LOTAYANET TO DAY TV
WELLCOME TO LOTAYANET WEBSITE
HOME
Home
ကေလးမီးဖြားၿပီးတဲ့ေနာက္ ယုံၾကည္မႈရွိေနဖို႔ ဘယ္လိုျပန္တည္ေဆာက္ရမလဲ
ကေလးမီးဖြားၿပီးတဲ့ေနာက္ ယုံၾကည္မႈရွိေနဖို႔ ဘယ္လိုျပန္တည္ေဆာက္ရမလဲ
Lotayanet Burmese
-
January 11, 2020
Zawgyiျဖင့္ဖတ္ရန္
မိခင္တစ္ေယာက္အေနနဲ႔ ဘယ္လိုနည္းလမ္းေတြနဲ႔ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈျပန္တည္ေဆာက္ၾကမလဲ ဆိုတဲ့အခ်က္ကလည္း အေရးႀကီးတဲ့အခ်က္ပဲ ျဖစ္ပါတယ္။
အမ်ိဳးသမီးတစ္ေယာက္ရဲ႕ဘဝဟာ ကေလးမီးဖြားၿပီးခ်ိန္ေနာက္ပိုင္းမွာ အေျပာင္းအလဲေတြ အမ်ားႀကီးရွိတတ္ပါတယ္။ ကိုယ့္ရင္ေသြးေလးေၾကာင့္ ကိုယ့္မွာေပ်ာ္႐ႊင္ပီတိျဖစ္ရသလို တစ္ဖက္မွာလည္း စိတ္ပိုင္းဆိုင္ရာေရာ၊ ႐ုပ္ပိုင္းဆိုင္ရာေတြမွာပါ အေျပာင္းအလဲစတင္ခံစားရတာေၾကာင့္ ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈ ျပန္လည္တည္ေဆာက္ဖို႔ ခက္ခဲတဲ့အခ်ိန္တစ္ခုပဲျဖစ္ပါတယ္။
ဒီလိုအခ်ိန္ေတြမွာ ေဘာ္ဒီအေလးခ်ိန္ေတြတိုးလာသလို၊ အေၾကာျပတ္ရာေတြ၊ အသားအေရက တင္းတင္းရင္းရင္း မရွိေတာ့တာေတြ စတာေတြက အမ်ိဳးသမီးတစ္ေယာက္အတြက္ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈေလ်ာ့သြားေစတဲ့အပိုင္းတစ္ခုေပါ့။ ယုံၾကည္မႈမရွိေတာ့တဲ့အခါ အျပင္လူေတြနဲ႔ဆက္ဆံေရးမွာ အဆင္မေျပမႈေတြ ရွိလာသလို ကိုယ့္ရဲ႕စိတ္အေျခအေနကပါ ဆိုး႐ြားလာႏိုင္တာမ်ိဳးေတြ ရွိလာပါတယ္။
အဲ့ဒီအေၾကာင္းကို မိခင္တစ္ေယာက္လည္းျဖစ္သလို မိခင္ေတြအေနနဲ႔ ကိုယ့္ရဲ႕သားသမီးကို ျပဳစုေစာင့္ေရွာက္ရမွာ သိသင့္သိထိုက္တဲ့ ဗဟုသုတေတြကို မွ်ေဝေပးေနသူ ဘေလာ့ကာ မာမီပန္ကေတာ့
“ကေလးမေမြးခင္ကတည္း စိတ္အနိမ့္အျမင့္ အတက္အက်မ်ားတတ္တာ အမ်ိဳးသမီးေတြရဲ႕သဘာဝပါ။ အပ်ိဳကတည္းက ဓမၼတာလာခါနီးဆို စိတ္ဆတ္၊စိတ္တို၊ဝမ္းနည္း၊စိတ္ပ်က္တာေတြ ျဖစ္ေလ့ျဖစ္ထရွိတဲ့ အမ်ိဳးသမီးတစ္ေယာက္ဟာ ကိုယ္ဝန္ေဆာင္ခ်ိန္နဲ႔ ကေလးမီးဖြားၿပီးခ်ိန္ေတြက်ရင္ ပိုဆိုးဆိုးဝါးဝါး ခံစားတတ္ၾကပါတယ္။ ကေလးမီးဖြားၿပီးခ်ိန္ ႐ုပ္ပိုင္းဆိုင္ရာအရ အားလုံးေျပာင္းလဲသြားတာေတြေၾကာင့္ ၀ိတ္အတက္အက်၊ စိတ္ပိုင္းဆိုင္ရာအလိုမက်မႈေတြ၊ အားငယ္မႈေတြ တြဲပါလာတဲ့အခါ စိတ္က်မႈပိုျဖစ္ပါတယ္။ ကြၽန္မကိုယ္တိုင္လည္း ႀကဳံေတြ႕ခဲ့ပါတယ္။ ကေလးအထာမနပ္တာေတြ၊ အကူမရွိတာေတြ၊ ဘာသာစကားအခက္အခဲစတာေတြေၾကာင့္ ငိုပဲငိုေနခဲ့ရဖူးပါတယ္။ ကိုယ့္ကိုယ္ကိုယ္ အသုံးမက်ဘူးလို႔ခ်ည္း ရာခိုင္ႏႈန္းျပည့္ခံစားခဲ့ရတာပါ။ ဒါေတြကို ဘာနဲ႔ေက်ာ္ျဖတ္ခဲ့သလဲလို႔ေမးလာရင္ေတာ့ စိတ္အသစ္တစ္ခုေျပာင္းၿပီး ေက်ာ္ျဖတ္ခဲ့တယ္လို႔ ေျပာရပါလိမ့္မယ္” လို႔ သူမရဲ႕အေၾကာင္းကို ေျပာျပသြားခဲ့ပါတယ္။
ေနာက္ထပ္မိခင္တစ္ဦးလည္းျဖစ္သလို Bare Babi product ရဲ႕ Assistant GM တစ္ဦးလည္းျဖစ္တဲ့ မနန္းစံမြမ္းေခးကေတာ့ အမ်ိဳးသမီးတစ္ေယာက္၊ မိခင္တစ္ေယာက္အေနနဲ႔ ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈရွိဖို႔ ဘယ္ေလာက္အေရးႀကီးသလဲ ဆိုတဲ့အေၾကာင္းကို ခုလိုဆိုပါတယ္။
“အပ်ိဳပဲျဖစ္ျဖစ္၊ မိခင္တေယာက္ပဲျဖစ္ျဖစ္ ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈရွိေနဖို႔က အလြန္အေရးႀကီးပါတယ္။ ကိုယ့္ကိုယ္ကိုယ္ေတာင္ မယုံၾကည္ရင္ အျခားလူေတြကိုယ့္ကို ယုံၾကည္ေစႏိုင္ဖို႔ ခက္ခဲလြန္းပါတယ္။ ေျခာက္လ၊ တစ္ႏွစ္က ခႏၶာကိုယ္အေျပာင္းအလဲနဲ႔ ေဟာ္မုန္းအေျပာင္းအလဲေတြေၾကာင့္ စိတ္ဓာတ္က်တာ၊ အားငယ္တာေတြျဖစ္တတ္မို႔ ဒါေတြကို ႀကိဳတင္သိထားၿပီး ကိုယ့္ကိုယ္ကိုယ္ အၿမဲ သတိထားေနဖို႔လိုအပ္ပါတယ္” တဲ့။
မနန္းစံမြမ္းေခးရဲ႕ စကားကို မာမီပန္ကလည္း အျပည့္အဝေထာက္ခံထားၿပီး မိခင္တစ္ေယာက္ ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈရွိျခင္းမရွိျခင္းနဲ႔ ကိုယ့္ကေလးရဲ႕အျပဳအမူ၊ အနာဂတ္ ဘယ္လိုဆက္ႏြယ္ေနသလဲဆိုတာကိုေတာ့ “မိခင္တစ္ေယာက္အေနနဲ႔ ယုံၾကည္မႈရွိျခင္း မရွိျခင္းဟာ သားသမီးရဲ႕ အနာဂတ္နဲ႔ တိုက္႐ိုက္အခ်ိဳးက်ပါတယ္။ အေမက ရဲရင့္တည္ၾကည္ရင္ ကေလးက အေမကို အတုယူၿပီး ရဲရင့္တည္ၾကည္မွာပါ။ အေမက ေပ်ာ္ေပ်ာ္ေနတတ္ရင္ ကေလးကလည္း ေပ်ာ္႐ႊင္တတ္တဲ့ အေကာင္းျမင္စိတ္ရွိတဲ့ ကေလးအေနနဲ႔ ႀကီးျပင္းလာမွာပါ။ အဲ့ဒီလို မဟုတ္ပါဘဲ အေမက အရာရာကို ယုံၾကည္မႈမရွိဘူးဆိုရင္ ကေလးကလည္း ေၾကာက္တတ္၊ ျပန္မေျပာျပတတ္ဘဲ ႀကီးျပင္းလာတတ္ပါတယ္။ ကေလးေတြရဲ႕ အားအက်ဆုံးလူ ဘယ္သူလဲ ေမးရင္ အေမျဖစ္ေနတာ မ်ားပါတယ္။ သမီးေလးဆိုရင္ အေမ့လိုျဖစ္ခ်င္တယ္၊ သားဆိုရင္ အေမ့လို လက္တြဲေဖာ္လိုခ်င္တယ္။ ဒါေၾကာင့္ အေမရဲ႕ ယုံၾကည္မႈက အရမ္းကို အေရးပါပါတယ္။ အမ်ိဳးသမီးတစ္ေယာက္ (မိခင္မဟုတ္သည့္တိုင္) ဟာ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈအျပည့္နဲ႔ ေနထိုင္ရွင္သန္ေနခ်ိန္ဟာ အလွပဆုံး အခ်ိန္ပါ” လို႔ မာမီပန္က ျဖည့္စြက္ေျပာေပးသြားပါတယ္။
ကေလးမီးဖြားၿပီးခ်ိန္ ယုံၾကည္မႈျပန္တည္ေဆာက္ခ်ိန္ဟာ တစ္ေယာက္နဲ႔တစ္ေယာက္ မတူႏိုင္သလို တခ်ိဳ႕က ၆လေလာက္နဲ႔ျပန္အဆင္ေျပသြားတာမ်ိဳး ရွိတတ္ေပမယ့္ တခ်ိဳ႕မိခင္ေတြကေတာ့ သုံးႏွစ္ဝန္းက်င္ေလာက္ထိ ၾကာတတ္တယ္လို႔ သိရပါတယ္။ ဒီေတာ့ မိခင္တစ္ေယာက္အေနနဲ႔ ဘယ္လိုနည္းလမ္းေတြနဲ႔ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈျပန္တည္ေဆာက္ၾကမလဲ ဆိုတဲ့အခ်က္ကလည္း အေရးႀကီးတဲ့အခ်က္ပဲ ျဖစ္ပါတယ္။ နည္းလမ္းေတြ အေနနဲ႔ ေျပာရမယ္ဆိုရင္ေတာ့
(၁) ကိုယ့္ကိုယ္ကိုယ္ဂ႐ုစိုက္ပါ။
ကေလးကို နံပါတ္တစ္ေနရာမွာထားၿပီး ကိုယ့္ကိုယ္ကိုယ္က်ေတာ့ ၿဖီးလိမ္းျပင္ဆင္ဖို႔၊ အလွျပင္ဖို႔၊ ေရကိုအခ်ိန္ၾကာၾကာေလး ခ်ိဳးဖို႔၊ အဝတ္အစားဝယ္ဖို႔၊ ဆံပင္သြားညႇပ္ဖို႔အခ်ိန္ေတာင္ မေပးတာမ်ိဳးမလုပ္ပဲ ကိုယ့္အတြက္ကိုယ္လည္း အခ်ိန္ေပးပါ။ ဒီအခ်က္ကလည္း ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈျပန္တည္ေဆာက္တဲ့အခါ အေရးအႀကီးဆုံးအခ်က္ပါပဲ။
(၂) ကိုယ္ရည္ကိုယ္ေသြးနဲ႔ပတ္သက္ၿပီး ကိုယ့္ရဲ႕အားသာခ်က္ေတြကို အၿမဲေတြးပါ။
ကေလးမီးဖြားၿပီးတဲ့ေနာက္မွာ ငါဟာ ဘာမွအသုံးမက်တဲ့သူတစ္ေယာက္ပါလားဆိုတဲ့ အေတြးမ်ိဳးေတြ ဝင္လာတတ္ပါတယ္။ ဒါေပမယ့္ ျဖစ္ႏိုင္ရင္ ေန႔တိုင္း ကိုယ့္ကိုယ္ကိုယ္ ေကာင္းတာေရာ၊ ဆိုးတာပါ ျပန္သုံးသပ္ၾကည့္ပါ။ အဆိုးခ်ည္းပဲမရွိပါဘူး။ ကိုယ့္မွာ ေကာင္းတဲ့အခ်က္ေတြ အမ်ားႀကီးရွိေနပါလားဆိုတာ သိလာပါလိမ့္မယ္။ အရင္ကလိုပဲ ကိုယ္ဟာ အသုံးဝင္ဆဲ ကေလးေလးရဲ႕ ေမေမဆိုတာ သိေအာင္ႀကိဳးစားပါ။ ကိုယ့္စိတ္ကေန တစ္ခါတေလ ဒါမွမဟုတ္အၿမဲလိုလို မေကာင္းတဲ့အေတြးမ်ိဳးေတြ ရွိေနရင္ ဒါေတြကို ဖယ္ထုတ္ပစ္ဖို႔ ႀကိဳးစားရင္ အေကာင္းျမင္စိတ္ေလးနဲ႔ အရာရာကိုၾကည့္ၾကည့္ပါ။
(၃) တျခားလူေတြနဲ႔ ကိုယ့္ကိုယ္ကိုယ္မႏႈိင္းယွဥ္ပါနဲ႔။
ကိုယ့္လိုပဲ သူက်ေတာ့ ကေလးေလးေမြးထားေပမယ့္ လွလိုက္တာ၊ အျပင္ေတြထြက္ၿပီး အခ်ိန္ျဖဳန္းႏိုင္တယ္၊ ကိုယ့္မွာေတာ့ တစ္ရက္တစ္ရက္ ကေလးနဲ႔ႏွစ္ပါးသြားေနရတာ အိမ္သာေတာင္ မနည္းေျပးတက္ရတယ္ဆိုတာမ်ိဳး တျခားလူနဲ႔ကိုယ့္ကိုယ္ကိုယ္ မႏႈိင္းယွဥ္ပါနဲ႔။ တျခားမိခင္ေတြမွာလည္း သူ႔အခက္အခဲနဲ႔သူ ရွိၾကပါတယ္။ ဒါကိုကိုယ္ကေသခ်ာမသိႏိုင္တာပဲ ရွိတာပါ။ သူမ်ားနဲ႔ႏႈိင္းယွဥ္မိေလေလ ကိုယ္တိုင္ပဲပင္ပန္းၿပီး စိတ္ဓာတ္က်ေလေလျဖစ္တတ္ပါတယ္။
(၅) အိပ္မက္ေတြကိုဆက္မက္ပါ။
ရင္ေသြးေလးမရခင္က ကိုယ္စိတ္ကူးအိပ္မက္ခဲ့တဲ့ပန္းတိုင္ကို ေရာက္ေအာင္ ဆက္သြားဖို႔ ကိုယ့္ကိုယ္ကိုယ္တြန္းအားေပးပါ။ အခက္အခဲေတြကေတာ့ ပိုမ်ားလာမွာ အမွန္ျဖစ္ေပမယ့္ အရင္ကေလာက္ ေျခလွမ္းမသြက္ရင္ေတာင္ တစ္ေန႔တစ္လွမ္း ေလွ်ာက္လွမ္းၿပီး အိပ္မက္ေတြကို အေကာင္အထည္ေဖာ္ၾကည့္ပါ။ ေသးေသးေလးကေန စရစရ၊ စျဖစ္ေအာင္ပဲ ႀကိဳးစားၾကည့္လိုက္ပါ။
(၆) ကိုယ္လက္ေလ့က်င့္ခန္းလုပ္ပါ။
ေဘာ္ဒီအခ်ိဳးအစားပိုလွလာေအာင္၊ ေနလို႔ထိုင္လို႔ပိုေကာင္းလာေအာင္၊ စိတ္ပိုတည္ၿငိမ္လာေအာင္ ကိုယ္လက္ေလ့က်င့္ခန္းကို တတ္ႏိုင္သေလာက္ျပန္လုပ္ၿပီး ယုံၾကည္မႈကိုျပန္တည္ေဆာက္ပါ။
(၇) ၀ါသနာပါတဲ့အရာတစ္ခုခုကို သင္ယူပါ။
အိမ္မွာပဲေနရလို႔ စိတ္ညစ္ေနတဲ့ မိခင္ေတြအတြက္ အိမ္ကေနပဲ သင္လို႔ရတဲ့အရာေတြ သင္ယူၾကည့္ပါ။ လက္မႈပညာရပ္ပဲျဖစ္ျဖစ္၊ တျခားဝါသနာပါတဲ့အရာတစ္ခုခုကို စတင္သင္ယူၿပီး ကိုယ့္စိတ္ကို ေပ်ာ္႐ႊင္လန္းဆန္းလာေအာင္ လုပ္ေဆာင္ၾကည့္ပါ။
(၈) ကိုယ့္ဘာသာကိုယ္သေဘာမက်တဲ့ အက်င့္ေတြကိုျပင္ပါ။
လူတစ္ေယာက္အတြက္ အမူအက်င့္ေတြကို ျပဳျပင္ရတာေလာက္ ခက္ခဲတာမရွိပါဘူး။ ဒါေပမယ့္ ကိုယ္ကသာ တကယ္ေျပာင္းလဲျပင္ဆင္ႏိုင္ရင္လည္း အဲ့ဒီလူဟာ ေပ်ာ္႐ႊင္မႈ၊ပီတိကိုခံစားရ႐ုံသာမက ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈလည္း တိုးပြားလာပါတယ္။ ဒါ့ေၾကာင့္ အစားေလွ်ာ့စားဖို႔ ေတြးထားရင္ ရေအာင္ႀကိဳးစားပါ။ ကေလးနဲ႔ႏွစ္ေယာက္တည္းဆို တီဗီပဲၾကည့္ခ်ိန္မ်ားေနတာမို႔ ေလွ်ာ့မယ္ဆိုရင္လည္း ဒါကို အေကာင္အထည္ရေအာင္ေဖာ္ပါ။ တစ္ခုခုကိုလုပ္ဖို႔ အခ်ိန္ဆြဲတတ္ရင္လည္း ဒီအမူအက်င့္ကို ျပင္လိုက္ပါ။
(၉) ကိုယ့္ရဲ႕အိမ္၊ အိပ္ခန္းစတာေတြကို သန႔္ရွင္းေအာင္ထားပါ။
ကေလးနဲ႔မို႔ အိပ္ခန္း၊ ဧည့္ခန္းစတာေတြက အၿမဲရႈပ္ပြေနတတ္တာ သဘာဝပါ။ ဒါေပမယ့္ အဲ့ဒီလိုရႈပ္ေနတဲ့အခန္းကို ၾကည့္ၿပီး စိတ္ထဲမသက္မသာျဖစ္တာမ်ိဳး၊ ကိုယ့္ကိုယ္ကိုယ္ အျပစ္ရွိသလိုမ်ိဳး ခံစားတတ္တဲ့ ေမေမေတြအေနနဲ႔ တတ္ႏိုင္သေလာက္ ကိုယ့္အိပ္ခန္းနဲ႔ဧည့္ခန္းစတာေတြကို သန႔္သန႔္ရွင္းရွင္း ထားလိုက္တာကလည္း ကိုယ့္အတြက္စိတ္ခ်မ္းသာၿပီး ယုံၾကည္မႈရေစတဲ့အခ်က္ပါပဲ။
(၁၀) ကိုယ္ခ်စ္ရတဲ့သူ၊ ကိုယ့္ကိုခ်စ္တဲ့သူေတြကိုသာ အခ်ိန္ေပးပါ။
ကေလးေလးရလာၿပီမို႔ ကိုယ့္မွာ စိတ္ပင္ပန္းရတဲ့အပိုင္းေတြ အမ်ားႀကီးပါ။ အဲ့ဒါကိုမွ ကိုယ့္ကိုထပ္ၿပီး စိတ္ရႈပ္ေအာင္ လုပ္မယ့္သူေတြနဲ႔ ေတြ႕တာမ်ိဳး၊ သူတစ္ပါးကို ေဝဖန္အျပစ္တင္တာမ်ိဳး၊ ကိုယ့္ကိုစိတ္ဓာတ္က်ေအာင္ ေျပာေနတာကို ထိုင္နားေထာင္ေနရတာမ်ိဳး စတာေတြကို ေရွာင္လိုက္ၿပီး ကိုယ့္ကိုခ်စ္တဲ့သူ၊ ကိုယ့္ေကာင္းက်ိဳးလိုလားၿပီး၊ ကိုယ့္အတြက္ၾကည့္ေပးတဲ့သူေတြနဲ႔သာ အခ်ိန္ကုန္လိုက္ပါ။
ဒီအခ်က္ (၁၀)ခ်က္ကေတာ့ မိခင္ေတြအတြက္ ၿခဳံငုံၿပီးေျပာျပေပးထားတဲ့ အခ်က္ေတြပဲ ျဖစ္ပါတယ္။ နည္းလမ္းေတြနဲ႔ပတ္သက္ၿပီး ကိုယ့္ကိုကိုယ္ ယုံၾကည္မႈျပန္တည္ေဆာက္ဖို႔ မာမီပန္နဲ႔ မနန္းစံမြမ္းေခး သုံးတဲ့နည္းလမ္းေလးေတြကိုလည္း ခုလိုေဝမွ်ေပးလိုက္ပါတယ္။
“ကိုယ္တိုင္က်င့္သုံးခဲ့တဲ့ နည္းလမ္းေတြအေနနဲ႔ ေျပာရမယ္ဆိုရင္ေတာ့ ကိုယ့္ကိုယ္ကိုယ္ ပိုဂ႐ုစိုက္ျဖစ္ပါတယ္။ အဓိကကေတာ့ ခႏၶာကိုယ္အခ်ိဳးအစား အစားေတြ ဂ႐ုစိုက္စားတယ္။ အဆီမ်ားတာ ေလွ်ာ့စားတယ္၊ ကေလးႏို႔တိုက္ေနေတာ့ အာဟာရျပည့္ေအာင္ေတာ့စားတယ္။ ၿပီးေတာ့ ကိုယ္ခ်စ္တဲ့ ကေလးအေၾကာင္းကိုပဲ အေတြးထဲ ထည့္ထားတယ္။ ပညာရပ္တစ္ခုကို စတင္ေလ့လာျဖစ္တယ္ေပါ့ေနာ္။ ေနာက္ ကိုယ့္ကို နားလည္ေပးႏိုင္တဲ့ ပတ္ဝန္းက်င္မွာပဲေနပါတယ္” လို႔ မနန္းစံမြမ္းေခးက ေျပာပါတယ္။
စိတ္အသစ္တစ္ခုေျပာင္းၿပီး ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈျပန္ရေအာင္ တည္ေဆာက္ခဲ့တဲ့ မာမီပန္ကေတာ့
“အျမင္ဆိုးေတြေျပာတဲ့သူရွိတဲ့အခါ အတတ္ႏိုင္ဆုံး သူတစ္ပါးကို မေျပာဘဲေနႏိုင္ေအာင္ ႀကိဳးစားေနလိုက္တယ္။ ငါ့ကိုဘာေျပာေနၾကၿပီ၊ ဘာထင္ကုန္ၾကၿပီ ဆိုတာထက္ သူတစ္ပါးအေတြးအျမင္က ငါ့အတြက္အေရးမပါဘူး ဆိုတာကို ခံယူလိုက္တယ္။ စကားေတာ့မ်ားမ်ားေျပာျဖစ္ေအာင္ ႀကိဳးစားတယ္၊ စကားမ်ားမ်ားေျပာတဲ့အခါ မ်ားမ်ားေတြးရတဲ့အတြက္ မေကာင္းတဲ့စိတ္က်မႈမ်ိဳး ဝင္ဖို႔အခ်ိန္မရေတာ့ဘူး။ ငိုခ်င္ရင္ ငိုခ်လိုက္တယ္။ ဝေအာင္ငိုၿပီးရင္ စိတ္ကိုျဖည္ခ်လိုက္တယ္။ ေပါ့ေပါးသြားေအာင္လို႔။ ေနာက္ ကိုယ့္အေပ်ာ္ကို ကိုယ္တိုင္ပဲ ဖန္တီးယူတယ္။ အမ်ိဳးသား၊ သူငယ္ခ်င္းမိတ္ေဆြေတြအေပၚ ေမွ်ာ္လင့္မေနဘဲ ကိုယ္ဘာလုပ္ရင္ စိတ္ခ်မ္းသာမလဲ ဆိုတာရွာေဖြလိုက္တယ္။ ကြၽန္မဆို အရင္ကတည္းက စာေရးရတာဝါသနာပါေပမယ့္ လူေတြရဲ႕အျမင္နဲ႔ ေဝဖန္မႈကို မခံစားႏိုင္လို႔မေရးရဲခဲ့ဘူး။ အခုကေလးေမြးၿပီး စိတ္ကုစားမႈအေနနဲ႔ ေပ်ာ္ရာတစ္ခု အျဖစ္ဖန္တီးတယ္၊ Blog လုပ္တယ္။ အဲ့ဒီကေနပဲ မထင္မွတ္ထားတဲ့ ခြန္အား အထူးသျဖင့္ ငါလုပ္ႏိုင္ပါလားဆိုတဲ့ အားတစ္ခုကို ရခဲ့တယ္။ ကိုယ့္ကိုယ္ကိုယ္ခ်စ္ၿပီး ကိုယ္ကခ်စ္တဲ့သူေတြကိုပဲ အေလးထား ဆက္ဆံတယ္၊ အဆိပ္ရွိတဲ့ ဆက္ဆံေရး၊ ကိုယ္ကႀကိဳးစားရဲ႕သားနဲ႔ တုံ႔ျပန္မလာတဲ့ ဆက္ဆံေရး၊ အဆိုးအၿမဲအျမင္ခံရတဲ့ ဆက္ဆံေရးေတြအကုန္လုံးကို သတၱိရွိရွိ ရပ္ပစ္ခဲ့တယ္။ ဒီနည္းလမ္းေတြေၾကာင့္ အခုခ်ိန္ထိ အဆင္ေျပေပ်ာ္႐ႊင္ေနထိုင္လွ်က္ရွိတာ လက္ေတြ႕ပါပဲ” လို႔ သူမမီးဖြားၿပီးေနာက္ပိုင္း ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈတည္ေဆာက္ခဲ့တဲ့ နည္းလမ္းေတြကို ျပည့္ျပည့္စုံစုံေျပာျပေပးသြားခဲ့ပါတယ္။
ဒါ့ေၾကာင့္ေမေမတို႔အေနနဲ႔ ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈျပန္ရေအာင္ ဒီနည္းလမ္းေလးေတြနဲ႔ တည္ေဆာက္ၾကည့္ရင္း ကိုယ္တိုင္ေပ်ာ္႐ႊင္သာယာတဲ့ဘဝေလးကိုဖန္တီးၾကည့္လိုက္ပါ။ ကိုယ့္အတြက္ကိုမၾကည့္ဘဲ အျခားသူေတြကို နံပါတ္(၁) ေနရာမွာထားမယ္ဆိုရင္ ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈရဖို႔ မလြယ္ကူဘူးဆိုတာလည္း မေမ့ပါနဲ႔။
Unicode
ဖြင့်ဖတ်ရန်
မိခင်တစ်ယောက်အနေနဲ့ ဘယ်လိုနည်းလမ်းတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပြန်တည်ဆောက်ကြမလဲ ဆိုတဲ့အချက်ကလည်း အရေးကြီးတဲ့အချက်ပဲ ဖြစ်ပါတယ်။
အမျိုးသမီးတစ်ယောက်ရဲ့ဘဝဟာ ကလေးမီးဖွားပြီးချိန်နောက်ပိုင်းမှာ အပြောင်းအလဲတွေ အများကြီးရှိတတ်ပါတယ်။ ကိုယ့်ရင်သွေးလေးကြောင့် ကိုယ့်မှာပျော်ရွှင်ပီတိဖြစ်ရသလို တစ်ဖက်မှာလည်း စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာတွေမှာပါ အပြောင်းအလဲစတင်ခံစားရတာကြောင့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ပြန်လည်တည်ဆောက်ဖို့ ခက်ခဲတဲ့အချိန်တစ်ခုပဲဖြစ်ပါတယ်။
ဒီလိုအချိန်တွေမှာ ဘော်ဒီအလေးချိန်တွေတိုးလာသလို၊ အကြောပြတ်ရာတွေ၊ အသားအရေက တင်းတင်းရင်းရင်း မရှိတော့တာတွေ စတာတွေက အမျိုးသမီးတစ်ယောက်အတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလျော့သွားစေတဲ့အပိုင်းတစ်ခုပေါ့။ ယုံကြည်မှုမရှိတော့တဲ့အခါ အပြင်လူတွေနဲ့ဆက်ဆံရေးမှာ အဆင်မပြေမှုတွေ ရှိလာသလို ကိုယ့်ရဲ့စိတ်အခြေအနေကပါ ဆိုးရွားလာနိုင်တာမျိုးတွေ ရှိလာပါတယ်။
အဲ့ဒီအကြောင်းကို မိခင်တစ်ယောက်လည်းဖြစ်သလို မိခင်တွေအနေနဲ့ ကိုယ့်ရဲ့သားသမီးကို ပြုစုစောင့်ရှောက်ရမှာ သိသင့်သိထိုက်တဲ့ ဗဟုသုတတွေကို မျှဝေပေးနေသူ ဘလော့ကာ မာမီပန်ကတော့
“ကလေးမမွေးခင်ကတည်း စိတ်အနိမ့်အမြင့် အတက်အကျများတတ်တာ အမျိုးသမီးတွေရဲ့သဘာဝပါ။ အပျိုကတည်းက ဓမ္မတာလာခါနီးဆို စိတ်ဆတ်၊စိတ်တို၊ဝမ်းနည်း၊စိတ်ပျက်တာတွေ ဖြစ်လေ့ဖြစ်ထရှိတဲ့ အမျိုးသမီးတစ်ယောက်ဟာ ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးမီးဖွားပြီးချိန်တွေကျရင် ပိုဆိုးဆိုးဝါးဝါး ခံစားတတ်ကြပါတယ်။ ကလေးမီးဖွားပြီးချိန် ရုပ်ပိုင်းဆိုင်ရာအရ အားလုံးပြောင်းလဲသွားတာတွေကြောင့် ဝိတ်အတက်အကျ၊ စိတ်ပိုင်းဆိုင်ရာအလိုမကျမှုတွေ၊ အားငယ်မှုတွေ တွဲပါလာတဲ့အခါ စိတ်ကျမှုပိုဖြစ်ပါတယ်။ ကျွန်မကိုယ်တိုင်လည်း ကြုံတွေ့ခဲ့ပါတယ်။ ကလေးအထာမနပ်တာတွေ၊ အကူမရှိတာတွေ၊ ဘာသာစကားအခက်အခဲစတာတွေကြောင့် ငိုပဲငိုနေခဲ့ရဖူးပါတယ်။ ကိုယ့်ကိုယ်ကိုယ် အသုံးမကျဘူးလို့ချည်း ရာခိုင်နှုန်းပြည့်ခံစားခဲ့ရတာပါ။ ဒါတွေကို ဘာနဲ့ကျော်ဖြတ်ခဲ့သလဲလို့မေးလာရင်တော့ စိတ်အသစ်တစ်ခုပြောင်းပြီး ကျော်ဖြတ်ခဲ့တယ်လို့ ပြောရပါလိမ့်မယ်” လို့ သူမရဲ့အကြောင်းကို ပြောပြသွားခဲ့ပါတယ်။
နောက်ထပ်မိခင်တစ်ဦးလည်းဖြစ်သလို Bare Babi product ရဲ့ Assistant GM တစ်ဦးလည်းဖြစ်တဲ့ မနန်းစံမွမ်းခေးကတော့ အမျိုးသမီးတစ်ယောက်၊ မိခင်တစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိဖို့ ဘယ်လောက်အရေးကြီးသလဲ ဆိုတဲ့အကြောင်းကို ခုလိုဆိုပါတယ်။
“အပျိုပဲဖြစ်ဖြစ်၊ မိခင်တယောက်ပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိနေဖို့က အလွန်အရေးကြီးပါတယ်။ ကိုယ့်ကိုယ်ကိုယ်တောင် မယုံကြည်ရင် အခြားလူတွေကိုယ့်ကို ယုံကြည်စေနိုင်ဖို့ ခက်ခဲလွန်းပါတယ်။ ခြောက်လ၊ တစ်နှစ်က ခန္ဓာကိုယ်အပြောင်းအလဲနဲ့ ဟော်မုန်းအပြောင်းအလဲတွေကြောင့် စိတ်ဓာတ်ကျတာ၊ အားငယ်တာတွေဖြစ်တတ်မို့ ဒါတွေကို ကြိုတင်သိထားပြီး ကိုယ့်ကိုယ်ကိုယ် အမြဲ သတိထားနေဖို့လိုအပ်ပါတယ်” တဲ့။
မနန်းစံမွမ်းခေးရဲ့ စကားကို မာမီပန်ကလည်း အပြည့်အဝထောက်ခံထားပြီး မိခင်တစ်ယောက် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိခြင်းမရှိခြင်းနဲ့ ကိုယ့်ကလေးရဲ့အပြုအမူ၊ အနာဂတ် ဘယ်လိုဆက်နွယ်နေသလဲဆိုတာကိုတော့ “မိခင်တစ်ယောက်အနေနဲ့ ယုံကြည်မှုရှိခြင်း မရှိခြင်းဟာ သားသမီးရဲ့ အနာဂတ်နဲ့ တိုက်ရိုက်အချိုးကျပါတယ်။ အမေက ရဲရင့်တည်ကြည်ရင် ကလေးက အမေကို အတုယူပြီး ရဲရင့်တည်ကြည်မှာပါ။ အမေက ပျော်ပျော်နေတတ်ရင် ကလေးကလည်း ပျော်ရွှင်တတ်တဲ့ အကောင်းမြင်စိတ်ရှိတဲ့ ကလေးအနေနဲ့ ကြီးပြင်းလာမှာပါ။ အဲ့ဒီလို မဟုတ်ပါဘဲ အမေက အရာရာကို ယုံကြည်မှုမရှိဘူးဆိုရင် ကလေးကလည်း ကြောက်တတ်၊ ပြန်မပြောပြတတ်ဘဲ ကြီးပြင်းလာတတ်ပါတယ်။ ကလေးတွေရဲ့ အားအကျဆုံးလူ ဘယ်သူလဲ မေးရင် အမေဖြစ်နေတာ များပါတယ်။ သမီးလေးဆိုရင် အမေ့လိုဖြစ်ချင်တယ်၊ သားဆိုရင် အမေ့လို လက်တွဲဖော်လိုချင်တယ်။ ဒါကြောင့် အမေရဲ့ ယုံကြည်မှုက အရမ်းကို အရေးပါပါတယ်။ အမျိုးသမီးတစ်ယောက် (မိခင်မဟုတ်သည့်တိုင်) ဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ နေထိုင်ရှင်သန်နေချိန်ဟာ အလှပဆုံး အချိန်ပါ” လို့ မာမီပန်က ဖြည့်စွက်ပြောပေးသွားပါတယ်။
ကလေးမီးဖွားပြီးချိန် ယုံကြည်မှုပြန်တည်ဆောက်ချိန်ဟာ တစ်ယောက်နဲ့တစ်ယောက် မတူနိုင်သလို တချို့က ၆လလောက်နဲ့ပြန်အဆင်ပြေသွားတာမျိုး ရှိတတ်ပေမယ့် တချို့မိခင်တွေကတော့ သုံးနှစ်ဝန်းကျင်လောက်ထိ ကြာတတ်တယ်လို့ သိရပါတယ်။ ဒီတော့ မိခင်တစ်ယောက်အနေနဲ့ ဘယ်လိုနည်းလမ်းတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပြန်တည်ဆောက်ကြမလဲ ဆိုတဲ့အချက်ကလည်း အရေးကြီးတဲ့အချက်ပဲ ဖြစ်ပါတယ်။ နည်းလမ်းတွေ အနေနဲ့ ပြောရမယ်ဆိုရင်တော့
(၁) ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ပါ။
ကလေးကို နံပါတ်တစ်နေရာမှာထားပြီး ကိုယ့်ကိုယ်ကိုယ်ကျတော့ ဖြီးလိမ်းပြင်ဆင်ဖို့၊ အလှပြင်ဖို့၊ ရေကိုအချိန်ကြာကြာလေး ချိုးဖို့၊ အဝတ်အစားဝယ်ဖို့၊ ဆံပင်သွားညှပ်ဖို့အချိန်တောင် မပေးတာမျိုးမလုပ်ပဲ ကိုယ့်အတွက်ကိုယ်လည်း အချိန်ပေးပါ။ ဒီအချက်ကလည်း ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုပြန်တည်ဆောက်တဲ့အခါ အရေးအကြီးဆုံးအချက်ပါပဲ။
(၂) ကိုယ်ရည်ကိုယ်သွေးနဲ့ပတ်သက်ပြီး ကိုယ့်ရဲ့အားသာချက်တွေကို အမြဲတွေးပါ။
ကလေးမီးဖွားပြီးတဲ့နောက်မှာ ငါဟာ ဘာမှအသုံးမကျတဲ့သူတစ်ယောက်ပါလားဆိုတဲ့ အတွေးမျိုးတွေ ဝင်လာတတ်ပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ရင် နေ့တိုင်း ကိုယ့်ကိုယ်ကိုယ် ကောင်းတာရော၊ ဆိုးတာပါ ပြန်သုံးသပ်ကြည့်ပါ။ အဆိုးချည်းပဲမရှိပါဘူး။ ကိုယ့်မှာ ကောင်းတဲ့အချက်တွေ အများကြီးရှိနေပါလားဆိုတာ သိလာပါလိမ့်မယ်။ အရင်ကလိုပဲ ကိုယ်ဟာ အသုံးဝင်ဆဲ ကလေးလေးရဲ့ မေမေဆိုတာ သိအောင်ကြိုးစားပါ။ ကိုယ့်စိတ်ကနေ တစ်ခါတလေ ဒါမှမဟုတ်အမြဲလိုလို မကောင်းတဲ့အတွေးမျိုးတွေ ရှိနေရင် ဒါတွေကို ဖယ်ထုတ်ပစ်ဖို့ ကြိုးစားရင် အကောင်းမြင်စိတ်လေးနဲ့ အရာရာကိုကြည့်ကြည့်ပါ။
(၃) တခြားလူတွေနဲ့ ကိုယ့်ကိုယ်ကိုယ်မနှိုင်းယှဉ်ပါနဲ့။
ကိုယ့်လိုပဲ သူကျတော့ ကလေးလေးမွေးထားပေမယ့် လှလိုက်တာ၊ အပြင်တွေထွက်ပြီး အချိန်ဖြုန်းနိုင်တယ်၊ ကိုယ့်မှာတော့ တစ်ရက်တစ်ရက် ကလေးနဲ့နှစ်ပါးသွားနေရတာ အိမ်သာတောင် မနည်းပြေးတက်ရတယ်ဆိုတာမျိုး တခြားလူနဲ့ကိုယ့်ကိုယ်ကိုယ် မနှိုင်းယှဉ်ပါနဲ့။ တခြားမိခင်တွေမှာလည်း သူ့အခက်အခဲနဲ့သူ ရှိကြပါတယ်။ ဒါကိုကိုယ်ကသေချာမသိနိုင်တာပဲ ရှိတာပါ။ သူများနဲ့နှိုင်းယှဉ်မိလေလေ ကိုယ်တိုင်ပဲပင်ပန်းပြီး စိတ်ဓာတ်ကျလေလေဖြစ်တတ်ပါတယ်။
(၅) အိပ်မက်တွေကိုဆက်မက်ပါ။
ရင်သွေးလေးမရခင်က ကိုယ်စိတ်ကူးအိပ်မက်ခဲ့တဲ့ပန်းတိုင်ကို ရောက်အောင် ဆက်သွားဖို့ ကိုယ့်ကိုယ်ကိုယ်တွန်းအားပေးပါ။ အခက်အခဲတွေကတော့ ပိုများလာမှာ အမှန်ဖြစ်ပေမယ့် အရင်ကလောက် ခြေလှမ်းမသွက်ရင်တောင် တစ်နေ့တစ်လှမ်း လျှောက်လှမ်းပြီး အိပ်မက်တွေကို အကောင်အထည်ဖော်ကြည့်ပါ။ သေးသေးလေးကနေ စရစရ၊ စဖြစ်အောင်ပဲ ကြိုးစားကြည့်လိုက်ပါ။
(၆) ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။
ဘော်ဒီအချိုးအစားပိုလှလာအောင်၊ နေလို့ထိုင်လို့ပိုကောင်းလာအောင်၊ စိတ်ပိုတည်ငြိမ်လာအောင် ကိုယ်လက်လေ့ကျင့်ခန်းကို တတ်နိုင်သလောက်ပြန်လုပ်ပြီး ယုံကြည်မှုကိုပြန်တည်ဆောက်ပါ။
(၇) ဝါသနာပါတဲ့အရာတစ်ခုခုကို သင်ယူပါ။
အိမ်မှာပဲနေရလို့ စိတ်ညစ်နေတဲ့ မိခင်တွေအတွက် အိမ်ကနေပဲ သင်လို့ရတဲ့အရာတွေ သင်ယူကြည့်ပါ။ လက်မှုပညာရပ်ပဲဖြစ်ဖြစ်၊ တခြားဝါသနာပါတဲ့အရာတစ်ခုခုကို စတင်သင်ယူပြီး ကိုယ့်စိတ်ကို ပျော်ရွှင်လန်းဆန်းလာအောင် လုပ်ဆောင်ကြည့်ပါ။
(၈) ကိုယ့်ဘာသာကိုယ်သဘောမကျတဲ့ အကျင့်တွေကိုပြင်ပါ။
လူတစ်ယောက်အတွက် အမူအကျင့်တွေကို ပြုပြင်ရတာလောက် ခက်ခဲတာမရှိပါဘူး။ ဒါပေမယ့် ကိုယ်ကသာ တကယ်ပြောင်းလဲပြင်ဆင်နိုင်ရင်လည်း အဲ့ဒီလူဟာ ပျော်ရွှင်မှု၊ပီတိကိုခံစားရရုံသာမက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလည်း တိုးပွားလာပါတယ်။ ဒါ့ကြောင့် အစားလျှော့စားဖို့ တွေးထားရင် ရအောင်ကြိုးစားပါ။ ကလေးနဲ့နှစ်ယောက်တည်းဆို တီဗီပဲကြည့်ချိန်များနေတာမို့ လျှော့မယ်ဆိုရင်လည်း ဒါကို အကောင်အထည်ရအောင်ဖော်ပါ။ တစ်ခုခုကိုလုပ်ဖို့ အချိန်ဆွဲတတ်ရင်လည်း ဒီအမူအကျင့်ကို ပြင်လိုက်ပါ။
(၉) ကိုယ့်ရဲ့အိမ်၊ အိပ်ခန်းစတာတွေကို သန့်ရှင်းအောင်ထားပါ။
ကလေးနဲ့မို့ အိပ်ခန်း၊ ဧည့်ခန်းစတာတွေက အမြဲရှုပ်ပွနေတတ်တာ သဘာဝပါ။ ဒါပေမယ့် အဲ့ဒီလိုရှုပ်နေတဲ့အခန်းကို ကြည့်ပြီး စိတ်ထဲမသက်မသာဖြစ်တာမျိုး၊ ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိသလိုမျိုး ခံစားတတ်တဲ့ မေမေတွေအနေနဲ့ တတ်နိုင်သလောက် ကိုယ့်အိပ်ခန်းနဲ့ဧည့်ခန်းစတာတွေကို သန့်သန့်ရှင်းရှင်း ထားလိုက်တာကလည်း ကိုယ့်အတွက်စိတ်ချမ်းသာပြီး ယုံကြည်မှုရစေတဲ့အချက်ပါပဲ။
(၁၀)
ကိုယ်ချစ်ရတဲ့သူ၊ ကိုယ့်ကိုချစ်တဲ့သူတွေကိုသာ အချိန်ပေးပါ။
ကလေးလေးရလာပြီမို့ ကိုယ့်မှာ စိတ်ပင်ပန်းရတဲ့အပိုင်းတွေ အများကြီးပါ။ အဲ့ဒါကိုမှ ကိုယ့်ကိုထပ်ပြီး စိတ်ရှုပ်အောင် လုပ်မယ့်သူတွေနဲ့ တွေ့တာမျိုး၊ သူတစ်ပါးကို ဝေဖန်အပြစ်တင်တာမျိုး၊ ကိုယ့်ကိုစိတ်ဓာတ်ကျအောင် ပြောနေတာကို ထိုင်နားထောင်နေရတာမျိုး စတာတွေကို ရှောင်လိုက်ပြီး ကိုယ့်ကိုချစ်တဲ့သူ၊ ကိုယ့်ကောင်းကျိုးလိုလားပြီး၊ ကိုယ့်အတွက်ကြည့်ပေးတဲ့သူတွေနဲ့သာ အချိန်ကုန်လိုက်ပါ။
ဒီအချက် (၁၀)ချက်ကတော့ မိခင်တွေအတွက် ခြုံငုံပြီးပြောပြပေးထားတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ နည်းလမ်းတွေနဲ့ပတ်သက်ပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုပြန်တည်ဆောက်ဖို့ မာမီပန်နဲ့ မနန်းစံမွမ်းခေး သုံးတဲ့နည်းလမ်းလေးတွေကိုလည်း ခုလိုဝေမျှပေးလိုက်ပါတယ်။
“ကိုယ်တိုင်ကျင့်သုံးခဲ့တဲ့ နည်းလမ်းတွေအနေနဲ့ ပြောရမယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် ပိုဂရုစိုက်ဖြစ်ပါတယ်။ အဓိကကတော့ ခန္ဓာကိုယ်အချိုးအစား အစားတွေ ဂရုစိုက်စားတယ်။ အဆီများတာ လျှော့စားတယ်၊ ကလေးနို့တိုက်နေတော့ အာဟာရပြည့်အောင်တော့စားတယ်။ ပြီးတော့ ကိုယ်ချစ်တဲ့ ကလေးအကြောင်းကိုပဲ အတွေးထဲ ထည့်ထားတယ်။ ပညာရပ်တစ်ခုကို စတင်လေ့လာဖြစ်တယ်ပေါ့နော်။ နောက် ကိုယ့်ကို နားလည်ပေးနိုင်တဲ့ ပတ်ဝန်းကျင်မှာပဲနေပါတယ်” လို့ မနန်းစံမွမ်းခေးက ပြောပါတယ်။
စိတ်အသစ်တစ်ခုပြောင်းပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုပြန်ရအောင် တည်ဆောက်ခဲ့တဲ့ မာမီပန်ကတော့
“အမြင်ဆိုးတွေပြောတဲ့သူရှိတဲ့အခါ အတတ်နိုင်ဆုံး သူတစ်ပါးကို မပြောဘဲနေနိုင်အောင် ကြိုးစားနေလိုက်တယ်။ ငါ့ကိုဘာပြောနေကြပြီ၊ ဘာထင်ကုန်ကြပြီ ဆိုတာထက် သူတစ်ပါးအတွေးအမြင်က ငါ့အတွက်အရေးမပါဘူး ဆိုတာကို ခံယူလိုက်တယ်။ စကားတော့များများပြောဖြစ်အောင် ကြိုးစားတယ်၊ စကားများများပြောတဲ့အခါ များများတွေးရတဲ့အတွက် မကောင်းတဲ့စိတ်ကျမှုမျိုး ဝင်ဖို့အချိန်မရတော့ဘူး။ ငိုချင်ရင် ငိုချလိုက်တယ်။ ဝအောင်ငိုပြီးရင် စိတ်ကိုဖြည်ချလိုက်တယ်။ ပေါ့ပေါးသွားအောင်လို့။ နောက် ကိုယ့်အပျော်ကို ကိုယ်တိုင်ပဲ ဖန်တီးယူတယ်။ အမျိုးသား၊ သူငယ်ချင်းမိတ်ဆွေတွေအပေါ် မျှော်လင့်မနေဘဲ ကိုယ်ဘာလုပ်ရင် စိတ်ချမ်းသာမလဲ ဆိုတာရှာဖွေလိုက်တယ်။ ကျွန်မဆို အရင်ကတည်းက စာရေးရတာဝါသနာပါပေမယ့် လူတွေရဲ့အမြင်နဲ့ ဝေဖန်မှုကို မခံစားနိုင်လို့မရေးရဲခဲ့ဘူး။ အခုကလေးမွေးပြီး စိတ်ကုစားမှုအနေနဲ့ ပျော်ရာတစ်ခု အဖြစ်ဖန်တီးတယ်၊ Blog လုပ်တယ်။ အဲ့ဒီကနေပဲ မထင်မှတ်ထားတဲ့ ခွန်အား အထူးသဖြင့် ငါလုပ်နိုင်ပါလားဆိုတဲ့ အားတစ်ခုကို ရခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ်ချစ်ပြီး ကိုယ်ကချစ်တဲ့သူတွေကိုပဲ အလေးထား ဆက်ဆံတယ်၊ အဆိပ်ရှိတဲ့ ဆက်ဆံရေး၊ ကိုယ်ကကြိုးစားရဲ့သားနဲ့ တုံ့ပြန်မလာတဲ့ ဆက်ဆံရေး၊ အဆိုးအမြဲအမြင်ခံရတဲ့ ဆက်ဆံရေးတွေအကုန်လုံးကို သတ္တိရှိရှိ ရပ်ပစ်ခဲ့တယ်။ ဒီနည်းလမ်းတွေကြောင့် အခုချိန်ထိ အဆင်ပြေပျော်ရွှင်နေထိုင်လျှက်ရှိတာ လက်တွေ့ပါပဲ” လို့ သူမမီးဖွားပြီးနောက်ပိုင်း ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတည်ဆောက်ခဲ့တဲ့ နည်းလမ်းတွေကို ပြည့်ပြည့်စုံစုံပြောပြပေးသွားခဲ့ပါတယ်။
ဒါ့ကြောင့်မေမေတို့အနေနဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုပြန်ရအောင် ဒီနည်းလမ်းလေးတွေနဲ့ တည်ဆောက်ကြည့်ရင်း ကိုယ်တိုင်ပျော်ရွှင်သာယာတဲ့ဘဝလေးကိုဖန်တီးကြည့်လိုက်ပါ။ ကိုယ့်အတွက်ကိုမကြည့်ဘဲ အခြားသူတွေကို နံပါတ်(၁) နေရာမှာထားမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရဖို့ မလွယ်ကူဘူးဆိုတာလည်း မမေ့ပါနဲ့။
Credit: Shaun
Post a Comment
0 Comments
Social Plugin
Labels
YOEYOELAY
ကမၻာသတင္း
က်န္းမာေရး
နည္းပညာ
ပညာေရး
မူခင္း
အားကစား
ေဒသနၱရသတင္းမ်ား
ေဖ်ာ္ေျဖေရး
FACEBOOK
0 Comments