Zawgyiျဖင့္ဖတ္ရန္ရန္ကုန္မွာ ဗိုလ္ခ်ဳပ္ပုံပါ (၁၀၀၀)တန္ ေငြစကၠဴမ်ား စတင္လဲလွယ္ေပးတဲ့ ဒီကေန႔ဇန္နဝါရီလ(၇)ရက္ေန႔မွာပဲ ျမန္မာ့စီးပြားေရးဘဏ္ကို လာေရာက္လဲလွယ္တဲ့သူ မ်ားျပားတာေၾကာင့္ ေနာက္ပိုင္းမွာတစ္ေယာက္ကို တစ္႐ြက္ႏႈန္းသာလဲလွယ္ေပးႏိုင္ပါေတာ့တယ္။

ဗဟိုဘဏ္က တစ္ဘဏ္ကို သန္း(၄၀)ခ်ေပးထားတာျဖစ္ၿပီး ဘယ္ကာလအထိဆိုၿပီး သတ္မွတ္မေပးထားတာေၾကာင့္ ဘဏ္ကတာဝန္ရွိသူေတြက အားလုံးလည္းလဲလွယ္ႏိုင္ေအာင္ အဆင္ေျပသလို လဲလွယ္ေပးလွ်က္ရွိပါတယ္။
“ ဘဏ္ေတြကိုခ်ေပးထားတဲ့ေငြကလည္း အကန႔္အသတ္ေလ။ ၫႊန္ၾကားခ်က္ကေတာ့ (၇)ရက္ေန႔မွပဲ စေဝရမယ္ဆိုၿပီး ၫႊန္ၾကားထားတာ။ တစ္ေယာက္ကို ဘယ္ႏွစ္႐ြက္ဆိုၿပီးေတာ့မေျပာထားဘူး။ ကိုယ္ေတြက လာေရာက္လဲလွယ္တဲ့သူေတြလည္းအဆင္ေျပေအာင္ဆိုၿပီး လူဦးေရေပၚမူတည္ၿပီးလဲေပးတာ။ လူကေတာ့ ဒီေန႔မွာတင္ အရမ္းမ်ားတယ္။ အစက အမတို႔က တစ္ေယာက္ကို (၅)႐ြက္လဲေပးတယ္။ လူမ်ားလာေတာ့ (၃)႐ြက္ဆိုၿပီး သတ္မွတ္လိုက္တယ္။ ေနာက္ဆုံးဘယ္လိုမွမႏိုင္ေတာ့လို႔ အခု တစ္ေယာက္ကို တစ္႐ြက္ႏႈန္းပဲလဲလွယ္ေပးႏိုင္ေတာ့တယ္” လို႔ ကမာ႐ြတ္ၿမိဳ႕နယ္ ျမန္မာ့စီးပြားေရးဘဏ္မွ လက္ေထာက္မန္ေနဂ်ာ ေဒၚခင္မာလာက Duwun ကိုေျပာပါတယ္။
ျပည္သူေတြအေနနဲ႔ကလည္း ဗိုလ္ခ်ဳပ္ပုံပါတဲ့ (၁၀၀၀)က်ပ္တန္ ေငြစကၠဴေတြကို သိန္းနဲ႔ခ်ီလဲလွယ္ဖို႔ရည္႐ြယ္ထားေပမယ့္ လိုသေလာက္လဲလွယ္ခြင့္မရရွိခဲ့ၾကပါဘူး။
“ ႏွစ္သစ္လည္းျဖစ္တယ္။ ဗိုလ္ခ်ဳပ္ပုံပါတဲ့ ပိုက္ဆံလည္းထြက္ေတာ့ အမွတ္တရအေနနဲ႔လဲဖို႔လာတာ။ တကူးတကလာလဲတာပါ။ ကြၽန္ေတာ္က (၂)သိန္းလဲဖို႔ဆိုၿပီးလာတာ။ ဒီေရာက္ေတာ့ တစ္ေယာက္မွတစ္႐ြက္ပဲရတယ္။ တစ္႐ြက္ဆိုေတာ့လည္းတစ္႐ြက္ေပါ့။ ပထ္မဆုံးရက္မွာ ျမင္ေတာ့ျမင္လိုက္ရတာေတာ့။ ေနာက္ပိုင္းမွာေတာ့ မ်ားမ်ားလဲလို႔ရရင္ပိုေကာင္းမယ္” လို႔ ပိုက္ဆံလာလဲတဲ့ ဘုရင့္ေနာင္မွ ကိုမ်ိဳးမင္းသန္းကေျပာပါတယ္။
ဗိုလ္ခ်ဳပ္ပုံပါ တစ္ေထာင္တန္ ေငြစကၠဴက အေရာင္အားျဖင့္ အျပာေရာင္ျဖစ္ၿပီး အ႐ြယ္အစားမွာ အလ်ား (၁၅၀)မီလီမီတာနဲ႔ အနံ (၇၀)မီလီမီတာ ရွိပါတယ္။ ေငြစကၠဴ ပုံစံသစ္ရဲ႕ မ်က္ႏွာစာဘက္မွာ ဗိုလ္ခ်ဳပ္ေအာင္ဆန္းပုံပါရွိၿပီး ေက်ာဘက္မွာေတာ့ လႊတ္ေတာ္ အေဆာက္အအုံပုံပါရွိတယ္လို႔ ဗဟိုဘဏ္က ထုတ္ျပန္ထားပါတယ္။
ဗိုလ္ခ်ဳပ္ပုံပါ ေငြစကၠဴ (၁၀၀၀)တန္ေငြစကၠဴ ပုံစံသစ္ကိုေတာ့ ဒီေန႔ကစၿပီး ဘဏ္မ်ားမွာ ျဖန႔္ေဝေပးလွ်က္ရွိၿပီး လက္ရွိသုံးစြဲေနေသာ (၁၀၀၀)တန္ ေငြစကၠဴမ်ားကလည္း တရားဝင္ေငြအျဖစ္ ဆက္လက္ရပ္တည္ေနမွာလည္းျဖစ္ပါတယ္။ စတင္လဲလွယ္ေပးတဲ့ ဒီကေန႔ ဇန္နဝါရီလ (၇)ရက္ေန႔မွာဘဲအၿမိဳ႕ၿမိဳ႕အနယ္နယ္တိုင္းက ျမန္မာ့စီးပြားေရးဘဏ္ေတြမွာ လာေရာက္လဲလွယ္တဲ့သူေတြနဲ႔ စည္ကားလွ်က္ရွိခဲ့ပါတယ္။




Unicode ဖြင့်ဖတ်ရန်ရန်ကုန်မှာ ဗိုလ်ချုပ်ပုံပါ (၁၀၀၀)တန် ငွေစက္ကူများ စတင်လဲလှယ်ပေးတဲ့ ဒီကနေ့ဇန်နဝါရီလ(၇)ရက်နေ့မှာပဲ မြန်မာ့စီးပွားရေးဘဏ်ကို လာရောက်လဲလှယ်တဲ့သူ များပြားတာကြောင့် နောက်ပိုင်းမှာတစ်ယောက်ကို တစ်ရွက်နှုန်းသာလဲလှယ်ပေးနိုင်ပါတော့တယ်။
ဗဟိုဘဏ်က တစ်ဘဏ်ကို သန်း(၄၀)ချပေးထားတာဖြစ်ပြီး ဘယ်ကာလအထိဆိုပြီး သတ်မှတ်မပေးထားတာကြောင့် ဘဏ်ကတာဝန်ရှိသူတွေက အားလုံးလည်းလဲလှယ်နိုင်အောင် အဆင်ပြေသလို လဲလှယ်ပေးလျှက်ရှိပါတယ်။
“ ဘဏ်တွေကိုချပေးထားတဲ့ငွေကလည်း အကန့်အသတ်လေ။ ညွှန်ကြားချက်ကတော့ (၇)ရက်နေ့မှပဲ စဝေရမယ်ဆိုပြီး ညွှန်ကြားထားတာ။ တစ်ယောက်ကို ဘယ်နှစ်ရွက်ဆိုပြီးတော့မပြောထားဘူး။ ကိုယ်တွေက လာရောက်လဲလှယ်တဲ့သူတွေလည်းအဆင်ပြေအောင်ဆိုပြီး လူဦးရေပေါ်မူတည်ပြီးလဲပေးတာ။ လူကတော့ ဒီနေ့မှာတင် အရမ်းများတယ်။ အစက အမတို့က တစ်ယောက်ကို (၅)ရွက်လဲပေးတယ်။ လူများလာတော့ (၃)ရွက်ဆိုပြီး သတ်မှတ်လိုက်တယ်။ နောက်ဆုံးဘယ်လိုမှမနိုင်တော့လို့ အခု တစ်ယောက်ကို တစ်ရွက်နှုန်းပဲလဲလှယ်ပေးနိုင်တော့တယ်” လို့ ကမာရွတ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ လက်ထောက်မန်နေဂျာ ဒေါ်ခင်မာလာက Duwun ကိုပြောပါတယ်။
ပြည်သူတွေအနေနဲ့ကလည်း ဗိုလ်ချုပ်ပုံပါတဲ့ (၁၀၀၀)ကျပ်တန် ငွေစက္ကူတွေကို သိန်းနဲ့ချီလဲလှယ်ဖို့ရည်ရွယ်ထားပေမယ့် လိုသလောက်လဲလှယ်ခွင့်မရရှိခဲ့ကြပါဘူး။
“ နှစ်သစ်လည်းဖြစ်တယ်။ ဗိုလ်ချုပ်ပုံပါတဲ့ ပိုက်ဆံလည်းထွက်တော့ အမှတ်တရအနေနဲ့လဲဖို့လာတာ။ တကူးတကလာလဲတာပါ။ ကျွန်တော်က (၂)သိန်းလဲဖို့ဆိုပြီးလာတာ။ ဒီရောက်တော့ တစ်ယောက်မှတစ်ရွက်ပဲရတယ်။ တစ်ရွက်ဆိုတော့လည်းတစ်ရွက်ပေါ့။ ပထ်မဆုံးရက်မှာ မြင်တော့မြင်လိုက်ရတာတော့။ နောက်ပိုင်းမှာတော့ များများလဲလို့ရရင်ပိုကောင်းမယ်” လို့ ပိုက်ဆံလာလဲတဲ့ ဘုရင့်နောင်မှ ကိုမျိုးမင်းသန်းကပြောပါတယ်။
ဗိုလ်ချုပ်ပုံပါ တစ်ထောင်တန် ငွေစက္ကူက အရောင်အားဖြင့် အပြာရောင်ဖြစ်ပြီး အရွယ်အစားမှာ အလျား (၁၅၀)မီလီမီတာနဲ့ အနံ (၇၀)မီလီမီတာ ရှိပါတယ်။ ငွေစက္ကူ ပုံစံသစ်ရဲ့ မျက်နှာစာဘက်မှာ ဗိုလ်ချုပ်အောင်ဆန်းပုံပါရှိပြီး ကျောဘက်မှာတော့ လွှတ်တော် အဆောက်အအုံပုံပါရှိတယ်လို့ ဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။
ဗိုလ်ချုပ်ပုံပါ ငွေစက္ကူ (၁၀၀၀)တန်ငွေစက္ကူ ပုံစံသစ်ကိုတော့ ဒီနေ့ကစပြီး ဘဏ်များမှာ ဖြန့်ဝေပေးလျှက်ရှိပြီး လက်ရှိသုံးစွဲနေသော (၁၀၀၀)တန် ငွေစက္ကူများကလည်း တရားဝင်ငွေအဖြစ် ဆက်လက်ရပ်တည်နေမှာလည်းဖြစ်ပါတယ်။ စတင်လဲလှယ်ပေးတဲ့ ဒီကနေ့ ဇန်နဝါရီလ (၇)ရက်နေ့မှာဘဲအမြို့မြို့အနယ်နယ်တိုင်းက မြန်မာ့စီးပွားရေးဘဏ်တွေမှာ လာရောက်လဲလှယ်တဲ့သူတွေနဲ့ စည်ကားလျှက်ရှိခဲ့ပါတယ်။

Credit: Duwun