ရန္ကုန္၊ ဇန္နဝါရီ ၁၃

မတ္လကုန္ထိ စာသင္ကာတိုးလိုက္ျခင္းအေပၚ ကန္႔ကြက္ေသာဖဲႀကိဳးစိမ္းလႈပ္ရွားမႈမ်ားကို ျမန္မာနိုင္ငံတစ္ဝွမ္းရွိ ပညာေရးတကၠသိုလ္ႏွင့္ ေကာလိပ္မ်ားတြင္ ဆက္လက္ျပဳလုပ္လ်က္ရွိၿပီး စာသင္ကာလျပန္လည္သတ္မွတ္မွ ရပ္နားမည္ျဖစ္ေၾကာင္း ဦးေဆာင္မ်ားထံမွ သိရသည္။

အဆိုပါဖဲႀကိဳးစိမ္းလႈပ္ရွားမႈကို ဇန္နဝါရီ ၁၃ ရက္တြင္ ဖဲႀကိဳးစိမ္းလႈပ္ရွားမႈ၏ ၈ ေက်ာင္းေျမာက္အျဖစ္ ရန္ကင္းပညာေရးေကာလိပ္တြင္ျပဳလုပ္ခဲ့ၿပီး အလားတူ ထားဝယ္ပညာေရးေကာလိပ္ႏွင့္ မုံရြာပညာေရးေကာလိပ္တို႔တြင္လည္း ျပဳလုပ္ခဲ့သည္။

ယင္းလႈပ္ရွားမႈတြင္ပါဝင္သူမ်ားသည္ အစိမ္းေရာင္ဖဲႀကိဳးရင္ထိုးတပ္ျခင္း၊ စမ္းသပ္ခံပညာေရး အလိုမရွိ၊ အတန္းငယ္မ်ားကို မတ္လေနာက္ဆုံးအပတ္တြင္ စာေမးပြဲေျဖဆိုရျခင္း စစ္ေဆးျခင္းမ်ားကို ျပင္းျပင္းထန္ထန္ ကန္႔ကြက္ေၾကာင္း လက္ကိုင္ဆိုင္းဘုတ္မ်ားလည္းပါရွိခဲ့ေၾကာင္း ရန္ကင္းပညာေရးေကာလိပ္ေက်ာင္းသားမ်ား သမဂၢထံမွသိရသည္။

ပညာေရးဝန္ႀကီးဌာနအေနနဲ႔ မတ္လကုန္အထိစာသင္ကာသတ္မွတ္မည့္အစား အေျခခံပညာတြင္ရွိေသာ ဝန္ထမ္းအဖြဲ႕အစည္မ်ား၊ သမဂၢမ်ားႏွင့္ညႇိႏွိုင္းတိုင္ပင္ၿပီး စာသင္ကာလအသစ္ျပန္လည္သတ္မွတ္မွသာ ဖဲႀကိဳးစိမ္းလႈပ္ရွားမႈရပ္မည္ျဖစ္ေၾကာင္း ရန္ကင္းပညာေရးေကာလိပ္ ေက်ာင္းသားမ်ားသမဂၢဥကၠ႒ ကိုမင္းသူခန္႔က ေျပာသည္။

“ဖဲႀကိဳးစိမ္းလႈပ္ရွားမႈမွာ ေက်ာင္းသားသမဂၢေတြ အေျခခံက ဆရာ၊ ဆရာမေတြ ဆႏၵေတြနဲ႔ ေအာက္ေျခသေဘာထားမပါတဲ့ ပညာေရးဝန္ႀကီးရဲ့လုပ္ရပ္ေတြကို ကန္႔ကြက္ဆႏၵထုတ္ေဖာ္တာပါ” ဟု၎ကေျပာသည္။

ဖဲႀကိဳးစိမ္းလႈပ္ရွားမႈကို ဇန္နဝါရီ ၇ ရက္၌ မေကြးပညာေရးေကာလိပ္တြင္စတင္ျပဳလုပ္ခဲ့ၿပီး ဇန္နဝါရီ ၈ ရက္မွစ၍ ပညာေရးတကၠသိုလ္ႏွင့္ ပညာေရးေကာလိပ္အားလုံးမွ တစ္နိုင္ငံလုံးအတိုင္းအတာျဖင့္ ျပဳလုပ္ကန္႔ကြက္ေနျခင္းျဖစ္သည္။

အဆိုပါကိစၥႏွင့္ ပတ္သတ္၍ ဖဲႀကိဳးစိမ္းလႈပ္ရွားမႈဦးေဆာင္ေကာ္မတီမွ ဇန္နဝါရီလ ၇ ရက္တြင္ကန္႔ကြက္ေသာ ေၾကညာခ်က္တစ္ေစာင္ထုတ္ျပန္ခဲ့ၿပီး စာသင္ကာလတိုးျမႇင့္ျခင္းကိုကန္႔ကြက္ေသာ မည္သည့္အဖြဲအစည္းနဲ႔ မဆိုပူးေပါင္းလုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ေၾကညာခ်က္တြင္ေဖာ္ျပထားသည္။

မတ္လကုန္ထိ စာသင္ကာလတိုးျမႇင့္ျခင္းကို ဒီဇင္ဘာ ၂၂ ရက္ႏွင့္ ဇန္နဝါရီလ ၅ ရက္တို႔တြင္ ဆရာ၊ ဆရာမ်ား အဖြဲ႕ခ်ဳပ္မွလည္း ကန္႔ကြက္ေၾကာင္း ေၾကညာခ်က္မ်ားထုတ္ျပန္ခဲ့သည္။

ေမာင္ေက်ာ္ၿဖိဳး


Unicode



စာသင်ကာလပြန်လည်သတ်မှတ်မှသာ ဖဲကြိုးစိမ်းလှုပ်ရှားမှုရပ်မည်


ရန်ကုန်၊ ဇန်နဝါရီ ၁၃

မတ်လကုန်ထိ စာသင်ကာတိုးလိုက်ခြင်းအပေါ် ကန့်ကွက်သောဖဲကြိုးစိမ်းလှုပ်ရှားမှုများကို မြန်မာနိုင်ငံတစ်ဝှမ်းရှိ ပညာရေးတက္ကသိုလ်နှင့် ကောလိပ်များတွင် ဆက်လက်ပြုလုပ်လျက်ရှိပြီး စာသင်ကာလပြန်လည်သတ်မှတ်မှ ရပ်နားမည်ဖြစ်ကြောင်း ဦးဆောင်များထံမှ သိရသည်။

အဆိုပါဖဲကြိုးစိမ်းလှုပ်ရှားမှုကို ဇန်နဝါရီ ၁၃ ရက်တွင် ဖဲကြိုးစိမ်းလှုပ်ရှားမှု၏ ၈ ကျောင်းမြောက်အဖြစ် ရန်ကင်းပညာရေးကောလိပ်တွင်ပြုလုပ်ခဲ့ပြီး အလားတူ ထားဝယ်ပညာရေးကောလိပ်နှင့် မုံရွာပညာရေးကောလိပ်တို့တွင်လည်း ပြုလုပ်ခဲ့သည်။

ယင်းလှုပ်ရှားမှုတွင်ပါဝင်သူများသည် အစိမ်းရောင်ဖဲကြိုးရင်ထိုးတပ်ခြင်း၊ စမ်းသပ်ခံပညာရေး အလိုမရှိ၊ အတန်းငယ်များကို မတ်လနောက်ဆုံးအပတ်တွင် စာမေးပွဲဖြေဆိုရခြင်း စစ်ဆေးခြင်းများကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း လက်ကိုင်ဆိုင်းဘုတ်များလည်းပါရှိခဲ့ကြောင်း ရန်ကင်းပညာရေးကောလိပ်ကျောင်းသားများ သမဂ္ဂထံမှသိရသည်။

ပညာရေးဝန်ကြီးဌာနအနေနဲ့ မတ်လကုန်အထိစာသင်ကာသတ်မှတ်မည့်အစား အခြေခံပညာတွင်ရှိသော ဝန်ထမ်းအဖွဲ့အစည်များ၊ သမဂ္ဂများနှင့်ညှိနှိုင်းတိုင်ပင်ပြီး စာသင်ကာလအသစ်ပြန်လည်သတ်မှတ်မှသာ ဖဲကြိုးစိမ်းလှုပ်ရှားမှုရပ်မည်ဖြစ်ကြောင်း ရန်ကင်းပညာရေးကောလိပ် ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ကိုမင်းသူခန့်က ပြောသည်။

“ဖဲကြိုးစိမ်းလှုပ်ရှားမှုမှာ ကျောင်းသားသမဂ္ဂတွေ အခြေခံက ဆရာ၊ ဆရာမတွေ ဆန္ဒတွေနဲ့ အောက်ခြေသဘောထားမပါတဲ့ ပညာရေးဝန်ကြီးရဲ့လုပ်ရပ်တွေကို ကန့်ကွက်ဆန္ဒထုတ်ဖော်တာပါ” ဟု၎င်းကပြောသည်။

ဖဲကြိုးစိမ်းလှုပ်ရှားမှုကို ဇန်နဝါရီ ၇ ရက်၌ မကွေးပညာရေးကောလိပ်တွင်စတင်ပြုလုပ်ခဲ့ပြီး ဇန်နဝါရီ ၈ ရက်မှစ၍ ပညာရေးတက္ကသိုလ်နှင့် ပညာရေးကောလိပ်အားလုံးမှ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြုလုပ်ကန့်ကွက်နေခြင်းဖြစ်သည်။

အဆိုပါကိစ္စနှင့် ပတ်သတ်၍ ဖဲကြိုးစိမ်းလှုပ်ရှားမှုဦးဆောင်ကော်မတီမှ ဇန်နဝါရီလ ၇ ရက်တွင်ကန့်ကွက်သော ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး စာသင်ကာလတိုးမြှင့်ခြင်းကိုကန့်ကွက်သော မည်သည့်အဖွဲအစည်းနဲ့ မဆိုပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကြေညာချက်တွင်ဖော်ပြထားသည်။

မတ်လကုန်ထိ စာသင်ကာလတိုးမြှင့်ခြင်းကို ဒီဇင်ဘာ ၂၂ ရက်နှင့် ဇန်နဝါရီလ ၅ ရက်တို့တွင် ဆရာ၊ ဆရာများ အဖွဲ့ချုပ်မှလည်း ကန့်ကွက်ကြောင်း ကြေညာချက်များထုတ်ပြန်ခဲ့သည်။

မောင်ကျော်ဖြိုး