Image may contain: 3 people
Image may contain: 1 person, closeup
Image may contain: 1 person, standing and outdoor
Image may contain: 3 people, people smiling, people standing and outdoor
Image may contain: 3 people, people standing, shoes, sky and outdoor
We Love Cele



Unicode


တစ်နှစ်အတွင်း တိုးတက်ပြောင်းလဲသွားတဲ့ သူမရဲ့ အမိုက်စားရုံးခန်းအသစ်ကြီးကို ပြလိုက်တဲ့ နေခြည်ဦး




သရုပ်ဆောင် နေခြည်ဦးက သူမရဲ့ အမိုက်စား ရုံးခန်းအသစ်ကြီးကို ပြသလိုက်ပါတယ်။



တစ်နှစ်ထက်တစ်နှစ်အမြဲတမ်း Changes လုပ်ရတာကို ကြိုက်နှစ်သက်တဲ့ နေခြည်ဦးက သူမရဲ့ Lifestyle တွေကိုလည်း ထူးခြားစွာ ဖန်တီးနေသူတစ်ဦးပါ။ Beauty Blogger ဘဝကနေ အနုပညာရှင်ဘဝကို ရောက်ရှိလာတဲ့ နေခြည်ဦးက နာမည်ကျော် ရုပ်ရှင်မင်းသားတွေနဲ့တွဲဖက်ပြီး ဇာတ်ကားတွေ ရိုက်ကူးလာခဲ့ရပါတယ်။





နေခြည်ဦးဟာ ပွင့်လင်းရိုးသားစွာ နေထိုင်တတ်သူတစ်ဦးဖြစ်ပြီး လျို့ဝှက်မှုမရှိတဲ့ ဘဝနေထိုင်မှုမျိုးကို နှစ်သက်သူတစ်ဦးဖြစ်ပါတယ်။ သူမရဲ့ အတွေ့အကြုံတွေကိုလည်း အမြဲ Sharing လုပ်ပေးနေသူတစ်ဦးပါ။


ယနေ့မှာလည်း အရင်နှစ်နဲ့မတူဘဲ ပြောင်းလဲလာတဲ့ သူမရဲ့ စီးပွားရေးလုပ်ငန်းနယ်ပယ်တချို့ကို ပြသခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်က ကွန်ဒိုတစ်ခုမှာ ဖွင့်လှစ်ခဲ့တဲ့ သူမရဲ့ ရုံးခန်းလေးဟာ အခုချိန်မှာတော့ လုံးချင်းအိမ်တစ်ခုဖြစ်နေခဲ့ပါပြီ။ ဒါဟာ သူမရဲ့ ကြိုးစားမှုရလဒ်ကြောင့်ဖြစ်ပြီး တစ်နှစ်အတွင်းမှာပဲ ယခုလို ကိုယ်ပိုင် လုံးချင်းအိမ်နေရာမှာ ရုံးခန်းဖွင့်လှစ်နိုင်ခဲ့တာပါ။



အသက်ငယ်ရွယ်ပေမယ့် ယုံကြည်မှုအပြည့်နဲ့ လျှောက်လှမ်းနိုင်တဲ့ နေခြည်ဦးဟာ အားကျအတုယူဖို့ကောင်းတဲ့ထဲမှာ ပါဝင်နေပါတယ်။ နေခြည်ဦးရဲ့ ၂၀၁၉ ခုနှစ်နဲ့ ၂၀၂၀ ခုနှစ်အတွင်းမှာ ပြောင်းလဲသွားတဲ့ ရုံးခန်းပုံစံကို ပရိသတ်ကြီးအတွက် ယှဉ်ဖော်ပြပေးလိုက်ပါတယ်။


We Love Cele