ပိုင္တံခြန္ကေတာ့ သူေမြးထားတဲ့ တိရစာၦန္ေလးေတြအကုန္လုံးကို ခ်စ္တယ္လို႔ေျပာပါတယ္။ တိရစာၦန္႐ုံဖြင့္လို႔ေတာင္ ရေနပါၿပီတဲ့။ပိုင္တံခြန္ကေတာ့ တိရစာၦန္ေလးေတြကို အရမ္းခ်စ္တတ္တဲ့ လူငယ္သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္ပါတယ္။ ေခြးေလး၊ ေၾကာင္ေလးေတြထက္ ငွက္ေတြ၊ ေႁမြေတြအျပင္ေနာက္ထပ္ တိရစာၦန္ေလးေတြကိုလည္း သူ႔ရဲ႕ အိမ္မွာ ေမြးထားတာ ေတြ႕ရပါတယ္။ ဒီ တိရစာၦန္ေလးေတြကို လြတ္လြတ္လပ္လပ္ထားခ်င္လို႔ အိမ္ေဆာက္ေနတယ္လို႔ မီဒီယာ အင္တာဗ်ဴးေတြမွာ ေျဖဆိုခဲ့ပါတယ္။
“ ကြၽန္ေတာ္ကေတာ့ တိရစာၦန္ေလးေတြအကုန္ခ်စ္တယ္။ လက္ရွိ ေဆာက္ေနတဲ့ အိမ္က မၿပီးေသးဘူး။ တိရစာၦန္ေတြလည္း ထားလို႔မရေသးဘူး။ အခုက အခန္းထဲမွာ သူ႔အကန႔္နဲ႔သူပဲ ထားထားရတာ။ အိမ္ၿပီးသြားရင္ေတာ့ တိရစာၦန္႐ုံဖြင့္မွာ လာၾကည့္ေနာ္” ဆိုၿပီးေတာ့ သေဘာက်ရယ္ေမာရင္း ေျပာျပခဲ့ပါေသးတယ္။
ပိုင္တံခြန္ကေတာ့ လူမႈကြန္ယက္စာမ်က္ႏွာေပၚမွာ အလွဓာတ္ပုံေတြတင္ရင္လည္း သူ႔ရဲ႕ တိရစာၦန္ေလးေတြနဲ႔ တြဲလွ်က္ပုံေတြ တင္ေလ့ရွိပါတယ္။ ၿပီးေတာ့ ဓာတ္ပုံေပၚမွာ ေရးတဲ့ စာသားေလးေတြကလည္း မိန္းကေလး ပရိသတ္ေတြအတြက္ စိတ္လႈပ္ရွားစရာ ေကာင္းေလာက္ေအာင္ ေရးတတ္သူပါ။ အခုေနာက္ပိုင္းမွာလည္း လယ္ကြင္းမွာ႐ိုက္တဲ့ အလွဓာတ္ပုံေတြပိုတင္ျဖစ္ေနတဲ့အေၾကာင္းကို ဒီဇင္ဘာလ ၂၇ ရက္ေန႔က ကေမာၻဒီးယားႏိုင္ငံက ႐ုပ္ရွင္ထုတ္လုပ္ေရးနဲ႔ ဇာတ္ကား႐ိုက္ေတာ့မယ့္အေၾကာင္း စာနယ္ဇင္းပြဲမွာ ေျဖဆိုခဲ့တာပါ။\
Image result for ပိုင္တံခြန္
“ တကယ္ေတာ့ မဟုတ္ပါဘူး။ ကြၽန္ေတာ္က စေနတာ။ တစ္ရက္ တစ္ရက္ Caption စဥ္းစားရတဲ့ ဒုကၡကို စိတ္ညစ္တယ္ မစဥ္းစားခ်င္ဘူး။ အဲ့ဒီေတာ့ ပါးစပ္ထဲမွာရွိတဲ့ဟာ ေကာက္ေရးုလိုက္တယ္။ သူတို႔လည္း စလို႔ရတယ္။ အရမ္းႀကီးလည္း ေထြေထြထူးထူးမစဥ္းစားေတာ့ဘူး။ အခုေနာက္ပိုင္း လယ္ကြင္းေတြဘက္မွာ ဓာတ္ပုံ႐ိုက္ရတာဆိုေတာ့ ကြၽန္ေတာ္ကလည္း အရင္ကတည္းက ႏြားေၾကာက္တယ္။ အခု ဓာတ္ပုံ႐ိုက္ရင္း ႐ိုက္ရင္းနဲ႔ ႏြားေတြက အရမ္းခ်စ္ဖို႔ေကာင္းတယ္။ ေလွ်ာက္လိုက္ေနတာေပါ့။ အဲဒီေတာ့ သူတို႔နဲ႔ပဲ႐ိုက္ျဖစ္တာ” လို႔ဆိုပါတယ္။
Image result for ပိုင္တံခြန္
ကမာၻဒီးယားႏိုင္ငံနဲ႔ ျမန္မာႏိုင္ငံတို႔ ပူးေပါင္း႐ိုက္ကူးမယ့္ The Clock: Red Wall ဇာတ္ကားမွာေတာ့ ပိုင္တံခြန္က အဓိက သ႐ုပ္ေဆာင္ေနရက ပါဝင္သြားရမွာပါ။ The Clock: Spirit Awakening ပထမ ဇာတ္ကားမွာ ကေမာၻဒီးယားႏိုင္ငံရဲ႕ သ႐ုပ္ေဆာင္မ်ား ပါဝင္သ႐ုပ္ေဆာင္ ထားၿပီး ယင္းႏိုင္ငံတြင္ အရမ္းကို ေအာင္ျမင္ခဲ့တဲ့ ဇာတ္ကားတစ္ကားျဖစ္ခဲ့ပါတယ္။ The Clock: Spirit Awakening က ထိုင္း၊ လာအို၊မေလးရွား၊ စင္ကာပူ ႏွင့္ ဘ႐ူႏိုင္း ႏိုင္ငံမ်ားတြင္ျပသလွ်က္ရွိၿပီး ျမန္မာႏိုင္ငံတြင္လည္း ျပသႏိုင္ရန္အတြက္ အထက္ပါ ကုမၸဏီ ႏွစ္ခုလုံးက ႀကိဳးပမ္းလွ်က္ရွိၿပီး မၾကာမီအခ်ိန္တြင္ျပသႏိုင္မည္ ျဖစ္ေၾကာင္း သိရသည္။
Image result for ပိုင္တံခြန္
ပိုင္တံခြန္ရဲ႕ ေအာင္ျမင္မႈကေတာ့ ျမန္မာႏိုင္ငံမွာသာမက ထိုင္းႏိုင္ငံမွာပါ ပရိသတ္အခိုင္အမာ ရရွိလာတဲ့ လူငယ္အႏုပညာရွင္တစ္ေယာက္ျဖစ္ပါတယ္။သူဟာ သ႐ုပ္ေဆာင္အလုပ္မွာလည္း တျဖည္းျဖည္း ႀကိဳးစားလာတာကို ေတြ႕ရပါတယ္။ ပိုင္တံခြန္က ဂီတဘက္ ကိုလည္း ဝါသနာပါတာေၾကာင့္ သူ႔ရဲ႕ တစ္ကိုယ္ေတာ္ Mini Album ေလးျဖစ္တဲ့ ခ်စ္သူ ဆိုတဲ့ ေတးစီးရီးကိုလည္း ၂၀၁၇ ခုႏွစ္ စက္တင္ဘာလ ၁၆ ရက္ေန႔ က ထြက္ရွိခဲ့ပါေသးတယ္။
ဆယ္လီရပ္ကြက္


Unicode

အိမ်ဆောက်ပြီးရင် တိရစ္ဆာန်ရုံဖွင့်မယ်ဆိုတဲ့ ပိုင်တံခွန်


ပိုင်တံခွန်ကတော့ သူမွေးထားတဲ့ တိရစ္ဆာန်လေးတွေအကုန်လုံးကို ချစ်တယ်လို့ပြောပါတယ်။ တိရစ္ဆာန်ရုံဖွင့်လို့တောင် ရနေပါပြီတဲ့။ပိုင်တံခွန်ကတော့ တိရစ္ဆာန်လေးတွေကို အရမ်းချစ်တတ်တဲ့ လူငယ်သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ ခွေးလေး၊ ကြောင်လေးတွေထက် ငှက်တွေ၊ မြွေတွေအပြင်နောက်ထပ် တိရစ္ဆာန်လေးတွေကိုလည်း သူ့ရဲ့ အိမ်မှာ မွေးထားတာ တွေ့ရပါတယ်။ ဒီ တိရစ္ဆာန်လေးတွေကို လွတ်လွတ်လပ်လပ်ထားချင်လို့ အိမ်ဆောက်နေတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။



“ ကျွန်တော်ကတော့ တိရစ္ဆာန်လေးတွေအကုန်ချစ်တယ်။ လက်ရှိ ဆောက်နေတဲ့ အိမ်က မပြီးသေးဘူး။ တိရစ္ဆာန်တွေလည်း ထားလို့မရသေးဘူး။ အခုက အခန်းထဲမှာ သူ့အကန့်နဲ့သူပဲ ထားထားရတာ။ အိမ်ပြီးသွားရင်တော့ တိရစ္ဆာန်ရုံဖွင့်မှာ လာကြည့်နော်” ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြခဲ့ပါသေးတယ်။



ပိုင်တံခွန်ကတော့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ အလှဓာတ်ပုံတွေတင်ရင်လည်း သူ့ရဲ့ တိရစ္ဆာန်လေးတွေနဲ့ တွဲလျှက်ပုံတွေ တင်လေ့ရှိပါတယ်။ ပြီးတော့ ဓာတ်ပုံပေါ်မှာ ရေးတဲ့ စာသားလေးတွေကလည်း မိန်းကလေး ပရိသတ်တွေအတွက် စိတ်လှုပ်ရှားစရာ ကောင်းလောက်အောင် ရေးတတ်သူပါ။ အခုနောက်ပိုင်းမှာလည်း လယ်ကွင်းမှာရိုက်တဲ့ အလှဓာတ်ပုံတွေပိုတင်ဖြစ်နေတဲ့အကြောင်းကို ဒီဇင်ဘာလ ၂၇ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံက ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ ဇာတ်ကားရိုက်တော့မယ့်အကြောင်း စာနယ်ဇင်းပွဲမှာ ဖြေဆိုခဲ့တာပါ။\

Image result for ပိုင်တံခွန်

“ တကယ်တော့ မဟုတ်ပါဘူး။ ကျွန်တော်က စနေတာ။ တစ်ရက် တစ်ရက် Caption စဉ်းစားရတဲ့ ဒုက္ခကို စိတ်ညစ်တယ် မစဉ်းစားချင်ဘူး။ အဲ့ဒီတော့ ပါးစပ်ထဲမှာရှိတဲ့ဟာ ကောက်ရေုးလိုက်တယ်။ သူတို့လည်း စလို့ရတယ်။ အရမ်းကြီးလည်း ထွေထွေထူးထူးမစဉ်းစားတော့ဘူး။ အခုနောက်ပိုင်း လယ်ကွင်းတွေဘက်မှာ ဓာတ်ပုံရိုက်ရတာဆိုတော့ ကျွန်တော်ကလည်း အရင်ကတည်းက နွားကြောက်တယ်။ အခု ဓာတ်ပုံရိုက်ရင်း ရိုက်ရင်းနဲ့ နွားတွေက အရမ်းချစ်ဖို့ကောင်းတယ်။ လျှောက်လိုက်နေတာပေါ့။ အဲဒီတော့ သူတို့နဲ့ပဲရိုက်ဖြစ်တာ” လို့ဆိုပါတယ်။

Image result for ပိုင်တံခွန်

ကမ္ဘာဒီးယားနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ ပူးပေါင်းရိုက်ကူးမယ့် The Clock: Red Wall ဇာတ်ကားမှာတော့ ပိုင်တံခွန်က အဓိက သရုပ်ဆောင်နေရက ပါဝင်သွားရမှာပါ။ The Clock: Spirit Awakening ပထမ ဇာတ်ကားမှာ ကမ္ဘောဒီးယားနိုင်ငံရဲ့ သရုပ်ဆောင်များ ပါဝင်သရုပ်ဆောင် ထားပြီး ယင်းနိုင်ငံတွင် အရမ်းကို အောင်မြင်ခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ခဲ့ပါတယ်။ The Clock: Spirit Awakening က ထိုင်း၊ လာအို၊မလေးရှား၊ စင်ကာပူ နှင့် ဘရူနိုင်း နိုင်ငံများတွင်ပြသလျှက်ရှိပြီး မြန်မာနိုင်ငံတွင်လည်း ပြသနိုင်ရန်အတွက် အထက်ပါ ကုမ္ပဏီ နှစ်ခုလုံးက ကြိုးပမ်းလျှက်ရှိပြီး မကြာမီအချိန်တွင်ပြသနိုင်မည် ဖြစ်ကြောင်း သိရသည်။

Image result for ပိုင်တံခွန်

ပိုင်တံခွန်ရဲ့ အောင်မြင်မှုကတော့ မြန်မာနိုင်ငံမှာသာမက ထိုင်းနိုင်ငံမှာပါ ပရိသတ်အခိုင်အမာ ရရှိလာတဲ့ လူငယ်အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။သူဟာ သရုပ်ဆောင်အလုပ်မှာလည်း တဖြည်းဖြည်း ကြိုးစားလာတာကို တွေ့ရပါတယ်။ ပိုင်တံခွန်က ဂီတဘက် ကိုလည်း ဝါသနာပါတာကြောင့် သူ့ရဲ့ တစ်ကိုယ်တော် Mini Album လေးဖြစ်တဲ့ ချစ်သူ ဆိုတဲ့ တေးစီးရီးကိုလည်း ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ က ထွက်ရှိခဲ့ပါသေးတယ်။

ဆယ်လီရပ်ကွက်