
မင္းသားႀကီးေက်ာ္သူက အႏုပညာေလာကမွာ လ်ွမ္းလ်ွမ္းေတာက္ ေအာင္ျမင္ရံုသာမက သူ႔ရဲ႕ ပရဟိတစိတ္ဓာတ္ေၾကာင့္လည္း လူခ်စ္လူခင္ ေပါမ်ားသူတစ္ဦး ျဖစ္ပါတယ္။ ေက်ာ္သူက နာေရးကူညီမႈအသင္း (ရန္ကုန္) ကို တည္ေထာင္ထားၿပီး ပရဟိတလုပ္ငန္းေတြကို စြမ္းစြမ္းတမံ လုပ္ကိုင္ေနတာ ျဖစ္ပါတယ္။ ေက်ာ္သူက ဒီေန႔ အေမမ်ားေန႔မွာ သားအမိသံုးေယာက္ရဲ႕ ႐ုပ္အေလာင္းကို ဂူသြင္းေပးခဲ့ရေၾကာင္း အခုလို ေျပာျပလာပါတယ္။

“မေလးရွားနိုင္ငံတြင္ ၁-၁-၂၀၂၀ ရက္ေန့က ဘုရားေက်ာင္းသို့လာရန္အတြက္ ဘတ္စ္ ကားေစာင့္ေနသည့္ ခ်င္းတိုင္းရင္းသူ မိခင္ျဖစ္သူ မက်ိန္ရွမ္းဟႊဲ(၃၂)နွစ္နွင့္ သားျဖစ္သူ ေမာင္ထန္ရွမ္းစံ(၄)နွစ္ သားငယ္ေလး ေမာင္ေသာင္ထန္းလွ်ံ(၂)ႏွစ္ တို့(၃)ဦးအား ကားႀကီးတစ္စီးမွ၀င္တိုက္ခဲ့ရာ”

“သုံးဦးစလုံး ကြယ္လြန္ သြားေသာေၾကာင့္ ကာယကံရွင္မိသားစု၀င္မ်ားေဆြမ်ိုးမ်ားမွ ရန္ကုန္သို့ သယ္ေဆာင္ကာ ခရစ္ယန္သုသန္တြင္ဂူသြင္းရန္ဆႏၵရိွေသာေၾကာင့္ ယမန္ေန့က ေလယာဥ္ျဖင့္သယ္ေဆာင္လာကာ ေျမာက္ဥကၠလာေဆးရုံသို့ ေက်ာ္သူ|ထြန္းကိုကို|ထူးေအာင္တို့သုံးဦးမွ နိဗၺာန္ယာဥ္သုံးစီးျဖင့္ ပို့ေဆာင္ခဲ့ၿပီး”

“ယေန့(အေမမ်ားေန့)ေန့လည္(၁:၀၀) နာရီအခ်ိန္တြင္ ေျမာက္ဥကၠလာေဆးရုံမွ ေရေ၀းသုသ၁န္ ရိွ ခရစ္ယန္သုသ၁န္သို့ ပို့ေဆာင္ ဂူသြင္းမွုကိုျပဳလုပ္ခဲ့ပါသည္။”

“အေမမ်ားေန့အမွတ္တရ အျဖစ္ မိခင္နွင့္သားငယ္နွစ္ဦး၏ နာေရးကိစၥကို ကုသိုလ္ျပဳျဖစ္သကဲ့သို့ က်န္ရစ္သူခင္ပြန္း ေဆြမ်ိုးသားခ်င္းမ်ားနွင့္ ထပ္တူထပ္မွ် ကြ်န္ေတာ္တို့ နာကူ(ရန္ကုန္) မွ ခံစားမိပါေတာ့သည္။” ဆိုၿပီး ဝမ္းနည္းစြာ ေျပာျပထားပါတယ္။

ကြယ္လြန္သြားတဲ့ သားအမိသံုးေယာက္အတြက္ကေတာ့ စိတ္မေကာင္းစရာပါပဲ။ သားအမိသံုးေယာက္စလံုး ခရစ္ေတာ္မွာ ေအးခ်မ္းစြာ အနားယူႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။
မိုမုိေလး
Unicode
မင်းသားကြီးကျော်သူက အနုပညာလောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်ရုံသာမက သူ့ရဲ့ ပရဟိတစိတ်ဓာတ်ကြောင့်လည်း လူချစ်လူခင် ပေါများသူတစ်ဦး ဖြစ်ပါတယ်။ ကျော်သူက နာရေးကူညီမှုအသင်း (ရန်ကုန်) ကို တည်ထောင်ထားပြီး ပရဟိတလုပ်ငန်းတွေကို စွမ်းစွမ်းတမံ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ကျော်သူက ဒီနေ့ အမေများနေ့မှာ သားအမိသုံးယောက်ရဲ့ ရုပ်အလောင်းကို ဂူသွင်းပေးခဲ့ရကြောင်း အခုလို ပြောပြလာပါတယ်။
“မလေးရှားနိုင်ငံတွင် ၁-၁-၂၀၂၀ ရက်နေ့က ဘုရားကျောင်းသို့လာရန်အတွက် ဘတ်စ် ကားစောင့်နေသည့် ချင်းတိုင်းရင်းသူ မိခင်ဖြစ်သူ မကျိန်ရှမ်းဟွှဲ(၃၂)နှစ်နှင့် သားဖြစ်သူ မောင်ထန်ရှမ်းစံ(၄)နှစ် သားငယ်လေး မောင်သောင်ထန်းလျှံ(၂)နှစ် တို့(၃)ဦးအား ကားကြီးတစ်စီးမှဝင်တိုက်ခဲ့ရာ”
“သုံးဦးစလုံး ကွယ်လွန် သွားသောကြောင့် ကာယကံရှင်မိသားစုဝင်များဆွေမျိုးများမှ ရန်ကုန်သို့ သယ်ဆောင်ကာ ခရစ်ယန်သုသန်တွင်ဂူသွင်းရန်ဆန္ဒရှိသောကြောင့် ယမန်နေ့က လေယာဉ်ဖြင့်သယ်ဆောင်လာကာ မြောက်ဥက္ကလာဆေးရုံသို့ ကျော်သူ|ထွန်းကိုကို|ထူးအောင်တို့သုံးဦးမှ နိဗ္ဗာန်ယာဉ်သုံးစီးဖြင့် ပို့ဆောင်ခဲ့ပြီး”
“ယနေ့(အမေများနေ့)နေ့လည်(၁:၀၀) နာရီအချိန်တွင် မြောက်ဥက္ကလာဆေးရုံမှ ရေဝေးသုသ၁န် ရှိ ခရစ်ယန်သုသ၁န်သို့ ပို့ဆောင် ဂူသွင်းမှုကိုပြုလုပ်ခဲ့ပါသည်။”
“အမေများနေ့အမှတ်တရ အဖြစ် မိခင်နှင့်သားငယ်နှစ်ဦး၏ နာရေးကိစ္စကို ကုသိုလ်ပြုဖြစ်သကဲ့သို့ ကျန်ရစ်သူခင်ပွန်း ဆွေမျိုးသားချင်းများနှင့် ထပ်တူထပ်မျှ ကျွန်တော်တို့ နာကူ(ရန်ကုန်) မှ ခံစားမိပါတော့သည်။” ဆိုပြီး ဝမ်းနည်းစွာ ပြောပြထားပါတယ်။
ကွယ်လွန်သွားတဲ့ သားအမိသုံးယောက်အတွက်ကတော့ စိတ်မကောင်းစရာပါပဲ။ သားအမိသုံးယောက်စလုံး ခရစ်တော်မှာ အေးချမ်းစွာ အနားယူနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
မိုမိုလေး
0 Comments