
ဟာသ သ႐ုပ္ေဆာင္ ေဗလုဝဟာ ဦးေႏွာက္ေသြးေၾကာပိတ္ေရာဂါနဲ႔ ေျမာက္ဒဂုံၿမိဳ႕နယ္၊ ပင္လုံေဆး႐ုံႀကီးမွာ ေဆးကုသမႈ ခံယူေနရပါတယ္။ လက္ရွိ သူ႔ရဲ႕က်န္းမာေရး အေျခအေနကိုလည္း ေစာင့္ၾကည့္ေနရတယ္လို႔ ေဗလုဝရဲ႕ ဇနီးျဖစ္သူက ဧရာဝတီကို ေျပာပါတယ္။

“စေနေန႔က စျဖစ္တာေပါ့။ ေလွ်ာက္သြားႏိုင္တယ္။ စကားမေျပာႏိုင္ကို မသိေတာ့ ကိုယ္ေတြလည္း စိတ္ပူၿပီး ေဆး႐ုံလာလိုက္တာ။ ေလျဖတ္တယ္ဆိုေတာ့ အရမ္းေတာ့ စိတ္ပူခဲ့ရတာေပါ့။ ျဖစ္ျဖစ္ခ်င္း သိခဲ့ရေတာ့ ေတာ္ေသးတာေပါ့။ နယ္မွာသာျဖစ္ရင္ မလြယ္ဘူး။ စကားေျပာတဲ့ ေသြးေၾကာေလး ပိတ္သြားတာေၾကာင့္ စကားေျပာတာေတာ့ မသြက္ေတာ့ဘူး။ အခုေတာ့ ေခါင္းကို ဒုတိယအႀကိမ္ ဓာတ္မွန္ ထပ္႐ိုက္ထားတယ္။ သတိကေတာ့ ရလိုက္၊ မရလိုက္ ျဖစ္ေနတယ္”
“အရင္ေန႔ေတြက လန္းတယ္။ ဒီေန႔ နည္းနည္း မွိန္းေနလို႔ ဓာတ္မွန္ ထပ္႐ိုက္ရတာပါ။ အရင္ေန႔ အဖ်ား မရွိဘူး။ ဒီေန႔ အဖ်ားပါဝင္ေနတယ္။ သားအႀကီးလာတာကိုလည္း သူ႔သားနာမည္ကို ေျပာတယ္။ အခု က်န္းမာေရးအေျခအေနကိုလည္း ေစာင့္ၾကည့္ေနရတဲ့ အေျခအေနပါ။ ေလယာဥ္စီးလို႔ရရင္ေတာ့ ဘန္ေကာက္ မွာသြားကုဖို႔ေတာ့ စီစဥ္ေနတယ္”

“မေန႔ကထက္စာရင္ ဒီေန႔ ေသြးေၾကာပိတ္တဲ့ ေနရာက ပိုႀကီးလာတယ္။ အေျခအေနက စိုးရိမ္ရတယ္။ အထူးၾကပ္မတ္ေဆာင္ ICU ထဲ ထည့္ထားပါတယ္။ ဆရာႀကီး ဦးေစာဆိုင္မြန္သာနဲ႔ ကုသမႈ လုပ္ပါမယ္။ ဘန္ေကာက္ သြားကုဖို႔ကေတာ့ မျဖစ္ႏိုင္ေသးပါဘူး။ အရင္လိုပဲ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ပဲ ျပန္ေတြ႕ခ်င္တယ္။ သူ႔ပရိသတ္ေတြလည္း ေနျမန္ျမန္ေကာင္းေအာင္ ဆုေတာင္းေပးၾကပါ”လို႔ ေဗလုဝရဲ႕ ဇနီးျဖစ္သူ ေဒၚစုစုခိုင္က ဧရာဝတီကို ေျပာပါတယ္။
ေလာေလာဆယ္ေတာ့ ေဗလုဝရဲ႕ က်န္းမာေရး အေျခအေနကို ဆက္လက္ ေစာင့္ၾကည့္ရဦးမယ္လို႔လည္း ေဗလုဝရဲ႕ မိတ္ေဆြတဦးျဖစ္သူ ေဒၚယဥ္ေထြးကလည္း ဧရာဝတီကို အခုလို ဆိုပါတယ္။

“ဦးေႏွာက္ေသြးေၾကာ ပိတ္တာပါ။ စကားေျပာႏိုင္တဲ့ ဘယ္ဘက္ျခမ္း ေသြးေၾကာပိတ္သြားတာပါ။ ေလာေလာဆယ္ တပတ္ေလာက္ ေစာင့္ၾကည့္ရပါဦးမယ္။ စျဖစ္ကတည္းကလည္း စကားမေျပာႏိုင္ဘူး။ ကိုယ္ေတြလက္ေတြကေတာ့ ေကာင္းပါတယ္”လို႔ ေဗလုဝရဲ႕ မိတ္ေဆြ ေဒၚယဥ္ေထြးက ေျပာပါတယ္။

ဟာသ သ႐ုပ္ေဆာင္ ေဗလုဝဟာ အႏုပညာ အလုပ္ေတြအျပင္ ၿမိဳ႕၊ ႐ြာေတြမွာရွိတဲ့ စာေပေဟာေျပာပြဲ ေတြမွာလည္း တတပ္တအား ပါဝင္ေဆာင္႐ြက္ေနသူ ျဖစ္ပါတယ္။ ဒါ့အျပင္ ကိုယ္ပိုင္လုပ္ငန္းအျဖစ္ “လယ္သူမ” ဆိုတဲ့ ျမန္မာထမင္းဆိုင္ကိုလည္း ဖြင့္လွစ္ထားပါတယ္။ ေဗလုဝက “ဤအရာကို အခ်စ္လို႔ေခၚသလား” ႐ုပ္ရွင္နဲ႔ အကယ္ဒမီဆု ရရွိထားသူ ျဖစ္ပါတယ္။ Source – ဧရာဝတီ

Unicode
ဗေလုဝရဲ့ ကျန်းမာရေး အခြေအနေ စိုးရိမ်ရတယ်လို့ ဇနီးဖြစ်သူ ပြော
ဟာသ သရုပ်ဆောင် ဗေလုဝဟာ ဦးနှောက်သွေးကြောပိတ်ရောဂါနဲ့ မြောက်ဒဂုံမြို့နယ်၊ ပင်လုံဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရပါတယ်။ လက်ရှိ သူ့ရဲ့ကျန်းမာရေး အခြေအနေကိုလည်း စောင့်ကြည့်နေရတယ်လို့ ဗေလုဝရဲ့ ဇနီးဖြစ်သူက ဧရာဝတီကို ပြောပါတယ်။
“စနေနေ့က စဖြစ်တာပေါ့။ လျှောက်သွားနိုင်တယ်။ စကားမပြောနိုင်ကို မသိတော့ ကိုယ်တွေလည်း စိတ်ပူပြီး ဆေးရုံလာလိုက်တာ။ လေဖြတ်တယ်ဆိုတော့ အရမ်းတော့ စိတ်ပူခဲ့ရတာပေါ့။ ဖြစ်ဖြစ်ချင်း သိခဲ့ရတော့ တော်သေးတာပေါ့။ နယ်မှာသာဖြစ်ရင် မလွယ်ဘူး။ စကားပြောတဲ့ သွေးကြောလေး ပိတ်သွားတာကြောင့် စကားပြောတာတော့ မသွက်တော့ဘူး။ အခုတော့ ခေါင်းကို ဒုတိယအကြိမ် ဓာတ်မှန် ထပ်ရိုက်ထားတယ်။ သတိကတော့ ရလိုက်၊ မရလိုက် ဖြစ်နေတယ်”
“အရင်နေ့တွေက လန်းတယ်။ ဒီနေ့ နည်းနည်း မှိန်းနေလို့ ဓာတ်မှန် ထပ်ရိုက်ရတာပါ။ အရင်နေ့ အဖျား မရှိဘူး။ ဒီနေ့ အဖျားပါဝင်နေတယ်။ သားအကြီးလာတာကိုလည်း သူ့သားနာမည်ကို ပြောတယ်။ အခု ကျန်းမာရေးအခြေအနေကိုလည်း စောင့်ကြည့်နေရတဲ့ အခြေအနေပါ။ လေယာဉ်စီးလို့ရရင်တော့ ဘန်ကောက် မှာသွားကုဖို့တော့ စီစဉ်နေတယ်”
“မနေ့ကထက်စာရင် ဒီနေ့ သွေးကြောပိတ်တဲ့ နေရာက ပိုကြီးလာတယ်။ အခြေအနေက စိုးရိမ်ရတယ်။ အထူးကြပ်မတ်ဆောင် ICU ထဲ ထည့်ထားပါတယ်။ ဆရာကြီး ဦးစောဆိုင်မွန်သာနဲ့ ကုသမှု လုပ်ပါမယ်။ ဘန်ကောက် သွားကုဖို့ကတော့ မဖြစ်နိုင်သေးပါဘူး။ အရင်လိုပဲ ပျော်ပျော်ရွှင်ရွှင်ပဲ ပြန်တွေ့ချင်တယ်။ သူ့ပရိသတ်တွေလည်း နေမြန်မြန်ကောင်းအောင် ဆုတောင်းပေးကြပါ”လို့ ဗေလုဝရဲ့ ဇနီးဖြစ်သူ ဒေါ်စုစုခိုင်က ဧရာဝတီကို ပြောပါတယ်။
လောလောဆယ်တော့ ဗေလုဝရဲ့ ကျန်းမာရေး အခြေအနေကို ဆက်လက် စောင့်ကြည့်ရဦးမယ်လို့လည်း ဗေလုဝရဲ့ မိတ်ဆွေတဦးဖြစ်သူ ဒေါ်ယဉ်ထွေးကလည်း ဧရာဝတီကို အခုလို ဆိုပါတယ်။
“ဦးနှောက်သွေးကြော ပိတ်တာပါ။ စကားပြောနိုင်တဲ့ ဘယ်ဘက်ခြမ်း သွေးကြောပိတ်သွားတာပါ။ လောလောဆယ် တပတ်လောက် စောင့်ကြည့်ရပါဦးမယ်။ စဖြစ်ကတည်းကလည်း စကားမပြောနိုင်ဘူး။ ကိုယ်တွေလက်တွေကတော့ ကောင်းပါတယ်”လို့ ဗေလုဝရဲ့ မိတ်ဆွေ ဒေါ်ယဉ်ထွေးက ပြောပါတယ်။
ဟာသ သရုပ်ဆောင် ဗေလုဝဟာ အနုပညာ အလုပ်တွေအပြင် မြို့၊ ရွာတွေမှာရှိတဲ့ စာပေဟောပြောပွဲ တွေမှာလည်း တတပ်တအား ပါဝင်ဆောင်ရွက်နေသူ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်ပိုင်လုပ်ငန်းအဖြစ် “လယ်သူမ” ဆိုတဲ့ မြန်မာထမင်းဆိုင်ကိုလည်း ဖွင့်လှစ်ထားပါတယ်။ ဗေလုဝက “ဤအရာကို အချစ်လို့ခေါ်သလား” ရုပ်ရှင်နဲ့ အကယ်ဒမီဆု ရရှိထားသူ ဖြစ်ပါတယ်။ Source – ဧရာဝတီ
0 Comments