Imdb/Deadpool
စူပါဟီးရီုး ရုပ္ရွင္ပရိသတ္ေတြ အထူးႏွစ္သက္ခဲ့တဲ့ Deadpool နဲ႔ Deadpool-2 ရုပ္ရွင္ကားေတြရဲ႕ ေနာက္ဆက္ တြဲ Deadpool-3 ရုပ္ရွင္ဇာတ္ကားကို Marvel Studios နဲ႔ ပူးေပါင္းၿပီး ရိုက္ကူးသြားမွာျဖစ္ေၾကာင္း မင္းသား Ryan Reynolds က Live With Kelly & Ryan တီဗီရိႈးမွာ အတည္ျပဳ ေျပာၾကားခဲ့ပါတယ္။
Deadpool ရုပ္ရွင္ေတြကို ရိုက္ကူးထုတ္လုပ္ခဲ့တဲ့ 20thCentury Fox ကုမၸဏီကို Disney ကုမၸဏီက ၀ယ္ယူခဲ့လို႔ ပရိသတ္ေတြက Deadpool ရုပ္ရွင္အသစ္ေတြ ထပ္မထြက္ေတာ့မွာ စိုးရိမ္ပူပန္ခဲ့ၾကပါတယ္။ Disney ကုမၸဏီဟာ ဆင္ဆာသတ္မွတ္ခ်က္ R-rated (အရြယ္မေရာက္ေသးသူမ်ား မိဘခြင့္ျပဳခ်က္ရမွ ၾကည့္ရႈရန္) သတ္မွတ္ထားတဲ့ ရုပ္ရွင္ေတြ ရိုက္ကူးေလ့ မရွိတာေၾကာင့္ R-rated သတ္မွတ္ခ်က္နဲ႔ ရိုက္ကူးမယ့္ Deadpool ရုပ္ရွင္ကို ရိုက္ကူးမွာ မဟုတ္ေၾကာင္း သတင္းေတြ ထြက္ေပၚခဲ့ပါတယ္။

YouTube/LiveWithKellyandRyan

Disney ကုမၸဏီရဲ႕ လက္ေအာက္ခံ Mravel Studios နဲ႔ ေဆြးေႏြးညိႈႏိႈင္းမႈေတြ အၿပီးမွာေတာ့ Ryan Reynolds က Deadpool-3 ကို ရိုက္ကူးသြားမယ့္အေၾကာင္း ပရိသတ္ေတြကို အသိေပးခဲ့တာပါ။“ အရင္ရုပ္ရွင္ေတြမွာ ပါခဲ့တဲ့ လူေတြနဲဲ႔ပဲ ထပ္ၿပီး လက္တြဲသြားမွာပါ။ Marvel နဲ႔ အတူ လက္တြဲလုပ္ရမွာကို လည္း ကၽြန္ေတာ္တို႔ အားလံုး မယံုၾကည္ႏိုင္ေလာက္ေအာင္ ၀မ္းသာပါတယ္” လို႔ Ryan Reynolds က ေျပာခဲ့ပါ တယ္။
Disney ကုမၸဏီရဲ႕ CEO Bob Iger ကလည္း “ 20th Century Fox ဆီက ရခဲ့တဲ့ တစ္ခ်ိဳ႕ ရုပ္ရွင္ေတြကိုေတာ့ Disney ရဲ႕ လႊမ္းမိုးမႈ သိပ္မပါပဲ သူ႔နဂိုပံုစံအတိုင္းပဲ ဆက္ဖန္တီးသြားမွာပါ။ ဥပမာေပးရရင္ေတာ့ Marvel ပရိ သတ္ေတြ အရမ္းႀကိဳက္တဲ့ Deadpool ေပါ့။ ကၽြန္ေတာ္တုိ႔ ဆက္ရိုက္သြားမွာပါ” ဆုိၿပီး အတည္ျပဳခဲ့ပါတယ္။

Twitter/BobIger

20th Century Fox ကုမၸဏီကို ၀ယ္ယူခဲ့တဲ့ Disney ကုမၸဏီဟာ Deadpool ဇာတ္ေကာင္အျပင္ X-men နဲ႔ Fantastic Four ဇာတ္ေကာင္ေတြကိုပါ ပိုင္ဆိုင္ခဲ့ၿပီျဖစ္ပါတယ္။ Marvel Studios ရဲ႕ နာမည္ေက်ာ္ MCU (Marvel Cinematic Universe) မွာ အဆိုပါဇာတ္ေကာင္ေတြကို ထည့္သြင္းရိုက္ကူးသြားမွာ ျဖစ္တယ္လို႔လည္း သိရပါတယ္။

Unicode

Marvel Studios နဲ့ ပူးပေါင်းပြီး Deadpool-3 ရိုက်မယ်လို့ အတည်ပြုခဲ့တဲ့ Ryan Reynolds



Imdb/Deadpool
စူပါဟီးရီုး ရုပ်ရှင်ပရိသတ်တွေ အထူးနှစ်သက်ခဲ့တဲ့ Deadpool နဲ့ Deadpool-2 ရုပ်ရှင်ကားတွေရဲ့ နောက်ဆက် တွဲ Deadpool-3 ရုပ်ရှင်ဇာတ်ကားကို Marvel Studios နဲ့ ပူးပေါင်းပြီး ရိုက်ကူးသွားမှာဖြစ်ကြောင်း မင်းသား Ryan Reynolds က Live With Kelly & Ryan တီဗီရှိုးမှာ အတည်ပြု ပြောကြားခဲ့ပါတယ်။


Deadpool ရုပ်ရှင်တွေကို ရိုက်ကူးထုတ်လုပ်ခဲ့တဲ့ 20thCentury Fox ကုမ္ပဏီကို Disney ကုမ္ပဏီက ဝယ်ယူခဲ့လို့ ပရိသတ်တွေက Deadpool ရုပ်ရှင်အသစ်တွေ ထပ်မထွက်တော့မှာ စိုးရိမ်ပူပန်ခဲ့ကြပါတယ်။ Disney ကုမ္ပဏီဟာ ဆင်ဆာသတ်မှတ်ချက် R-rated (အရွယ်မရောက်သေးသူများ မိဘခွင့်ပြုချက်ရမှ ကြည့်ရှုရန်) သတ်မှတ်ထားတဲ့ ရုပ်ရှင်တွေ ရိုက်ကူးလေ့ မရှိတာကြောင့် R-rated သတ်မှတ်ချက်နဲ့ ရိုက်ကူးမယ့် Deadpool ရုပ်ရှင်ကို ရိုက်ကူးမှာ မဟုတ်ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။


YouTube/LiveWithKellyandRyan
Disney ကုမ္ပဏီရဲ့ လက်အောက်ခံ Mravel Studios နဲ့ ဆွေးနွေးညှိုနှိုင်းမှုတွေ အပြီးမှာတော့ Ryan Reynolds က Deadpool-3 ကို ရိုက်ကူးသွားမယ့်အကြောင်း ပရိသတ်တွေကို အသိပေးခဲ့တာပါ။“ အရင်ရုပ်ရှင်တွေမှာ ပါခဲ့တဲ့ လူတွေနဲဲ့ပဲ ထပ်ပြီး လက်တွဲသွားမှာပါ။ Marvel နဲ့ အတူ လက်တွဲလုပ်ရမှာကို လည်း ကျွန်တော်တို့ အားလုံး မယုံကြည်နိုင်လောက်အောင် ဝမ်းသာပါတယ်” လို့ Ryan Reynolds က ပြောခဲ့ပါ တယ်။

Disney ကုမ္ပဏီရဲ့ CEO Bob Iger ကလည်း “ 20th Century Fox ဆီက ရခဲ့တဲ့ တစ်ချို့ ရုပ်ရှင်တွေကိုတော့ Disney ရဲ့ လွှမ်းမိုးမှု သိပ်မပါပဲ သူ့နဂိုပုံစံအတိုင်းပဲ ဆက်ဖန်တီးသွားမှာပါ။ ဥပမာပေးရရင်တော့ Marvel ပရိ သတ်တွေ အရမ်းကြိုက်တဲ့ Deadpool ပေါ့။ ကျွန်တော်တို့ ဆက်ရိုက်သွားမှာပါ” ဆိုပြီး အတည်ပြုခဲ့ပါတယ်။


Twitter/BobIger
20th Century Fox ကုမ္ပဏီကို ဝယ်ယူခဲ့တဲ့ Disney ကုမ္ပဏီဟာ Deadpool ဇာတ်ကောင်အပြင် X-men နဲ့ Fantastic Four ဇာတ်ကောင်တွေကိုပါ ပိုင်ဆိုင်ခဲ့ပြီဖြစ်ပါတယ်။ Marvel Studios ရဲ့ နာမည်ကျော် MCU (Marvel Cinematic Universe) မှာ အဆိုပါဇာတ်ကောင်တွေကို ထည့်သွင်းရိုက်ကူးသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။