ရခိုင္ျပည္နယ္၊ ေျမာက္ဦးၿမိဳ႕မွာ ရဲေမာ္ေတာ္ယာဥ္ ႏွစ္စီးကို ေအေအအဖြဲ႕က ဇန္နဝါရီ ၁၁ရက္ မနက္ ၉ နာရီ ၄၅ မိနစ္မွာ မိုင္းခြဲတိုက္ခိုက္ခဲ့တယ္လို႔ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ပါတယ္။
Image result for ေျမာက္ဦးျမိဳ႕
ေျမာက္ဦးၿမိဳ႕၊ နယ္ေျမခံရဲတပ္ဖြဲ႕ဌာနခ်ဳပ္က မိသားစုဝင္ေတြ ေမာ္ေတာ္ယာဥ္ ႏွစ္စီးနဲ႔ ေျမာက္ဦးၿမိဳ႕မေဈးက ေဈးဝယ္ၿပီးျပန္လာစဥ္ ေျမာက္ဦးၿမိဳ႕ ၊ သက်မာန္ေအာင္ဘုရားအနီးမွာ ေအေအအဖြဲ႕က ရီမုမိုင္းနဲ႔ ေဖာက္ခြဲတိုက္ခိုက္ခဲ့ရာမွာ ရဲတပ္ဖြဲ႕ပိုင္ ေမာ္ေတာ္ယာဥ္ ထိမွန္ပ်က္စီးခဲ့ေပမယ့္ လူေတြကေတာ့ ထိခိုက္ဒဏ္ရာရတာမရွိဘူးလို႔ ရဲသတင္းထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါတယ္။
No photo description available.
အဆိုပါတိုက္ခိုက္မႈနဲ႔ ပတ္သက္ၿပီး ရကၡိဳင့္တပ္ေတာ္ (ေအေအ) အဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ ခိုင္သုခကို ဖုန္းနဲ႔ ဆက္သြယ္ေမးျမန္းဖို႔ ႀကိဳးစားခဲ့ေပမယ့္ ဆက္သြယ္လို႔ မရခဲ့ပါဘူး။
Image may contain: sky and outdoor
ဇန္နဝါရီ ၁၀ ရက္ေန႔ကလည္း မင္းျပားၿမိဳ႕နယ္၊ ေမလြမ္းအနီးမွာ ေအေအအဖြဲ႕ရဲ႕ တိုက္ခိုက္မႈေၾကာင့္ ကား ႏွစ္စီး မီးေလာင္ကြၽမ္းသြားခဲ့ပါတယ္။
ဒီဗြီဘီ




Unicode



မြောက်ဦးတွင် ရဲမိသားစုဝင်များလိုက်ပါလာသည့် ကား ၂ စီးကို အေအေအဖွဲ့ မိုင်းခွဲတိုက်ခိုက်​



ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှာ ရဲမော်တော်ယာဉ် နှစ်စီးကို အေအေအဖွဲ့က ဇန်နဝါရီ ၁၁ရက် မနက် ၉ နာရီ ၄၅ မိနစ်မှာ မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။


မြောက်ဦးမြို့၊ နယ်မြေခံရဲတပ်ဖွဲ့ဌာနချုပ်က မိသားစုဝင်တွေ မော်တော်ယာဉ် နှစ်စီးနဲ့ မြောက်ဦးမြို့မဈေးက ဈေးဝယ်ပြီးပြန်လာစဉ် မြောက်ဦးမြို့ ၊ သကျမာန်အောင်ဘုရားအနီးမှာ အေအေအဖွဲ့က ရီမုမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာမှာ ရဲတပ်ဖွဲ့ပိုင် မော်တော်ယာဉ် ထိမှန်ပျက်စီးခဲ့ပေမယ့် လူတွေကတော့ ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ ရဲသတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။


အဆိုပါတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ရက္ခိုင့်တပ်တော် (အေအေ) အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။



ဇန်နဝါရီ ၁၀ ရက်နေ့ကလည်း မင်းပြားမြို့နယ်၊ မေလွမ်းအနီးမှာ အေအေအဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် ကား နှစ်စီး မီးလောင်ကျွမ်းသွားခဲ့ပါတယ်။

ဒီဗွီဘီ