ပုသိမ္၊ ဇန္နဝါရီ ၁၃

ဧရာဝတီတိုင္း၊ က်ိဳက္လတ္ၿမိဳ႕ လမ္းမႀကီး ၃ လမ္း ဇန္နဝါရီ ၁၁ ရက္ ညက က်င္းပသည့္ ဦးရွင္ႀကီး ပူေဇာ္တြင္ ဇာတ္စင္က်ိဳးက်၍ အမ်ိဳးသား ၁ ဦး ေဆး႐ုံတင္ထားရေၾကာင္း ယင္းပူေဇာ္ပြဲ က်င္းပေရးေကာ္မတီမွ သိရသည္။

ဇာတ္အဖြဲ႕မွ အမ်ိဳးသား ၁ ဦး ေျခက်ိဳးသြားသျဖင့္ ဖ်ာပုံေဆး႐ုံသို႔ပို႔ေဆာင္ခဲ့ရေၾကာင္း အသက္အႏၲရယ္ မစိုးရိမ္ရေၾကာင္း ယင္းေကာ္မတီ ဥကၠဌ ဦးေဇာ္မိုးလြင္က ေျပာသည္။

“ဇာတ္စင္ေပၚတက္ၾကည့္သူမ်ားသြားတာေၾကာင့္ ေအာက္က ခ်ဳပ္တန္းျပဳတ္သြားတာလို႔ ထင္ပါတယ္ ဇာတ္စင္က လူးၿပီး ၿပိဳက်သြားတာပါ” ဟု ၎က ဆက္ေျပာသည္။

ဘုရားပြဲ၊ သာသနာပြဲ၊ ဘိုးေတာ္ပြဲမ်ားတင္ကာ ဦးရွင္ႀကီး ဆြမ္းတင္သည့္အျပင္ ဇာတ္ကသည့္သူမ်ားမွ ခေလးပါမက်န္ သတ္သတ္လြတ္စားၿပီးမွ ဇာတ္ကျခင္းျဖစ္၍ ယုံၾကည္မႈဆိုင္ရာ ေဆာင္ရြက္မႈ အမွားမရွိေၾကာင္း ပူေဇာ္ပြဲက်င္းပေရးေကာ္မတီမွ သိရသည္။

ယခင္ႏွစ္မ်ားက ဇာတ္စင္အား ေျမႀကီးကို ျြကင္းတူၿပီး တိုင္ ၉ တိုင္ စိုက္ကာ ခ်ဳပ္တန္း ၄ တန္းခံ၍ မူလီဆုပ္ခဲ့ေၾကာင္း ယခုႏွစ္တြင္ ကြန္ကရစ္ခင္းထားသျဖင့္ ေျမႀကီးျြကင္းတူးကာ တိုင္မစိုက္ပဲ ကြန္ကရစ္ေပၚ တိုင္ေထာင္၍ ခ်ဳပ္တန္းအခိုင္အမာလုပ္၍ တည္ေဆာက္ခဲ့ေၾကာင္း ယင္းဇာတ္စင္ တည္ေဆာက္ေရးအဖြဲ႕ တာဝန္ရွိသူက ဆိုသည္။

ဇာတ္စင္က်ိဳးက်ခဲ့ေသာ္လည္း ျပန္လည္ ျပင္ဆင္ၿပီးၿပီျဖစ္၍ ဇာတ္ပြဲကို ဇန္နဝါ ရီလ ၁၃ ယေန႔ညမွ စတင္၍ ၅ ရက္ ျပန္လည္ ကၿပ ေျဖေဖ်ာ္ေပးမည္ျဖစ္ေၾကာင္း က်င္းပေရးေကာ္မတီထံမွ သိရသည္။

ေမာင္မ်ိဳးထက္(ပု သိမ္)

R-12


Unicode



ဦးရှင်ကြီးပူဇော်ပွဲ ဇာတ်စင်ပြိုကျ၍ ၁ ဦး ဆေးရုံတင်ရ

ပုသိမ်၊ ဇန်နဝါရီ ၁၃

ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့ လမ်းမကြီး ၃ လမ်း ဇန်နဝါရီ ၁၁ ရက် ညက ကျင်းပသည့် ဦးရှင်ကြီး ပူဇော်တွင် ဇာတ်စင်ကျိုးကျ၍ အမျိုးသား ၁ ဦး ဆေးရုံတင်ထားရကြောင်း ယင်းပူဇော်ပွဲ ကျင်းပရေးကော်မတီမှ သိရသည်။

ဇာတ်အဖွဲ့မှ အမျိုးသား ၁ ဦး ခြေကျိုးသွားသဖြင့် ဖျာပုံဆေးရုံသို့ပို့ဆောင်ခဲ့ရကြောင်း အသက်အန္တရယ် မစိုးရိမ်ရကြောင်း ယင်းကော်မတီ ဥက္ကဌ ဦးဇော်မိုးလွင်က ပြောသည်။

“ဇာတ်စင်ပေါ်တက်ကြည့်သူများသွားတာကြောင့် အောက်က ချုပ်တန်းပြုတ်သွားတာလို့ ထင်ပါတယ် ဇာတ်စင်က လူးပြီး ပြိုကျသွားတာပါ” ဟု ၎င်းက ဆက်ပြောသည်။

ဘုရားပွဲ၊ သာသနာပွဲ၊ ဘိုးတော်ပွဲများတင်ကာ ဦးရှင်ကြီး ဆွမ်းတင်သည့်အပြင် ဇာတ်ကသည့်သူများမှ ခလေးပါမကျန် သတ်သတ်လွတ်စားပြီးမှ ဇာတ်ကခြင်းဖြစ်၍ ယုံကြည်မှုဆိုင်ရာ ဆောင်ရွက်မှု အမှားမရှိကြောင်း ပူဇော်ပွဲကျင်းပရေးကော်မတီမှ သိရသည်။

ယခင်နှစ်များက ဇာတ်စင်အား မြေကြီးကို ြွကင်းတူပြီး တိုင် ၉ တိုင် စိုက်ကာ ချုပ်တန်း ၄ တန်းခံ၍ မူလီဆုပ်ခဲ့ကြောင်း ယခုနှစ်တွင် ကွန်ကရစ်ခင်းထားသဖြင့် မြေကြီးြွကင်းတူးကာ တိုင်မစိုက်ပဲ ကွန်ကရစ်ပေါ် တိုင်ထောင်၍ ချုပ်တန်းအခိုင်အမာလုပ်၍ တည်ဆောက်ခဲ့ကြောင်း ယင်းဇာတ်စင် တည်ဆောက်ရေးအဖွဲ့ တာဝန်ရှိသူက ဆိုသည်။

ဇာတ်စင်ကျိုးကျခဲ့သော်လည်း ပြန်လည် ပြင်ဆင်ပြီးပြီဖြစ်၍ ဇာတ်ပွဲကို ဇန်နဝါ ရီလ ၁၃ ယနေ့ညမှ စတင်၍ ၅ ရက် ပြန်လည် ကပြ ဖြေဖျော်ပေးမည်ဖြစ်ကြောင်း ကျင်းပရေးကော်မတီထံမှ သိရသည်။

မောင်မျိုးထက်(ပု သိမ်)

R-12