ဒီႏွစ္ထဲမွာ 5G ဖုန္းေတြ အၿပိဳင္အဆိုင္ ထြက္ေပၚလာေတာ့မွာ ျဖစ္ပါတယ္။ တ႐ုတ္မွာလည္း 5G ဆက္သြယ္မႈေတြ ပိုမို လႊမ္းျခဳံေနပါတယ္။ တ႐ုတ္ အေျခစိုက္ သုေတသန ေအဂ်င္စီ ၁ ခုက ဒီဇင္ဘာလမွာ 5G ဖုန္း ၅ သန္း ေရာင္းခ်နိုင္ခဲ့တယ္လို႔ ေျပာပါတယ္။ ဒီႏွစ္မွာလည္း 5G ဖုန္း ေရာင္းအား ပိုလန္းလာမွာပါ။
ေအဂ်င္စီက ယြမ္ ၂၀၀၀ ေလာက္ရွိတဲ့ စြမ္းရည္သင့္ ဖုန္းေတြရဲ့ ၂၀ ရာခိုင္ႏႈန္းမွာ 5G ပါမယ္လို႔ ေဟာကိန္းထုတ္လိုက္ပါတယ္။ ၂၀၂၁ ခုႏွစ္မွာ တစ္ကမၻာလုံးမွာ ရွိတဲ့ စမတ္ဖုန္းေတြရဲ့ ၅ ပုံပုံ ၁ ပုံဟာ 5G ဖုန္းေတြ ျဖစ္လာမွာပါ။
လက္ရွိမွာ 5G ဖုန္းမ်ားစြာကို တ႐ုတ္မွာ ေရာင္းေပးထားၿပီး အဲဒီထဲမွာ Huawei nova 6, Xiaomi Mi 9 Pro, vivo NEX 3, vivo iQOO Pro နဲ႔ Honor V30 ေတြ ပါပါတယ္။ အဲဒီဖုန္းေတြကို တ႐ုတ္မွာပဲ အဓိက ေရာင္းေပးထားၿပီး တျခား နိုင္ငံေတြမွာ ဝယ္ယူလို႔ မရပါဘူး။ Huawei နဲ႔ Honor တို႔ဟာ 5G ရတဲ့ တျခားနိုင္ငံေတြမွာ Google Services ေတြ မထည့္ေပးနိုင္ပါဘူး။
Oppo Reno 5G, the ZTE Axon 10 Pro 5G, the Galaxy S10 5G နဲ႔ OnePlus 7 Pro 5G တို႔ကိုေတာ့ ၿဗိတိန္၊ ဂ်ာမနီ၊ ဖင္လန္၊ ယူေအအီးနဲ႔ တျခား နိုင္ငံေတြမွာ ေရာင္းေပးထားပါတယ္။ 5G ဖုန္းေတြေၾကာင့္ ကမၻာ့ ဖုန္းေရာင္းအားဟာ ၂၀၂၀ မွာ တိုးတက္လာမယ္လို႔ သုံးသပ္ထားၾကပါတယ္။
Ref : gsmarena
Unicode
၂၀၂၀ ထုတ် စွမ်းရည်သင့် ဖုန်းတွေရဲ့ ၂၀ ရာခိုင်နှုန်းမှာ 5G ပါလာနိုင်
ဒီနှစ်ထဲမှာ 5G ဖုန်းတွေ အပြိုင်အဆိုင် ထွက်ပေါ်လာတော့မှာ ဖြစ်ပါတယ်။ တရုတ်မှာလည်း 5G ဆက်သွယ်မှုတွေ ပိုမို လွှမ်းခြုံနေပါတယ်။ တရုတ် အခြေစိုက် သုတေသန အေဂျင်စီ ၁ ခုက ဒီဇင်ဘာလမှာ 5G ဖုန်း ၅ သန်း ရောင်းချနိုင်ခဲ့တယ်လို့ ပြောပါတယ်။ ဒီနှစ်မှာလည်း 5G ဖုန်း ရောင်းအား ပိုလန်းလာမှာပါ။
အေဂျင်စီက ယွမ် ၂၀၀၀ လောက်ရှိတဲ့ စွမ်းရည်သင့် ဖုန်းတွေရဲ့ ၂၀ ရာခိုင်နှုန်းမှာ 5G ပါမယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။ ၂၀၂၁ ခုနှစ်မှာ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ စမတ်ဖုန်းတွေရဲ့ ၅ ပုံပုံ ၁ ပုံဟာ 5G ဖုန်းတွေ ဖြစ်လာမှာပါ။
လက်ရှိမှာ 5G ဖုန်းများစွာကို တရုတ်မှာ ရောင်းပေးထားပြီး အဲဒီထဲမှာ Huawei nova 6, Xiaomi Mi 9 Pro, vivo NEX 3, vivo iQOO Pro နဲ့ Honor V30 တွေ ပါပါတယ်။ အဲဒီဖုန်းတွေကို တရုတ်မှာပဲ အဓိက ရောင်းပေးထားပြီး တခြား နိုင်ငံတွေမှာ ဝယ်ယူလို့ မရပါဘူး။ Huawei နဲ့ Honor တို့ဟာ 5G ရတဲ့ တခြားနိုင်ငံတွေမှာ Google Services တွေ မထည့်ပေးနိုင်ပါဘူး။
Oppo Reno 5G, the ZTE Axon 10 Pro 5G, the Galaxy S10 5G နဲ့ OnePlus 7 Pro 5G တို့ကိုတော့ ဗြိတိန်၊ ဂျာမနီ၊ ဖင်လန်၊ ယူအေအီးနဲ့ တခြား နိုင်ငံတွေမှာ ရောင်းပေးထားပါတယ်။ 5G ဖုန်းတွေကြောင့် ကမ္ဘာ့ ဖုန်းရောင်းအားဟာ ၂၀၂၀ မှာ တိုးတက်လာမယ်လို့ သုံးသပ်ထားကြပါတယ်။
Ref : gsmarena
0 Comments