မန္ယူနိုက္တက္အသင္းအေနနဲ႔ ေနာက္ထပ္ကစားသမားသစ္ေတြ ထပ္မံေခၚယူဖို႔ လိုအပ္ေနေသးတယ္လို႔ အသင္းကစားသမားေဟာင္း ဂယ္ရီနဗီးလ္က တိုက္တြန္းလိုက္ပါတယ္။

ယူနိုက္တက္အသင္းဟာ မေန႔ကပဲ စပို႔တင္းလစၥဘြန္းကြင္းလယ္လူ ဘ႐ူနိုဖာနန္ဒက္စ္ကို ေခၚယူခဲ့ေပမယ့္ ေနာက္ထပ္ ကစားသမားေတြ ေခၚယူဖို႔ လိုေသးေၾကာင္း နဗီးလ္က သုံးသပ္ခဲ့တာပါ။

ယူနိုက္တက္အသင္းမွာ ကြင္းလယ္ပိုင္း ဒဏ္ရာရကစားသမားေတြရွိေနလို႔ ဖာနန္ဒက္စ္ေရာက္ရွိလာတာဟာ ေကာင္းမြန္ေၾကာင္း၊ ဒါေပမဲ့ သူ႔အေပၚမွာ ဖိအားေတြနဲ႔ ေမၽွာ္လင့္ခ်က္ေတြ အမ်ားႀကီး ထားလို႔မရေသးဘဲ အသင္းမွာ အေျခတက်ျဖစ္ေအာင္ ေစာင့္ဆိုင္းရမွာျဖစ္ေၾကာင္း နဗီးလ္က သုံးသပ္ပါတယ္။

ရက္ရွ္ဖို႔ဒ္ ဒဏ္ရာရေနတာေၾကာင့္ တိုက္စစ္မႉးတဦး မျဖစ္မေန ေခၚယူဖို႔လိုအပ္ၿပီး ၂ ဦးေလာက္ ထပ္ေခၚသင့္တယ္လို႔ ေနာက္ခံလူေဟာင္း ဂယ္ရီနဗီးလ္က တိုက္တြန္းသြားခဲ့တာပါ။



Unicode





မန်ယူအသင်း ကစားသမားသစ်များ ထပ်မံခေါ်ယူရန် ဂယ်ရီနဗီးလ် တိုက်တွန်း



မန်ယူနိုက်တက်အသင်းအနေနဲ့ နောက်ထပ်ကစားသမားသစ်တွေ ထပ်မံခေါ်ယူဖို့ လိုအပ်နေသေးတယ်လို့ အသင်းကစားသမားဟောင်း ဂယ်ရီနဗီးလ်က တိုက်တွန်းလိုက်ပါတယ်။

ယူနိုက်တက်အသင်းဟာ မနေ့ကပဲ စပို့တင်းလစ္စဘွန်းကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူခဲ့ပေမယ့် နောက်ထပ် ကစားသမားတွေ ခေါ်ယူဖို့ လိုသေးကြောင်း နဗီးလ်က သုံးသပ်ခဲ့တာပါ။

ယူနိုက်တက်အသင်းမှာ ကွင်းလယ်ပိုင်း ဒဏ်ရာရကစားသမားတွေရှိနေလို့ ဖာနန်ဒက်စ်ရောက်ရှိလာတာဟာ ကောင်းမွန်ကြောင်း၊ ဒါပေမဲ့ သူ့အပေါ်မှာ ဖိအားတွေနဲ့ မျှော်လင့်ချက်တွေ အများကြီး ထားလို့မရသေးဘဲ အသင်းမှာ အခြေတကျဖြစ်အောင် စောင့်ဆိုင်းရမှာဖြစ်ကြောင်း နဗီးလ်က သုံးသပ်ပါတယ်။

ရက်ရှ်ဖို့ဒ် ဒဏ်ရာရနေတာကြောင့် တိုက်စစ်မှူးတဦး မဖြစ်မနေ ခေါ်ယူဖို့လိုအပ်ပြီး ၂ ဦးလောက် ထပ်ခေါ်သင့်တယ်လို့ နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က တိုက်တွန်းသွားခဲ့တာပါ။