
ပရိသတ္ေတြရဲ႕ ခ်စ္ျခင္းေမတၱာကိုအျပည့္အဝရရွိထားတဲ့ သ႐ုပ္ေဆာင္မိုးယုစံကေတာ့ လက္ရွိမွာ သားသားေလးတစ္ေယာက္ကို ပိုင္ဆိုင္ထားၿပီး ေပ်ာ္႐ႊင္စရာ မိသားစုဘဝေလးကို ပိုင္ဆိုင္ထားတာကိုလည္း ေတြ႕ရပါတယ္။မိုးယုစံကေတာ့(၂၀၀၇)ခုႏွစ္ကေနစလို႔ အလွမယ္ၿပိဳင္ပြဲေတြကို ဝင္ၿပိဳင္ၿပီး ဆုတံဆိပ္ေတြရရွိကာ အႏုပညာေလာကဘက္ကို ေျခဆန႔္လာခဲ့တာပဲျဖစ္ပါတယ္။

မိုးယုစံကေတာ့ အိမ္ေထာင္က်ၿပီးေနာက္ပိုင္းမွာ မိသားစုအတြက္ကို ပိုမိုအခ်ိန္ေပးျဖစ္ေနတာေၾကာင့္ အႏုပညာအလုပ္ေတြကို ခပ္က်ဲက်ဲသာ လုပ္ကိုင္ေတာ့တာကိုလည္း ေတြ႕ရွိရပါတယ္။အႏုပညာအလုပ္ေတြကို ဝါသနာပါလြန္းတဲ့ မိုးယုစံက သမီးေလးေမြးလာခဲ့ရင္ သမီးေလးကို သူ႔လိုပဲအလွမယ္တစ္ေယာက္ျဖစ္ေအာင္ လုပ္ေပးဖို႔ ဆႏၵရွိေနခဲ့တာလည္း ျဖစ္ပါတယ္။

သို႔ေပမဲ့လည္း လက္ရွိအခ်ိန္မွာ သားေလးတစ္ေယာက္ကိုသာ ပိုင္ဆိုင္ထားတာေၾကာင့္ “Missပြဲေတြနဲ႔စလာသူဆိုေတာ့ အဲ့ပြဲေတြဆိုအရမ္းရင္ခုန္တယ္။ သမီးေလးေမြးရင္ miss universeျဖစ္ေအာင္လုပ္မယ္ဆိုတဲ့စိတ္ကူးက ေဝးဖို႔မ်ားေနေတာ့ ကိုယ္တိုင္ပဲ အိမ္ေထာင္ရွင္miss ပဲဝင္ၿပိဳင္ေတာ့မယ္”ဆိုၿပီး သမီးေလးမရွိေသးလို႔ အလွမယ္ျဖစ္ေအာင္မလုပ္ႏိုင္တာေၾကာင့္ ကိုယ္တိုင္ပဲ အိမ္ေထာင္ရွင္အလွမယ္ဝင္ၿပိဳင္ေတာ့မယ္ဆိုၿပီးေျပာထားတာပဲျဖစ္ပါတယ္။ ပရိသတ္ႀကီးေရ မိုးယုစံတစ္ေယာက္ တကယ္ပဲ အိမ္ေထာင္ရွင္အလွမယ္ ဝင္ၿပိဳင္မယ္ဆို အားေပးၾကမွာလား။

Unicode
ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာကိုအပြည့်အဝရရှိထားတဲ့ သရုပ်ဆောင်မိုးယုစံကတော့ လက်ရှိမှာ သားသားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီး ပျော်ရွှင်စရာ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာကိုလည်း တွေ့ရပါတယ်။မိုးယုစံကတော့(၂၀၀၇)ခုနှစ်ကနေစလို့ အလှမယ်ပြိုင်ပွဲတွေကို ဝင်ပြိုင်ပြီး ဆုတံဆိပ်တွေရရှိကာ အနုပညာလောကဘက်ကို ခြေဆန့်လာခဲ့တာပဲဖြစ်ပါတယ်။
မိုးယုစံကတော့ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ မိသားစုအတွက်ကို ပိုမိုအချိန်ပေးဖြစ်နေတာကြောင့် အနုပညာအလုပ်တွေကို ခပ်ကျဲကျဲသာ လုပ်ကိုင်တော့တာကိုလည်း တွေ့ရှိရပါတယ်။အနုပညာအလုပ်တွေကို ဝါသနာပါလွန်းတဲ့ မိုးယုစံက သမီးလေးမွေးလာခဲ့ရင် သမီးလေးကို သူ့လိုပဲအလှမယ်တစ်ယောက်ဖြစ်အောင် လုပ်ပေးဖို့ ဆန္ဒရှိနေခဲ့တာလည်း ဖြစ်ပါတယ်။
သို့ပေမဲ့လည်း လက်ရှိအချိန်မှာ သားလေးတစ်ယောက်ကိုသာ ပိုင်ဆိုင်ထားတာကြောင့် “Missပွဲတွေနဲ့စလာသူဆိုတော့ အဲ့ပွဲတွေဆိုအရမ်းရင်ခုန်တယ်။ သမီးလေးမွေးရင် miss universeဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်ကူးက ဝေးဖို့များနေတော့ ကိုယ်တိုင်ပဲ အိမ်ထောင်ရှင်miss ပဲဝင်ပြိုင်တော့မယ်”ဆိုပြီး သမီးလေးမရှိသေးလို့ အလှမယ်ဖြစ်အောင်မလုပ်နိုင်တာကြောင့် ကိုယ်တိုင်ပဲ အိမ်ထောင်ရှင်အလှမယ်ဝင်ပြိုင်တော့မယ်ဆိုပြီးပြောထားတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးရေ မိုးယုစံတစ်ယောက် တကယ်ပဲ အိမ်ထောင်ရှင်အလှမယ် ဝင်ပြိုင်မယ်ဆို အားပေးကြမှာလား။

0 Comments