှိတယ်လို့ သိရပါတယ်။
၇။ ဖောင် ဘယ်လိုတင်မလဲ?
*******************
အိုးအိမ်ဦးစီးဌာနမှ ဝင်ငွေနည်း ပြည်သူတွေ၊ ကုမ္ပဏီဝန်ထမ်း၊ အစိုးရဝန်ထမ်းနဲ့ အငြိမ်းစား ဝန်ထမ်းအတွက် လျှောက်လွှာတွေ သီးခြားရောင်းပါတယ်။ လျှောက်ထဲမှာ ဖြည့်စရာရှိတာတွေ ဖြည့်ပြီး ၃၀ ရာခိုင်နှုန်းပြည့်ကြောင်း၊ အထောက်အထား မှန်ကန်ကြောင်း သွားစစ်ခိုင်းရပါမယ်။ ဘဏ်ကအချက်အလက် အားလုံးမှန်ကန်ကြောင်း စစ်ဆေးပြီးရင် တံဆိပ်တုံးထုပေးတယ်လို့ အတွေ့အကြုံရှိသူတစ်ဦးဆီက သိရပါတယ်
။
Source:Kumudra
Post a Comment
0 Comments
Social Plugin
Labels
YOEYOELAY
ကမၻာသတင္း
က်န္းမာေရး
နည္းပညာ
ပညာေရး
မူခင္း
အားကစား
ေဒသနၱရသတင္းမ်ား
ေဖ်ာ္ေျဖေရး
FACEBOOK
0 Comments