LOTAYANET TO DAY TV
WELLCOME TO LOTAYANET WEBSITE
HOME
Home
သီခ်င္းဆိုျခင္းက စိတ္ဖိစီးမႈေတြကိုေလ်ာ့က်ေစႏိုင္ေၾကာင္းေတြ႕ရွိ
သီခ်င္းဆိုျခင္းက စိတ္ဖိစီးမႈေတြကိုေလ်ာ့က်ေစႏိုင္ေၾကာင္းေတြ႕ရွိ
Lotayanet Burmese
-
January 13, 2020
Zawgyiျဖင့္ဖတ္ရန္
ဒီေဆာင္းပါးဖတ္ေနတဲ့အထဲမွာ မိုက္ခဲေတြမ်ားပါၾက ေသးလား။စိတ္ဖိစီးလို႔ စိတ္လက္အပန္းေျဖဖို႔ပဲျဖစ္ျဖစ္၊ စိတ္ဓာတ္က်ေနလို႔ စိတ္တက္ႂကြခ်င္လို႔ျဖစ္ျဖစ္၊ အလုပ္မွာ ခ်စ္ခ်စ္ခင္ခင္နဲ႔ စည္းလုံးညီၫြတ္ခ်င္လို႔ျဖစ္ျဖစ္ ေဘာ္ဒါေတြ အားလုံးစုၿပီး ဒါမွမဟုတ္ မိသားစုေဆြမ်ိဳးေတြစုၿပီး မိုက္ခဲတတ္ၾကပါတယ္။ သီခ်င္းဆိုတာ ဘာေတြအက်ိဳးရွိလဲဆိုတာ ေဒါက္တာဇီဝက က ဆရာႀကီးလုပ္ခ်င္ပါတယ္ေနာ္။
သီခ်င္းဆိုတာဟာ အဆုတ္အတြက္ အက်ိဳးမ်ားေစပါတယ္။ မယုံဘူးလား သီခ်င္းအက်ယ္ႀကီး ေအာ္ဆိုၾကည့္လိုက္ ။ ေလကို တစ္ဝႀကီးရႉၿပီး ဝင္ေလထြက္ေလ နဲ႔ စည္းခ်က္ညီညီသီခ်င္းဆိုတဲ့အခါ … အဆုတ္အတြက္ အသက္ရႉေလ့က်င့္ခန္း လုပ္လိုက္တာနဲ႔အတူတူပါပဲ။ ေလ့က်င့္ခန္းလုပ္ၿပီးတဲ့အခါ ကိုယ္ခႏၶာမွာ ကိုယ္ခံအားေတြ ေကာင္းလာပါေလေရာ။ ဒီေတာ့ သီခ်င္းဆိုတဲ့ သူေတြဟာ အလိုလို ဖ်ားနာျခင္းကင္းႏိုင္ပါတယ္။
သီခ်င္းဆိုျခင္းဟာ စိတ္ဓာတ္က်ျခင္းကို ေကာင္းမြန္သက္သာေစပါတယ္။ စိတ္ဓာတ္က် ဝမ္းနည္းေနတဲ့အခ်ိန္ တစ္ေယာက္ထဲ အိမ္မွာတီဗီၾကည့္မေနဘဲ သီခ်င္းဆိုၾကည့္ပါ။ သီခ်င္းတစ္ပုဒ္အၿပီးမွာ အေတာ္ေနလို႔ေကာင္းလာမွာျဖစ္ၿပီး ေဘာ္ဒါေတြနဲ႔မ်ား စုၿပီးသီခ်င္းဆိုလိုက္ရင္ စိတ္ညစ္တာေတြေမ့သြားမွာပါ။
သီခ်င္းဆိုျခင္းဟာ မွတ္ဉာဏ္ေကာင္းမြေန္စပါတယ္။ အရင္ဆုံးသီခ်င္းဆိုဖို႔ဆိုရင္ သီခ်င္းရဖို႔လိုပါတယ္။ ဒီေတာ့ သီခ်င္းလိုက္မွတ္ျခင္းဟာ ဉာဏ္ေကာင္းလာေစပါတယ္။ ဆိုလိုက္တဲ့အခ်ိန္ ဦးေႏွာက္ကိုေသြးလည္ပတ္မို႔ေကာင္းေစတာမို႔ မွတ္ဉာဏ္ခ်ိဳ႕တဲ့ေစတဲ့ အယ္လ္ဇိုင္းမားျဖစ္ျခင္းကို ကာကြယ္ေပးပါတယ္တဲ့။ အသက္ႀကီးလို႔ အယ္လ္ဇိုင္းမားမျဖစ္ခ်င္ရင္ ခုထဲက သီခ်င္းဆိုက်င့္ထားဖို႔ လိုပါတယ္ေနာ္။
သီခ်င္း ဆိုျခင္းဟာ ေပါင္းသင္းဆက္ဆံမႈေကာင္းမြန္တိုးတက္ေစပါတယ္။ တစ္ေယာက္ထဲ သီခ်င္းဆိုတဲ့သူရွိေပမယ့္ ေဘာ္ဒါေတြ၊ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ သီခ်င္းဆိုတဲ့အခါ အလြယ္ေျပာရရင္ ရင္ဘက္ခ်င္းနီးသြားေစပါတယ္။ အဖြဲ႕လိုက္ဆိုရတဲ့ သီခ်င္းကို အတူေအာ္ဆိုရင္ တူတူ အပန္းေျဖလို႔ရပါတယ္။ ကိုယ့္ရဲ႕ ေပါင္းသင္းဆက္ဆံမႈလည္း ေကာင္းလာေစပါတယ္။သီခ်င္းဆိုဖို႔ ေလွ်ာ္ တတ္တဲ့ ေဘာ္ဒါေတြရွိရင္ ဒီေဆာင္းပါးေအာက္မွာ Mention ေခၚၿပီး အသိေပးလိုက္ပါဦးေနာ္။ယခုေဆာင္းပါးကိုေဒါက္တာဇီဝကမွကူးယူေဖာ္ျပၿပီး မယ္တင္မွ ေရးသားထားပါတယ္
Unicode ဖြင့်ဖတ်ရန်
ဒီဆောင်းပါးဖတ်နေတဲ့အထဲမှာ မိုက်ခဲတွေများပါကြ သေးလား။စိတ်ဖိစီးလို့ စိတ်လက်အပန်းဖြေဖို့ပဲဖြစ်ဖြစ်၊ စိတ်ဓာတ်ကျနေလို့ စိတ်တက်ကြွချင်လို့ဖြစ်ဖြစ်၊ အလုပ်မှာ ချစ်ချစ်ခင်ခင်နဲ့ စည်းလုံးညီညွတ်ချင်လို့ဖြစ်ဖြစ် ဘော်ဒါတွေ အားလုံးစုပြီး ဒါမှမဟုတ် မိသားစုဆွေမျိုးတွေစုပြီး မိုက်ခဲတတ်ကြပါတယ်။ သီချင်းဆိုတာ ဘာတွေအကျိုးရှိလဲဆိုတာ ဒေါက်တာဇီဝက က ဆရာကြီးလုပ်ချင်ပါတယ်နော်။
သီချင်းဆိုတာဟာ အဆုတ်အတွက် အကျိုးများစေပါတယ်။ မယုံဘူးလား သီချင်းအကျယ်ကြီး အော်ဆိုကြည့်လိုက် ။ လေကို တစ်ဝကြီးရှူပြီး ဝင်လေထွက်လေ နဲ့ စည်းချက်ညီညီသီချင်းဆိုတဲ့အခါ … အဆုတ်အတွက် အသက်ရှူလေ့ကျင့်ခန်း လုပ်လိုက်တာနဲ့အတူတူပါပဲ။ လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ ကိုယ်ခန္ဓာမှာ ကိုယ်ခံအားတွေ ကောင်းလာပါလေရော။ ဒီတော့ သီချင်းဆိုတဲ့ သူတွေဟာ အလိုလို ဖျားနာခြင်းကင်းနိုင်ပါတယ်။
သီချင်းဆိုခြင်းဟာ စိတ်ဓာတ်ကျခြင်းကို ကောင်းမွန်သက်သာစေပါတယ်။ စိတ်ဓာတ်ကျ ဝမ်းနည်းနေတဲ့အချိန် တစ်ယောက်ထဲ အိမ်မှာတီဗီကြည့်မနေဘဲ သီချင်းဆိုကြည့်ပါ။ သီချင်းတစ်ပုဒ်အပြီးမှာ အတော်နေလို့ကောင်းလာမှာဖြစ်ပြီး ဘော်ဒါတွေနဲ့များ စုပြီးသီချင်းဆိုလိုက်ရင် စိတ်ညစ်တာတွေမေ့သွားမှာပါ။
သီချင်းဆိုခြင်းဟာ မှတ်ဉာဏ်ကောင်းမွနေ်စပါတယ်။ အရင်ဆုံးသီချင်းဆိုဖို့ဆိုရင် သီချင်းရဖို့လိုပါတယ်။ ဒီတော့ သီချင်းလိုက်မှတ်ခြင်းဟာ ဉာဏ်ကောင်းလာစေပါတယ်။ ဆိုလိုက်တဲ့အချိန် ဦးနှောက်ကိုသွေးလည်ပတ်မို့ကောင်းစေတာမို့ မှတ်ဉာဏ်ချို့တဲ့စေတဲ့ အယ်လ်ဇိုင်းမားဖြစ်ခြင်းကို ကာကွယ်ပေးပါတယ်တဲ့။ အသက်ကြီးလို့ အယ်လ်ဇိုင်းမားမဖြစ်ချင်ရင် ခုထဲက သီချင်းဆိုကျင့်ထားဖို့ လိုပါတယ်နော်။
သီချင်း ဆိုခြင်းဟာ ပေါင်းသင်းဆက်ဆံမှုကောင်းမွန်တိုးတက်စေပါတယ်။ တစ်ယောက်ထဲ သီချင်းဆိုတဲ့သူရှိပေမယ့် ဘော်ဒါတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ သီချင်းဆိုတဲ့အခါ အလွယ်ပြောရရင် ရင်ဘက်ချင်းနီးသွားစေပါတယ်။ အဖွဲ့လိုက်ဆိုရတဲ့ သီချင်းကို အတူအော်ဆိုရင် တူတူ အပန်းဖြေလို့ရပါတယ်။ ကိုယ့်ရဲ့ ပေါင်းသင်းဆက်ဆံမှုလည်း ကောင်းလာစေပါတယ်။သီချင်းဆိုဖို့ လျှော် တတ်တဲ့ ဘော်ဒါတွေရှိရင် ဒီဆောင်းပါးအောက်မှာ Mention ခေါ်ပြီး အသိပေးလိုက်ပါဦးနော်။ယခုဆောင်းပါးကိုဒေါက်တာဇီဝကမှကူးယူဖော်ပြပြီး မယ်တင်မှ ရေးသားထားပါတယ်
Credit: Burmese asia
Post a Comment
0 Comments
Social Plugin
Labels
YOEYOELAY
ကမၻာသတင္း
က်န္းမာေရး
နည္းပညာ
ပညာေရး
မူခင္း
အားကစား
ေဒသနၱရသတင္းမ်ား
ေဖ်ာ္ေျဖေရး
FACEBOOK
0 Comments