လူလူခ်င္း ကူးစက္ခံရတဲ့ ကိုရိုနာဗိုင္းရပ္စ္ လူနာကို ပထမဆုံးအႀကိမ္ အေမရိကန္နိုင္ငံ အီလီႏြိဳက္ျပည္နယ္မွာ ေတြ႕ရွိတယ္လို႔ အေမရိကန္ ေရာဂါကာကြယ္ေရးနဲ႔ ထိန္းခ်ဳပ္ေရးစင္တာ (CDC) က ဇန္နဝါရီ ၃၀ ရက္မွာ ေျပာၾကားလိုက္ပါတယ္။
ဒါေၾကာင့္ အေမရိကန္နိုင္ငံမွာ ကူးစက္ျမန္ဗိုင္းရပ္စ္ ကူးစက္ခံရတဲ့အေရအတြက္ ၆ ေယာက္အထိ ရွိလာပါၿပီ။
ကူးစက္ခံလူနာဟာ နဂိုဗိုင္းရပ္စ္ရွိေနသူ အမ်ိဳးသမီးရဲ့ ခင္ပြန္းျဖစ္ပါတယ္။ အဲဒီ အမ်ိဳးသမီးဟာ တ႐ုတ္နိုင္ငံ ဝူဟန္ၿမိဳ႕ကို သြားေရာက္ခဲ့သူ ျဖစ္ပါတယ္။
လူနာ ႏွစ္ေယာက္စလုံးဟာ အသက္ ၆၀ ဝန္းက်င္အရြယ္ေတြ ျဖစ္တယ္လို႔ တာဝန္ရွိသူေတြက ေျပာပါတယ္။
မၾကာေသးခင္က အဲဒီအမ်ိဳးသားမွာ ေရာဂါလကၡဏာေတြ ျပသလာၿပီးေနာက္ သူ႔ကို ခ်က္ခ်င္း ေဆး႐ုံတင္ခဲ့တယ္လို႔ အီလီႏြိဳက္ က်န္းမာေရး ဝန္ထမ္းတဦးက ဆိုပါတယ္။
ေလာေလာဆယ္မွာ အဲဒီလူနာ စုံတြဲနဲ႔ ထိေတြ႕ခဲ့သူ ၂၁ ေယာက္ ရွိတယ္လို႔ စုံစမ္းသိရွိရတယ္လို႔ အီလီႏြိဳက္ ျပည္သူ႔က်န္းမာေရးဌာနက သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။
Unicode
အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ်လူနာအမျိုးသမီးထံမှ ခင်ပွန်းဖြစ်သူ ကူးစက်ခံရ
လူလူချင်း ကူးစက်ခံရတဲ့ ကိုရိုနာဗိုင်းရပ်စ် လူနာကို ပထမဆုံးအကြိမ် အမေရိကန်နိုင်ငံ အီလီနွိုက်ပြည်နယ်မှာ တွေ့ရှိတယ်လို့ အမေရိကန် ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးစင်တာ (CDC) က ဇန်နဝါရီ ၃၀ ရက်မှာ ပြောကြားလိုက်ပါတယ်။
ဒါကြောင့် အမေရိကန်နိုင်ငံမှာ ကူးစက်မြန်ဗိုင်းရပ်စ် ကူးစက်ခံရတဲ့အရေအတွက် ၆ ယောက်အထိ ရှိလာပါပြီ။
ကူးစက်ခံလူနာဟာ နဂိုဗိုင်းရပ်စ်ရှိနေသူ အမျိုးသမီးရဲ့ ခင်ပွန်းဖြစ်ပါတယ်။ အဲဒီ အမျိုးသမီးဟာ တရုတ်နိုင်ငံ ဝူဟန်မြို့ကို သွားရောက်ခဲ့သူ ဖြစ်ပါတယ်။
လူနာ နှစ်ယောက်စလုံးဟာ အသက် ၆၀ ဝန်းကျင်အရွယ်တွေ ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
မကြာသေးခင်က အဲဒီအမျိုးသားမှာ ရောဂါလက္ခဏာတွေ ပြသလာပြီးနောက် သူ့ကို ချက်ချင်း ဆေးရုံတင်ခဲ့တယ်လို့ အီလီနွိုက် ကျန်းမာရေး ဝန်ထမ်းတဦးက ဆိုပါတယ်။
လောလောဆယ်မှာ အဲဒီလူနာ စုံတွဲနဲ့ ထိတွေ့ခဲ့သူ ၂၁ ယောက် ရှိတယ်လို့ စုံစမ်းသိရှိရတယ်လို့ အီလီနွိုက် ပြည်သူ့ကျန်းမာရေးဌာနက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
0 Comments