ေအာင္တံခြန္ေရယာဥ္ျဖင့္ လိုက္ပါလာေသာ ကုန္းလမ္းပို႔ေဆာင္ေရး ယာဥ္ေမာင္းဝန္ထမ္း ၁၆ ဦးကို AA ဖမ္းဆီး
01-Jan-2020
ရန္ကုန္၊ ဒီဇင္ဘာ ၃၁
ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕မွ ဘူးသီး ေတာင္ၿမိဳ႕နယ္သို႔ ေအာင္တံခြန္ေရယာဥ္ ျဖင့္ လိုက္ပါစီးနင္းလာေသာ ကုန္းလမ္းပို႔ ေဆာင္ေရးဌာနမွ ယာဥ္ေမာင္းဝန္ထမ္း ၁၆ ဦးကို AA တပ္ဖြဲ႕က ဒီဇင္ဘာလ ၃၁ ရက္ မြန္းလြဲ ၁ နာရီခန္႔က ဖမ္းဆီးသြား ေၾကာင္း ျပည္တြင္းေရေၾကာင္းပို႔ေဆာင္ ေရးဦးစီးဌာန (ရခိုင္ဌာနခြဲ)မွ လက္ေထာက္ အေထြေထြမန္ေနဂ်ာ ဦးေအာင္လင္းက The Voice သတင္းစာသို႔ အတည္ျပဳေျပာ ဆိုသည္။
“ေန႔လယ္ ၁ နာရီ မိနစ္ ၂၀ ေလာက္ က ဖမ္းသြားတာ၊ စဖိုစုကၽြန္းနဲ႔ အုတ္ဖိုစု ေက်းရြာၾကားမွာ ျဖစ္တာပါ။ အခုခ်ိန္အထိ အဆက္အသြယ္မရေသးဘူး။ တျခားခရီး သည္ေတြလည္းပါတယ္။ ယာဥ္ေမာင္းက ၁၈ ဦးပါတာ။ ၁၆ ဦးအဖမ္းခံရတာပါ”ဟု ၎က ဆက္လက္ေျပာၾကားသည္။
ေအာင္တံခြန္ ၇ ေရယာဥ္သည္ စစ္ေတြၿမိဳ႕မွ ဘူးသီးေတာင္ၿမိဳ႕နယ္သို႔ ေျပးဆြဲ ေနေသာေရယာဥ္ျဖစ္ၿပီး ေရယာဥ္ေပၚတြင္ ခရီးသည္ ၈၉ ဦး ၊ ေရယာဥ္ေမာင္းဝန္ထမ္း ၁၂ ဦး လိုက္လာျခင္းျဖစ္ေၾကာင္း သိရသည္။
ယင္းဖမ္းဆီးခံရေသာ ယာဥ္ေမာင္း မ်ားသည္ ေမာင္ေတာၿမိဳ႕နယ္ရွိ ျပန္လည္ လက္ခံေရးစခန္းမ်ားတြင္ရွိေသာ ယာဥ္မ်ား ကို ေမာင္းႏွင္သြားေရာက္ျခင္းျဖစ္ေၾကာင္း သိရသည္။
ယာဥ္ေမာင္း ၁၆ ဦး ဖမ္းဆီးခံရမႈ ႏွင့္ပတ္သက္၍ ရေသ့ေတာင္ၿမိဳ႕နယ္ ျပည္သူ႔ လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚခင္ေစာေဝ က “ရေသ့ေတာင္အေက်ာ္ေလးမွာ ျဖစ္တာ။ AA က ဖမ္းသြားတာလို႔ေတာ့ အတည္ျပဳ ေျပာဆိုလို႔ရတယ္။ အတိအက်ေတာ့ သူတို႔ ထုတ္ျပန္တာပဲ ေစာင့္ၾကည့္လိုက္ပါ”ဟု အတည္ျပဳေျပာဆိုသည္။
AA တပ္ဖြဲ႕သည္ မၾကာေသးမီက ေရႊနဒီအျမန္ေရယာဥ္ကို ရပ္တန္႔စစ္ေဆး ၿပီး နယ္ေျမအေျပာင္းအေရႊ႕ လုပ္လာေသာ ရဲတပ္ဖြဲ႕ဝင္ ၃၀ ေက်ာ္ကို ဖမ္းဆီးမႈ ျဖစ္ေပၚ ခဲ့ေသးသည္။
ေအာက္တိုဘာ ၁၁ ရက္ နံနက္ပိုင္း ကလည္း ေျမာက္ဦး-စစ္ေတြ ကားလမ္း၊ ကံႀကီးေကြ႕ မိုင္တိုင္အမွတ္ ၁၂၇ အနီးတြင္ ေရႊျပည္သစ္ခရီးသည္တင္ယာဥ္ႏွင့္ လိုက္ပါလာသည့္ မီးသတ္တပ္ဖြဲ႕ဝင္ ၁၉ ဦး ကို ဖမ္းဆီးေခၚေဆာင္ခဲ့သည္။
ထို႔ျပင္ ေအာက္တိုဘာ ၂၆ ရက္ေန႔က လည္း ေရႊနဒီအျမန္ေရယာဥ္ျဖင့္ လိုက္ပါ လာေသာခရီးသည္မ်ားကို ဖမ္းဆီးေခၚ ေဆာင္ခဲ့ၿပီး အရပ္သား ၂၅ ဦးကို ၁၀ ရက္ ခန္႔အၾကာမွ ျပန္လႊတ္ေပးခဲ့သည္။
ေဇာ္မိုးလြင္
Unicode
အောင်တံခွန်ရေယာဉ်ဖြင့် လိုက်ပါလာသော ကုန်းလမ်းပို့ဆောင်ရေး ယာဉ်မောင်းဝန်ထမ်း ၁၆ ဦးကို AA ဖမ်းဆီး
01-Jan-2020
ရန်ကုန်၊ ဒီဇင်ဘာ ၃၁
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ဘူးသီး တောင်မြို့နယ်သို့ အောင်တံခွန်ရေယာဉ် ဖြင့် လိုက်ပါစီးနင်းလာသော ကုန်းလမ်းပို့ ဆောင်ရေးဌာနမှ ယာဉ်မောင်းဝန်ထမ်း ၁၆ ဦးကို AA တပ်ဖွဲ့က ဒီဇင်ဘာလ ၃၁ ရက် မွန်းလွဲ ၁ နာရီခန့်က ဖမ်းဆီးသွား ကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင် ရေးဦးစီးဌာန (ရခိုင်ဌာနခွဲ)မှ လက်ထောက် အထွေထွေမန်နေဂျာ ဦးအောင်လင်းက The Voice သတင်းစာသို့ အတည်ပြုပြော ဆိုသည်။
“နေ့လယ် ၁ နာရီ မိနစ် ၂၀ လောက် က ဖမ်းသွားတာ၊ စဖိုစုကျွန်းနဲ့ အုတ်ဖိုစု ကျေးရွာကြားမှာ ဖြစ်တာပါ။ အခုချိန်အထိ အဆက်အသွယ်မရသေးဘူး။ တခြားခရီး သည်တွေလည်းပါတယ်။ ယာဉ်မောင်းက ၁၈ ဦးပါတာ။ ၁၆ ဦးအဖမ်းခံရတာပါ”ဟု ၎င်းက ဆက်လက်ပြောကြားသည်။
အောင်တံခွန် ၇ ရေယာဉ်သည် စစ်တွေမြို့မှ ဘူးသီးတောင်မြို့နယ်သို့ ပြေးဆွဲ နေသောရေယာဉ်ဖြစ်ပြီး ရေယာဉ်ပေါ်တွင် ခရီးသည် ၈၉ ဦး ၊ ရေယာဉ်မောင်းဝန်ထမ်း ၁၂ ဦး လိုက်လာခြင်းဖြစ်ကြောင်း သိရသည်။
ယင်းဖမ်းဆီးခံရသော ယာဉ်မောင်း များသည် မောင်တောမြို့နယ်ရှိ ပြန်လည် လက်ခံရေးစခန်းများတွင်ရှိသော ယာဉ်များ ကို မောင်းနှင်သွားရောက်ခြင်းဖြစ်ကြောင်း သိရသည်။
ယာဉ်မောင်း ၁၆ ဦး ဖမ်းဆီးခံရမှု နှင့်ပတ်သက်၍ ရသေ့တောင်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ က “ရသေ့တောင်အကျော်လေးမှာ ဖြစ်တာ။ AA က ဖမ်းသွားတာလို့တော့ အတည်ပြု ပြောဆိုလို့ရတယ်။ အတိအကျတော့ သူတို့ ထုတ်ပြန်တာပဲ စောင့်ကြည့်လိုက်ပါ”ဟု အတည်ပြုပြောဆိုသည်။
AA တပ်ဖွဲ့သည် မကြာသေးမီက ရွှေနဒီအမြန်ရေယာဉ်ကို ရပ်တန့်စစ်ဆေး ပြီး နယ်မြေအပြောင်းအရွှေ့ လုပ်လာသော ရဲတပ်ဖွဲ့ဝင် ၃၀ ကျော်ကို ဖမ်းဆီးမှု ဖြစ်ပေါ် ခဲ့သေးသည်။
အောက်တိုဘာ ၁၁ ရက် နံနက်ပိုင်း ကလည်း မြောက်ဦး-စစ်တွေ ကားလမ်း၊ ကံကြီးကွေ့ မိုင်တိုင်အမှတ် ၁၂၇ အနီးတွင် ရွှေပြည်သစ်ခရီးသည်တင်ယာဉ်နှင့် လိုက်ပါလာသည့် မီးသတ်တပ်ဖွဲ့ဝင် ၁၉ ဦး ကို ဖမ်းဆီးခေါ်ဆောင်ခဲ့သည်။
ထို့ပြင် အောက်တိုဘာ ၂၆ ရက်နေ့က လည်း ရွှေနဒီအမြန်ရေယာဉ်ဖြင့် လိုက်ပါ လာသောခရီးသည်များကို ဖမ်းဆီးခေါ် ဆောင်ခဲ့ပြီး အရပ်သား ၂၅ ဦးကို ၁၀ ရက် ခန့်အကြာမှ ပြန်လွှတ်ပေးခဲ့သည်။
ဇော်မိုးလွင်
0 Comments