Zawgyi ျဖင့္ဖတ္ရန္



ယေန႔ ေခတ္ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာေတာ့ ေဆးလိပ္ ကင္းစင္ဖို႔အတြက္ ႀကိဳးပမ္းလာခဲ့ၾကပါတယ္။ ဒီလို လူသက္တမ္းကို ထက္ဝက္မွ် ေလ်ာ့ခ်ေစတာေၾကာင့္ ႏိုင္ငံတိုင္းလိုလို အစိုးရေတြဟာ ကန႔္သတ္နယ္ေျမေတြနဲ႔ သတ္မွတ္လာခဲ့ၾကပါတယ္။ အခုဆိုရင္ ျမန္မာႏိုင္ငံရဲ႕ အဓိက ၿမိဳ႕ေတာ္ႀကီးျဖစ္တဲ့ ေနျပည္ေတာ္မွာလည္း ေဆးလိပ္ကင္းစင္ေရးအတြက္ ႀကိဳးပမ္းလာခဲ့ၿပီျဖစ္ပါတယ္။ အဆိုပါ ေဆးလိပ္ ကင္းစင္ေရးအတြက္ ေနျပည္ၿမိဳ႕ေတာ္ဝန္ ေဒါက္တာ ဦးမ်ိဳးေအာင္က အမိန႔္ေၾကာ္ျငာစာအမွတ္ ၅၆/၂၀၁၉ ျဖင့္ တားျမစ္ပိတ္ပင္လိုက္တယ္လို႔ သိရပါတယ္။

အဆိုပါ တားျမစ္ပိတ္ပင္မႈနဲ႔ပတ္သတ္ၿပီး ေဒါက္တာဦးမ်ိဳးေအာင္က ဒီဇင္ဘာလ ၂၃ ရက္ေန႔ကစၿပီး ရက္ေပါင္း ၁၈၀ ကိုေတာ့ ပညာေပးကာလ အျဖစ္ သတ္မွတ္ထားတယ္လို႔ ဆိုပါတယ္။ အဆိုပါ ကာလ ၿပီး ေနာက္ပိုင္းမွာေတာ့ ဥပေဒ ခ်ိဳးေဖာက္သူအျဖစ္သတ္မွတ္ အေရးယူသြားမယ္လို႔ ဆိုပါတယ္။ ျပစ္ဒဏ္အျဖစ္ ဒဏ္ေငြ က်ပ္ တစ္ေသာင္း ႐ိုက္ျခင္းအျပင္ အျခားေသာ အျပစ္ေပးမႈေတြ ပါဝင္မယ္လို႔ ဆိုပါတယ္။







ေသာက္သုံးမႈအျပင္ ေရာင္းခ်မႈေတြပါ အေရးယူ ေဆာင္႐ြက္သြားမယ္လို႔ သိရပတယ္။ ေနျပည္ေတာ္ စည္ပင္သာယာေရးေကာ္မတီနယ္နမိတ္အတြင္းရွိ အေဆာက္အအုံ အမ်ိဳးအစား ၁၀ ေနရာကို ေရာင္းခ်ခြင့္၊ ေသာက္သုံးခြင့္ေတြ ပိတ္ပင္လိုက္တာျဖစ္ပါတယ္။ ေနျပည္ေတာ္မွာ ေဆးလိပ္ကို အလိပ္ ၂၀ ေအာက္ ေရာင္းခ်ျခင္း မျပဳလုပ္ရဟု ပါဝင္ပါတယ္။ ေက်ာငးပရိဝုဏ္နဲ႔ ေပ၁၀၀ အကြာမွာ ေရာင္းခ်ရမယ္လို႔ ဆိုပါတယ္။ ပရိတ္သတ္ႀကီးေရ အနာဂါတ္အတြက္ ေဆးလိပ္ဆိုတာ မေကာင္းပါဘူးေနာ္…..။ အခုအစီအစဥ္ေလးကို ပရိတ္သတ္ႀကီးလည္း သေဘာက်ၾကလိမ့္မယ္လို႔ ထင္ပါတယ္။

Writer- ME(Shwe Yaung Lan)

Unicode ဖြင့်ဖတ်ရန်

နေပြည်တော်မှာ ဆေးလိပ်သောက်တဲ့ လူတွေကို ပိုက်ဆံ ၁ သောင်း ဒဏ်ငွေ ရိုက်မယ့်အစီအစဉ်

ယနေ့ ခေတ် နိုင်ငံတော်တော်များများမှာတော့ ဆေးလိပ် ကင်းစင်ဖို့အတွက် ကြိုးပမ်းလာခဲ့ကြပါတယ်။ ဒီလို လူသက်တမ်းကို ထက်ဝက်မျှ လျော့ချစေတာကြောင့် နိုင်ငံတိုင်းလိုလို အစိုးရတွေဟာ ကန့်သတ်နယ်မြေတွေနဲ့ သတ်မှတ်လာခဲ့ကြပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံရဲ့ အဓိက မြို့တော်ကြီးဖြစ်တဲ့ နေပြည်တော်မှာလည်း ဆေးလိပ်ကင်းစင်ရေးအတွက် ကြိုးပမ်းလာခဲ့ပြီဖြစ်ပါတယ်။ အဆိုပါ ဆေးလိပ် ကင်းစင်ရေးအတွက် နေပြည်မြို့တော်ဝန် ဒေါက်တာ ဦးမျိုးအောင်က အမိန့်ကြော်ငြာစာအမှတ် ၅၆/၂၀၁၉ ဖြင့် တားမြစ်ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။

အဆိုပါ တားမြစ်ပိတ်ပင်မှုနဲ့ပတ်သတ်ပြီး ဒေါက်တာဦးမျိုးအောင်က ဒီဇင်ဘာလ ၂၃ ရက်နေ့ကစပြီး ရက်ပေါင်း ၁၈၀ ကိုတော့ ပညာပေးကာလ အဖြစ် သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။ အဆိုပါ ကာလ ပြီး နောက်ပိုင်းမှာတော့ ဥပဒေ ချိုးဖောက်သူအဖြစ်သတ်မှတ် အရေးယူသွားမယ်လို့ ဆိုပါတယ်။ ပြစ်ဒဏ်အဖြစ် ဒဏ်ငွေ ကျပ် တစ်သောင်း ရိုက်ခြင်းအပြင် အခြားသော အပြစ်ပေးမှုတွေ ပါဝင်မယ်လို့ ဆိုပါတယ်။

သောက်သုံးမှုအပြင် ရောင်းချမှုတွေပါ အရေးယူ ဆောင်ရွက်သွားမယ်လို့ သိရပတယ်။ နေပြည်တော် စည်ပင်သာယာရေးကော်မတီနယ်နမိတ်အတွင်းရှိ အဆောက်အအုံ အမျိုးအစား ၁၀ နေရာကို ရောင်းချခွင့်၊ သောက်သုံးခွင့်တွေ ပိတ်ပင်လိုက်တာဖြစ်ပါတယ်။ နေပြည်တော်မှာ ဆေးလိပ်ကို အလိပ် ၂၀ အောက် ရောင်းချခြင်း မပြုလုပ်ရဟု ပါဝင်ပါတယ်။ ကျောငးပရိဝုဏ်နဲ့ ပေ၁၀၀ အကွာမှာ ရောင်းချရမယ်လို့ ဆိုပါတယ်။ ပရိတ်သတ်ကြီးရေ အနာဂါတ်အတွက် ဆေးလိပ်ဆိုတာ မကောင်းပါဘူးနော်…..။ အခုအစီအစဉ်လေးကို ပရိတ်သတ်ကြီးလည်း သဘောကျကြလိမ့်မယ်လို့ ထင်ပါတယ်။

Writer- ME(Shwe Yaung Lan)