
အီတလီ အေပ်ာ္စီး ဇိမ္ခံသေဘၤာႀကီးတစ္စီးေပၚမွာ ကုိရုိနာ ဗုိင္းရပ္စ္ပုိး ကူးစက္ထားဖြယ္ရွိတဲ့ တရုတ္ခရီးသည္ႏွစ္ဦးကုိ ေတြ႕ရွိခဲ့တာေၾကာင့္ ၄င္းတုိ ့ကုိ စစ္ေဆးစမ္းသပ္မႈေတြ လုပ္ေနခ်ိန္အတြင္း အျခား ခရီးသြား ၆၀၀၀ ေလာက္ကုိ သေဘၤာေပၚက ဆင္းခြင့္မျပဳေတာ့ေၾကာင္း Costa Crociere သေဘၤာကုမၸဏီ ေျပာေရးဆုိခြင့္ရွိသူက ၾကာသာပေတးေန ့မွာ ေျပာဆုိခဲ့ပါတယ္။

ယင္း တရုတ္ဇနီးေမာင္ႏွံဟာ ဇန္န၀ါရီ ၂၅ ရက္ေန ့က အီတလီကုိ ေရာက္ရွိလာတာျဖစ္ၿပီး အဲဒီေန ့မွာပဲ ဆာဗုိနာ ဆိပ္ကမ္းက Costa Smeralda ဇိမ္ခံသေဘၤာႀကီးေပၚ လုိက္ပါခဲ့တာျဖစ္ပါတယ္။ ေနာက္ပုိင္းမွာ ၄င္းတုိ ့ႏွစ္ဦးဟာ ဖ်ားနာလာခဲ့သလုိ အသက္ရႈရ ခက္ခဲတဲ့ ေ၀ဒနာေတြ ခံစားလာခဲ့ရတာျဖစ္ပါတယ္။

ဇိမ္ခံသေဘၤာႀကီးဟာ ယခုသီတင္းပတ္အတြင္း ျပင္သစ္ႏုိင္ငံ မာေဆးၿမိဳ႕၊ စပိန္ႏုိင္ငံ ဘာစီလုိနာနဲ႕ ပါလ္မာဒီ မာေယာ့ကာ ဆိပ္ကမ္းေတြမွာ ဆုိက္ကပ္ လည္ပတ္ခဲ့ၿပီး ၾကာသာပေတးေန ့မွာ ေရာမၿမိဳ႕ေျမာက္ပုိင္းက စီဗီတာဗက္ခ်ီယာ ဆိပ္ကမ္းမွာ ဆုိက္ကပ္ခဲ့တာျဖစ္ပါတယ္။

တရုတ္ ဇနီးေမာင္ႏွံဟာ လူသတ္ ကုိရုိနာဗုိင္းရပ္စ္ ကူးစက္ခံထားခဲ့ရသလားဆုိတာ သိရွိႏုိင္ဖုိ ့ ေဆးဘက္ဆုိင္ရာ စစ္ေဆးမႈေတြ လုပ္ေနခ်ိန္မွာ ဘယ္သူ႕ကုိမွ် သေဘၤာေပၚက ဆင္းခြင့္ျပဳမထားေၾကာင္း ကုမၸဏီ ေျပာေရးဆုိခြင့္ရွိသူက ေျပာဆုိပါတယ္။ အေျခအေန ရွင္းရွင္းလင္းလင္း သိရဖုိ ့ နာရီအနည္းငယ္ အခ်ိန္ယူရမွာျဖစ္ေၾကာင္းလည္း ၄င္းက ေျပာဆုိခဲ့ပါတယ္။
အကုန္သိ
Unicode
အပျော်စီးသင်္ဘောကြီးပေါ်တွင် ဗိုင်းရပ်စ် ကူးစက်သံသယရှိ တရုတ်ခရီးသွားနှစ်ဦး တွေ့ရှိခဲ့တာကြောင့် အခြား ခရီးသည် ၆၀၀၀ ခန် ့ကို သင်္ဘောပေါ်မှ ဆင်းခွင့်မပြုတော့
အီတလီ အပျော်စီး ဇိမ်ခံသင်္ဘောကြီးတစ်စီးပေါ်မှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်ထားဖွယ်ရှိတဲ့ တရုတ်ခရီးသည်နှစ်ဦးကို တွေ့ရှိခဲ့တာကြောင့် ၄င်းတို ့ကို စစ်ဆေးစမ်းသပ်မှုတွေ လုပ်နေချိန်အတွင်း အခြား ခရီးသွား ၆၀၀၀ လောက်ကို သင်္ဘောပေါ်က ဆင်းခွင့်မပြုတော့ကြောင်း Costa Crociere သင်္ဘောကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူက ကြာသာပတေးနေ ့မှာ ပြောဆိုခဲ့ပါတယ်။
ယင်း တရုတ်ဇနီးမောင်နှံဟာ ဇန်နဝါရီ ၂၅ ရက်နေ ့က အီတလီကို ရောက်ရှိလာတာဖြစ်ပြီး အဲဒီနေ ့မှာပဲ ဆာဗိုနာ ဆိပ်ကမ်းက Costa Smeralda ဇိမ်ခံသင်္ဘောကြီးပေါ် လိုက်ပါခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာ ၄င်းတို ့နှစ်ဦးဟာ ဖျားနာလာခဲ့သလို အသက်ရှုရ ခက်ခဲတဲ့ ဝေဒနာတွေ ခံစားလာခဲ့ရတာဖြစ်ပါတယ်။
ဇိမ်ခံသင်္ဘောကြီးဟာ ယခုသီတင်းပတ်အတွင်း ပြင်သစ်နိုင်ငံ မာဆေးမြို့၊ စပိန်နိုင်ငံ ဘာစီလိုနာနဲ့ ပါလ်မာဒီ မာယော့ကာ ဆိပ်ကမ်းတွေမှာ ဆိုက်ကပ် လည်ပတ်ခဲ့ပြီး ကြာသာပတေးနေ ့မှာ ရောမမြို့မြောက်ပိုင်းက စီဗီတာဗက်ချီယာ ဆိပ်ကမ်းမှာ ဆိုက်ကပ်ခဲ့တာဖြစ်ပါတယ်။
တရုတ် ဇနီးမောင်နှံဟာ လူသတ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားခဲ့ရသလားဆိုတာ သိရှိနိုင်ဖို ့ ဆေးဘက်ဆိုင်ရာ စစ်ဆေးမှုတွေ လုပ်နေချိန်မှာ ဘယ်သူ့ကိုမျှ သင်္ဘောပေါ်က ဆင်းခွင့်ပြုမထားကြောင်း ကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုပါတယ်။ အခြေအနေ ရှင်းရှင်းလင်းလင်း သိရဖို ့ နာရီအနည်းငယ် အချိန်ယူရမှာဖြစ်ကြောင်းလည်း ၄င်းက ပြောဆိုခဲ့ပါတယ်။
အကုန်သိ
0 Comments