Zawgyiျဖင့္ဖတ္ရန္အိုင္ဗရီကို႔စ္ႏိုင္ငံမွ ပ်ံသန္းလာတဲ့ ျပင္သစ္ေလေၾကာင္းလိုင္း ေလယာဥ္မွာ ေတြ႕ခဲ့ရတာျဖစ္ပါတယ္။ျပင္သစ္ႏိုင္ငံ ပါရီၿမိဳ႕ကို ဆိုက္ေရာက္လာတဲ့ ေလယာဥ္ တစ္စီးရဲ႕ ေလယာဥ္ဘီးအုံေနရာမွာ အသက္ ၁၀ ႏွစ္ဝန္းက်င္အ႐ြယ္ ကေလးငယ္တစ္ဦးကို ေသဆုံးလ်က္သား ေတြ႕ခဲ့ရတယ္လို႔ ဆိုပါတယ္။
ပါရီၿမိဳ႕ရွိ Charles de Gaulle ေလဆိပ္ကို ဆိုက္ေရာက္လာတဲ့ Boeing 777 ေလယာဥ္ ဘီးအုံေနရာမွာ ခိုးလိုက္လာသူတစ္ဦးရဲ႕ အေလာင္းကို ယေန႔ (ဇန္နဝါရီ ၈ ရက္) မနက္အေစာပိုင္းက Charles de Gaulle ေလဆိပ္မွာ ေတြ႕ရွိခဲ့ရေၾကာင္း ျပင္သစ္ေလၾကာင္းလိုင္း (Air France) က အတည္ျပဳခဲ့ပါတယ္။ သို႔‌ေသာ္ ေသဆုံးသူရဲ႕ အသက္ကိုေတာ့ ေလေၾကာင္းလိုင္းက ထုတ္ေဖာ္ေျပာခဲ့ျခင္း မရွိပါဘူး။
ျပင္သစ္ရဲတပ္ဖြဲ႕ National Gendarmeri က BBC သတင္းဌာနကို အတည္ျပဳေျပာၾကားမႈအရ ေဒသစံေတာ္ခ်ိန္ မနက္ ၆ နာရီ ၄၀ မိနစ္မွာ အေလာင္းေတြ႕ရွိခဲ့ရတယ္လို႔ ဆိုပါတယ္။ ယခု အေလာင္းေတြ႕ရွိရတဲ့ ေလယာဥ္ဟာ အိုင္ဗရီကို႔စ္ႏိုင္ငံ Abidjan ၿမိဳ႕ကေန အဂၤါေန႔ (ဇန္နဝါရီ ၇ ရက္) ညေနပိုင္းမွာ ထြက္ခြာလာခဲ့ၿပီး ယမန္ေန႔ မနက္အေစာပိုင္းက ပါရီကို ဆိုက္ေရာက္လာခဲ့တာ ျဖစ္ပါတယ္။
ယခုျဖစ္ရပ္ဟာ ABidjan ေလဆိပ္ရဲ႕ လုံၿခဳံေရးေပါ့ေလ်ာ့မႈကို ထင္ရွားေစေၾကာင္း အိုင္ဗရီကို႔စ္ႏိုင္ငံ လုံၿခဳံေရးသတင္းရင္းျမစ္တစ္ခုက AFP သတင္းဌာနကို ေျပာပါတယ္။ အသက္ ၁၀ ႏွစ္အ႐ြယ္ ကေလးတစ္ဦးဟာ ေလယာဥ္မွာ ယခုကဲ့သို႔ ခိုးလိုက္လာႏိုင္မႈအေပၚ ၎က ေမးခြန္းထုတ္ခဲ့ပါတယ္။
Abidjan ၿမိဳ႕မွ ပါရီၿမိဳ႕သို႔ တိုက္႐ိုက္ေလေၾကာင္းခရီးစဥ္ အကြာအေဝးဟာ မိုင္ ၃,၀၀၀ အထိရွိေၾကာင္း သိရပါတယ္။ လတ္တေလာ ႏွစ္မ်ားအတြင္း ေလယာဥ္ခိုးစီးတဲ့ ျဖစ္ရပ္အခ်ိဳ႕ရွိခဲ့ဖူးၿပီး အထူးသျဖင့္ အာဖရိကမွ ဆယ္ေက်ာ္သက္ေတြ ျဖစ္ၾကတယ္လို႔ ဆိုပါတယ္။ ထိုသို႔ ေလယာဥ္ခိုးစီးရာမွာ ေလယာဥ္ဘီးအုံေနရာမွာ ညပ္ၿပီးေသဆုံးမႈ သို႔မဟုတ္ ေအးခဲေသဆုံးမႈေတြ ေတြ႕ခဲ့ရေၾကာင္း သိရပါတယ္။




Unicode ဖြင့်ဖတ်ရန်





အိုင်ဗရီကို့စ်နိုင်ငံမှ ပျံသန်းလာတဲ့ ပြင်သစ်လေကြောင်းလိုင်း လေယာဉ်မှာ တွေ့ခဲ့ရတာဖြစ်ပါတယ်။ပြင်သစ်နိုင်ငံ ပါရီမြို့ကို ဆိုက်ရောက်လာတဲ့ လေယာဉ်တစ်စီးရဲ့ လေယာဉ်ဘီးအုံနေရာမှာ အသက် ၁၀ နှစ်ဝန်းကျင်အရွယ် ကလေးငယ်တစ်ဦးကို သေဆုံးလျက်သား တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
ပါရီမြို့ရှိ Charles de Gaulle လေဆိပ်ကို ဆိုက်ရောက်လာတဲ့ Boeing 777 လေယာဉ် ဘီးအုံနေရာမှာ ခိုးလိုက်လာသူတစ်ဦးရဲ့ အလောင်းကို ယနေ့ (ဇန်နဝါရီ ၈ ရက်) မနက်အစောပိုင်းက Charles de Gaulle လေဆိပ်မှာ တွေ့ရှိခဲ့ရကြောင်း ပြင်သစ်လေကြာင်းလိုင်း (Air France) က အတည်ပြုခဲ့ပါတယ်။ သို့‌သော် သေဆုံးသူရဲ့ အသက်ကိုတော့ လေကြောင်းလိုင်းက ထုတ်ဖော်ပြောခဲ့ခြင်း မရှိပါဘူး။
ပြင်သစ်ရဲတပ်ဖွဲ့ National Gendarmeri က BBC သတင်းဌာနကို အတည်ပြုပြောကြားမှုအရ ဒေသစံတော်ချိန် မနက် ၆ နာရီ ၄၀ မိနစ်မှာ အလောင်းတွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ ယခု အလောင်းတွေ့ရှိရတဲ့ လေယာဉ်ဟာ အိုင်ဗရီကို့စ်နိုင်ငံ Abidjan မြို့ကနေ အင်္ဂါနေ့ (ဇန်နဝါရီ ၇ ရက်) ညနေပိုင်းမှာ ထွက်ခွာလာခဲ့ပြီး ယမန်နေ့ မနက်အစောပိုင်းက ပါရီကို ဆိုက်ရောက်လာခဲ့တာ ဖြစ်ပါတယ်။
ယခုဖြစ်ရပ်ဟာ ABidjan လေဆိပ်ရဲ့ လုံခြုံရေးပေါ့လျော့မှုကို ထင်ရှားစေကြောင်း အိုင်ဗရီကို့စ်နိုင်ငံ လုံခြုံရေးသတင်းရင်းမြစ်တစ်ခုက AFP သတင်းဌာနကို ပြောပါတယ်။ အသက် ၁၀ နှစ်အရွယ် ကလေးတစ်ဦးဟာ လေယာဉ်မှာ ယခုကဲ့သို့ ခိုးလိုက်လာနိုင်မှုအပေါ် ၎င်းက မေးခွန်းထုတ်ခဲ့ပါတယ်။
Abidjan မြို့မှ ပါရီမြို့သို့ တိုက်ရိုက်လေကြောင်းခရီးစဉ် အကွာအဝေးဟာ မိုင် ၃,၀၀၀ အထိရှိကြောင်း သိရပါတယ်။ လတ်တလော နှစ်များအတွင်း လေယာဉ်ခိုးစီးတဲ့ ဖြစ်ရပ်အချို့ရှိခဲ့ဖူးပြီး အထူးသဖြင့် အာဖရိကမှ ဆယ်ကျော်သက်တွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။ ထိုသို့ လေယာဉ်ခိုးစီးရာမှာ လေယာဉ်ဘီးအုံနေရာမှာ ညပ်ပြီးသေဆုံးမှု သို့မဟုတ် အေးခဲသေဆုံးမှုတွေ တွေ့ခဲ့ရကြောင်း သိရပါတယ်။
Credit: Duwun