ရန္ကုန္ၿမိဳ႕ရဲ့ ဇန္နဝါရီ ၃၀ ရက္ေန႔ မနက္ ၉ နာရီအခ်ိန္ ေလထုညစ္ညမ္းမႈဟာ AQI264 ခရမ္းေရာင္အဆင့္အထိ ျမင့္တက္ေနၿပီး ကိုယ့္ကိုယ္ကို အထူးဂ႐ုစိုက္ဖို႔လိုအပ္ေနတယ္လို႔ ေန႔စဥ္ေလထုတိုင္းတာမႈကို ျပဳလုပ္ေနတဲ့ Air Quality Yangon အဖြဲ႕က သတင္းထုတ္ျပန္ပါတယ္။
ေလထုညစ္ညမ္းမႈညႊန္းကိန္းေတြအရ AQI 50 အထိကို ေလထုညစ္ညမ္းမႈ မရွိလို႔ သတ္မွတ္ၿပီး AQI 100 အထိကို လက္ခံနိုင္စရာ ေလထုအရည္အေသြးအျဖစ္ သတ္မွတ္ထားပါတယ္။
AQI 101-150 ထိကိုခံနိုင္ရည္နည္းပါးေနသူေတြကို ေလထုညစ္ညမ္းမႈ ထိခိုက္နိုင္တဲ့ အဆင့္သတ္မွတ္ထားတာပါ။
AQI 151-200 ၾကားကို က်န္းမာေရးကိုထိခိုက္နိုင္တဲ့ အနီေရာင့္အဆင့္သတ္မွတ္ထားၿပီး ဇန္နဝါရီ ၃ဝ ရက္ေန႔ ရန္ကုန္ေလထုညစ္ညမ္းမႈဟာ AQI264 ရွိပါတယ္။
က်န္းမာေရးကိုအလြန္ထိခိုက္ေစတဲ့ AQI201-300 ၾကားမွာပါဝင္ေနတဲ့ၿပီး ခရမ္းေရာင္အဆင့္ အထိ ျမင့္တက္ေနတဲ့အတြက္ အျပင္ထြက္ရင္ ေလထုညစ္ညမ္းမႈဒဏ္ကို ကာကြယ္ေပးနိုင္တဲ့ Maskေတြ တပ္ဆင္ဖို႔လိုေနပါတယ္။
Unicode
ရန်ကုန်မြို့ရဲ့ ဇန်နဝါရီ ၃၀ ရက်နေ့ မနက် ၉ နာရီအချိန် လေထုညစ်ညမ်းမှုဟာ AQI264 ခရမ်းရောင်အဆင့်အထိ မြင့်တက်နေပြီး ကိုယ့်ကိုယ်ကို အထူးဂရုစိုက်ဖို့လိုအပ်နေတယ်လို့ နေ့စဉ်လေထုတိုင်းတာမှုကို ပြုလုပ်နေတဲ့ Air Quality Yangon အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
လေထုညစ်ညမ်းမှုညွှန်းကိန်းတွေအရ AQI 50 အထိကို လေထုညစ်ညမ်းမှု မရှိလို့ သတ်မှတ်ပြီး AQI 100 အထိကို လက်ခံနိုင်စရာ လေထုအရည်အသွေးအဖြစ် သတ်မှတ်ထားပါတယ်။
AQI 101-150 ထိကိုခံနိုင်ရည်နည်းပါးနေသူတွေကို လေထုညစ်ညမ်းမှု ထိခိုက်နိုင်တဲ့ အဆင့်သတ်မှတ်ထားတာပါ။
AQI 151-200 ကြားကို ကျန်းမာရေးကိုထိခိုက်နိုင်တဲ့ အနီရောင့်အဆင့်သတ်မှတ်ထားပြီး ဇန်နဝါရီ ၃ဝ ရက်နေ့ ရန်ကုန်လေထုညစ်ညမ်းမှုဟာ AQI264 ရှိပါတယ်။
ကျန်းမာရေးကိုအလွန်ထိခိုက်စေတဲ့ AQI201-300 ကြားမှာပါဝင်နေတဲ့ပြီး ခရမ်းရောင်အဆင့် အထိ မြင့်တက်နေတဲ့အတွက် အပြင်ထွက်ရင် လေထုညစ်ညမ်းမှုဒဏ်ကို ကာကွယ်ပေးနိုင်တဲ့ Maskတွေ တပ်ဆင်ဖို့လိုနေပါတယ်။
0 Comments