Zawgyi ျဖင့္ဖတ္ရန္
ျပန္ေၾကာ္ဆီေတြ

ျပန္ေၾကာ္ဆီေတြကို မ်ားေသာအားျဖင့္ ready made အစားအေသာက္ေတြနဲ႔ fast food ေတြမွာေတြ႕ရေလ့ရွိပါတယ္။ (ဥပမာ ၾကက္ေၾကာ္တို႔၊ အာလူးေၾကာ္တို႔လိုမ်ိဳးေတြပါ) ဒီဆီေတြဟာ ဟင္းသီးဟင္း႐ြက္ဆီေတြျဖစ္သည့္တိုင္ ခႏၶာကိုယ္ထဲေရာက္တဲ့အခါ မေၾကပ်က္ႏိုင္တဲ့ အဆီေတြအျဖစ္ ေျပာင္းသြားမွာျဖစ္ၿပီး ဒါေတြေၾကာင့္ သင့္ကို ကင္ဆာေရာဂါအမ်ိဳးမ်ိဳးျဖစ္ေစႏိုင္ပါတယ္။
ေျပာင္းဖူးေပါက္ေပါက္
႐ုပ္ရွင္ၾကည့္တဲ့အခါ အပ်င္းေျပ စားေလ့ရွိတဲ့ ေျပာင္းဖူးေပါက္ေပါက္ကလည္း ကင္ဆာျဖစ္ေစတဲ့ အေၾကာင္းအရင္းတစ္ခုပါပဲ။ အထူးသျဖင့္ အဆုတ္ကင္ဆာျဖစ္ေစႏိုင္တယ္လို႔ ေလ့လာေတြ႕ရွိထားပါတယ္။
ready made အသားျပားေတြ
အသားေတြအေျမာက္အမ်ား ရရွိဖို႔ တိရစာၦန္ေတြကို ဟိုမုန္းေဆးေတြ အဆမတန္ေကြၽးၿပီး ေမြးျမဴထားတာျဖစ္တဲ့အျပင္ ready made အသားျပားေတြကို ၾကာရွည္ခံေစဖို႔ထည့္ရတဲ့ nitrate ေတြဟာလည္း ကြၽန္ေတာ္တို႔ကို ကင္ဆာျဖစ္ေစႏိုင္တဲ့အထဲမွာ တကယ္ကို နာမည္ႀကီးပါတယ္။
အခ်ိဳေလွ်ာ့ထားတဲ့ ဆိုဒါေတြ
သၾကားမပါတဲ့ ဆိုဒါေတြဟာလည္း သၾကားေတြအမ်ားႀကီးပါဝင္တဲ့ ဆိုဒါေတြလိုပဲ က်န္းမာေရးကို ဆိုးဆိုးဝါးဝါးထိခိုက္ေစႏိုင္ပါတယ္။ ပိုဆိုးတာတစ္ခုက အဲ့ဒီ့အခ်ိဳရည္ေတြမွာသုံးတဲ့ aspartame ဆိုတဲ့ ဓါတ္ဟာ ဦးေဏွာက္ကင္ဆာ၊ေသြးကင္တာနဲ႔ အျခားကင္ဆာေတြကို ပိုလို႔ေတာင္ျဖစ္ေစႏိုင္ေသးတာပါ။
စည္သြပ္ထားတဲ့ အစားအစာေတြ
စည္သြပ္ထားတဲ့ အစားအစာေတြဟာ အမ်ိဳးသမီးေတြကို ရင္သားကင္ဆာျဖစ္ေစတဲ့ အဓိက အေၾကာင္းအရာတစ္ခုျဖစ္လို႔ေနပါသတဲ့။ လက္သည္ကေတာ့ စည္သြပ္ဘူးခြံေတြမွာသုံးတဲ့ BPA ေၾကာင့္လို႔ အခိုင္အမာေလ့လာေတြ႕ရွိထားပါတယ္။
အခ်ဥ္ေဖာက္ထားတဲ့အစားအေသာက္ေတြ
ဒိန္ခ်ဥ္အပါအဝင္ အခ်ဥ္တည္ထားတဲ့ ငါးခ်ဥ္၊ပုစြန္ခ်ဥ္၊ ခ်င္ဖတ္ စတာေတြ အကုန္လုံးကို ဆိုလိုပါတယ္။ ဒီအစားအေသာက္ေတြဟာ တစ္ဖက္မွာ ကင္ဆာကိုေတာင္ ကာကြယ္ႏိုင္တယ္လို႔ဆိုၾကေပမဲ့လည္း တစ္ဖက္မွာေတာ့ အစာေရမ်ိဳႁပြန္ကင္ဆာေတြ ျဖစ္ရတဲ့ အဓိက အေၾကာင္းအရင္းလို႔ ေျပာေနၾကျပန္ပါတယ္။
ဒါေၾကာင့္ ဒီအခ်က္ကေတာ့ ေလ့လာေနၾကဆဲျဖစ္တဲ့အတြက္ သင့္ရဲ႕ေ႐ြးခ်ယ္မႈအေပၚသာ မူတည္ေနပါတယ္။
တူးေနတဲ့ အသားေတြ
ဒါက ေတာ္ေတာ္မ်ားမ်ားလည္း သိၾကမွာပါ။ တူးေန၊ ကြၽမ္းေနတဲ့ အသားေတြက သင့္ကို ကင္ဆာျဖစ္ေစတဲ့အထဲမွာေတာ့ အဆိုးတကာ့ အဆိုးဆုံးပါပဲ။
အကယ္၍သင့္မွာ ကင္ဆာမ်ိဳး႐ိုးရွိတယ္ ( ဒါမွမဟုတ္ ) ကင္ဆာျဖစ္ႏိုင္တဲ့ အျခားအျပဳအမူ အေနအထိုင္ေတြရွိမယ္ဆိုရင္ေတာ့ အထက္ပါအစားအစာေတြကို တတ္ႏိုင္သမွ် ေရွာင္ၾကည္သင့္ပါတယ္။


Credit we


Unicode ဖြင့်ဖတ်ရန်
ကင်ဆာ မဖြစ်ချင်ရင် ဒါတွေ လုံးဝမစားပါနဲ့ !
ပြန်ကြော်ဆီတွေ
ပြန်ကြော်ဆီတွေကို များသောအားဖြင့် ready made အစားအသောက်တွေနဲ့ fast food တွေမှာတွေ့ရလေ့ရှိပါတယ်။ (ဥပမာ ကြက်ကြော်တို့၊ အာလူးကြော်တို့လိုမျိုးတွေပါ) ဒီဆီတွေဟာ ဟင်းသီးဟင်းရွက်ဆီတွေဖြစ်သည့်တိုင် ခန္ဓာကိုယ်ထဲရောက်တဲ့အခါ မကြေပျက်နိုင်တဲ့ အဆီတွေအဖြစ် ပြောင်းသွားမှာဖြစ်ပြီး ဒါတွေကြောင့် သင့်ကို ကင်ဆာရောဂါအမျိုးမျိုးဖြစ်စေနိုင်ပါတယ်။
ပြောင်းဖူးပေါက်ပေါက်
ရုပ်ရှင်ကြည့်တဲ့အခါ အပျင်းပြေ စားလေ့ရှိတဲ့ ပြောင်းဖူးပေါက်ပေါက်ကလည်း ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းတစ်ခုပါပဲ။ အထူးသဖြင့် အဆုတ်ကင်ဆာဖြစ်စေနိုင်တယ်လို့ လေ့လာတွေ့ရှိထားပါတယ်။
ready made အသားပြားတွေ
အသားတွေအမြောက်အများ ရရှိဖို့ တိရစ္ဆာန်တွေကို ဟိုမုန်းဆေးတွေ အဆမတန်ကျွေးပြီး မွေးမြူထားတာဖြစ်တဲ့အပြင် ready made အသားပြားတွေကို ကြာရှည်ခံစေဖို့ထည့်ရတဲ့ nitrate တွေဟာလည်း ကျွန်တော်တို့ကို ကင်ဆာဖြစ်စေနိုင်တဲ့အထဲမှာ တကယ်ကို နာမည်ကြီးပါတယ်။
အချိုလျှော့ထားတဲ့ ဆိုဒါတွေ
သကြားမပါတဲ့ ဆိုဒါတွေဟာလည်း သကြားတွေအများကြီးပါဝင်တဲ့ ဆိုဒါတွေလိုပဲ ကျန်းမာရေးကို ဆိုးဆိုးဝါးဝါးထိခိုက်စေနိုင်ပါတယ်။ ပိုဆိုးတာတစ်ခုက အဲ့ဒီ့အချိုရည်တွေမှာသုံးတဲ့ aspartame ဆိုတဲ့ ဓါတ်ဟာ ဦးဏှောက်ကင်ဆာ၊သွေးကင်တာနဲ့ အခြားကင်ဆာတွေကို ပိုလို့တောင်ဖြစ်စေနိုင်သေးတာပါ။
စည်သွပ်ထားတဲ့ အစားအစာတွေ
စည်သွပ်ထားတဲ့ အစားအစာတွေဟာ အမျိုးသမီးတွေကို ရင်သားကင်ဆာဖြစ်စေတဲ့ အဓိက အကြောင်းအရာတစ်ခုဖြစ်လို့နေပါသတဲ့။ လက်သည်ကတော့ စည်သွပ်ဘူးခွံတွေမှာသုံးတဲ့ BPA ကြောင့်လို့ အခိုင်အမာလေ့လာတွေ့ရှိထားပါတယ်။
အချဉ်ဖောက်ထားတဲ့အစားအသောက်တွေ
ဒိန်ချဉ်အပါအဝင် အချဉ်တည်ထားတဲ့ ငါးချဉ်၊ပုစွန်ချဉ်၊ ချင်ဖတ် စတာတွေ အကုန်လုံးကို ဆိုလိုပါတယ်။ ဒီအစားအသောက်တွေဟာ တစ်ဖက်မှာ ကင်ဆာကိုတောင် ကာကွယ်နိုင်တယ်လို့ဆိုကြပေမဲ့လည်း တစ်ဖက်မှာတော့ အစာရေမျိုပြွန်ကင်ဆာတွေ ဖြစ်ရတဲ့ အဓိက အကြောင်းအရင်းလို့ ပြောနေကြပြန်ပါတယ်။
ဒါကြောင့် ဒီအချက်ကတော့ လေ့လာနေကြဆဲဖြစ်တဲ့အတွက် သင့်ရဲ့ရွေးချယ်မှုအပေါ်သာ မူတည်နေပါတယ်။
တူးနေတဲ့ အသားတွေ
ဒါက တော်တော်များများလည်း သိကြမှာပါ။ တူးနေ၊ ကျွမ်းနေတဲ့ အသားတွေက သင့်ကို ကင်ဆာဖြစ်စေတဲ့အထဲမှာတော့ အဆိုးတကာ့ အဆိုးဆုံးပါပဲ။
အကယ်၍သင့်မှာ ကင်ဆာမျိုးရိုးရှိတယ် ( ဒါမှမဟုတ် ) ကင်ဆာဖြစ်နိုင်တဲ့ အခြားအပြုအမူ အနေအထိုင်တွေရှိမယ်ဆိုရင်တော့ အထက်ပါအစားအစာတွေကို တတ်နိုင်သမျှ ရှောင်ကြည်သင့်ပါတယ်။
Credit we