မွတ္တမ္းဓာတ္ပံု - သတင္းေထာက္ Ivan Golunov ကို မူးယစ္မႈနဲ႔ ဖမ္းဆီးခဲ႔စဥ္က။ ဇြန္ ၈ ၂၀၂၉။
အသက္ ၃၇ ႏွစ္ရွိ ႐ုရွား သတင္းေထာက္ Ivan Golunov ဟာ ၂၀၁၉ ခုႏွစ္မွာ ေမာ္စကိုၿမိဳ႕ ေနအိမ္မွာ မူးယစ္ေဆးဝါး လက္ဝယ္ ရွိမႈနဲ႔ ဖမ္းဆီးခံခဲ့ရတာပါ။ ႐ုရွား ရဲတပ္ဖြဲ႕အတြင္း အဂတိလိုက္စားမႈနဲ႔ ပတ္သက္ၿပီး သူေရးခဲ့တဲ့ သတင္းတပုဒ္အေပၚ လက္စား ေခ်လိုတာတာေၾကာင့္ သူ႔ေက်ာပိုးအိတ္နဲ႔ တိုက္ခန္းမွာ မူးယစ္ေဆးဝါးေတြကို ရဲေတြခ်ထားခဲ့တာလို႔ သူက ျပန္လည္ေခ်ပခဲ့ပါတယ္။Ivan Golunov အဖမ္းခံရၿပီးတဲ့ေနာက္မွာ ေမာ္စကို ၿမိဳ႕ေတာ္မွာ ႐ုရွားျပည္သူေတြ ရက္ေတာ္ေတာ္ၾကာ လူစုလူေဝးနဲ႔ ဆႏၵျပခဲ့ၾက ပါတယ္။ ေနာက္ဆုံး ႐ုရွား အာဏာပိုင္ေတြက Golunov ကို တရားစြဲဖို႔ အေထာက္အထား မခိုင္လုံေၾကာင္း ေၾကညာခဲ့ၿပီး အမႈကို ႐ုပ္သိမ္းလိုက္တဲ့အခါမွ ဆႏၵျပပြဲေတြ ရပ္ဆိုင္းသြားခဲ့တာပါ။Ivan Golunov နဲ႔ Independent Meduza online သတင္းဌာနက သူ႔ ေရာင္းရင္း သတင္းသမားေတြကလည္း Golunov ကို အမႈဆင္ဖမ္းဆီးတဲ့ သူေတြကို ဥပေဒေၾကာင္းအရ အျပစ္ေပးႏိုင္ဖို႔ ႀကိဳးစားသြားမယ္လို႔ ေျပာၾကားထားခဲ့ပါတယ္။စုံစမ္းေရး ေကာ္မတီရဲ႕ ေျပာခြင့္ရ Svetlana Petrenko က အဖမ္းခံရတဲ့ ရဲအရာရွိေတြကို စုံစမ္းစစ္ေဆးသူေတြက စစ္ေဆးေမးျမန္း ခဲ့တယ္လို႔ ဗုဒၶဟူးေန႔က သတင္းေထာက္ေတြကို ေျပာပါတယ္။ Golunov အမႈဆင္ခံရတာေန လြတ္လာၿပီး ၇ လ အၾကာမွာ ဒီလို အခုလို ရဲအရာရွိေတြကို ဖမ္းဆီးခဲ့တာလည္း ျဖစ္ပါတယ္။

Unicode

သတင်းထောက်ကို ကြံဖန်အမှုဆင်တဲ့ ရဲ ၅ ဦး ရုရှားဖမ်း

မှတ်တမ်းဓာတ်ပုံ - သတင်းထောက် Ivan Golunov ကို မူးယစ်မှုနဲ့ ဖမ်းဆီးခဲ့စဉ်က။ ဇွန် ၈ ၂၀၂၉။ မှတ်တမ်းဓာတ်ပုံ - သတင်းထောက် Ivan Golunov ကို မူးယစ်မှုနဲ့ ဖမ်းဆီးခဲ့စဉ်က။ ဇွန် ၈ ၂၀၂၉။ပြီးခဲ့တဲ့နှစ်က ရုရှား သတင်းထောက်တစ်ဦးကို မူးယစ်ဆေးနဲ့ အမှုဆင် ဖမ်းဆီးခဲ့မှုနဲ့ ရုရှား ရဲတပ်ဖွဲ့ဝင်ဟောင်း ၅ ဦးကို ရုရှား စုံစမ်းစစ်ဆေးရေး ကော်မတီက ဗုဒ္ဓဟူးနေ့က ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။ သူတို့ကို အထောက်အထား လိမ်လည် ပြသမှုနဲ့ စွဲချက်တင်မယ်လို့ ဆိုပါတယ်။အသက် ၃၇ နှစ်ရှိ ရုရှား သတင်းထောက် Ivan Golunov ဟာ ၂၀၁၉ ခုနှစ်မှာ မော်စကိုမြို့ နေအိမ်မှာ မူးယစ်ဆေးဝါး လက်ဝယ် ရှိမှုနဲ့ ဖမ်းဆီးခံခဲ့ရတာပါ။ ရုရှား ရဲတပ်ဖွဲ့အတွင်း အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီး သူရေးခဲ့တဲ့ သတင်းတပုဒ်အပေါ် လက်စား ချေလိုတာတာကြောင့် သူ့ကျောပိုးအိတ်နဲ့ တိုက်ခန်းမှာ မူးယစ်ဆေးဝါးတွေကို ရဲတွေချထားခဲ့တာလို့ သူက ပြန်လည်ချေပခဲ့ပါတယ်။Ivan Golunov အဖမ်းခံရပြီးတဲ့နောက်မှာ မော်စကို မြို့တော်မှာ ရုရှားပြည်သူတွေ ရက်တော်တော်ကြာ လူစုလူဝေးနဲ့ ဆန္ဒပြခဲ့ကြ ပါတယ်။ နောက်ဆုံး ရုရှား အာဏာပိုင်တွေက Golunov ကို တရားစွဲဖို့ အထောက်အထား မခိုင်လုံကြောင်း ကြေညာခဲ့ပြီး အမှုကို ရုပ်သိမ်းလိုက်တဲ့အခါမှ ဆန္ဒပြပွဲတွေ ရပ်ဆိုင်းသွားခဲ့တာပါ။Ivan Golunov နဲ့ Independent Meduza online သတင်းဌာနက သူ့ ရောင်းရင်း သတင်းသမားတွေကလည်း Golunov ကို အမှုဆင်ဖမ်းဆီးတဲ့ သူတွေကို ဥပဒေကြောင်းအရ အပြစ်ပေးနိုင်ဖို့ ကြိုးစားသွားမယ်လို့ ပြောကြားထားခဲ့ပါတယ်။စုံစမ်းရေး ကော်မတီရဲ့ ပြောခွင့်ရ Svetlana Petrenko က အဖမ်းခံရတဲ့ ရဲအရာရှိတွေကို စုံစမ်းစစ်ဆေးသူတွေက စစ်ဆေးမေးမြန်း ခဲ့တယ်လို့ ဗုဒ္ဓဟူးနေ့က သတင်းထောက်တွေကို ပြောပါတယ်။ Golunov အမှုဆင်ခံရတာနေ လွတ်လာပြီး ၇ လ အကြာမှာ ဒီလို အခုလို ရဲအရာရှိတွေကို ဖမ်းဆီးခဲ့တာလည်း ဖြစ်ပါတယ်။