
အကတိုက္ေနသည့္ စတုတၳတန္းေက်ာင္းသူကို အဓမၼျပဳက်င့္၍လွ်ာကိုက္ျဖတ္သည့္ ၁၉ ႏွစ္အရြယ္ျပစ္မႈက်ဴးလြန္သူကို တရားစြဲတင္ရန္ေဆာင္ရြက္ေနေၾကာင္း ဘုရားႀကီးနယ္ေျမရဲတပ္ဖြဲ႔ထံမွ သိရသည္။
ပဲခူးၿမိဳ႕နယ္၊ ၀မ္းဘဲအင္းေက်းရြာအုပ္စု၊ ကံျမင့္ေက်းရြာ၌ေနထိုင္သူ တင္ထြန္းေအာင္(ခ)ေခၚေတာ ၁၉ ႏွစ္ဆိုသူသည္ ဇန္န၀ါရီလ ၁၀ ရက္၊ ည ၁၀ နာရီတြင္ေက်ာင္း၌အကတိုက္ေနသည့္ ၎၏စတုတၳတန္းေက်ာင္းသူညီမကိုဆိုင္ကယ္ျဖင့္ သြားႀကိဳခဲ့ေၾကာင္းရဲမွတ္တမ္းအရ သိရသည္။

ညီမျဖစ္သူႏွင့္အတူတစ္ရြာတည္းေန မ——— ၁၀ ႏွစ္စတုတၱတန္းကိုလည္း လမ္းႀကံဳတစ္ခါတည္းတင္ေဆာင္လာခဲ့ၿပီး ေနအိမ္၌ညီမျဖစ္သူကိုထားခဲ့ကာ ဆက္လက္၍ မ——— ၁၀ ႏွစ္ကို သံလမ္းေဘးလယ္ကြက္အတြင္းေခၚေဆာင္ကာအဓမၼျပဳက်င့္ခဲ့ၿပီးေနာက္ ေသေစရန္ရည္ရြယ္ကာလည္ပင္းညွစ္လိုက္သည့္အျပင္ ထြက္လာသည့္မိန္းကေလး၏လွ်ာကိုလည္း ကိုက္ျဖတ္လုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။
“သူ႔ညီမကိုဆိုင္ကယ္နဲ႔သြားႀကိဳရင္း ညီမနဲ႔တစ္ခန္းတည္းသူငယ္ခ်င္းျပဳက်င့္ခံရသူကိုလည္း လမ္းႀကံဳေခၚသြားခဲ့တယ္။သူ႔ညီမကိုအိမ္မွာအရင္ပို႔ေပးၿပီး အဲဒီကေလးမေလးကို လူျပတ္တဲ့သံလမ္းမွာအဓမၼျပဳက်င့္ၿပီးေတာ့ တစ္ခါတည္းသတ္ဖို႔ရည္ရြယ္ၿပီးလည္ပင္းညွစ္လိုက္တယ္။ ထြက္လာတဲ့ကေလးမေလးရဲ႕လွ်ာကိုလည္း ကိုက္ျဖတ္လိုက္တာဗ်။ ကေလးေပ်ာက္လို႔လိုက္ရွာရင္း ျပန္ေတြ႔တဲ့အခါမွာ ကေလးကမေသဘူး။ေဆးရံုပုိ႔ေပးၿပီး စစ္ေမးတဲ့အခါမွာစာေရးၿပီးေျပာလို႔ တရားခံကိုဖမ္းဆီးႏုိင္ခဲ့တယ္။ၾကားထဲမွာ ရံုးပိတ္ရက္ခံေနလို႔ ဒီေန႔မွရံုးထုတ္ရမန္ယူရတယ္” ဟု ဘုရားႀကီးနယ္ေျမမွ တာ၀န္ရွိသူတစ္ဦးက အကုန္သိသတင္းဌာသို႔ေျပာသည္။

ယင္းအတြက္ေၾကာင့္ ျပစ္မႈက်ဴးလြန္သူတင္ထြန္းေအာင္(ခ)ေခၚေတာ ၁၉ ႏွစ္ကိုဖမ္းဆီးၿပီး ရာဇသတ္ႀကီးပုဒ္မ – ၃၇၆/၃၀၇ ျဖင့္ဘုရားႀကီးနယ္ေျမရဲစခန္း၌ အမႈဖြင့္လွစ္ၿပီး ဇန္န၀ါရီလ ၁၃ ရက္(ယေန႔)နံနက္တြင္ ရံုးထုတ္ရမန္ယူစစ္ေဆးေနေၾကာင္း သိရသည္။
အကုန္သိ
Unicode
စတုတ္ထတန်းကျောင်းသူကို အဓမ္မပြုကျင့်ပြီးနောက် လျှာကိုက်ဖြတ်ခဲ့သူကို အမှုဖွင့်အရေးယူ
အကတိုက်နေသည့် စတုတ္ထတန်းကျောင်းသူကို အဓမ္မပြုကျင့်၍လျှာကိုက်ဖြတ်သည့် ၁၉ နှစ်အရွယ်ပြစ်မှုကျူးလွန်သူကို တရားစွဲတင်ရန်ဆောင်ရွက်နေကြောင်း ဘုရားကြီးနယ်မြေရဲတပ်ဖွဲ့ထံမှ သိရသည်။
ပဲခူးမြို့နယ်၊ ဝမ်းဘဲအင်းကျေးရွာအုပ်စု၊ ကံမြင့်ကျေးရွာ၌နေထိုင်သူ တင်ထွန်းအောင်(ခ)ခေါ်တော ၁၉ နှစ်ဆိုသူသည် ဇန်နဝါရီလ ၁၀ ရက်၊ ည ၁၀ နာရီတွင်ကျောင်း၌အကတိုက်နေသည့် ၎င်း၏စတုတ္ထတန်းကျောင်းသူညီမကိုဆိုင်ကယ်ဖြင့် သွားကြိုခဲ့ကြောင်းရဲမှတ်တမ်းအရ သိရသည်။
ညီမဖြစ်သူနှင့်အတူတစ်ရွာတည်းနေ မ——— ၁၀ နှစ်စတုတ္တတန်းကိုလည်း လမ်းကြုံတစ်ခါတည်းတင်ဆောင်လာခဲ့ပြီး နေအိမ်၌ညီမဖြစ်သူကိုထားခဲ့ကာ ဆက်လက်၍ မ——— ၁၀ နှစ်ကို သံလမ်းဘေးလယ်ကွက်အတွင်းခေါ်ဆောင်ကာအဓမ္မပြုကျင့်ခဲ့ပြီးနောက် သေစေရန်ရည်ရွယ်ကာလည်ပင်းညှစ်လိုက်သည့်အပြင် ထွက်လာသည့်မိန်းကလေး၏လျှာကိုလည်း ကိုက်ဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
“သူ့ညီမကိုဆိုင်ကယ်နဲ့သွားကြိုရင်း ညီမနဲ့တစ်ခန်းတည်းသူငယ်ချင်းပြုကျင့်ခံရသူကိုလည်း လမ်းကြုံခေါ်သွားခဲ့တယ်။သူ့ညီမကိုအိမ်မှာအရင်ပို့ပေးပြီး အဲဒီကလေးမလေးကို လူပြတ်တဲ့သံလမ်းမှာအဓမ္မပြုကျင့်ပြီးတော့ တစ်ခါတည်းသတ်ဖို့ရည်ရွယ်ပြီးလည်ပင်းညှစ်လိုက်တယ်။ ထွက်လာတဲ့ကလေးမလေးရဲ့လျှာကိုလည်း ကိုက်ဖြတ်လိုက်တာဗျ။ ကလေးပျောက်လို့လိုက်ရှာရင်း ပြန်တွေ့တဲ့အခါမှာ ကလေးကမသေဘူး။ဆေးရုံပို့ပေးပြီး စစ်မေးတဲ့အခါမှာစာရေးပြီးပြောလို့ တရားခံကိုဖမ်းဆီးနိုင်ခဲ့တယ်။ကြားထဲမှာ ရုံးပိတ်ရက်ခံနေလို့ ဒီနေ့မှရုံးထုတ်ရမန်ယူရတယ်” ဟု ဘုရားကြီးနယ်မြေမှ တာဝန်ရှိသူတစ်ဦးက အကုန်သိသတင်းဌာသို့ပြောသည်။
ယင်းအတွက်ကြောင့် ပြစ်မှုကျူးလွန်သူတင်ထွန်းအောင်(ခ)ခေါ်တော ၁၉ နှစ်ကိုဖမ်းဆီးပြီး ရာဇသတ်ကြီးပုဒ်မ – ၃၇၆/၃၀၇ ဖြင့်ဘုရားကြီးနယ်မြေရဲစခန်း၌ အမှုဖွင့်လှစ်ပြီး ဇန်နဝါရီလ ၁၃ ရက်(ယနေ့)နံနက်တွင် ရုံးထုတ်ရမန်ယူစစ်ဆေးနေကြောင်း သိရသည်။
အကုန်သိ
0 Comments