LOTAYANET TO DAY TV
WELLCOME TO LOTAYANET WEBSITE
HOME
Home
“ေျမကြက္ခြဲၾကမည္”ဆိုလွွ်င္
“ေျမကြက္ခြဲၾကမည္”ဆိုလွွ်င္
Lotayanet Burmese
-
January 11, 2020
Zawgyi ျဖင့္ဖတ္ရန္
– ေျမပိုင္ေျမ၊ ဘိုးဘြားပိုင္ေျမ(အိမ္ယာေျမ)၊ ဂရန္ရွိေျမပိုင္ေျမႏွင့္ေျမဌားဂရန္ေျမမ်ားကို ၿမိဳ႕ကြက္ေျမပုံႏွင့္ ၿမိဳ႕ေျမစာရင္းတို႔တြင္ခြဲစိတ္ေပးပါသည္။
– ခြဲစိတ္ရန္ေလၽွာက္ထားသည့္ေျမကြက္အတိုင္းအတာသည္မ်က္ႏွာစာဖက္တြင္ အနည္းဆုံး ေပ (၂၀)ရွိရမည္ ျဖစ္ၿပီးေျမတစ္ကြက္လုံး၏ စုစုေပါင္းဧရိယာသည္ အနည္းဆုံး(၁၂၀၀) စတုရန္းေပရွိရပါမည္။
– ခြဲစိတ္ရန္ ေလၽွာက္ထားေသာ ေျမကြက္မ်ားသို႔ ဝင္ထြက္သြားလာရန္လုံေလာက္ေသာ လမ္းပါရွိရပါမည္။ ေကာ္မတီပိုင္ လမ္းမရွိပါကကိုယ္ပိုင္လမ္း လ်ာထားေပးရပါမည္။
– ေျမကြက္ ခြဲစိတ္မ်ဥ္းႏွင့္ ေျမျပင္ရွိ အေဆာက္အအုံတို႔ကင္းလြတ္မႈရွိရပါမည္။- ေလၽွာက္ထားလိုသူသည္ ဌာနမွ သတ္မွတ္ထားေသာ ေလၽွာက္လႊာပုံစံႏွင့္အတူ ေျမတိုင္းေလၽွာက္ထားစဥ္က တင္ကျပခဲ့ေသာ အေထာက္အထားမ်ားအျပင္ တစ္ႏွစ္အတြင္း သက္တမ္းရွိသည့္ ဌာနမွ ထုတ္ေပးထားေသာေျမကြက္ခြဲစိတ္ရန္ မွန္ကန္ေၾကာင္း သက္ေသခံသည့္ေျမပုံႏွင့္
ေျမရာဇဝင္မူရင္း၊ အတိုင္းအတာပါသည့္ ေျမတိုင္းေျမပုံမိတၱဴ၊ေကာ္မတီက အသိအမွတ္ျပဳ လိုင္စင္ရအင္ဂ်င္နီယာေရးဆြဲထားသည့္ေျမကြက္ခြဲစိတ္ရန္အဆိုျပဳေျမပုံ (၃) စုံ ႏွင့္အေသးစိတ္တြက္ခ်က္မႈပုံစံ (၃) စုံမူရင္းမ်ား ရွိရပါမည္။
– ေလၽွာက္ထားသူ တင္ျပေသာ အေထာက္အထားမ်ား ျပည့္စုံမွန္ကန္ပါကဌာနမွ ကြင္းဆင္းတိုင္းတာ စစ္ေဆးပါသည္။
– ဌာနမွ သတ္မွတ္ခ်က္မ်ားႏွင့္အညီ ကိုက္ညီမွန္ကန္ပါကသတ္မွတ္ဝန္ေဆာင္ခ ေပးသြင္းေစၿပီး ေျမကြက္ခြဲအတည္ျပဳပုံစံႏွင့္ေျမကြက္ခြဲစိတ္တိုင္းတာသည့္ ေျမပုံမ်ားထုတ္ေပးပါသည္။
– ဌာနရွိ ၿမိဳ႕ကြက္ေျမပုံႏွင့္ ၿမိဳ႕ေျမစာရင္းတို႔တြင္လည္း ဉီးပိုင္ အသစ္မ်ားခြဲစိတ္မွတ္သားပါသည္။
– ခြဲစိတ္သည့္ ေျမကြက္သည္ ဂရန္ေျမျဖစ္ပါကဂရန္ခြဲဆက္လက္ေဆာင္႐ြက္ရန္ႏွင့္ေျမပိုင္ေျမျဖစ္ပါကအမွားျပင္စာခ်ဳပ္ ခ်ဳပ္ဆိုရန္ လိုအပ္သည္။
share from : (ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ)
Unicode ဖြင့်ဖတ်ရန်
“မြေကွက်ခွဲကြမည်”
– မြေပိုင်မြေ၊ ဘိုးဘွားပိုင်မြေ(အိမ်ယာမြေ)၊ ဂရန်ရှိမြေပိုင်မြေနှင့်မြေဌားဂရန်မြေများကို မြို့ကွက်မြေပုံနှင့် မြို့မြေစာရင်းတို့တွင်ခွဲစိတ်ပေးပါသည်။
– ခွဲစိတ်ရန်လျှောက်ထားသည့်မြေကွက်အတိုင်းအတာသည်မျက်နှာစာဖက်တွင် အနည်းဆုံး ပေ (၂၀)ရှိရမည် ဖြစ်ပြီးမြေတစ်ကွက်လုံး၏ စုစုပေါင်းဧရိယာသည် အနည်းဆုံး(၁၂၀၀) စတုရန်းပေရှိရပါမည်။
– ခွဲစိတ်ရန် လျှောက်ထားသော မြေကွက်များသို့ ဝင်ထွက်သွားလာရန်လုံလောက်သော လမ်းပါရှိရပါမည်။ ကော်မတီပိုင် လမ်းမရှိပါကကိုယ်ပိုင်လမ်း လျာထားပေးရပါမည်။
– မြေကွက် ခွဲစိတ်မျဉ်းနှင့် မြေပြင်ရှိ အဆောက်အအုံတို့ကင်းလွတ်မှုရှိရပါမည်။- လျှောက်ထားလိုသူသည် ဌာနမှ သတ်မှတ်ထားသော လျှောက်လွှာပုံစံနှင့်အတူ မြေတိုင်းလျှောက်ထားစဉ်က တင်ကပြခဲ့သော အထောက်အထားများအပြင် တစ်နှစ်အတွင်း သက်တမ်းရှိသည့် ဌာနမှ ထုတ်ပေးထားသောမြေကွက်ခွဲစိတ်ရန် မှန်ကန်ကြောင်း သက်သေခံသည့်မြေပုံနှင့်
မြေရာဇဝင်မူရင်း၊ အတိုင်းအတာပါသည့် မြေတိုင်းမြေပုံမိတ္တူ၊ကော်မတီက အသိအမှတ်ပြု လိုင်စင်ရအင်ဂျင်နီယာရေးဆွဲထားသည့်မြေကွက်ခွဲစိတ်ရန်အဆိုပြုမြေပုံ (၃) စုံ နှင့်အသေးစိတ်တွက်ချက်မှုပုံစံ (၃) စုံမူရင်းများ ရှိရပါမည်။
– လျှောက်ထားသူ တင်ပြသော အထောက်အထားများ ပြည့်စုံမှန်ကန်ပါကဌာနမှ ကွင်းဆင်းတိုင်းတာ စစ်ဆေးပါသည်။
– ဌာနမှ သတ်မှတ်ချက်များနှင့်အညီ ကိုက်ညီမှန်ကန်ပါကသတ်မှတ်ဝန်ဆောင်ခ ပေးသွင်းစေပြီး မြေကွက်ခွဲအတည်ပြုပုံစံနှင့်မြေကွက်ခွဲစိတ်တိုင်းတာသည့် မြေပုံများထုတ်ပေးပါသည်။
– ဌာနရှိ မြို့ကွက်မြေပုံနှင့် မြို့မြေစာရင်းတို့တွင်လည်း ဉီးပိုင် အသစ်များခွဲစိတ်မှတ်သားပါသည်။
– ခွဲစိတ်သည့် မြေကွက်သည် ဂရန်မြေဖြစ်ပါကဂရန်ခွဲဆက်လက်ဆောင်ရွက်ရန်နှင့်မြေပိုင်မြေဖြစ်ပါကအမှားပြင်စာချုပ် ချုပ်ဆိုရန် လိုအပ်သည်။
share from : (ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ)
Post a Comment
0 Comments
Social Plugin
Labels
YOEYOELAY
ကမၻာသတင္း
က်န္းမာေရး
နည္းပညာ
ပညာေရး
မူခင္း
အားကစား
ေဒသနၱရသတင္းမ်ား
ေဖ်ာ္ေျဖေရး
FACEBOOK
0 Comments