Zawgyiျဖင့္ဖတ္ရန္
အမ်ိဳးသားလႊတ္ေတာ္ ဥကၠ႒ ဦးမန္းဝင္းခိုင္သန္း၏ ျမဝတီၿမိဳ႕ ႐ွိ ေနအိမ္မွ လြန္ခဲ့သည့္ ရက္သတၱပတ္ ၂ ပတ္ေက်ာ္ခန္႔က ေဖာက္ထြင္းခိုးယူခံရၿပီး ေပ်ာက္ဆံုးသြားသည့္ ဆင္႐ုပ္တုအား
ဇန္နဝါရီ ၁၂ရက္ မြန္းလႊဲ ၁ နာရီအခ်ိန္ခန္႔က ခိုးယူသူဟု ယူဆရသူ၏ ေနအိမ္မွ ျပန္လည္ေတြ႔ရိွခဲ့ၿပီး ဆက္လက္စံုစမ္းရာ ဆင္႐ုပ္ႏွင့္အတူ ေပ်ာက္ဆံုးသြားေသာ MI အမ်ိဳးအစား ေဆာင္းေဘာက္တစ္လံုးအားထပ္မံသိမ္းဆည္း ႏိုင္ခဲ့သလို
ညေန(၁၈ း၁၅)နာရီ အခ်ိန္ခန္႔၌ ျမဝတီၿမိဳ႕ အမွတ္(၄)ရပ္ကြက္ ျပည္သာယာ(၄)လမ္းတြင္ အမႈမွတရားခံအား ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ….လြန္ခဲ့သည့္ ၂၇.၁၂.၂၀၁၉ ရက္ေန႔ ညပိုင္းက အမ်ိဳးသားလႊတ္ေတာ္ ဥကၠ႒ ဦးမန္းဝင္းခိုင္သန္း၏ ျမဝတီၿမိဳ႕ အမွတ္(၃)ရပ္ကြက္ ဓိဌာန္ေအာင္ဘုရားအနီး႐ွိေနအိမ္ ေဖာက္ထြင္းခံရကာ
ဆင္႐ုတုအပါအဝင္ ပစၥည္းတစ္ခ်ိဳ႕ ခိုးယူခံရ၍ ျမဝတီၿမိဳ႕မရဲစခန္းတြင္ (ပ)၃၂/၂၀၂၀ ရာဇသတ္ႀကီးပုဒ္မ.၃၈၀ ႏွင့္ အမႈဖြင့္ တိုင္တန္းထားသျဖင့္
အဆိုပါ အမ်ိဳးသားလႊတ္ေတာ္ ဥကၠ႒ ၏ ေနအိမ္ ေဖာက္ထြင္း ခိုးယူခံရမႈႏွင့္ပတ္သက္၍ တရားခံမ်ားအား အျမန္ဆံုးဖမ္းဆီးရမိႏိုင္ေရးအတြက္ ရဲတပ္ဖြဲ႔ဝင္မ်ားမွ အပူတျပင္းစံုစမ္းလ်က္႐ွိရာ…
ယေန႔ ဇန္နဝါရီ ၁၂ ရက္ မြန္းလြဲ(၁)နာရီအခ်ိန္ခန္႔တြင္ စံုစမ္းမႈအရ ေဖာက္ထြင္းခိုးယူသူဟု ယူဆရသည့္ ျမဝတီၿမိဳ႕ အမွတ္(၃)ရပ္ကြက္ ဗိုလ္ဗထူးလမ္း႐ွိ ေက်ာ္ဇင္လတ္(၂၃)ႏွစ္ခန္႔၏ ေနအိမ္သို႔. ရပ္ကြက္ရာအိမ္မႈး ဆယ္အိမ္မႈးမ်ားႏွင့္ နယ္ထိန္းရဲတပ္ဖြဲ႔ဝင္မ်ားမွ သြားေရာက္႐ွာေဖြရာ…
၎၏ေနအိမ္တြင္ လြန္ခဲ့သည့္ရက္ပိုင္းက ေဖာက္ထြင္းခိုးယူခံရသည့္ အမ်ိဳးသားလႊတ္ေတာ္ဥကၠ႒ ၏ ေနအိမ္မွ ေပ်ာက္ဆံုးသြားေသာ ဆင္႐ုပ္တုအား ေတြ႔႐ွိၿပီး သက္ေသမ်ားေ႐ွ႕ေမွာက္ သိမ္းဆည္းခဲ့သည္။
ထို႔ေနာက္ ဆက္လက္စံုစမ္းရာ. ညေန ၁၈း၁၅ အခ်ိန္ခန္႔တြင္ ျမဝတီၿမိဳ႕ အမွတ္(၄)ရပ္ကြက္ ျပည္သာယာ(၄)လမ္း၌ အမႈမွ အလို႐ွိသူ ေက်ာ္ဇင္လတ္(၂၃)ႏွစ္အား ဖမ္းဆီးရမိ၍ ျမဝတီၿမိဳ႕မရဲစခန္းတြင္ ထိန္းသိမ္းထားေၾကာင္း သိရသည္


Unicode ဖြင့်ဖတ်ရန်



အမျိုး သားလွတ်တော်ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း၏နေအိမ်မှ ဆင်ရုပ်တု နှင့် ဆောင်းဘောက်တွေဖောက်ထွင်းခိုးယူခဲ့သော သူခိုးကိုဖမ်းမိပြီ
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း၏ မြဝတီမြို့ ရှိ နေအိမ်မှ လွန်ခဲ့သည့် ရက်သတ္တပတ် ၂ ပတ်ကျော်ခန့်က ဖောက်ထွင်းခိုးယူခံရပြီး ပျောက်ဆုံးသွားသည့် ဆင်ရုပ်တုအား
ဇန်နဝါရီ ၁၂ရက် မွန်းလွှဲ ၁ နာရီအချိန်ခန့်က ခိုးယူသူဟု ယူဆရသူ၏ နေအိမ်မှ ပြန်လည်တွေ့ရှိခဲ့ပြီး ဆက်လက်စုံစမ်းရာ ဆင်ရုပ်နှင့်အတူ ပျောက်ဆုံးသွားသော MI အမျိုးအစား ဆောင်းဘောက်တစ်လုံးအားထပ်မံသိမ်းဆည်း နိုင်ခဲ့သလို
ညနေ(၁၈ း၁၅)နာရီ အချိန်ခန့်၌ မြဝတီမြို့ အမှတ်(၄)ရပ်ကွက် ပြည်သာယာ(၄)လမ်းတွင် အမှုမှတရားခံအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ….လွန်ခဲ့သည့် ၂၇.၁၂.၂၀၁၉ ရက်နေ့ ညပိုင်းက အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း၏ မြဝတီမြို့ အမှတ်(၃)ရပ်ကွက် ဓိဌာန်အောင်ဘုရားအနီးရှိနေအိမ် ဖောက်ထွင်းခံရကာ
ဆင်ရုတုအပါအဝင် ပစ္စည်းတစ်ချို့ ခိုးယူခံရ၍ မြဝတီမြို့မရဲစခန်းတွင် (ပ)၃၂/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ.၃၈၀ နှင့် အမှုဖွင့် တိုင်တန်းထားသဖြင့်
အဆိုပါ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ၏ နေအိမ် ဖောက်ထွင်း ခိုးယူခံရမှုနှင့်ပတ်သက်၍ တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေးအတွက် ရဲတပ်ဖွဲ့ဝင်များမှ အပူတပြင်းစုံစမ်းလျက်ရှိရာ…
ယနေ့ ဇန်နဝါရီ ၁၂ ရက် မွန်းလွဲ(၁)နာရီအချိန်ခန့်တွင် စုံစမ်းမှုအရ ဖောက်ထွင်းခိုးယူသူဟု ယူဆရသည့် မြဝတီမြို့ အမှတ်(၃)ရပ်ကွက် ဗိုလ်ဗထူးလမ်းရှိ ကျော်ဇင်လတ်(၂၃)နှစ်ခန့်၏ နေအိမ်သို့. ရပ်ကွက်ရာအိမ်မှုး ဆယ်အိမ်မှုးများနှင့် နယ်ထိန်းရဲတပ်ဖွဲ့ဝင်များမှ သွားရောက်ရှာဖွေရာ…
၎င်း၏နေအိမ်တွင် လွန်ခဲ့သည့်ရက်ပိုင်းက ဖောက်ထွင်းခိုးယူခံရသည့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ၏ နေအိမ်မှ ပျောက်ဆုံးသွားသော ဆင်ရုပ်တုအား တွေ့ရှိပြီး သက်သေများရှေ့မှောက် သိမ်းဆည်းခဲ့သည်။
ထို့နောက် ဆက်လက်စုံစမ်းရာ. ညနေ ၁၈း၁၅ အချိန်ခန့်တွင် မြဝတီမြို့ အမှတ်(၄)ရပ်ကွက် ပြည်သာယာ(၄)လမ်း၌ အမှုမှ အလိုရှိသူ ကျော်ဇင်လတ်(၂၃)နှစ်အား ဖမ်းဆီးရမိ၍ မြဝတီမြို့မရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။
Credit: ေနေနာ္(ျမဝတီ)