
စစ္ျဖစ္ဖို႔ မဟုတ္ဘဲ စစ္ပြဲကိုတားဆီးဖို႔ အီရန္ ဗိုလ္ခ်ဳပ္ႀကီး ကတ္ဆမ္ဆိုလန္မန္နီကို သတ္မိန႔္ေပးခဲ့တာလို႔ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ဇန္နဝါရီ ၃ ရက္မွာ ေျပာလိုက္ပါတယ္။ဆိုလန္မန္နီဟာ အေမရိကန္ေတြအေပၚ တိုက္ခိုက္မယ့္ အစီအစဥ္ေတြ လုပ္ေနတယ္လို႔လည္း သမၼတ ထရမ့္က ေျပာခဲ့ပါတယ္။
ဖေလာ္ရီဒါျပည္နယ္ မာရာလာဂိုအပန္းေျဖစခန္းမွာလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ သမၼတ ထရမ့္က ဆိုလန္မန္နီဟာ အေမရိကန္သံတမန္ေတြနဲ႔ စစ္မႈထမ္းေတြအေပၚ တိုက္ခိုက္ဖို႔ ႀကံစည္ေနၿပီး အဲဒီလုပ္ရပ္ကို အေမရိကန္က လက္ပူးလက္ၾကပ္မိကာ ရွင္းလင္းခဲ့တယ္လို႔ ေျပာခဲ့ပါတယ္။

ဒါ့အျပင္ အေမရိကန္အေနနဲ႔ အီရန္မွာ အစိုးရအေျပာင္းအလဲလုပ္ဖို႔ မႀကိဳးပမ္းဘူးလို႔လည္း ထရမ့္က ေျပာခဲ့ပါတယ္။ အီရန္ရဲ႕အထင္ရွားဆုံး စစ္ဘက္တပ္မႉးနဲ႔ အေရွ႕အလယ္ပိုင္းမွာ အီရန္ ၾသဇာႀကီးမားေအာင္ ဖန္တီးပုံေဖာ္သူ ဗိုလ္ခ်ဳပ္ႀကီး ဆိုလန္မန္နီ လုပ္ႀကံခံရမႈအတြက္ အေမရိကန္ကို လက္စားေခ်သြားမယ္လို႔ အီရန္က ေျပာထားပါတယ္။

ဒီဗြီဘီ
Unicode
စစ်ဖြစ်ရန်ထက် စစ်ပွဲတားရန် အီရန်ဗိုလ်ချုပ်ကြီး ဆိုလန်မန်နီကို သတ်မိန့်ပေးခဲ့ခြင်းဟု ထရမ့်ပြော
စစ်ဖြစ်ဖို့ မဟုတ်ဘဲ စစ်ပွဲကိုတားဆီးဖို့ အီရန် ဗိုလ်ချုပ်ကြီး ကတ်ဆမ်ဆိုလန်မန်နီကို သတ်မိန့်ပေးခဲ့တာလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇန်နဝါရီ ၃ ရက်မှာ ပြောလိုက်ပါတယ်။ဆိုလန်မန်နီဟာ အမေရိကန်တွေအပေါ် တိုက်ခိုက်မယ့် အစီအစဉ်တွေ လုပ်နေတယ်လို့လည်း သမ္မတ ထရမ့်က ပြောခဲ့ပါတယ်။
ဖလော်ရီဒါပြည်နယ် မာရာလာဂိုအပန်းဖြေစခန်းမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတ ထရမ့်က ဆိုလန်မန်နီဟာ အမေရိကန်သံတမန်တွေနဲ့ စစ်မှုထမ်းတွေအပေါ် တိုက်ခိုက်ဖို့ ကြံစည်နေပြီး အဲဒီလုပ်ရပ်ကို အမေရိကန်က လက်ပူးလက်ကြပ်မိကာ ရှင်းလင်းခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ဒါ့အပြင် အမေရိကန်အနေနဲ့ အီရန်မှာ အစိုးရအပြောင်းအလဲလုပ်ဖို့ မကြိုးပမ်းဘူးလို့လည်း ထရမ့်က ပြောခဲ့ပါတယ်။ အီရန်ရဲ့အထင်ရှားဆုံး စစ်ဘက်တပ်မှူးနဲ့ အရှေ့အလယ်ပိုင်းမှာ အီရန် သြဇာကြီးမားအောင် ဖန်တီးပုံဖော်သူ ဗိုလ်ချုပ်ကြီး ဆိုလန်မန်နီ လုပ်ကြံခံရမှုအတွက် အမေရိကန်ကို လက်စားချေသွားမယ်လို့ အီရန်က ပြောထားပါတယ်။
ဒီဗွီဘီ
0 Comments