LOTAYANET TO DAY TV
WELLCOME TO LOTAYANET WEBSITE
HOME
Home
အိႏၵိယ မွာ ၁၅ မိနစ္လွ်င္ အမ်ိဳးသမီးတစ္ဦး မုဒိမ္း က်င့္ခံေနရ
အိႏၵိယ မွာ ၁၅ မိနစ္လွ်င္ အမ်ိဳးသမီးတစ္ဦး မုဒိမ္း က်င့္ခံေနရ
Lotayanet Burmese
-
January 13, 2020
Zawgyiျဖင့္ဖတ္ရန္
ဇန္နဝါရီလ ၉ရက္ေန႔ကက ထုတ္ျပန္ခဲ့တဲ့ အစိုးရရဲ႕ ကိန္းဂဏန္းအခ်က္အလက္ေတြအရ ၂၀၁၈ခုႏွစ္မွာ အိႏၵိယ မွာ ၁၅မိနစ္လွ်င္ တစ္ဦးက် မုဒိမ္းက်င့္ခံေနရတယ္လို႔ တိုင္ၾကားမႈမ်ား ရွိေနခဲ့တာေၾကာင့္ ဒါဟာ ကမာၻမွာ အမ်ိဳးသမီးေတြအတြက္ အဆိုး႐ြားဆုံးေနရာတစ္ခုအျဖစ္ နာမည္ဆိုးထြက္ေနရျခင္းရဲ႕ အေျခခံအေၾကာင္းရင္းပဲ ျဖစ္ပါတယ္။၂၀၁၂ခုႏွစ္ ေဒလီက ေဒလီက ဘတ္စ္ကားတစ္စင္းေပၚမွာ အမ်ိဳးသမီးတစ္ေယာက္ကို အုပ္စုလိုက္ မုဒိမ္းက်င့္သတ္ျဖတ္လိုက္တဲ့ ဟိုးေလးတေက်ာ္ေက်ာ္အမႈေၾကာင့္ ႏိုင္ငံအဝန္းမွာ လူေထာင္ေပါင္းမ်ားစြာဟာ လမ္းေတြေပၚထြက္ ဆႏၵျပလာၾကၿပီး ႐ုပ္ရွင္သ႐ုပ္ေဆာင္ေတြ ႏိုင္ငံေရးသမားေတြကပါ ေတာင္းဆိုလာၾကတာေၾကာင့္ မုဒိမ္းမႈေတြကို ပိုမိုျမန္ျမန္ဆန္ဆန္ စီရင္လာၿပီး ျပစ္ဒဏ္ေတြလည္း ပိုမိုျပင္းထန္လာခဲ့ေပမယ့္ လိင္အၾကမ္းဖက္မႈေတြက ေလ်ာ့မသြားပဲ ဆက္လက္ျဖစ္ပြားေနဆဲသာျဖစ္ပါတယ္။
၂၀၁၈ခုႏွစ္မွာ မုဒိမ္းမႈ ၃၄၀၀၀ကို အမ်ိဳးသမီးေတြက တိုင္ၾကားအမႈဖြင့္လာခဲ့တာေၾကာင့္ အရင္တစ္ႏွစ္ကနဲ႔စာရင္ အေတာ္ကြာျခားသြားခဲ့ပါတယ္။ တိုင္ၾကားလာတဲ့ အမႈေတြအနက္က ၈၅%သာလွ်င္ တရားစြဲခံရၿပီး ယင္းတို႔အနက္က ၂၇%သာလွ်င္ ျပစ္ဒဏ္ခ်မွတ္ခံခဲ့ရတယ္လို႔ ျပည္ထဲေရးဝန္ႀကီးဌာနက ထုတ္ျပန္တဲ့ ႏွစ္ပတ္လည္ မႈခင္းအစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။အမ်ိဳးသမီးအခြင့္အေရးအုပ္စုေတြက ေျပာၾကားရာမွာေတာ့ အမ်ိဳးသမီးေတြအေပၚ က်ဴးလြန္တဲ့ ရာဇဝတ္မႈေတြကို အေရးတယူသိပ္မလုပ္ၾကဘဲ ရဲေတြကလည္း ေပါ့ေပါ့ေလ်ာ့ေလ်ာ့ပဲ စုံစမ္းစစ္ေဆးေနၾကတယ္လို႔ ဆိုပါတယ္။
အမ်ိဳးသမီးအခြင့္အေရးေတာင္းဆိုတဲ့အဖြဲ႕မ်ားက အမ်ိဳးသမီးေတြအေပၚက်ဴးလြန္တဲ့ရာဇဝတ္မႈေတြကို မၾကာခဏအေရးယူမႈနည္းပါးၿပီး ရဲတပ္ဖြဲ႕ရဲ႕စုံစမ္းစစ္ေဆးမႈေတြဟာလည္း စာနာေထာက္ထားမႈအားနည္းေနတယ္လို႔ ဆိုခဲ့ပါတယ္။
ႏိုင္ငံကို အမ်ိဳးသားေတြက စီမံေနတုန္းပါပဲ။ အမ်ိဳးသမီးဝန္ႀကီးခ်ဳပ္ အင္ဒီရာ ဂႏၵီတစ္ေယာက္ ရွိခဲ့ေပမယ့္လည္း ေျပာင္းလဲမသြားခဲ့ပါဘူး။ တရားသူႀကီးအမ်ားစုက ေယာက်ာ္းေတြပါပဲ”ဟု အမ်ိဳးသမီးေရးရာေကာ္မရွင္ အႀကီးအကဲေဟာင္း လာလီသာ ကုမာရမန္ဂါလမ္က ေျပာၾကားခဲ့ပါတယ္။“ႏိုင္ငံမွာ မႈခင္းဓာတ္ခြဲခန္းရယ္လို႔ အလြန္နည္းေနေသးၿပီး ေရွာင္တခင္ခုံ႐ုံးေတြမွာလည္း တရားသူႀကီးေတြ နည္းေနေသးတယ္”လို႔လည္း ဝန္ႀကီးခ်ဳပ္မိုဒီရဲ႕ ဘီေဂ်ပီ ပါတီဝင္တစ္ေယာက္ျဖစ္တဲ့ ကုမာရမန္ဂါလမ္က ေျပာၾကားပါတယ္။ ၂၀၁၇ခုႏွစ္တုန္းက ဘီေဂ်ပီ ျပည္နယ္လႊတ္ေတာ္အမတ္ ကတ္ဒိ ဆင္း ဆင္ဂါက ဆယ္ေက်ာ္သက္တစ္ေယာက္ကို မုဒိမ္းက်င့္လိုက္လို႔ ေနာက္ႏွစ္မွာ အဲဒီဆယ္ေက်ာ္သက္က သူ႔ကိုယ္သူ သတ္ေသသြားတဲ့အခါမွာ တစ္ႏိုင္ငံလုံးက အာ႐ုံစိုက္လာၿပီး ရဲတပ္ဖြဲ႕ကိုလည္း တုန႔္ျပန္အေရးယူမႈမရွိဘူးဆိုၿပီး စြပ္စြဲလာခဲ့ၾကပါတယ္။
ဆင္ဂါကို ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလက ျပစ္ဒဏ္မခ်မီ ၅လအလိုမွာပဲ တရားစြဲသူ လိုက္ပါလာတဲ့ ကားကို ကုန္ကားတစ္စင္းက ဝင္တိုက္ခဲ့ရာမွာ တရားစြဲသူ ထိခိုက္ဒဏ္ရာရသြားခဲ့တဲ့အျပင္ သူမရဲ႕ ေဆြးမ်ိဳးႏွစ္ေယာက္လည္း ေသဆုံးသြားခဲ့လို႔ တရားစြဲသူရဲ႕ မိသားစုကို လုံၿခဳံေရးေပးထားခဲ့တယ္လို႔ ဆိုပါတယ္။ဘင္ဂါလူ႐ူက ဥပေဒနဲ႔ ေပၚလစီ သုေတသနဌာနရဲ႕ ၂၀၁၅ခုႏွစ္ သုေတသနအရ ေရွာင္တခင္တရား႐ုံးေတြဟာ အမွန္တကယ္ ျမန္ဆန္ေပမယ့္လည္း ဒီေလာက္မ်ားျပားတဲ့ အမႈေတြကိုေတာ့ မကိုင္တြယ္ႏိုင္ဘူးလို႔ ဆိုပါတယ္။နယူးေဒလီက ဖြံ႕ၿဖိဳးမႈဆိုင္ရာ ဥပေဒပါ့တနာအဖြဲ႕ရဲ႕ သုေတသနမွာေတာ့ ေရွာင္တခင္႐ုံးေတာ္ေတြဟာ အမႈတစ္ခုကို ပ်မ္းမွ် ၈လၾကာေအာင္ ကိုင္တြယ္တတ္လို႔ ဒါဟာ သတ္မွတ္ကာလထက္ ေလးဆမွ် ၾကာျမင့္တယ္လို႔ ဆိုပါတယ္။အစိုးရရဲ႕ ကိန္းဂဏန္းအခ်က္အလက္ေတြဟာ မုဒိမ္းက်င့္ၿပီး လူပါသတ္ရင္ လူသတ္မႈအေနနဲ႔ပဲ သတ္မွတ္တာေၾကာင့္ တစ္ေၾကာင္း၊ အိႏၵိယရဲ႕ တခ်ိဳ႕ေဒသေတြမွာ မုဒိမ္းမႈကို လူသိရွင္ၾကား တိုင္တန္းဖို႔ မလုပ္အပ္တဲ့အရာလို႔ ယူဆၾကတာကတစ္ေၾကာင္းေၾကာင့္ မုဒိမ္းမႈေတြ ဘယ္ေလာက္ထူေျပာေနသလဲဆိုတာကို မီးေမာင္းထိုးျပလိုက္တာပဲ ျဖစ္ပါတယ္။
Unicode ဖြင့်ဖတ်ရန်
ဇန်နဝါရီလ ၉ရက်နေ့ကက ထုတ်ပြန်ခဲ့တဲ့ အစိုးရရဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ ၂၀၁၈ခုနှစ်မှာ အိန္ဒိယမှာ ၁၅မိနစ်လျှင် တစ်ဦးကျ မုဒိမ်းကျင့်ခံနေရတယ်လို့ တိုင်ကြားမှုများ ရှိနေခဲ့တာကြောင့် ဒါဟာ ကမ္ဘာမှာ အမျိုးသမီးတွေအတွက် အဆိုးရွားဆုံးနေရာတစ်ခုအဖြစ် နာမည်ဆိုးထွက်နေရခြင်းရဲ့ အခြေခံအကြောင်းရင်းပဲ ဖြစ်ပါတယ်။၂၀၁၂ခုနှစ် ဒေလီက ဒေလီက ဘတ်စ်ကားတစ်စင်းပေါ်မှာ အမျိုးသမီးတစ်ယောက်ကို အုပ်စုလိုက် မုဒိမ်းကျင့်သတ်ဖြတ်လိုက်တဲ့ ဟိုးလေးတကျော်ကျော်အမှုကြောင့် နိုင်ငံအဝန်းမှာ လူထောင်ပေါင်းများစွာဟာ လမ်းတွေပေါ်ထွက် ဆန္ဒပြလာကြပြီး ရုပ်ရှင်သရုပ်ဆောင်တွေ နိုင်ငံရေးသမားတွေကပါ တောင်းဆိုလာကြတာကြောင့် မုဒိမ်းမှုတွေကို ပိုမိုမြန်မြန်ဆန်ဆန် စီရင်လာပြီး ပြစ်ဒဏ်တွေလည်း ပိုမိုပြင်းထန်လာခဲ့ပေမယ့် လိင်အကြမ်းဖက်မှုတွေက လျော့မသွားပဲ ဆက်လက်ဖြစ်ပွားနေဆဲသာဖြစ်ပါတယ်။
၂၀၁၈ခုနှစ်မှာ မုဒိမ်းမှု ၃၄၀၀၀ကို အမျိုးသမီးတွေက တိုင်ကြားအမှုဖွင့်လာခဲ့တာကြောင့် အရင်တစ်နှစ်ကနဲ့စာရင် အတော်ကွာခြားသွားခဲ့ပါတယ်။ တိုင်ကြားလာတဲ့ အမှုတွေအနက်က ၈၅%သာလျှင် တရားစွဲခံရပြီး ယင်းတို့အနက်က ၂၇%သာလျှင် ပြစ်ဒဏ်ချမှတ်ခံခဲ့ရတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ နှစ်ပတ်လည် မှုခင်းအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။အမျိုးသမီးအခွင့်အရေးအုပ်စုတွေက ပြောကြားရာမှာတော့ အမျိုးသမီးတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အရေးတယူသိပ်မလုပ်ကြဘဲ ရဲတွေကလည်း ပေါ့ပေါ့လျော့လျော့ပဲ စုံစမ်းစစ်ဆေးနေကြတယ်လို့ ဆိုပါတယ်။
အမျိုးသမီးအခွင့်အရေးတောင်းဆိုတဲ့အဖွဲ့များက အမျိုးသမီးတွေအပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေကို မကြာခဏအရေးယူမှုနည်းပါးပြီး ရဲတပ်ဖွဲ့ရဲ့စုံစမ်းစစ်ဆေးမှုတွေဟာလည်း စာနာထောက်ထားမှုအားနည်းနေတယ်လို့ ဆိုခဲ့ပါတယ်။
နိုင်ငံကို အမျိုးသားတွေက စီမံနေတုန်းပါပဲ။ အမျိုးသမီးဝန်ကြီးချုပ် အင်ဒီရာ ဂန္ဒီတစ်ယောက် ရှိခဲ့ပေမယ့်လည်း ပြောင်းလဲမသွားခဲ့ပါဘူး။ တရားသူကြီးအများစုက ယောကျာ်းတွေပါပဲ”ဟု အမျိုးသမီးရေးရာကော်မရှင် အကြီးအကဲဟောင်း လာလီသာ ကုမာရမန်ဂါလမ်က ပြောကြားခဲ့ပါတယ်။“နိုင်ငံမှာ မှုခင်းဓာတ်ခွဲခန်းရယ်လို့ အလွန်နည်းနေသေးပြီး ရှောင်တခင်ခုံရုံးတွေမှာလည်း တရားသူကြီးတွေ နည်းနေသေးတယ်”လို့လည်း ဝန်ကြီးချုပ်မိုဒီရဲ့ ဘီဂျေပီ ပါတီဝင်တစ်ယောက်ဖြစ်တဲ့ ကုမာရမန်ဂါလမ်က ပြောကြားပါတယ်။ ၂၀၁၇ခုနှစ်တုန်းက ဘီဂျေပီ ပြည်နယ်လွှတ်တော်အမတ် ကတ်ဒိ ဆင်း ဆင်ဂါက ဆယ်ကျော်သက်တစ်ယောက်ကို မုဒိမ်းကျင့်လိုက်လို့ နောက်နှစ်မှာ အဲဒီဆယ်ကျော်သက်က သူ့ကိုယ်သူ သတ်သေသွားတဲ့အခါမှာ တစ်နိုင်ငံလုံးက အာရုံစိုက်လာပြီး ရဲတပ်ဖွဲ့ကိုလည်း တုန့်ပြန်အရေးယူမှုမရှိဘူးဆိုပြီး စွပ်စွဲလာခဲ့ကြပါတယ်။
ဆင်ဂါကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ပြစ်ဒဏ်မချမီ ၅လအလိုမှာပဲ တရားစွဲသူ လိုက်ပါလာတဲ့ ကားကို ကုန်ကားတစ်စင်းက ဝင်တိုက်ခဲ့ရာမှာ တရားစွဲသူ ထိခိုက်ဒဏ်ရာရသွားခဲ့တဲ့အပြင် သူမရဲ့ ဆွေးမျိုးနှစ်ယောက်လည်း သေဆုံးသွားခဲ့လို့ တရားစွဲသူရဲ့ မိသားစုကို လုံခြုံရေးပေးထားခဲ့တယ်လို့ ဆိုပါတယ်။ဘင်ဂါလူရူက ဥပဒေနဲ့ ပေါ်လစီ သုတေသနဌာနရဲ့ ၂၀၁၅ခုနှစ် သုတေသနအရ ရှောင်တခင်တရားရုံးတွေဟာ အမှန်တကယ် မြန်ဆန်ပေမယ့်လည်း ဒီလောက်များပြားတဲ့ အမှုတွေကိုတော့ မကိုင်တွယ်နိုင်ဘူးလို့ ဆိုပါတယ်။နယူးဒေလီက ဖွံ့ဖြိုးမှုဆိုင်ရာ ဥပဒေပါ့တနာအဖွဲ့ရဲ့ သုတေသနမှာတော့ ရှောင်တခင်ရုံးတော်တွေဟာ အမှုတစ်ခုကို ပျမ်းမျှ ၈လကြာအောင် ကိုင်တွယ်တတ်လို့ ဒါဟာ သတ်မှတ်ကာလထက် လေးဆမျှ ကြာမြင့်တယ်လို့ ဆိုပါတယ်။အစိုးရရဲ့ ကိန်းဂဏန်းအချက်အလက်တွေဟာ မုဒိမ်းကျင့်ပြီး လူပါသတ်ရင် လူသတ်မှုအနေနဲ့ပဲ သတ်မှတ်တာကြောင့် တစ်ကြောင်း၊ အိန္ဒိယရဲ့ တချို့ဒေသတွေမှာ မုဒိမ်းမှုကို လူသိရှင်ကြား တိုင်တန်းဖို့ မလုပ်အပ်တဲ့အရာလို့ ယူဆကြတာကတစ်ကြောင်းကြောင့် မုဒိမ်းမှုတွေ ဘယ်လောက်ထူပြောနေသလဲဆိုတာကို မီးမောင်းထိုးပြလိုက်တာပဲ ဖြစ်ပါတယ်။
Credit: Burmese asia
Post a Comment
0 Comments
Social Plugin
Labels
YOEYOELAY
ကမၻာသတင္း
က်န္းမာေရး
နည္းပညာ
ပညာေရး
မူခင္း
အားကစား
ေဒသနၱရသတင္းမ်ား
ေဖ်ာ္ေျဖေရး
FACEBOOK
0 Comments