Zawgyiျဖင့္ဖတ္ရန္


ျမန္မာႏိုင္ငံတြင္ တတိယ အႀကီးဆုံးျဖစ္လာမည့္ ေၾကးပိႆာခ်ိန္ ၁၆၀၀၀ ေက်ာ္ရွိ ေခါင္းေလာင္း ႀကီးအား ဇန္နဝါရီ ၉ ရက္ (ျပာသိုလျပည့္ေန႔) နံနက္ ၉ နာရီ ၄၅ မိနစ္တြင္ မႏၲေလးတိုင္းေဒသႀကီး ပုသိမ္ႀကီးၿမိဳ႕နယ္ တံတိုင္းရွည္႐ြာ ေ႐ႊေခါင္းေလာင္းၿခံ တြင္ စတင္ေၾကးသြန္းေလာင္းလ်က္ရွိေၾကာင္း သိရ သည္။ အဆိုပါေခါင္းေလာင္းႀကီးကို စစ္ကိုင္းၿမိဳ႕ သီရိသုမနေခ်ာင္ မိုးကုတ္ဝိပႆနာဓမၼရိပ္သာ ဆရာေတာ္ ဦးသုမနက မွာယူလႉဒါန္းျပဳလုပ္ျခင္း ျဖစ္ၿပီး ယင္းေခါင္းေလာင္းႀကီးကို ေၾကးသြန္း ေလာင္းရန္ လြန္ခဲ့သည့္ ခုနစ္လ ေက်ာ္ကစတင္၍ ျပင္ဆင္ခဲ့ရၿပီး ေခါင္းေလာင္း ခ်ိတ္ဆြဲႏိုင္သည္အထိ အခ်ိန္ကာလကို တစ္ႏွစ္ႏွင့္ ႏွစ္လ သတ္မွတ္ထားကာ စုစုေပါင္းက်ပ္သိန္း ၆၀၀၀ ခန႔္ ကုန္က်မည္ျဖစ္ေၾကာင္း ေ႐ႊေခါင္းေလာင္း ေၾကးသြန္းလုပ္ငန္းမွ ေၾကးသြန္းပညာရွင္ ကိုေအာင္သန္း ေမာ္က ေျပာသည္။
“ဆရာေတာ္ႀကီးက ဒီေခါင္းေလာင္း ႀကီးကို သူ႔ေမြးေန႔အထိမ္းအမွတ္အျဖစ္ စစ္ကိုင္းၿမိဳ႕ သိရီသုမနေခ်ာင္ မိုးကုတ္ ဝိပႆနာဓမၼရိပ္သာမွာ ထားရွိ သြားမွာပါ။ ကြၽန္ေတာ္က တန္ခူးလ မတိုင္ခင္ ေခါင္းေလာင္းႀကီးကို အၿပီး ခ်ိတ္ဆြဲႏိုင္ဖို႔ သြန္းေလာင္းေပးရမွာ ပါ။ ျမန္မာျပည္မွာေတာ့ လက္ရွိ ပထမအႀကီးဆုံးေခါင္းေလာင္းႀကီးက ေၾကးပိႆာခ်ိန္ ၅၅၅၅၅ ရွိတဲ့ မင္းကြန္းေခါင္းေလာင္းႀကီးျဖစ္ၿပီး ဒုတိယအႀကီးဆုံးအေနနဲ႔ ေ႐ႊတိဂုံ ေစတီေတာ္က ေၾကးပိႆာခ်ိန္ ၂၆၀၀၀ ရွိတဲ့ သာယာဝတီမင္း ေခါင္းေလာင္းျဖစ္ပါတယ္။ အခု ဒီေခါင္းေလာင္းႀကီးကေတာ့ ျမန္မာ ႏိုင္ငံမွာ တတိယအႀကီးဆုံးျဖစ္လာ မွာပါ။ ျပာသိုလျပည့္ေန႔ နံနက္ ၉ နာရီ ၄၅ မိနစ္ကစၿပီး သြန္းေလာင္းမွာပါ။ ဒီေခါင္းေလာင္းႀကီး တစ္ခုလုံးအတြက္ ည ၁၂ နာရီမွာ သြန္းေလာင္းမႈၿပီးစီး မွာပါ”ဟု ၎က ေျပာသည္။
ယခုသြန္းေလာင္းေနသည့္ ေၾကး ပိႆာခ်ိန္ ၁၆၀၀၀ ရွိေခါင္းေလာင္း ႀကီးမွာ အဝအက်ယ္ ကိုးေပ၊ အျမင့္ ၁၅ ေပ ရွိၿပီး အဆိုပါေ႐ႊေခါင္းေလာင္း ေၾကးသြန္းလုပ္ငန္းမွ ၂၀၁၅ ခုႏွစ္တြင္ ထားဝယ္ၿမိဳ႕၌ ထားရွိသည့္ ေၾကး ပိႆာ ခ်ိန္ ၁၂၀၀၀ ရွိ ေခါင္းေလာင္း ႏွင့္ ၂၀၁၆ ခုႏွစ္တြင္ သီတဂူဆရာေတာ္ ႀကီး၏ သက္ေတာ္ ၈၀ ျပည့္ ေမြးေန႔ အထိမ္းအမွတ္အျဖစ္ စစ္ကိုင္းၿမိဳ႕ သီတဂူဝိပႆနာရိပ္သာတြင္ ထားရွိ ရန္ ေၾကးပိႆာခ်ိန္ ၈၀၀၀ ရွိ ေခါင္းေလာင္းႀကီးမ်ား သြန္းလုပ္ခဲ့ ေၾကာင္း သိရသည္။ျမန္မာျပည္တြင္ မင္းကြန္းေခါင္းေလာင္းၿပီးလွ်င္ တတိယအႀကီးဆုံး ျဖစ္ေသာ “သီရိသုမန ” ဘြဲ႕ခံေၾကးပိသာခ်ိန္ (၁၆ဝဝဝ)တစ္ေသာင္းေျခာက္ေထာင္ အေလးခ်ိန္ရွိ ေခါင္းေလာင္းႀကီးကို တမၸဝတီရပ္မွ ပန္းတဥ္းပညာရွင္ ဦးေရ ၁၅ဝ ေက်ာ္ျဖင့္ ယေန႔ည ျပာသိုလ္လျပည့္တြင္ သြန္းလုပ္ၾကမည္ျဖစ္သည္။ေၾကးဖိုေပါင္း ၂၁ ဖိုရွိၿပီး တစ္ဖိုလွ် င္ေ ၾကးပိသာခ်ိန္ ၁ဝဝဝ က်ိဴ ၍ စတင္ သြန္းေလာင္းေနပါၿပီ ။



Unicode ဖြင့်ဖတ်ရန်


မြန်မာနိုင်ငံတွင် တတိယအကြီးဆုံးဖြစ်လာမည့် ကြေးပိဿာချိန် ၁၆၀၀၀ ကျော်ရှိ ခေါင်းလောင်း ကြီးအား ဇန်နဝါရီ ၉ ရက် (ပြာသိုလပြည့်နေ့) နံနက် ၉ နာရီ ၄၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် တံတိုင်းရှည်ရွာ ရွှေခေါင်းလောင်းခြံ တွင် စတင်ကြေးသွန်းလောင်းလျက်ရှိကြောင်း သိရ သည်။ အဆိုပါခေါင်းလောင်းကြီးကို စစ်ကိုင်းမြို့ သီရိသုမနချောင် မိုးကုတ်ဝိပဿနာဓမ္မရိပ်သာ ဆရာတော် ဦးသုမနက မှာယူလှူဒါန်းပြုလုပ်ခြင်း ဖြစ်ပြီး ယင်းခေါင်းလောင်းကြီးကို ကြေးသွန်း လောင်းရန် လွန်ခဲ့သည့် ခုနစ်လ ကျော်ကစတင်၍ ပြင်ဆင်ခဲ့ရပြီး ခေါင်းလောင်း ချိတ်ဆွဲနိုင်သည်အထိ အချိန်ကာလကို တစ်နှစ်နှင့် နှစ်လ သတ်မှတ်ထားကာ စုစုပေါင်းကျပ်သိန်း ၆၀၀၀ ခန့် ကုန်ကျမည်ဖြစ်ကြောင်း ရွှေခေါင်းလောင်း ကြေးသွန်းလုပ်ငန်းမှ ကြေးသွန်းပညာရှင် ကိုအောင်သန်း မော်က ပြောသည်။
“ဆရာတော်ကြီးက ဒီခေါင်းလောင်း ကြီးကို သူ့မွေးနေ့အထိမ်းအမှတ်အဖြစ် စစ်ကိုင်းမြို့ သိရီသုမနချောင် မိုးကုတ် ဝိပဿနာဓမ္မရိပ်သာမှာ ထားရှိ သွားမှာပါ။ ကျွန်တော်က တန်ခူးလ မတိုင်ခင် ခေါင်းလောင်းကြီးကို အပြီး ချိတ်ဆွဲနိုင်ဖို့ သွန်းလောင်းပေးရမှာ ပါ။ မြန်မာပြည်မှာတော့ လက်ရှိ ပထမအကြီးဆုံးခေါင်းလောင်းကြီးက ကြေးပိဿာချိန် ၅၅၅၅၅ ရှိတဲ့ မင်းကွန်းခေါင်းလောင်းကြီးဖြစ်ပြီး ဒုတိယအကြီးဆုံးအနေနဲ့ ရွှေတိဂုံ စေတီတော်က ကြေးပိဿာချိန် ၂၆၀၀၀ ရှိတဲ့ သာယာဝတီမင်း ခေါင်းလောင်းဖြစ်ပါတယ်။ အခု ဒီခေါင်းလောင်းကြီးကတော့ မြန်မာ နိုင်ငံမှာ တတိယအကြီးဆုံးဖြစ်လာ မှာပါ။ ပြာသိုလပြည့်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်ကစပြီး သွန်းလောင်းမှာပါ။ ဒီခေါင်းလောင်းကြီး တစ်ခုလုံးအတွက် ည ၁၂ နာရီမှာ သွန်းလောင်းမှုပြီးစီး မှာပါ”ဟု ၎င်းက ပြောသည်။
ယခုသွန်းလောင်းနေသည့် ကြေး ပိဿာချိန် ၁၆၀၀၀ ရှိခေါင်းလောင်း ကြီးမှာ အဝအကျယ် ကိုးပေ၊ အမြင့် ၁၅ ပေ ရှိပြီး အဆိုပါရွှေခေါင်းလောင်း ကြေးသွန်းလုပ်ငန်းမှ ၂၀၁၅ ခုနှစ်တွင် ထားဝယ်မြို့၌ ထားရှိသည့် ကြေး ပိဿာ ချိန် ၁၂၀၀၀ ရှိ ခေါင်းလောင်း နှင့် ၂၀၁၆ ခုနှစ်တွင် သီတဂူဆရာတော် ကြီး၏ သက်တော် ၈၀ ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် စစ်ကိုင်းမြို့ သီတဂူဝိပဿနာရိပ်သာတွင် ထားရှိ ရန် ကြေးပိဿာချိန် ၈၀၀၀ ရှိ ခေါင်းလောင်းကြီးများ သွန်းလုပ်ခဲ့ ကြောင်း သိရသည်။မြန်မာပြည်တွင် မင်းကွန်းခေါင်းလောင်းပြီးလျှင် တတိယအကြီးဆုံး ဖြစ်သော “သီရိသုမန ” ဘွဲ့ခံကြေးပိသာချိန် (၁၆ဝဝဝ)တစ်သောင်းခြောက်ထောင် အလေးချိန်ရှိ ခေါင်းလောင်းကြီးကို တမ္ပဝတီရပ်မှ ပန်းတဉ်းပညာရှင် ဦးရေ ၁၅ဝ ကျော်ဖြင့် ယနေ့ည ပြာသိုလ်လပြည့်တွင် သွန်းလုပ်ကြမည်ဖြစ်သည်။ကြေးဖိုပေါင်း ၂၁ ဖိုရှိပြီး တစ်ဖိုလျှ င်ေ ကြးပိသာချိန် ၁ဝဝဝ ကျိူ ၍ စတင် သွန်းလောင်းနေပါပြီ ။
Credit Htet Naing Lynn