01-Jan-2020

ျပဳံးယမ္း၊ ဇန္နဝါရီ ၁
အေမရိကန္ျပည္ေထာင္စုႏွင့္ ေဆြးေႏြးစဥ္ န်ဴကလီးယားႏွင့္ တာေဝးပစ္ဒုံးက်ည္မ်ား စမ္းသပ္မႈကို ဆိုင္းငံ့ေပးထားျခင္းအား ရပ္ဆိုင္းလိုက္ၿပီဟု ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္က ေျပာၾကားလိုက္သည္။
ေျမာက္ကိုရီးယားအေနျဖင့္ မဟာဗ်ဴဟာအသစ္ လက္နက္တစ္ရပ္ကို ျပသသြားမည္ဟုလည္း ေျပာဆိုခဲ့သည္။
ေဆြးေႏြးရန္အတြက္ တံခါးဖြင့္ထားဆဲျဖစ္ပါေၾကာင္းႏွင့္ လက္နက္စမ္းသပ္မႈမ်ား၏ ပမာဏသည္ အေမရိကန္၏ စိတ္ေနသေဘာထားႏွင့္ဆိုင္ပါေၾကာင္း ကင္ဂ်ဳံအန္က ဆိုသည္။
ျပဳံးယမ္းက န်ဴကလီးယားအစီအစဥ္ကို လုံးဝမစြန႔္လႊတ္မခ်င္း အေမရိကန္အစိုးရက စီးပြါးေရးပိတ္ဆို႔မႈကို ဖယ္ရွားေပးရန္ ျငင္းဆန္ေနသျဖင့္ ၿပီးခဲ့သည့္ ေလးႏွစ္တာ လႈပ္ရွားေဆာင္ရြက္မႈမ်ားက ရပ္ဆိုင္းေနျခင္း ျဖစ္သည္။
၂၀၁၉ ေႏွာင္းပိုင္းကာလမ်ားတြင္ ေျမာက္ကိုရီးယားသည္ လက္နက္စမ္းသပ္မႈ အေသးေပါင္းမ်ားစြာကို ျပဳလုပ္ခဲ့ၿပီး အဆိုပါ စမ္းသပ္မႈမ်ားသည္ သေဘာတူညီမႈရေစေရး အေမရိကကို ဖိအားေပးသည့္သေဘာ ျဖစ္သည္။
န်ဴကလီးယားစမ္းသပ္မႈမ်ားႏွင့္ အေမရိကထိ ပစ္ခတ္နိုင္ေသာ တိုင္းခ်င္းပစ္ဒုံးက်ည္မ်ားကို စမ္းသပ္မႈမ်ားအား ရပ္ဆိုင္းထားသည့္ ေဆာင္ရြက္ခ်က္သည္ အေမရိကကို ေဆြးေႏြးဝိုင္းသို႔ လာေစျခင္းအေၾကာင္းရင္းတစ္ခု ျဖစ္ခဲ့သည္။
Unicode
ဒုံးကျည်နှင့် နျူစမ်းသပ်မှု ဆိုင်းငံ့ထားခြင်းအား အဆုံးသတ်လိုက်ပြီဟု ကင်ဂျုံအန်ကြေညာ
01-Jan-2020

ပြုံးယမ်း၊ ဇန်နဝါရီ ၁
အမေရိကန်ပြည်ထောင်စုနှင့် ဆွေးနွေးစဉ် နျူကလီးယားနှင့် တာဝေးပစ်ဒုံးကျည်များ စမ်းသပ်မှုကို ဆိုင်းငံ့ပေးထားခြင်းအား ရပ်ဆိုင်းလိုက်ပြီဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ပြောကြားလိုက်သည်။
မြောက်ကိုရီးယားအနေဖြင့် မဟာဗျူဟာအသစ် လက်နက်တစ်ရပ်ကို ပြသသွားမည်ဟုလည်း ပြောဆိုခဲ့သည်။
ဆွေးနွေးရန်အတွက် တံခါးဖွင့်ထားဆဲဖြစ်ပါကြောင်းနှင့် လက်နက်စမ်းသပ်မှုများ၏ ပမာဏသည် အမေရိကန်၏ စိတ်နေသဘောထားနှင့်ဆိုင်ပါကြောင်း ကင်ဂျုံအန်က ဆိုသည်။
ပြုံးယမ်းက နျူကလီးယားအစီအစဉ်ကို လုံးဝမစွန့်လွှတ်မချင်း အမေရိကန်အစိုးရက စီးပွါးရေးပိတ်ဆို့မှုကို ဖယ်ရှားပေးရန် ငြင်းဆန်နေသဖြင့် ပြီးခဲ့သည့် လေးနှစ်တာ လှုပ်ရှားဆောင်ရွက်မှုများက ရပ်ဆိုင်းနေခြင်း ဖြစ်သည်။
၂၀၁၉ နှောင်းပိုင်းကာလများတွင် မြောက်ကိုရီးယားသည် လက်နက်စမ်းသပ်မှု အသေးပေါင်းများစွာကို ပြုလုပ်ခဲ့ပြီး အဆိုပါ စမ်းသပ်မှုများသည် သဘောတူညီမှုရစေရေး အမေရိကကို ဖိအားပေးသည့်သဘော ဖြစ်သည်။
နျူကလီးယားစမ်းသပ်မှုများနှင့် အမေရိကထိ ပစ်ခတ်နိုင်သော တိုင်းချင်းပစ်ဒုံးကျည်များကို စမ်းသပ်မှုများအား ရပ်ဆိုင်းထားသည့် ဆောင်ရွက်ချက်သည် အမေရိကကို ဆွေးနွေးဝိုင်းသို့ လာစေခြင်းအကြောင်းရင်းတစ်ခု ဖြစ်ခဲ့သည်။
0 Comments