Source-SYL
Unicode
နာမည်ကျော် ဓာတ်ပုံဆရာ အကောင့်မှ မြန်မာအိုင်ဒေါ ရဲ့ Winner ဆုရှင်ပေါက်ကြားမှု ဖြစ်ပွား
မြန်မာနိုင်ငံက ပရိသတ်များ စိတ်ဝင်တစားစောင့်ကြည့်နေကြတဲ့ Myanmar Idol Season 4 ကတော့ မကြာခင်မှာ Winner ဖြစ်သူကို ရွေးချယ်ပေးတော့မှာ ဖြစ်ပါတယ်လက်ရှိအချိန်မှာတော့ ဖိုင်နယ်အထိ တက်ရောက်သွားခဲ့သူတွေကတော့ အေးမြဖြူ ၊အက်စတာဒေါ့ချင်ဆုန် ၊ ဘင်ဂျမင်ဆန် တို့ပဲဖြစ်ပါတယ်။ သူတို့ထဲကတော့ ဘယ်သူWinner ဖြစ်မလဲ ဆိုတာကိုတော့ ပရိသတ်က မျှော်လင့်စောင့်စားနေကြပါတယ်။
သူတို့ ၃ ဦးစလုံး အသီးသီးမှာလည်း အားပေးသူ Voting Fans တွေအခိုင်အမာရှိကြသူတွေဖြစ်ပါတယ်။ ဒီအထဲမှာ အေးမြဖြူ နဲ့ အက်စတာ တစ်ယောက်ယောက် ရမယ်လို့ခန့်မှန်းနေကြသူတွေလည်းရှိပါတယ်။ပြီးခဲ့တဲ့ Season 3 ခုအထိ အမျိုးသား အဆိုတော်တွေသာ Winner ဖြစ်ခဲ့တာမို့ ယခု Season မှာတော့ အမျိုးသမီး အဆိုရှင်ထဲက Winner ဖြစ်မယ်လို့ တွက်ဆနေကြသူေတွေလည်းရှိပါတယ်။
ဒီလို ထင်ကြေးတွေ ပေးနေတဲ့အချိန်မှာ နိုင်ငံကျော် ဒါရိုက်တာ ဓာတ်ပုံဆရာ တစ်ဦးဖြစ်တဲ့ ဝဏ္ဏခွါနီးကတော့ အက်စတာ winner ဖြစ်လိမ့်မယ်လို့ သူသတင်းရရှိထားတဲ့အကြောင်းကို သူ့ရဲ့ My day ကနေ အသိပေးလာပါတယ်။ ဒါကတော့ ဟုတ်သလားမဟုတ်သလား မသေချာပေမယ့် ဒီသတင်းအတွက် အက်စတာ Fan တွေကတော့ပျော်နေကြမှာ အမှန်ပါပဲ။
ပရိသတ်ကြီးအနေနဲ့ရော ဘယ်သူ winner ဖြစ်မယ်လို့ ခန့်မှန်းထားသလဲ ဆိုတာလေးကိုလည်း မျှဝေပေးခဲ့ပါဦးနော်။
Source-SYL
0 Comments