ရန္ကုန္တိုင္းေဒသႀကီး၊ မဲဆႏၵနယ္အမွတ္ (၈)က အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္တြင္းျပည္ပ အလုပ္သမားဆိုင္ရာေကာ္မတီဥကၠ႒ ဦးေက်ာ္ေထြး
အနည္းဆုံးအခေၾကးေငြကို ႏွစ္ႏွစ္ တစ္ႀကိမ္ သတ္မွတ္ေပးရတာကို ျပင္ဆင္တဲ့ အနည္းဆုံးအခေၾကးေငြဥပေဒကို ျပင္ဆင္တဲ့ ဥပေဒၾကမ္းတခု ဒီကေန႔ ဇန္နဝါရီ ၃၀ ရက္ေန႔ အမ်ိဳးသားလႊတ္ေတာ္အစည္းအေဝးမွာ တင္သြင္းလိုက္ပါတယ္။
တည္ဆဲအလုပ္သမားဥပေဒေတြကို ေလ့လာသုံးသပ္ၿပီး လတ္တေလာျပင္ဆင္ဖို႔ လိုအပ္တဲ့ဥပေဒေတြကို ဦးစားေပးအဆင့္ သတ္မွတ္ကာ ၂၀၁၃ ခုႏွစ္ အနည္းဆုံးအခေၾကးေငြ ဥပေဒကို ျပင္ဆင္ျပ႒ာန္းနိုင္ဖို႔အတြက္ တင္သြင္းရတာျဖစ္တယ္လို႔ ဆိုပါတယ္။
ဒီျပင္ဆင္တဲ့ဥပေဒၾကမ္းကို ရန္ကုန္တိုင္းေဒသႀကီး၊ မဲဆႏၵနယ္အမွတ္ (၈)က အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္တြင္းျပည္ပ အလုပ္သမားဆိုင္ရာေကာ္မတီဥကၠ႒ ဦးေက်ာ္ေထြးက တင္သြင္းလိုက္တာျဖစ္ပါတယ္။
လက္ရွိဥပေဒမွာ အနည္းဆုံးအခေၾကးေငြ သတ္မွတ္တာကို အလုပ္ရွင္၊ အလုပ္သမား၊ အစိုးရ ကိုယ္စားလွယ္ေတြ သုံးပြင့္ဆိုင္သေဘာတူညီခ်က္နဲ႔ သတ္မွတ္ဖို႔ ျပ႒ာန္းထားတာဟာ ျပည့္စုံ လုံေလာက္မႈမရွိဘဲ စီးပြားေရးပညာရွင္၊ အလုပ္သမားေရးရာကၽြမ္းက်င္ပညာရွင္ အစရွိသူေတြ ပါဝင္သင့္တယ္လို႔ ဦးေက်ာ္ေထြးက ေျပာပါတယ္။
“ေနာက္တစ္ခုအေနနဲ႔ ပုဒ္မ ၅၊ ပုဒ္မခြဲ(ဇ)မွာ အနည္းဆုံးအခေၾကးေငြ သတ္မွတ္ဖို႔အတြက္ ႏွစ္ႏွစ္ကို အနည္းဆုံး တစ္ႀကိမ္ ျပင္ဆင္သတ္မွတ္ရမယ္ဆိုတဲ့ ျပ႒ာန္းခ်က္ဟာ ႏွစ္ႏွစ္ျပည့္ကာနီး တိုင္း အလုပ္သမားေတြရဲ့ လုပ္ခလစာတိုးျမႇင့္ရလိုတာ၊ အလုပ္ရွင္ေတြရဲ့ ရင္းႏွီးျမႇုပ္ႏွံမႈ သေဘာ အရ ခန႔္မွန္းကုန္က်စရိတ္ တြက္ခ်က္ထားလို႔ တိုးျမႇင့္ေပးဖို႔ ခက္ခဲတာေတြေၾကာင့္ လုပ္ငန္းခြင္ တည္ၿငိမ္မႈကို ထိခိုက္ေစတာေတြ ျဖစ္ေပၚလာေစနိုင္ပါတယ္ ” လို႔ ဦးေက်ာ္ေထြးက ေျပာပါတယ္။
၂၀၁၅ ခုႏွစ္ ၾသဂုတ္လ ၂၀ ရက္ေန႔မွာ တစ္ေန႔အလုပ္ခ်ိန္ (၈)နာရီကို ၃၆၀၀ က်ပ္၊ ၂၀၁၈ ခုႏွစ္ ေမလမွာ ၄၈၀၀ က်ပ္ ျပင္ဆင္သတ္မွတ္ေပးခဲၿပီး ၂၀၂၀ ေမလမွာ ျပင္ဆင္သတ္မွတ္ေပးရ ေတာ့မွာ ျဖစ္ပါတယ္။
အနည္းဆုံးအခေၾကးေငြ သတ္မွတ္တာမ်ိဳးကို နိုင္ငံရဲ့ ပကတိစီးပြားေရးဖြံ့ၿဖိဳးတိုးတက္မႈ၊ ကုန္ေစ်းႏႈန္းအေျခအေန၊ လူေနမႈစရိတ္ စတာေတြကို အမ်ိဳးသားေကာ္မတီအဖြဲ႕က စဥ္ဆက္မျပတ္ ဘက္စုံခ်င့္ခ်ိန္သုံးသပ္ေနၿပီး အခ်ိန္အခါသင့္တဲ့အခါမွ ေဆာင္ရြက္သင့္တယ္လို႔လည္း ဦးေက်ာ္ေထြးက ေျပာပါတယ္။
“တစ္ႏွစ္အတြင္းလည္း ျပင္ဆင့္သင့္ရင္ ျပင္ရမယ္၊ ဆယ္ႏွစ္အတြင္းလည္း ျပင္ဆင္သင့္ရင္ ျပင္ရမယ္လို႔ ျမင္ပါတယ္။ စီးပြားေရးပညာသေဘာအရဆိုရင္လည္း ႏွစ္ႏွစ္ တစ္ႀကိမ္ ျပင္ဆင္ရမယ္လို႔ ႀကိဳတင္သတ္မွတ္ထားတာဟာ ဘယ္လိုမွ မျဖစ္သင့္ မျဖစ္ထိုက္ပါဘူး။ အလုပ္ရွင္ေတြအတြက္ေရာ၊ အလုပ္သမားေတြအတြက္ သာမက အစိုးရအတြက္ပါ ဖိအားေတြ ျဖစ္ ေစနိုင္ပါတယ္ ” လို႔ ဆိုပါတယ္။
အခုလို ျပင္ဆင္တဲ့ဥပေဒၾကမ္းတင္သြင္းတာကို ကန႔္ကြက္သူမရွိတဲ့အတြက္ လက္ခံေဆြးေႏြးဖို႔ အမ်ိဳးသားလႊတ္ေတာ္က ဆုံးျဖတ္လိုက္ပါတယ္။
၂၀၁၃ ခုႏွစ္ အနည္းဆုံးအခေၾကးေငြဥပေဒကို ၂၀၁၃ ခုႏွစ္ မတ္လ ၂၂ ရက္ေန႔မွာ ျပ႒ာန္းခဲ့ၿပီး နည္းဥပေဒကို ဇူလိုင္လ ၁၂ ရက္ေန႔မွာ ထုတ္ျပန္ခဲ့ပါတယ္။
Unicode
အနည်းဆုံးအခကြေးငွေဥပဒေကို ပြင်ဆင်သည် ဥပဒေကြမ်း လွှတ်တော်တင်သွင်း
ရန်ကုန်တိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ် (၈)က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးကျော်ထွေး
အနည်းဆုံးအခကြေးငွေကို နှစ်နှစ် တစ်ကြိမ် သတ်မှတ်ပေးရတာကို ပြင်ဆင်တဲ့ အနည်းဆုံးအခကြေးငွေဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းတခု ဒီကနေ့ ဇန်နဝါရီ ၃၀ ရက်နေ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ တင်သွင်းလိုက်ပါတယ်။
တည်ဆဲအလုပ်သမားဥပဒေတွေကို လေ့လာသုံးသပ်ပြီး လတ်တလောပြင်ဆင်ဖို့ လိုအပ်တဲ့ဥပဒေတွေကို ဦးစားပေးအဆင့် သတ်မှတ်ကာ ၂၀၁၃ ခုနှစ် အနည်းဆုံးအခကြေးငွေ ဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းနိုင်ဖို့အတွက် တင်သွင်းရတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီပြင်ဆင်တဲ့ဥပဒေကြမ်းကို ရန်ကုန်တိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ် (၈)က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးကျော်ထွေးက တင်သွင်းလိုက်တာဖြစ်ပါတယ်။
လက်ရှိဥပဒေမှာ အနည်းဆုံးအခကြေးငွေ သတ်မှတ်တာကို အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ ကိုယ်စားလှယ်တွေ သုံးပွင့်ဆိုင်သဘောတူညီချက်နဲ့ သတ်မှတ်ဖို့ ပြဋ္ဌာန်းထားတာဟာ ပြည့်စုံ လုံလောက်မှုမရှိဘဲ စီးပွားရေးပညာရှင်၊ အလုပ်သမားရေးရာကျွမ်းကျင်ပညာရှင် အစရှိသူတွေ ပါဝင်သင့်တယ်လို့ ဦးကျော်ထွေးက ပြောပါတယ်။
“နောက်တစ်ခုအနေနဲ့ ပုဒ်မ ၅၊ ပုဒ်မခွဲ(ဇ)မှာ အနည်းဆုံးအခကြေးငွေ သတ်မှတ်ဖို့အတွက် နှစ်နှစ်ကို အနည်းဆုံး တစ်ကြိမ် ပြင်ဆင်သတ်မှတ်ရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်ဟာ နှစ်နှစ်ပြည့်ကာနီး တိုင်း အလုပ်သမားတွေရဲ့ လုပ်ခလစာတိုးမြှင့်ရလိုတာ၊ အလုပ်ရှင်တွေရဲ့ ရင်းနှီးမြှုပ်နှံမှု သဘော အရ ခန့်မှန်းကုန်ကျစရိတ် တွက်ချက်ထားလို့ တိုးမြှင့်ပေးဖို့ ခက်ခဲတာတွေကြောင့် လုပ်ငန်းခွင် တည်ငြိမ်မှုကို ထိခိုက်စေတာတွေ ဖြစ်ပေါ်လာစေနိုင်ပါတယ် ” လို့ ဦးကျော်ထွေးက ပြောပါတယ်။
၂၀၁၅ ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့မှာ တစ်နေ့အလုပ်ချိန် (၈)နာရီကို ၃၆၀၀ ကျပ်၊ ၂၀၁၈ ခုနှစ် မေလမှာ ၄၈၀၀ ကျပ် ပြင်ဆင်သတ်မှတ်ပေးခဲပြီး ၂၀၂၀ မေလမှာ ပြင်ဆင်သတ်မှတ်ပေးရ တော့မှာ ဖြစ်ပါတယ်။
အနည်းဆုံးအခကြေးငွေ သတ်မှတ်တာမျိုးကို နိုင်ငံရဲ့ ပကတိစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ကုန်စျေးနှုန်းအခြေအနေ၊ လူနေမှုစရိတ် စတာတွေကို အမျိုးသားကော်မတီအဖွဲ့က စဉ်ဆက်မပြတ် ဘက်စုံချင့်ချိန်သုံးသပ်နေပြီး အချိန်အခါသင့်တဲ့အခါမှ ဆောင်ရွက်သင့်တယ်လို့လည်း ဦးကျော်ထွေးက ပြောပါတယ်။
“တစ်နှစ်အတွင်းလည်း ပြင်ဆင့်သင့်ရင် ပြင်ရမယ်၊ ဆယ်နှစ်အတွင်းလည်း ပြင်ဆင်သင့်ရင် ပြင်ရမယ်လို့ မြင်ပါတယ်။ စီးပွားရေးပညာသဘောအရဆိုရင်လည်း နှစ်နှစ် တစ်ကြိမ် ပြင်ဆင်ရမယ်လို့ ကြိုတင်သတ်မှတ်ထားတာဟာ ဘယ်လိုမှ မဖြစ်သင့် မဖြစ်ထိုက်ပါဘူး။ အလုပ်ရှင်တွေအတွက်ရော၊ အလုပ်သမားတွေအတွက် သာမက အစိုးရအတွက်ပါ ဖိအားတွေ ဖြစ် စေနိုင်ပါတယ် ” လို့ ဆိုပါတယ်။
အခုလို ပြင်ဆင်တဲ့ဥပဒေကြမ်းတင်သွင်းတာကို ကန့်ကွက်သူမရှိတဲ့အတွက် လက်ခံဆွေးနွေးဖို့ အမျိုးသားလွှတ်တော်က ဆုံးဖြတ်လိုက်ပါတယ်။
၂၀၁၃ ခုနှစ် အနည်းဆုံးအခကြေးငွေဥပဒေကို ၂၀၁၃ ခုနှစ် မတ်လ ၂၂ ရက်နေ့မှာ ပြဋ္ဌာန်းခဲ့ပြီး နည်းဥပဒေကို ဇူလိုင်လ ၁၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
0 Comments