Zawgyi ျဖင့္ဖတ္ရန္
အိမ္မွာရွိတဲ့အိမ္သုံးဆားဆို တာ ဟင္းခ်က္တဲ့ေနရာ၊ အစားအ ေသာက္ျပင္ဆင္တဲ့ေနရာမွာပဲ အသုံးဝင္ တယ္ထင္ေနလား။ တကယ္တမ္း သူ႔ရဲ႕ အသုံးဝင္တဲ့ေနရာေတြ အမ်ားႀကီးရွိပါ တယ္။ တခ်ိဳ႕ကို သိၿပီးသားျဖစ္ရင္ျဖစ္မွာ ေပမဲ့ သိပ္မသိေသးတဲ့အသုံးဝင္ပုံေတြကို ေျပာျပခ်င္လို႔ပါ။
(၁) ေကာ္ဖီကို အခါးေလ်ာ့ေအာင္ လုပ္လို႔ ရတယ္။
ေကာ္ဖီကို သိပ္မျပင္းတဲ့ခါးဆိမ့္ဆိမ့္ ေလးျဖစ္ဖို႔ဆိုရင္ ဆားေလးတစ္ပြင့္ႏွစ္ပြင့္ ေလာက္ထည့္လိုက္ပါ။ လက္လြန္ရင္ ေတာ့ အရသာပ်က္ႏိုင္ပါတယ္ေနာ္။ ဆားမွာ ေကာ္ဖီရဲ႕အခါးဓာတ္ကို ျပယ္ေစႏိုင္တဲ့ ဆိုဒီယမ္အိုင္း႐ြန္းေတြ ပါဝင္တယ္လို႔ သု ေတသနေတြက ေတြ႕ရွိထားပါတယ္။
(၂) ေရခဲေသတၱာသန႔္ရွင္းေရးလုပ္လို႔ ရတယ္။
ေရခဲေသတၱာကို သုံးလတစ္ႀကိမ္ သို႔ မဟုတ္ ေျခာက္လတစ္ႀကိမ္ေတာ့ အနံ႔အ သက္ကင္းေအာင္၊ သန႔္ရွင္းသပ္ရပ္ ေအာင္ လုပ္ေပးသင့္ပါတယ္။ ဒါေပမဲ့ ဆပ္ ျပာနဲ႔တိုက္ေဆးခ်လို႔မျဖစ္တာေၾကာင့္ ကပ္ၿငိေနတဲ့အစြန္းအထင္းေတြနဲ႔အနံ႔ဆိုး ေတြေပ်ာက္ေအာင္ ေရေႏြးေႏြးနဲ႔ေဖ်ာ္ ထားတဲ့ဆားရည္ကိုသုံးၿပီး လိုတဲ့ေနရာ ပြတ္တိုက္ေပးပါ။
(၃) ပန္းကန္ေဆးေရျမႇဳပ္ကို သန႔္စင္လို႔ ရတယ္။
အဆီနဲ႔အညစ္အေၾကးေတြ အၿမဲထိ ေတြ႕ေနရတဲ့ေရျမႇဳပ္ေလးေတြကို တစ္ခါ သုံးလို အၿမဲစြန႔္ပစ္လို႔ေတာ့ ဘယ္တြက္ ေျခကိုက္ပါ့မလဲ။ အၾကာႀကီးမဟုတ္ေပမဲ့ သုံးလို႔ရသေလာက္ေတာ့ ျပန္သန႔္စင္ၿပီး သုံးဖို႔၊ တာရွည္အသုံးခံဖို႔အတြက္ ဆားက အသုံးဝင္ပါတယ္။ ေရျမႇဳပ္ေတြကို ဆား ရည္က်ဲက်ဲထဲ တစ္ညေလာက္စိမ္ထား လိုက္႐ုံပါပဲ။
(၄) မီးပူမွာကပ္ေနသမွ် ဖယ္ရွားလို႔ ရတယ္။
မီးပူမွာကပ္ေနတဲ့အရာေတြေၾကာင့္ အဝတ္အစားေတြမွာ စြန္းေပကုန္တာ၊ တိုက္လို႔တြန႔္ေၾကကုန္တာ၊ ကပ္ေစးကပ္ ေစးျဖစ္ကုန္တာ၊ မီးကြၽမ္းတာေတြျဖစ္လာ ရင္ စိတ္ညစ္ဖို႔ေကာင္းတယ္မလား။ ပြတ္ တိုက္လို႔လည္းမရ၊ ေဆးခ်လည္းမရနဲ႔ သန႔္စင္ဖို႔မလြယ္ကူပါဘူး။
မီးပူကို အပူျပင္းျပင္းတင္ထားပါ။ သတင္းစာစကၠဴေပၚဆားနည္းနည္းျဖဴး ထားၿပီး အေပၚကေန မီးပူတိုက္လိုက္ပါ။
(၅) ဖိနပ္အနံ႔ေပ်ာက္ေအာင္ လုပ္လို႔ ရတယ္။
ဆားမွာ အနံ႔ဆိုးေပ်ာက္ေစႏိုင္တဲ့ အာ နိသင္ရွိတာမို႔ ဖိနပ္ေတြကို အနံ႔မနံေအာင္ လုပ္လို႔ရပါတယ္။
အိမ္က ရႉးဖိနပ္ေတြထဲကို ညဘက္ ဆားေလးတစ္မႈန္ႏွစ္မႈန႔္ေလာက္ ျဖဴး လိုက္ပါ။ မနက္က် ဘရက္ရ္ွနဲ႔ပြတ္ခါလိုက္ ပါ။ ဘာနံ႔မွ မနံေစရဘူး။
(၆) ပါးစပ္အနာ သက္သာေစတယ္။
ဆားရည္နဲ႔ပလုတ္က်င္းတာ၊ ပါးစပ္ ကိုေဆးတာ လုပ္ေပးရင္ အနာသက္သာ ၿပီး ျမန္ျမန္အနာက်က္ေစႏိုင္ပါတယ္။ ေရ တစ္ခြက္ထဲ ဆားတစ္ဇြန္းထည့္ရင္ ရပါၿပီ။
(၇) လည္ေခ်ာင္းနာသက္သာေစတယ္။
ဆားရည္ေႏြးေႏြးနဲ႔ ပလုတ္က်င္းတာ က လည္ေခ်ာင္းနာတာ၊ လည္ေခ်ာင္း ယားတာေတြ အကုန္သက္သာၿပီး ေနလို႔ ေကာင္းေစပါတယ္။
Credit-ယြန္းစႏၵီ
Unicode ဖြင့်ဖတ်ရန်
ဟင်းချက်ဖို့အပြင် ဆားရဲ့အသုံးဝင်ပုံ ခုနစ်မျိုး
အိမ်မှာရှိတဲ့အိမ်သုံးဆားဆို တာ ဟင်းချက်တဲ့နေရာ၊ အစားအ သောက်ပြင်ဆင်တဲ့နေရာမှာပဲ အသုံးဝင် တယ်ထင်နေလား။ တကယ်တမ်း သူ့ရဲ့ အသုံးဝင်တဲ့နေရာတွေ အများကြီးရှိပါ တယ်။ တချို့ကို သိပြီးသားဖြစ်ရင်ဖြစ်မှာ ပေမဲ့ သိပ်မသိသေးတဲ့အသုံးဝင်ပုံတွေကို ပြောပြချင်လို့ပါ။
(၁) ကော်ဖီကို အခါးလျော့အောင် လုပ်လို့ ရတယ်။
ကော်ဖီကို သိပ်မပြင်းတဲ့ခါးဆိမ့်ဆိမ့် လေးဖြစ်ဖို့ဆိုရင် ဆားလေးတစ်ပွင့်နှစ်ပွင့် လောက်ထည့်လိုက်ပါ။ လက်လွန်ရင် တော့ အရသာပျက်နိုင်ပါတယ်နော်။ ဆားမှာ ကော်ဖီရဲ့အခါးဓာတ်ကို ပြယ်စေနိုင်တဲ့ ဆိုဒီယမ်အိုင်းရွန်းတွေ ပါဝင်တယ်လို့ သု တေသနတွေက တွေ့ရှိထားပါတယ်။
(၂) ရေခဲသေတ္တာသန့်ရှင်းရေးလုပ်လို့ ရတယ်။
ရေခဲသေတ္တာကို သုံးလတစ်ကြိမ် သို့ မဟုတ် ခြောက်လတစ်ကြိမ်တော့ အနံ့အ သက်ကင်းအောင်၊ သန့်ရှင်းသပ်ရပ် အောင် လုပ်ပေးသင့်ပါတယ်။ ဒါပေမဲ့ ဆပ် ပြာနဲ့တိုက်ဆေးချလို့မဖြစ်တာကြောင့် ကပ်ငြိနေတဲ့အစွန်းအထင်းတွေနဲ့အနံ့ဆိုး တွေပျောက်အောင် ရေနွေးနွေးနဲ့ဖျော် ထားတဲ့ဆားရည်ကိုသုံးပြီး လိုတဲ့နေရာ ပွတ်တိုက်ပေးပါ။
(၃) ပန်းကန်ဆေးရေမြှုပ်ကို သန့်စင်လို့ ရတယ်။
အဆီနဲ့အညစ်အကြေးတွေ အမြဲထိ တွေ့နေရတဲ့ရေမြှုပ်လေးတွေကို တစ်ခါ သုံးလို အမြဲစွန့်ပစ်လို့တော့ ဘယ်တွက် ခြေကိုက်ပါ့မလဲ။ အကြာကြီးမဟုတ်ပေမဲ့ သုံးလို့ရသလောက်တော့ ပြန်သန့်စင်ပြီး သုံးဖို့၊ တာရှည်အသုံးခံဖို့အတွက် ဆားက အသုံးဝင်ပါတယ်။ ရေမြှုပ်တွေကို ဆား ရည်ကျဲကျဲထဲ တစ်ညလောက်စိမ်ထား လိုက်ရုံပါပဲ။
(၄) မီးပူမှာကပ်နေသမျှ ဖယ်ရှားလို့ ရတယ်။
မီးပူမှာကပ်နေတဲ့အရာတွေကြောင့် အဝတ်အစားတွေမှာ စွန်းပေကုန်တာ၊ တိုက်လို့တွန့်ကြေကုန်တာ၊ ကပ်စေးကပ် စေးဖြစ်ကုန်တာ၊ မီးကျွမ်းတာတွေဖြစ်လာ ရင် စိတ်ညစ်ဖို့ကောင်းတယ်မလား။ ပွတ် တိုက်လို့လည်းမရ၊ ဆေးချလည်းမရနဲ့ သန့်စင်ဖို့မလွယ်ကူပါဘူး။
မီးပူကို အပူပြင်းပြင်းတင်ထားပါ။ သတင်းစာစက္ကူပေါ်ဆားနည်းနည်းဖြူး ထားပြီး အပေါ်ကနေ မီးပူတိုက်လိုက်ပါ။
(၅) ဖိနပ်အနံ့ပျောက်အောင် လုပ်လို့ ရတယ်။
ဆားမှာ အနံ့ဆိုးပျောက်စေနိုင်တဲ့ အာ နိသင်ရှိတာမို့ ဖိနပ်တွေကို အနံ့မနံအောင် လုပ်လို့ရပါတယ်။
အိမ်က ရှူးဖိနပ်တွေထဲကို ညဘက် ဆားလေးတစ်မှုန်နှစ်မှုန့်လောက် ဖြူး လိုက်ပါ။ မနက်ကျ ဘရက်ရ်ှနဲ့ပွတ်ခါလိုက် ပါ။ ဘာနံ့မှ မနံစေရဘူး။
(၆) ပါးစပ်အနာ သက်သာစေတယ်။
ဆားရည်နဲ့ပလုတ်ကျင်းတာ၊ ပါးစပ် ကိုဆေးတာ လုပ်ပေးရင် အနာသက်သာ ပြီး မြန်မြန်အနာကျက်စေနိုင်ပါတယ်။ ရေ တစ်ခွက်ထဲ ဆားတစ်ဇွန်းထည့်ရင် ရပါပြီ။
(၇) လည်ချောင်းနာသက်သာစေတယ်။
ဆားရည်နွေးနွေးနဲ့ ပလုတ်ကျင်းတာ က လည်ချောင်းနာတာ၊ လည်ချောင်း ယားတာတွေ အကုန်သက်သာပြီး နေလို့ ကောင်းစေပါတယ်။
Credit-ယွန်းစန္ဒီ
0 Comments