Zawgyiျဖင့္ဖတ္ရန္


ေရႊထူး နဲ႔ေရႊမံႈရဲ႕အခ်စ္ဇာတ္လမ္းဟာ လူေပါင္းမ်ားစြာရဲ႕ေဝဖန္မႈေတြတိုက္ခိုက္မႈေတြခံခ့ဲရျပီး စတင္ခဲ့ရတာျဖစ္ေပမယ့္သူတို႔နွစ္ဦးဟာ တစ္ေယာက္လက္ကိုတစ္ေယာက္တြဲျပီး အခုအခ်ိန္အထိ ခ်စ္လို႔ၾကင္နာလို႔မဆံုးျဖစ္ေနၾကသလို သာယာတဲ့အိမ္ေထာင္ေရးကိုုပုိင္ဆိုင္ထားျပီး တစ္နုိင္ငံလံုးက အားက်ေနရတဲ့ ဇနီးေမာင္နွံေလးအျဖစ္ ရပ္တည္ေနတယ္ဆိုရင္လည္းမမွားပါဘူး။
ေရႊထူးက ခ်စ္ဇနီးေလးကုိ ခ်စ္သူျဖစ္ခါစကအတိုင္းအျမဲတမ္းအလိုလုိက္ေနျပီးခ်စ္ျမတ္နိုးေနတာကို ျမင္ရသလို ေရႊမံႈကလည္း တစ္ေန႔ထက္တစ္ေန႔ခင္ပြန္းျဖစ္သူကို ပုိခ်စ္လာျပီးေရႊထူးအတြက္ လိုအပ္သမွ်ေတြျဖည့္ဆည္းေပးဖို႔အခ်စ္ေတြနဲ႔ေပ်ာ္ရႊင္ေစဖို႔အျမဲတမ္းၾကိဳးစားေနတာ ပရိသတ္ေတြအားလံုးအျမင္ပါပဲ။ ေရႊထူးက ေရႊမံႈကုိအျမဲလိုလို အရိပ္တၾကည့္ၾကည့္နဲ႔အလိုလိုက္ဂရုစိုက္သလို ေရႊမံႈကလည္း ခင္ပြန္းကုိsurprise ေတြမၾကာခဏလုပ္ျပီးခ်စ္ျခင္းေမတၱာကုိ ေဖာ္ျပတတ္တာေလးေတြကလည္း ျမင္ရတဲ့ပရိသတ္ေတြအတြက္ တကယ့္ကို ၾကည္နူးစရာပါ။
ေရႊထူးနဲ႔ ေရႊမံႈ
ေရႊမံႈက မၾကာေသးမီက မိုက္မဲခ်စ္ red carpet show interview မွာ ေရႊထူးနဲ႔ အခ်စ္ေရးအေၾကာင္းကုိ တစ္ေစ့တစ္ေစာင္းေျပာျပသြားခဲ့ပါတယ္။ ေရႊမံႈက ေရႊထူးနဲ႔ နားလည္မႈေတြယူရတဲ့ အခ်စ္ေရးအေၾကာင္းကုိ “ဒိီလိုပဲေပ့ါေနာ္။ ဒါကေတာ့ ရွိတာေပ့ါ။ရည္းစားဆိုလည္းနားလည္မႈ ယူရတာပဲ။ လင္မယားဆို ပုိေတာင္ယူရေသးတယ္။ အဲ့လိုမ်ိဳးေပ့ါ။ ဟုတ္”လို႔ ေျပာထားျပီး ေရႊထူးက သဝန္တိုတယ္လုိ႔လည္း “ သူကအစထဲက တိုတတ္တယ္။ သဲက သိပ္မတိုတတ္ဘူး။ သဲက အမ်ားအစားၾကီးေတာ့ မေျပာပါဘူး။ သူျဖစ္ခ်င္တဲ့ေနာက္ကုိပဲ လုပ္ေပးနုိ္င္သမ်ွလုပ္ေပးတယ္။ သူစိတ္ခ်မ္းသာေအာင္ထားတယ္။”လို႔ ေျပာျပထားပါတယ္။
ေရႊမံႈက 2020 မွာ ပရိသတ္ေတြအတြက္ အနုပညာအလုပ္ေတြလုပ္ထားတာကုိလည္း “2020 မွာ ထူးထူးျခားျခားေတာ့ ရုပ္ရွင္ကားက သံုးကားဆက္တုိက္ျဖစ္ေနတာေပါ့ေနာ္။ ဒါရယ္ မိကဲရယ္၊ေရွ႕က ကားတစ္ကား သဲေနမေကာင္းလို႔ မသြားလိုက္ရဘူး။ ဖ်ားေနလို႔။ အဲဒီကားေလးရယ္။ အဲဒီကားနဲ႔ပတ္သက္ျပီးေတာ့လည္း အားေပးၾကပါလို႔လည္းေျပာခ်င္ပါတယ္။ ေလာေလာဆယ္ေတာ့ သဲ ကားေလးေတြ ပံုမွန္ရိုက္ေနပါတယ္။ သဲ တစ္လကုိတစ္ကားေလာက္ပဲ ပံုမွန္ရုိက္ျဖစ္တယ္။ အမ်ားၾကီးေတာ့ မရိုက္ခ်င္ဘူး”လို႔ ေျဖၾကားထားပါတယ္။ မိသားစုေလးျမင္ခ်င္ေနၾကတဲ့ ပရိသတ္ေတြအတြက္ေတာ့ “အဲဒါက အေဝးၾကီးလုိပါေသးတယ္။ ေလးငါးေျခာက္နွစ္ေလာက္လိုပါေသးတယ္”လို႔ ေျဖထားပါတယ္။
ေရႊမံႈရတီ
ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ ေရႊမံႈရတီကုိခ်စ္ၾကလား။ သူမရဲ႕ ေနာက္ထပ္ ထြက္ရွိလာမယ့္ ရုပ္ရွင္ဇာတ္ကားၾကီးေတြကုိေရာ အားေပးၾကမွာလား။ ေရႊထူးနဲ႔ ေရႊမံႈတို႔ ဇနီးေမာင္နွံေလးရဲ႕ ေနာက္ထပ္သီခ်င္းအသစ္ေတြကုိေရာ နားေထာင္ခ်င္ေနၾကျပီလား။ ေျပာခဲ့ၾကပါဦး။


Unicode ဖြင့်ဖတ်ရန်


ရွှေထူး နဲ့ရွှေမှုံရဲ့အချစ်ဇာတ်လမ်းဟာ လူပေါင်းများစွာရဲ့ဝေဖန်မှုတွေတိုက်ခိုက်မှုတွေခံခဲ့ရပြီး စတင်ခဲ့ရတာဖြစ်ပေမယ့်သူတို့နှစ်ဦးဟာ တစ်ယောက်လက်ကိုတစ်ယောက်တွဲပြီး အခုအချိန်အထိ ချစ်လို့ကြင်နာလို့မဆုံးဖြစ်နေကြသလို သာယာတဲ့အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားပြီး တစ်နိုင်ငံလုံးက အားကျနေရတဲ့ ဇနီးမောင်နှံလေးအဖြစ် ရပ်တည်နေတယ်ဆိုရင်လည်းမမှားပါဘူး။
ရွှေထူးက ချစ်ဇနီးလေးကို ချစ်သူဖြစ်ခါစကအတိုင်းအမြဲတမ်းအလိုလိုက်နေပြီးချစ်မြတ်နိုးနေတာကို မြင်ရသလို ရွှေမှုံကလည်း တစ်နေ့ထက်တစ်နေ့ခင်ပွန်းဖြစ်သူကို ပိုချစ်လာပြီးရွှေထူးအတွက် လိုအပ်သမျှတွေဖြည့်ဆည်းပေးဖို့အချစ်တွေနဲ့ပျော်ရွှင်စေဖို့အမြဲတမ်းကြိုးစားနေတာ ပရိသတ်တွေအားလုံးအမြင်ပါပဲ။ ရွှေထူးက ရွှေမှုံကိုအမြဲလိုလို အရိပ်တကြည့်ကြည့်နဲ့အလိုလိုက်ဂရုစိုက်သလို ရွှေမှုံကလည်း ခင်ပွန်းကိုsurprise တွေမကြာခဏလုပ်ပြီးချစ်ခြင်းမေတ္တာကို ဖော်ပြတတ်တာလေးတွေကလည်း မြင်ရတဲ့ပရိသတ်တွေအတွက် တကယ့်ကို ကြည်နူးစရာပါ။
ရွှေထူးနဲ့ ရွှေမှုံ
ရွှေမှုံက မကြာသေးမီက မိုက်မဲချစ် red carpet show interview မှာ ရွှေထူးနဲ့ အချစ်ရေးအကြောင်းကို တစ်စေ့တစ်စောင်းပြောပြသွားခဲ့ပါတယ်။ ရွှေမှုံက ရွှေထူးနဲ့ နားလည်မှုတွေယူရတဲ့ အချစ်ရေးအကြောင်းကို “ဒီလိုပဲပေ့ါနော်။ ဒါကတော့ ရှိတာပေ့ါ။ရည်းစားဆိုလည်းနားလည်မှု ယူရတာပဲ။ လင်မယားဆို ပိုတောင်ယူရသေးတယ်။ အဲ့လိုမျိုးပေ့ါ။ ဟုတ်”လို့ ပြောထားပြီး ရွှေထူးက သဝန်တိုတယ်လို့လည်း “ သူကအစထဲက တိုတတ်တယ်။ သဲက သိပ်မတိုတတ်ဘူး။ သဲက အများအစားကြီးတော့ မပြောပါဘူး။ သူဖြစ်ချင်တဲ့နောက်ကိုပဲ လုပ်ပေးနိုင်သမျှလုပ်ပေးတယ်။ သူစိတ်ချမ်းသာအောင်ထားတယ်။”လို့ ပြောပြထားပါတယ်။
ရွှေမှုံက 2020 မှာ ပရိသတ်တွေအတွက် အနုပညာအလုပ်တွေလုပ်ထားတာကိုလည်း “2020 မှာ ထူးထူးခြားခြားတော့ ရုပ်ရှင်ကားက သုံးကားဆက်တိုက်ဖြစ်နေတာပေါ့နော်။ ဒါရယ် မိကဲရယ်၊ရှေ့က ကားတစ်ကား သဲနေမကောင်းလို့ မသွားလိုက်ရဘူး။ ဖျားနေလို့။ အဲဒီကားလေးရယ်။ အဲဒီကားနဲ့ပတ်သက်ပြီးတော့လည်း အားပေးကြပါလို့လည်းပြောချင်ပါတယ်။ လောလောဆယ်တော့ သဲ ကားလေးတွေ ပုံမှန်ရိုက်နေပါတယ်။ သဲ တစ်လကိုတစ်ကားလောက်ပဲ ပုံမှန်ရိုက်ဖြစ်တယ်။ အများကြီးတော့ မရိုက်ချင်ဘူး”လို့ ဖြေကြားထားပါတယ်။ မိသားစုလေးမြင်ချင်နေကြတဲ့ ပရိသတ်တွေအတွက်တော့ “အဲဒါက အဝေးကြီးလိုပါသေးတယ်။ လေးငါးခြောက်နှစ်လောက်လိုပါသေးတယ်”လို့ ဖြေထားပါတယ်။
ရွှေမှုံရတီ
ပြောချင်လွန်းလို့ပရိသတ်ကြီးရော ရွှေမှုံရတီကိုချစ်ကြလား။ သူမရဲ့ နောက်ထပ် ထွက်ရှိလာမယ့် ရုပ်ရှင်ဇာတ်ကားကြီးတွေကိုရော အားပေးကြမှာလား။ ရွှေထူးနဲ့ ရွှေမှုံတို့ ဇနီးမောင်နှံလေးရဲ့ နောက်ထပ်သီချင်းအသစ်တွေကိုရော နားထောင်ချင်နေကြပြီလား။ ပြောခဲ့ကြပါဦး။
Credit: /shwewik