မိဘတိုင္းဟာ ကိုယ့္သားသမီးကို “Something Special”လို႔ ခံစားတတ္ၾကတာ ဓမၼတာပါ။ ဒါေပမယ့္ ကိုယ့္စိတ္ထင္ေနလို႔ပဲ ကိုယ့္သားသမီးဟာ “Something Special” ျဖစ္ေနတာလား ။ တကယ့္ကို “Someone Special” ျဖစ္ေနတာလားဆိုတာကေတာ့ ဝါသနာရွင္ နဲ႔ ပါရမီရွင္ေလးေတြကို ျပဳစုပ်ိဳးေထာင္ေပးတဲ့မိဘေတြက သက္ေသျပသြားတာပါ။
ကိုယ့္သားသမီးဟာ ထူးျခားတဲ့ပါရမီရွင္ေလးလား။ ဘယ္မွာပါရမီပါလာခဲ့သလဲ။ ဘယ္ဘက္မွာထူူးခၽြန္ေနတာလဲဆိုတာ မွန္မွန္ကန္ကန္သိျမင္ၿပီး သူသန္ရာ သန္ရာဘက္ေတြမွာ ထူးခၽြန္သထက္ ထူးခၽြန္ေအာင္လုပ္ေပးဖို႔ အေရးအႀကီးအဆံုး တစ္ခ်က္ရွိတယ္။ အဲဒါဘာလဲဆိုေတာ့ “ကိုယ္ကကိုယ့္သားသမီးကို ဘာျဖစ္ေစခ်င္သလဲ” ဆိုတာ ေမ့ထားဖို႔ပါပဲ။
တကယ္လို႔မ်ား ကိုယ့္ဆႏၵနဲ႔ သူထူးခၽြန္ရာ ထပ္တူမက်ခဲ့ရင္ သားသမီးအေပၚ ကိုယ့္ျဖစ္ေစခ်င္တဲ့စိတ္ေတြက လႊမ္းမိုးဦးေဆာင္ေနေတာ့ သားသမီးျဖစ္ခ်င္တာနဲ႔ သားသမီးထူးခၽြန္ရာကို ျမင္သိၿပီး ေျမေတာင္ေျမႇာက္ ပံ့ပိုးေပးဖို႔ဆိုတာ ေဝးေနမွာေပါ့။ ကိုယ့္ကို မလြန္ဆန္ႏိုင္တဲ့ သားသမီးဟာ ကိုယ္ျဖစ္ေစခ်င္တာ လိုက္လုပ္ရင္း သူထူးခၽြန္ရာဘက္မွာ လုပ္ခြင့္မရေတာ့ဘူး။ ဒီလိုနဲ႔သာအခ်ိန္ကုန္သြားခဲ့ရင္ တခ်ိန္မွာ ကိုယ္ျဖစ္ခ်င္တာနဲ႔ ျဖစ္ေနရာေတြဟာ တထပ္တည္းမက်မွန္း သိလိုက္ခ်ိန္ဟာ အရမ္းေနာက္က်သြားႏိုင္တယ္။
ကၽြန္မကေတာ့ေလ ကိုယ့္သားသမီးကို ဘာျဖစ္ေစခ်င္တယ္ဆိုတဲ့အစြဲႀကီး လံုးဝကို မထားတာ။ သူျဖစ္ခ်င္တာကိုလုပ္ကိုင္ရင္း လူေနမႈဘဝမွာ ေကာင္းမြန္ေသာလူတစ္ေယာက္အျဖစ္ ရပ္တည္ေနထိုင္ႏိုင္တဲ့ အသိ ၊ အတတ္ ပညာေတြ သိတတ္ထားရင္ကို ေက်နပ္ၿပီ။
လုပ္သင့္လုပ္ထိုက္အသိေတြ ၊ မလုပ္သင့္မလုပ္ထိုက္တဲ့ အသိေတြ ေခါင္းထဲကို  ငယ္ငယ္ကတည္းက စြဲေနေအာင္ ေလ့က်င့္သင္ၾကားေပးဖို႔ပဲ အားသန္တယ္။ ဒီစိတ္ကေလးနဲ႔ ထပ္ၿပီးေလ့လာတတ္ေျမာက္လာခဲ့တဲ့ ပညာရပ္ေတြနဲ႔ သူဝါသနာပါရာ ၊ ထူးခၽြန္ရာ နယ္ပယ္မွာ လုပ္ကိုင္ရင္း ကိုယ့္ဘဝျဖစ္တည္မႈကိုေက်နပ္ ၊ ကိုယ့္ကိုယ္ကိုလည္း ေကာင္းက်ိဳးျပဳ ၊ အမ်ားကိုလည္း တတ္ႏိုင္သေလာက္ ေကာင္းက်ိဳးျပဳေနထိုင္သြားဖို႔ကိုပဲ ဦးစားေပးသင္ျပတယ္။
သာမာန္ကေလနဲ႔မတူ ထူးျခားတဲ့ ပါရမီရွင္ကေလးဆိုတာ သူ႔မွာ သူမ်ားနဲ႔မတူ ထူးျခားတဲ့ ဗီဇပါရမီေလးပါလာတတ္တယ္။ အဲဒီဗီဇပါရမီေလးဟာ ေျခလႈပ္လက္လႈပ္ ၊ စကားေျပာတတ္တဲ့ အရြယ္ကေလးကစလို႔ ဗီဇျပတတ္တယ္။ အဲဒီအရြယ္ကေလးကစလို႔ သူ႔ရဲ႕ ဗီဇေလး ၊ ထူးျခားတဲ့အက်င့္ကေလးေတြကို သတိထားမိေအာင္ၾကည့္ပါ။ အဲဒါတစ္ႏွစ္ေအာက္ အရြယ္ကေလးတည္းက စၾကည့္ရမွာေနာ္။ တခါတေလ လသားကေလးအရြယ္ေလးနဲ႔လည္း ဗီဇျပတတ္တယ္။ သူတို႔ျဖစ္ခ်င္ရာကို မိဘေတြရဲ႕ဆႏၵမေရာႁပြန္းခင္ကတည္းက သူတို႔ျပတတ္ၾကတယ္။ ဒါကို သတိထားမိဖို႔လိုတယ္။
ဒီဘက္မွာ ဝါသနာပါတာေတာ့ဟုတ္ပါၿပီ။ သူ႔ဝါသနာကို ကိုယ္ေတြ အုပ္ထိန္းသူမိဘေတြကလည္း သတိထားမိပါၿပီတဲ့။ ေနာက္တဆင့္က ဒီဝါသနာေပ်ာက္ပ်က္မသြားေအာင္ ထိန္းသိမ္းပ်ိဳးေထာင္ေပးဖို႔လိုတယ္။ လမ္းမွားေရာက္မသြားေအာင္ ပဲ့ျပင္ထိန္းျပဳေပးဖို႔လိုတယ္။
ကေလးပဲေလ ၿပီး …. ၿပီးသြားမွာပါလို႔ ေရာ့တိမ္တဲ့အေတြးနဲ႔ ပစ္မထားမိဖို႔လည္း လိုတယ္။ ထူးခၽြန္တဲ့ကေလးရဲ႕ေနာက္မွာ အဲဒီကေလးကို အၿမဲအရိပ္တၾကည့္ၾကည့္နဲ႔ လိုအပ္ႏိုင္တာေတြမွန္သမၽွ လိုက္ပံ့ပိုးေပးတဲ့ မိဘအုပ္ထိန္းသူေတြရွိတယ္။ ထူးခၽြန္တဲ့ကေလးကို လိုခ်င္တဲ့ကိုယ္ဟာ အဲဒီလိုမိဘမ်ိဳးဟုတ္ရဲ႕လား။
ကေလးတိုင္းဟာ သီခ်င္းသံၾကားရင္ ဒြန္႔ .. ဒြန္႔ .. ဒြန္႔ .. ဒြန္႔ .. နဲ႔ ရွိတတ္တယ္။ ဒါေပမယ့္ နာရီအေတာ္ရွည္ၾကာ မစားအေသာက္ ၊ မေမာမပန္ ၊း မၿငီးမျငဴ ဆို ၊ က ၊ တီးမႈတ္ဖို႔ အခ်ိန္မေရြးရွိေနတဲ့ကေလးဟာ ထူးျခားသူေလးပါ။
ေယာက်္ားကေလးတိုင္းလိုလုိ ေဘာလံုးကန္ ေဆာ့ကစားမႈမွာ ႏွစ္သက္တတ္ၾကတယ္ဆိုေပမယ့္ ပြဲတိုင္းဦးေဆာင္ ၊ ကန္တိုင္းေအာင္ ေဘာကန္ဖို႔ဆို နာရီအေတာ္ရွည္ၾကာ မစားအေသာက္ ၊ မေမာမပန္ ၊း မၿငီးမျငဴ အခ်ိန္မေရြးတက္ႂကြေနတတ္တဲ့ကေလးဟာ ထူးျခားသူေလးပါပဲ။
ကစားတိုင္း ေသနတ္ကိုင္ ပစ္ခတ္ေနရတာကိုမွ ခံုမင္တဲ့ ကေလးေလးေတြရွိမယ္။ သူ႔ေဘးမွာ အလွျပင္တဲ့သူေတြ ေတြ႔ျမင္ေနရတာမ်ိဳးမဟုတ္လည္းဘဲ အလွအပေရးရာကို တသသနဲ႔ခံုမင္ေနတတ္တဲ့ ကေလးေလးေတြလည္းရွိမယ္။ ေယာက်ာ္းေလးမို႔ ဒါမလုပ္ရ ၊ မိန္းကေလးမို႔ ဒါမသင့္ေတာ္ ၊ ေသနတ္ကိုင္ကစားတိုင္း အရိုက္ခံရ ၊ အလွျပင္ကစားတိုင္း အဆူခံရတဲ့ မိန္းကေလးေတြဟာ ဝါသနာပါရာ ထူးခၽြန္ႏိုင္တဲ့ဘက္မွာ လုပ္ကိုင္ခြင့္မရတဲ့သူေတြပါပဲ။
ဒီနယ္ပယ္မွာ မဟုတ္ေပမယ့္ အျခားနယ္ပယ္ေတြမွာ ဝါသနာပါၿပီး ထူးခၽြန္ႏိုင္တဲ့ကေလးေတြဟာ မိဘအုပ္ထိန္းသူေတြရဲ႕ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ သူတို႔စိတ္ပါရာနယ္ပယ္မွာ လုပ္ခြင့္မရဘဲ ပိတ္ပင္ခံထားရတဲ့ ကေလးငယ္ေတြ ၊ ဆယ္ေက်ာ္သက္ေတြ ၊ အရြယ္ေရာက္လူငယ္ေတြလည္းရွိတယ္။
လူတိုင္းမွာ အလွကိုယ္စီရွိၾကတယ္ဆိုတာ ကၽြန္မလက္ခံတာမို႔ ကေလးတိုင္းမွာလည္း အားသာခ်က္ကိုယ္စီရွိၾကတယ္ဆိုတာ ကၽြန္မယံုၾကည္တယ္။ သူတို႔အားသာခ်က္ကို အုပ္ထိန္းသူမိဘ ၊ သင္ေပးသူဆရာေတြက သတိထားမိၿပီး ပံ့ပိုးေပးပါမွ ကေလးဟာ ထူးခၽြန္တဲ့သူအျဖစ္ သတ္မွတ္ခံရႏိုင္တာပါ။
ထူးခၽြန္တဲ့ကေလးေတြနည္းေနတာက ပိတ္ပင္တဲ့မိဘ ၊ သတိထားမႈအားနည္းတဲ့ဆရာ ၊ ပံ့ပိုးမႈမရွိတဲ့အေျခအေနေတြေၾကာင့္ဆိုရင္ မမွားဘူးေနာ္။ ထူးခၽြန္တဲ့ကေလးအျဖစ္ ေရာက္ရွိလာဖို႔ ပံ့ပိုးေပးဖို႔ဆိုတာ တကယ္ကိုမလြယ္ပါဘူး။ ထူးခၽြန္ေအာင္ အရမ္းႀကိဳးစားတဲ့ ကေလးရဲ႕ေနာက္မွာ ကေလးကို အရမ္းပံ့ပိုးတဲ့လူႀကီးမိဘ ရွိပါတယ္။
ကေလးတစ္ေယာက္ အမ်ားအသိအမွတ္ျပဳခံရတဲ့အထိ ထူးခၽြန္လာဖို႔ဆိုတာ အားထုတ္တဲ့ကေလးရယ္ ၊ ဒီလိုအားထုတ္ခြင့္ရေအာင္ အစစအရာရာ အေနာက္ကေန ပံ့ပိုးလုပ္ကိုင္ေပးေနတဲ့ မိခင္ရယ္ ၊ လိုအပ္တဲ့ေငြေၾကးေတြ ျဖည့္ဆည္းေပးဖို႔ အလုပ္ႀကိဳးစားလုပ္ကိုင္ရတဲ့ ဖခင္ရယ္ ၊ နည္းမွန္လမ္းမွန္ ျမန္ျမန္ဆန္ဆန္ သင္ၾကားျပသေပးႏိုင္တဲ့ ဆရာေတြရွိတယ္။
ထူးခၽြန္တဲ့ ကေလးမိဘတိုင္းဟာ အရမ္းပင္ပန္းပါတယ္။ ကေလးထက္ေတာင္ ပိုပင္ပန္းႏိုင္ေသးတယ္။ ဒါေပမယ့္ ကိုယ့္သားသမီးထူးခၽြန္တယ္ဆိုတဲ့ ဂုဏ္သတင္းေလး ၊ ဆုဖလားေလးေတြအတြက္ ပီတိစားရင္း ပင္ပန္းသမၽွ မပင္ပန္းဘူးထင္ၿပီး ၿပံဳးရႊင္ေနတတ္တဲ့ အနႏၱေက်းဇူးရွင္မိဘေတြပါ။
ကၽြန္မကေတာ့ ထူးခၽြန္တဲ့ကေလးေတြရဲ႕ သတင္းေတြကို ၾကားျမင္ရတိုင္း ဒီကေလးေနာက္က ပံ့ပိုးေပးၾကတဲ့ မိဘ ၊ ဆရာသမားေတြကို တအားေက်းဇူးတင္မိတယ္။ ထူးခၽြန္တဲ့ကေလးေတြဟာ ကၽြန္မတို႔ရဲ႕ အနာဂါတ္ေကာင္းကင္ကို လွပေအာင္ တန္ဆာဆင္ေပးတဲ့ သက္တန္႔ငယ္ေလးေတြပါပဲ။
ထူးခၽြန္တဲ့ကေလးေတြၾကားထဲမွာမွ ပါရမီရွင္ေလးေတြလည္း ရွိၾကတယ္။ ဝါသနာရယ္ ၊ ပံ့ပိုးမႈရယ္ ၊ သင္ယူႀကိဳးစားေလ့က်င့္မႈရယ္ ေပါင္းစပ္ရင္ ထူးခၽြန္တဲ့သူေတြ ေမြးထုတ္ေပးႏိုင္တယ္။ ဒါေပမယ့္ ပါရမီရွင္ေလးေတြကေတာ့ ေမြးရာပါဗီဇသေႏၶအရ ျဖစ္ေပၚလာခဲ့ၾကတာပါ။ ဝါသနာဆိုတာ တစိုက္မတ္မတ္ လုပ္ကိုင္ခြင့္မရရင္ ေယာင္ဝါးဝါးနဲ႔ တျခားဟာေတြလုပ္ကိုင္ရင္း တခါတရံမွ ေခါင္းေထာင္လာတတ္ၾကတာမ်ိဳးလည္း ျဖစ္ႏိုင္တယ္။
ပါရမီပါလာရင္ေတာ့ ဒါမွဒါ ။ ေမြးကတည္းက .. ဒါ ၊ စိတ္အာ႐ံုထဲအၿမဲေရာက္ေနတာလည္း .. ဒါ ၊ လုပ္ကိုင္ခ်င္တာလည္း .. ဒါ ၊ အသက္ေမြးခ်င္တာလည္း .. ဒါ ၊ တီထြင္ဆန္းသစ္မႈ ျပဳခ်င္တာလည္း .. ဒါ ၊ ဒါ မွ ဒါပါပဲ။ သူတို႔ဟာ ဒါကို တစိုက္မိုက္မိုက္လုပ္ကိုင္ရင္း ႏိုင္ငံေက်ာ္ ၊ ကမာၻေက်ာ္ ပါရမီရွင္ေလးေတြ ျဖစ္လာၾကတာပါ။
ဝါသနာရွင္ေတြကို သူတို႔ဘဝ လႊမ္းမိုးႏိုင္တဲ့သူေတြက ပိတ္ပင္ထားလို႔ရေပမယ့္ ပါရမီရွင္ေလးေတြက်ေတာ့ လူႀကီးမိဘဆရာသမားေတြက ပိတ္ပင္ထားသည့္တိုင္ ပိတ္ထားတဲ့အလႊာကို သူ႔ဘာသာ ေဖာက္ထြက္ၿပီး ဒီနယ္ပယ္မွာ သူ႔ဘာသာသူ ဆန္းသစ္တီထြင္လို႔ တစိုက္မတ္မတ္ ႀကိဳးစားလုပ္ကိုင္ရင္း ေပ်ာ္ေနၾကသူေတြျဖစ္တယ္။ ဒီစိတ္ေၾကာင့္ပဲ သူတို႔ေတြဟာ ထူးခၽြန္တဲ့သူျဖစ္႐ံုမက ေအာင္ျမင္တဲ့သူေတြအျဖစ္ ရယ္တည္ေနတတ္ၾကတယ္။
ကိုယ့္သားသမီးဟာ ပါရမီရွင္တစ္ေယာက္လို႔ ဘယ္လိုသိႏိုင္မလဲ။  ဒီအေၾကာင္းအရာကို ဘာမွ ကိုးကားေရးတာမ်ိဳးမဟုတ္ဘဲ ကၽြန္မႀကံဳေတြ႔တဲ့ အေတြ႔အၾကံဳ၊ ကၽြန္မနားလည္သေလာက္နဲ႔ အမ်ားနားလည္ေအာင္ အလြယ္ကူဆံုး တိုတိုတုတ္တုတ္ေျပာရရင္ ေအာက္ကအခ်က္ေတြနဲ႔ သင့္ကေလး ကိုက္ညီေနသလားၾကည့္ပါ။
၁။ ကေလးဟာ သိတတ္စလသားအရြယ္ကတည္းကစလို႔ ဒီဘက္မွာ ဝါသနာပါေၾကာင္း ထူးထူးျခားျခား ဗီဇျပခဲ့တယ္။
၂။ ကေလးဟာ ဒါနဲ႔ဆက္စပ္ပတ္သက္တာေလးေတြဆိုရင္ သူ႔ဘာသာအလိုလိုသတိထားမိၿပီး စူးစမ္းစိတ္နဲ႔ စမ္းသပ္လုပ္ကိုင္ေနတတ္တယ္။
၃။ ကေလးငယ္ဟာ ဘယ္ေလာက္ငယ္ငယ္ ဒီဘက္မွာ သင္ယူဖို႔ စိတ္အားထက္သန္ၿပီး သင္ယူဖို႔ လိုက္နာေဆာင္ရြက္ရမယ္ဆိုတဲ့အရာေတြကို တေသြမတိမ္းနားေထာင္ၿပီး လိုက္နာသင္ယူတတ္တယ္။
၄။ ကေလးဟာ တျခားကေလးေတြနဲ႔ယွဥ္ရင္ ဒီဘက္မွာ သင္ယူတတ္ေျမာက္မႈ အရမ္းလြယ္ကူျမန္ဆန္တယ္။ ဒါကိုသင္ယူဖို႔ဆို အၿမဲတက္ႂကြၿပီး အခ်ိန္ၾကာၾကာသင္ယူ ၊ ေလ့က်င့္ဖို႔လည္း မၿငီးျငဴတတ္သူျဖစ္တယ္။
၅။ ကေလးဟာ ဒီဘက္မွာ ဆရာသင္ထားတာထက္ပိုၿပီး သူ႔ဘာသာသူ တီထြင္ႀကံဆလုပ္ကိုင္လိုစိတ္ရွိတယ္။ အခြင့္ရရင္ရသလို တီထြင္ႀကံဆလုပ္ကိုင္တယ္။
ဒီအေျခခံ(၅)ခ်က္နဲ႔ ကေလးဟာ ကိုက္ညီေနၿပီဆိုရင္ ကိုယ့္ကေလးဟာ ဒီဘက္မွာ ပါရမီပါလာခဲ့တဲ့ ကေလးငယ္လို႔ ေကာက္ခ်က္ခ်ႏိုင္ပါၿပီ။
ကေလးငယ္ကို သူဝါသနာပါရာမွာ ထူးခၽြန္ဖို႔ ေျမေတာင္ေျမႇာက္ေပးခ်င္တာပဲျဖစ္ျဖစ္ ၊ သူ႔ဗီဇသေႏၶပါလာတဲ့ ပါရမီရွင္ေလးကို ျပဳစုပ်ိဳးေထာင္ေပးလိုတာပဲျဖစ္ျဖစ္ မိဘေတြဟာ ေအာက္ပါအေျခခံအခ်က္ေတြကို ကိုယ္တိုင္ျပင္ဆင္ထားသင့္ပါတယ္။
၁။ ကေလးအေပၚ နားလည္မႈေပးပါ။ စိတ္ရွည္ပါ။ သူ႔သင္ယူမႈကို အားေပးဖို႔ အဆင္သင့္ရွိပါ။ သူ႔က်႐ံႈးမႈအေပၚ ခြန္အားေပးဖို႔ အဆင္သင့္ရွိပါ။ ထပ္ခါ ထပ္ခါ ႀကိဳးစားသင္ယူေလ့က်င့္ဖို႔ စိတ္စြမ္းအားမ်ိဳး ေလ့က်င့္ေပးပါ။
(ဒီတခ်က္နဲ႔တင္ ေျပာရလြယ္တယ္။ လုပ္ရခက္တယ္ေနာ္။ တျခားသူကို စိတ္စြမ္းအားေပးဖို႔ဆိုတာ ကိုယ္တိုင္က ဒီလိုစိတ္စြမ္းအားမ်ိဳး ေလ့က်င့္မထားရင္ ကိုယ့္မရွိတဲ့အရာကို ဘယ္လိုေပးရပါ့မလဲ။ ငါေျပာသလိုလုပ္ ငါလုပ္သလိုမလုပ္နဲ႔ျဖစ္ေနရင္ ကေလးဟာ ငါလုပ္တာကိုပဲ လိုက္လုပ္မွာပါ။ ဒီေတာ့ ကေလးကိုဒီလိုမ်ိဳးပံုစံျဖစ္ေစခ်င္ရင္ ကေလးအနားမွာ အနီးဆံုးရွိေနတဲ့ ကိုယ္တိုင္က ဒီလိုမ်ိဳးပံုစံျဖစ္ေနမွ ကေလးဟာ ဒီပံုစံမ်ိဳးျဖစ္လာမွာပါ။)
၂။ ကေလးငယ္ရဲ႕ သင္ယူေလ့က်င့္မႈ ၊ တိုးတက္မႈ အေျခအေနကို အၿမဲမျပတ္ေလ့လာပါ။
(ယခင္တပတ္ ၊ ယခင္လ စတဲ့ စံခ်ိန္စံႏႈန္းေတြနဲ႔ ႏႈိင္းဆၿပီး တိုးတက္မႈရွိ ၊ မရွိ ၊ ဘာေၾကာင့္ မတိုးတက္လာသလဲ ၊ ဘာေၾကာင့္ ဆုတ္ယုတ္သြားသလဲ ၊ ဘာေၾကာင့္ တအားတိုးတက္ေနသလဲဆိုတဲ့ အေၾကာင္းအရာေတြကို သတိထားဖို႔မေမ့ပါနဲ႔။ လိုတိုးပိုေလၽွာ႕အေျခအေနေတြကို ဖန္တီးျပဳျပင္ေပးဖို႔လည္း ကိုယ္ကဦးေဆာင္ရမွာပါ။)
၃။ ကေလးသင္ယူမႈ ပညာရပ္ေတြမွာ ကိုယ္တိုင္က စိတ္ပါဝင္စားမႈမ်ိဳးမရွိသည့္တိုင္ ကေလးဘာေတြ ဘယ္လိုသင္ေနရသလဲဆိုတာကို နားလည္ေအာင္ေတာ့ ႀကိဳးစားေလ့လာပါ။ ဒီဘက္ပိုင္းမွာ တျခားသူေတြက ဘာေတြ ဘယ္လိုလုပ္ၿပီး ပိုေကာင္းတဲ့ရလဒ္မ်ိဳးထြက္လာတယ္ ၊ ဘယ္ဆရာက အခ်ိန္တိုအတြင္း ဘယ္လိုပိုေကာင္းေအာင္ သင္ၾကားေပးႏိုင္တယ္ဆိုတာေတြကိုလည္း ရွာေဖြစနည္းနာပါ။ ဒီလိုဆရာနဲ႔ ဒီလိုနည္းလမ္းေတြကို ပံ့ပိုးၿပီး ကေလးကို အေကာင္းဆံုးသင္ယူခြင့္ရဖို႔ ဖန္တီးေပးပါ။
၄။ ဒီတလိုင္းခ်ည္း ခၽြန္ထြက္ေနထာမ်ိဳးမဟုတ္ဘဲ ဘဝအတြက္အေရးပါတဲ့ စိတ္ထား ၊ လူ႔ပတ္ဝန္းက်င္နဲ႔ သဟဇာတျဖစ္ေအာင္ ေနထိုင္နည္း ၊ လူေနမႈဘဝမွာ မရွိမျဖစ္ ၊ မတတ္မျဖစ္တဲ့ ပညာရပ္ေတြ သိရွိတတ္ေျမာက္ဖို႔ ေလ့က်င့္သင္ၾကားေပးတာေတြလည္း ထပ္လုပ္ရဦးမွာပါ။
၅။ ဒါေတြအကုန္ စိတ္ေအးသက္သာစြာ လုပ္ေပးႏိုင္ဖို႔ဆိုတာ လံုေလာက္တဲ့ စားဝတ္ေနေရးနဲ႔ ပံ့ပိုးႏိုင္တဲ့ ေငြအေျခအေနလည္း ရွိဦးမွျဖစ္မွာမို႔ ေငြေၾကးေတာင့္တင္းဖို႔ဆိုတဲ့ အေျခခံအခ်က္လည္း ေမ့ပစ္ထားလို႔မရပါဘူး။
ဒီအေျခခံ(၅)ခ်က္နဲ႔ ေကာင္းေကာင္းျပဳစုပ်ိဳးေထာင္ေပးသြားမယ္ဆိုရင္ ကိုယ့္မ်ိဳးဆက္ထဲမွာ ထူးခၽြန္ေအာင္ျမင္တဲ့ မ်ိဳးဆက္ကေလးကို ပ်ိဳးေထာင္ႏိုင္ၿပီေပါ့။ ကိုယ္မထူးခၽြန္ရင္ေနပါေစ ထူးခၽြန္တဲ့ မ်ိဳးဆက္ကို အဆင့္ဆင့္ ျပဳစုပ်ိဳးေထာင္ေပးသြားႏိုင္ရင္ ထူးခၽြန္တဲ့မ်ိဳးဆက္ကို ထိန္းသိမ္းသြားႏိုင္မွာပါ။ ေနာက္မ်ိဳးဆက္ဆိုတာ 
ဒီမ်ိဳးဆက္ထက္ ထူးခၽြန္ေနပါမွ ပိုမိုေကာင္းမြန္တဲ့ မ်ိဳးဆက္သစ္ေတြကို ျပဳစုပ်ိဳးေထာင္ေပးႏိုင္မွာပါ။
ကိုယ္ဟာ ကိုယ့္မိဘေလာက္မထူးခၽြန္ခဲ့ဘဲ ကိုယ့္သားသမီးဟာလည္း ကိုယ့္ေလာက္မွ မထူးခၽြန္ရင္ ကိုယ္တာဝန္ရွိေနတဲ့ ကိုယ့္မ်ိဳးဆက္အေပၚ ကိုယ္တာဝန္ေက်ပါရဲ႕လား …..
ရတု (Burmesehearts.com)


Unicode





ဝါသနာရှင်နှင့် ပါရမီရှင်လေးများအား ပြုစုပျိုးထောင်ခြင်း



မိဘတိုင်းဟာ ကိုယ့်သားသမီးကို “Something Special”လို့ ခံစားတတ်ကြတာ ဓမ္မတာပါ။ ဒါပေမယ့် ကိုယ့်စိတ်ထင်နေလို့ပဲ ကိုယ့်သားသမီးဟာ “Something Special” ဖြစ်နေတာလား ။ တကယ့်ကို “Someone Special” ဖြစ်နေတာလားဆိုတာကတော့ ဝါသနာရှင် နဲ့ ပါရမီရှင်လေးတွေကို ပြုစုပျိုးထောင်ပေးတဲ့မိဘတွေက သက်သေပြသွားတာပါ။

ကိုယ့်သားသမီးဟာ ထူးခြားတဲ့ပါရမီရှင်လေးလား။ ဘယ်မှာပါရမီပါလာခဲ့သလဲ။ ဘယ်ဘက်မှာထူူးချွန်နေတာလဲဆိုတာ မှန်မှန်ကန်ကန်သိမြင်ပြီး သူသန်ရာ သန်ရာဘက်တွေမှာ ထူးချွန်သထက် ထူးချွန်အောင်လုပ်ပေးဖို့ အရေးအကြီးအဆုံး တစ်ချက်ရှိတယ်။ အဲဒါဘာလဲဆိုတော့ “ကိုယ်ကကိုယ့်သားသမီးကို ဘာဖြစ်စေချင်သလဲ” ဆိုတာ မေ့ထားဖို့ပါပဲ။

တကယ်လို့များ ကိုယ့်ဆန္ဒနဲ့ သူထူးချွန်ရာ ထပ်တူမကျခဲ့ရင် သားသမီးအပေါ် ကိုယ့်ဖြစ်စေချင်တဲ့စိတ်တွေက လွှမ်းမိုးဦးဆောင်နေတော့ သားသမီးဖြစ်ချင်တာနဲ့ သားသမီးထူးချွန်ရာကို မြင်သိပြီး မြေတောင်မြှောက် ပံ့ပိုးပေးဖို့ဆိုတာ ဝေးနေမှာပေါ့။ ကိုယ့်ကို မလွန်ဆန်နိုင်တဲ့ သားသမီးဟာ ကိုယ်ဖြစ်စေချင်တာ လိုက်လုပ်ရင်း သူထူးချွန်ရာဘက်မှာ လုပ်ခွင့်မရတော့ဘူး။ ဒီလိုနဲ့သာအချိန်ကုန်သွားခဲ့ရင် တချိန်မှာ ကိုယ်ဖြစ်ချင်တာနဲ့ ဖြစ်နေရာတွေဟာ တထပ်တည်းမကျမှန်း သိလိုက်ချိန်ဟာ အရမ်းနောက်ကျသွားနိုင်တယ်။

ကျွန်မကတော့လေ ကိုယ့်သားသမီးကို ဘာဖြစ်စေချင်တယ်ဆိုတဲ့အစွဲကြီး လုံးဝကို မထားတာ။ သူဖြစ်ချင်တာကိုလုပ်ကိုင်ရင်း လူနေမှုဘဝမှာ ကောင်းမွန်သောလူတစ်ယောက်အဖြစ် ရပ်တည်နေထိုင်နိုင်တဲ့ အသိ ၊ အတတ် ပညာတွေ သိတတ်ထားရင်ကို ကျေနပ်ပြီ။

လုပ်သင့်လုပ်ထိုက်အသိတွေ ၊ မလုပ်သင့်မလုပ်ထိုက်တဲ့ အသိတွေ ခေါင်းထဲကို  ငယ်ငယ်ကတည်းက စွဲနေအောင် လေ့ကျင့်သင်ကြားပေးဖို့ပဲ အားသန်တယ်။ ဒီစိတ်ကလေးနဲ့ ထပ်ပြီးလေ့လာတတ်မြောက်လာခဲ့တဲ့ ပညာရပ်တွေနဲ့ သူဝါသနာပါရာ ၊ ထူးချွန်ရာ နယ်ပယ်မှာ လုပ်ကိုင်ရင်း ကိုယ့်ဘဝဖြစ်တည်မှုကိုကျေနပ် ၊ ကိုယ့်ကိုယ်ကိုလည်း ကောင်းကျိုးပြု ၊ အများကိုလည်း တတ်နိုင်သလောက် ကောင်းကျိုးပြုနေထိုင်သွားဖို့ကိုပဲ ဦးစားပေးသင်ပြတယ်။

သာမာန်ကလေနဲ့မတူ ထူးခြားတဲ့ ပါရမီရှင်ကလေးဆိုတာ သူ့မှာ သူများနဲ့မတူ ထူးခြားတဲ့ ဗီဇပါရမီလေးပါလာတတ်တယ်။ အဲဒီဗီဇပါရမီလေးဟာ ခြေလှုပ်လက်လှုပ် ၊ စကားပြောတတ်တဲ့ အရွယ်ကလေးကစလို့ ဗီဇပြတတ်တယ်။ အဲဒီအရွယ်ကလေးကစလို့ သူ့ရဲ့ ဗီဇလေး ၊ ထူးခြားတဲ့အကျင့်ကလေးတွေကို သတိထားမိအောင်ကြည့်ပါ။ အဲဒါတစ်နှစ်အောက် အရွယ်ကလေးတည်းက စကြည့်ရမှာနော်။ တခါတလေ လသားကလေးအရွယ်လေးနဲ့လည်း ဗီဇပြတတ်တယ်။ သူတို့ဖြစ်ချင်ရာကို မိဘတွေရဲ့ဆန္ဒမရောပြွန်းခင်ကတည်းက သူတို့ပြတတ်ကြတယ်။ ဒါကို သတိထားမိဖို့လိုတယ်။

ဒီဘက်မှာ ဝါသနာပါတာတော့ဟုတ်ပါပြီ။ သူ့ဝါသနာကို ကိုယ်တွေ အုပ်ထိန်းသူမိဘတွေကလည်း သတိထားမိပါပြီတဲ့။ နောက်တဆင့်က ဒီဝါသနာပျောက်ပျက်မသွားအောင် ထိန်းသိမ်းပျိုးထောင်ပေးဖို့လိုတယ်။ လမ်းမှားရောက်မသွားအောင် ပဲ့ပြင်ထိန်းပြုပေးဖို့လိုတယ်။

ကလေးပဲလေ ပြီး …. ပြီးသွားမှာပါလို့ ရော့တိမ်တဲ့အတွေးနဲ့ ပစ်မထားမိဖို့လည်း လိုတယ်။ ထူးချွန်တဲ့ကလေးရဲ့နောက်မှာ အဲဒီကလေးကို အမြဲအရိပ်တကြည့်ကြည့်နဲ့ လိုအပ်နိုင်တာတွေမှန်သမျှ လိုက်ပံ့ပိုးပေးတဲ့ မိဘအုပ်ထိန်းသူတွေရှိတယ်။ ထူးချွန်တဲ့ကလေးကို လိုချင်တဲ့ကိုယ်ဟာ အဲဒီလိုမိဘမျိုးဟုတ်ရဲ့လား။

ကလေးတိုင်းဟာ သီချင်းသံကြားရင် ဒွန့် .. ဒွန့် .. ဒွန့် .. ဒွန့် .. နဲ့ ရှိတတ်တယ်။ ဒါပေမယ့် နာရီအတော်ရှည်ကြာ မစားအသောက် ၊ မမောမပန် ၊း မငြီးမငြူ ဆို ၊ က ၊ တီးမှုတ်ဖို့ အချိန်မရွေးရှိနေတဲ့ကလေးဟာ ထူးခြားသူလေးပါ။

ယောကျ်ားကလေးတိုင်းလိုလို ဘောလုံးကန် ဆော့ကစားမှုမှာ နှစ်သက်တတ်ကြတယ်ဆိုပေမယ့် ပွဲတိုင်းဦးဆောင် ၊ ကန်တိုင်းအောင် ဘောကန်ဖို့ဆို နာရီအတော်ရှည်ကြာ မစားအသောက် ၊ မမောမပန် ၊း မငြီးမငြူ အချိန်မရွေးတက်ကြွနေတတ်တဲ့ကလေးဟာ ထူးခြားသူလေးပါပဲ။

ကစားတိုင်း သေနတ်ကိုင် ပစ်ခတ်နေရတာကိုမှ ခုံမင်တဲ့ ကလေးလေးတွေရှိမယ်။ သူ့ဘေးမှာ အလှပြင်တဲ့သူတွေ တွေ့မြင်နေရတာမျိုးမဟုတ်လည်းဘဲ အလှအပရေးရာကို တသသနဲ့ခုံမင်နေတတ်တဲ့ ကလေးလေးတွေလည်းရှိမယ်။ ယောကျာ်းလေးမို့ ဒါမလုပ်ရ ၊ မိန်းကလေးမို့ ဒါမသင့်တော် ၊ သေနတ်ကိုင်ကစားတိုင်း အရိုက်ခံရ ၊ အလှပြင်ကစားတိုင်း အဆူခံရတဲ့ မိန်းကလေးတွေဟာ ဝါသနာပါရာ ထူးချွန်နိုင်တဲ့ဘက်မှာ လုပ်ကိုင်ခွင့်မရတဲ့သူတွေပါပဲ။

ဒီနယ်ပယ်မှာ မဟုတ်ပေမယ့် အခြားနယ်ပယ်တွေမှာ ဝါသနာပါပြီး ထူးချွန်နိုင်တဲ့ကလေးတွေဟာ မိဘအုပ်ထိန်းသူတွေရဲ့ အကြောင်းအမျိုးမျိုးကြောင့် သူတို့စိတ်ပါရာနယ်ပယ်မှာ လုပ်ခွင့်မရဘဲ ပိတ်ပင်ခံထားရတဲ့ ကလေးငယ်တွေ ၊ ဆယ်ကျော်သက်တွေ ၊ အရွယ်ရောက်လူငယ်တွေလည်းရှိတယ်။

လူတိုင်းမှာ အလှကိုယ်စီရှိကြတယ်ဆိုတာ ကျွန်မလက်ခံတာမို့ ကလေးတိုင်းမှာလည်း အားသာချက်ကိုယ်စီရှိကြတယ်ဆိုတာ ကျွန်မယုံကြည်တယ်။ သူတို့အားသာချက်ကို အုပ်ထိန်းသူမိဘ ၊ သင်ပေးသူဆရာတွေက သတိထားမိပြီး ပံ့ပိုးပေးပါမှ ကလေးဟာ ထူးချွန်တဲ့သူအဖြစ် သတ်မှတ်ခံရနိုင်တာပါ။

ထူးချွန်တဲ့ကလေးတွေနည်းနေတာက ပိတ်ပင်တဲ့မိဘ ၊ သတိထားမှုအားနည်းတဲ့ဆရာ ၊ ပံ့ပိုးမှုမရှိတဲ့အခြေအနေတွေကြောင့်ဆိုရင် မမှားဘူးနော်။ ထူးချွန်တဲ့ကလေးအဖြစ် ရောက်ရှိလာဖို့ ပံ့ပိုးပေးဖို့ဆိုတာ တကယ်ကိုမလွယ်ပါဘူး။ ထူးချွန်အောင် အရမ်းကြိုးစားတဲ့ ကလေးရဲ့နောက်မှာ ကလေးကို အရမ်းပံ့ပိုးတဲ့လူကြီးမိဘ ရှိပါတယ်။

ကလေးတစ်ယောက် အများအသိအမှတ်ပြုခံရတဲ့အထိ ထူးချွန်လာဖို့ဆိုတာ အားထုတ်တဲ့ကလေးရယ် ၊ ဒီလိုအားထုတ်ခွင့်ရအောင် အစစအရာရာ အနောက်ကနေ ပံ့ပိုးလုပ်ကိုင်ပေးနေတဲ့ မိခင်ရယ် ၊ လိုအပ်တဲ့ငွေကြေးတွေ ဖြည့်ဆည်းပေးဖို့ အလုပ်ကြိုးစားလုပ်ကိုင်ရတဲ့ ဖခင်ရယ် ၊ နည်းမှန်လမ်းမှန် မြန်မြန်ဆန်ဆန် သင်ကြားပြသပေးနိုင်တဲ့ ဆရာတွေရှိတယ်။

ထူးချွန်တဲ့ ကလေးမိဘတိုင်းဟာ အရမ်းပင်ပန်းပါတယ်။ ကလေးထက်တောင် ပိုပင်ပန်းနိုင်သေးတယ်။ ဒါပေမယ့် ကိုယ့်သားသမီးထူးချွန်တယ်ဆိုတဲ့ ဂုဏ်သတင်းလေး ၊ ဆုဖလားလေးတွေအတွက် ပီတိစားရင်း ပင်ပန်းသမျှ မပင်ပန်းဘူးထင်ပြီး ပြုံးရွှင်နေတတ်တဲ့ အနန္တကျေးဇူးရှင်မိဘတွေပါ။

ကျွန်မကတော့ ထူးချွန်တဲ့ကလေးတွေရဲ့ သတင်းတွေကို ကြားမြင်ရတိုင်း ဒီကလေးနောက်က ပံ့ပိုးပေးကြတဲ့ မိဘ ၊ ဆရာသမားတွေကို တအားကျေးဇူးတင်မိတယ်။ ထူးချွန်တဲ့ကလေးတွေဟာ ကျွန်မတို့ရဲ့ အနာဂါတ်ကောင်းကင်ကို လှပအောင် တန်ဆာဆင်ပေးတဲ့ သက်တန့်ငယ်လေးတွေပါပဲ။

ထူးချွန်တဲ့ကလေးတွေကြားထဲမှာမှ ပါရမီရှင်လေးတွေလည်း ရှိကြတယ်။ ဝါသနာရယ် ၊ ပံ့ပိုးမှုရယ် ၊ သင်ယူကြိုးစားလေ့ကျင့်မှုရယ် ပေါင်းစပ်ရင် ထူးချွန်တဲ့သူတွေ မွေးထုတ်ပေးနိုင်တယ်။ ဒါပေမယ့် ပါရမီရှင်လေးတွေကတော့ မွေးရာပါဗီဇသန္ဓေအရ ဖြစ်ပေါ်လာခဲ့ကြတာပါ။ ဝါသနာဆိုတာ တစိုက်မတ်မတ် လုပ်ကိုင်ခွင့်မရရင် ယောင်ဝါးဝါးနဲ့ တခြားဟာတွေလုပ်ကိုင်ရင်း တခါတရံမှ ခေါင်းထောင်လာတတ်ကြတာမျိုးလည်း ဖြစ်နိုင်တယ်။

ပါရမီပါလာရင်တော့ ဒါမှဒါ ။ မွေးကတည်းက .. ဒါ ၊ စိတ်အာရုံထဲအမြဲရောက်နေတာလည်း .. ဒါ ၊ လုပ်ကိုင်ချင်တာလည်း .. ဒါ ၊ အသက်မွေးချင်တာလည်း .. ဒါ ၊ တီထွင်ဆန်းသစ်မှု ပြုချင်တာလည်း .. ဒါ ၊ ဒါ မှ ဒါပါပဲ။ သူတို့ဟာ ဒါကို တစိုက်မိုက်မိုက်လုပ်ကိုင်ရင်း နိုင်ငံကျော် ၊ ကမ္ဘာကျော် ပါရမီရှင်လေးတွေ ဖြစ်လာကြတာပါ။

ဝါသနာရှင်တွေကို သူတို့ဘဝ လွှမ်းမိုးနိုင်တဲ့သူတွေက ပိတ်ပင်ထားလို့ရပေမယ့် ပါရမီရှင်လေးတွေကျတော့ လူကြီးမိဘဆရာသမားတွေက ပိတ်ပင်ထားသည့်တိုင် ပိတ်ထားတဲ့အလွှာကို သူ့ဘာသာ ဖောက်ထွက်ပြီး ဒီနယ်ပယ်မှာ သူ့ဘာသာသူ ဆန်းသစ်တီထွင်လို့ တစိုက်မတ်မတ် ကြိုးစားလုပ်ကိုင်ရင်း ပျော်နေကြသူတွေဖြစ်တယ်။ ဒီစိတ်ကြောင့်ပဲ သူတို့တွေဟာ ထူးချွန်တဲ့သူဖြစ်ရုံမက အောင်မြင်တဲ့သူတွေအဖြစ် ရယ်တည်နေတတ်ကြတယ်။

ကိုယ့်သားသမီးဟာ ပါရမီရှင်တစ်ယောက်လို့ ဘယ်လိုသိနိုင်မလဲ။  ဒီအကြောင်းအရာကို ဘာမှ ကိုးကားရေးတာမျိုးမဟုတ်ဘဲ ကျွန်မကြုံတွေ့တဲ့ အတွေ့အကြုံ၊ ကျွန်မနားလည်သလောက်နဲ့ အများနားလည်အောင် အလွယ်ကူဆုံး တိုတိုတုတ်တုတ်ပြောရရင် အောက်ကအချက်တွေနဲ့ သင့်ကလေး ကိုက်ညီနေသလားကြည့်ပါ။

၁။ ကလေးဟာ သိတတ်စလသားအရွယ်ကတည်းကစလို့ ဒီဘက်မှာ ဝါသနာပါကြောင်း ထူးထူးခြားခြား ဗီဇပြခဲ့တယ်။

၂။ ကလေးဟာ ဒါနဲ့ဆက်စပ်ပတ်သက်တာလေးတွေဆိုရင် သူ့ဘာသာအလိုလိုသတိထားမိပြီး စူးစမ်းစိတ်နဲ့ စမ်းသပ်လုပ်ကိုင်နေတတ်တယ်။

၃။ ကလေးငယ်ဟာ ဘယ်လောက်ငယ်ငယ် ဒီဘက်မှာ သင်ယူဖို့ စိတ်အားထက်သန်ပြီး သင်ယူဖို့ လိုက်နာဆောင်ရွက်ရမယ်ဆိုတဲ့အရာတွေကို တသွေမတိမ်းနားထောင်ပြီး လိုက်နာသင်ယူတတ်တယ်။

၄။ ကလေးဟာ တခြားကလေးတွေနဲ့ယှဉ်ရင် ဒီဘက်မှာ သင်ယူတတ်မြောက်မှု အရမ်းလွယ်ကူမြန်ဆန်တယ်။ ဒါကိုသင်ယူဖို့ဆို အမြဲတက်ကြွပြီး အချိန်ကြာကြာသင်ယူ ၊ လေ့ကျင့်ဖို့လည်း မငြီးငြူတတ်သူဖြစ်တယ်။

၅။ ကလေးဟာ ဒီဘက်မှာ ဆရာသင်ထားတာထက်ပိုပြီး သူ့ဘာသာသူ တီထွင်ကြံဆလုပ်ကိုင်လိုစိတ်ရှိတယ်။ အခွင့်ရရင်ရသလို တီထွင်ကြံဆလုပ်ကိုင်တယ်။

ဒီအခြေခံ(၅)ချက်နဲ့ ကလေးဟာ ကိုက်ညီနေပြီဆိုရင် ကိုယ့်ကလေးဟာ ဒီဘက်မှာ ပါရမီပါလာခဲ့တဲ့ ကလေးငယ်လို့ ကောက်ချက်ချနိုင်ပါပြီ။

ကလေးငယ်ကို သူဝါသနာပါရာမှာ ထူးချွန်ဖို့ မြေတောင်မြှောက်ပေးချင်တာပဲဖြစ်ဖြစ် ၊ သူ့ဗီဇသန္ဓေပါလာတဲ့ ပါရမီရှင်လေးကို ပြုစုပျိုးထောင်ပေးလိုတာပဲဖြစ်ဖြစ် မိဘတွေဟာ အောက်ပါအခြေခံအချက်တွေကို ကိုယ်တိုင်ပြင်ဆင်ထားသင့်ပါတယ်။

၁။ ကလေးအပေါ် နားလည်မှုပေးပါ။ စိတ်ရှည်ပါ။ သူ့သင်ယူမှုကို အားပေးဖို့ အဆင်သင့်ရှိပါ။ သူ့ကျရှုံးမှုအပေါ် ခွန်အားပေးဖို့ အဆင်သင့်ရှိပါ။ ထပ်ခါ ထပ်ခါ ကြိုးစားသင်ယူလေ့ကျင့်ဖို့ စိတ်စွမ်းအားမျိုး လေ့ကျင့်ပေးပါ။

(ဒီတချက်နဲ့တင် ပြောရလွယ်တယ်။ လုပ်ရခက်တယ်နော်။ တခြားသူကို စိတ်စွမ်းအားပေးဖို့ဆိုတာ ကိုယ်တိုင်က ဒီလိုစိတ်စွမ်းအားမျိုး လေ့ကျင့်မထားရင် ကိုယ့်မရှိတဲ့အရာကို ဘယ်လိုပေးရပါ့မလဲ။ ငါပြောသလိုလုပ် ငါလုပ်သလိုမလုပ်နဲ့ဖြစ်နေရင် ကလေးဟာ ငါလုပ်တာကိုပဲ လိုက်လုပ်မှာပါ။ ဒီတော့ ကလေးကိုဒီလိုမျိုးပုံစံဖြစ်စေချင်ရင် ကလေးအနားမှာ အနီးဆုံးရှိနေတဲ့ ကိုယ်တိုင်က ဒီလိုမျိုးပုံစံဖြစ်နေမှ ကလေးဟာ ဒီပုံစံမျိုးဖြစ်လာမှာပါ။)

၂။ ကလေးငယ်ရဲ့ သင်ယူလေ့ကျင့်မှု ၊ တိုးတက်မှု အခြေအနေကို အမြဲမပြတ်လေ့လာပါ။

(ယခင်တပတ် ၊ ယခင်လ စတဲ့ စံချိန်စံနှုန်းတွေနဲ့ နှိုင်းဆပြီး တိုးတက်မှုရှိ ၊ မရှိ ၊ ဘာကြောင့် မတိုးတက်လာသလဲ ၊ ဘာကြောင့် ဆုတ်ယုတ်သွားသလဲ ၊ ဘာကြောင့် တအားတိုးတက်နေသလဲဆိုတဲ့ အကြောင်းအရာတွေကို သတိထားဖို့မမေ့ပါနဲ့။ လိုတိုးပိုလျှော့အခြေအနေတွေကို ဖန်တီးပြုပြင်ပေးဖို့လည်း ကိုယ်ကဦးဆောင်ရမှာပါ။)

၃။ ကလေးသင်ယူမှု ပညာရပ်တွေမှာ ကိုယ်တိုင်က စိတ်ပါဝင်စားမှုမျိုးမရှိသည့်တိုင် ကလေးဘာတွေ ဘယ်လိုသင်နေရသလဲဆိုတာကို နားလည်အောင်တော့ ကြိုးစားလေ့လာပါ။ ဒီဘက်ပိုင်းမှာ တခြားသူတွေက ဘာတွေ ဘယ်လိုလုပ်ပြီး ပိုကောင်းတဲ့ရလဒ်မျိုးထွက်လာတယ် ၊ ဘယ်ဆရာက အချိန်တိုအတွင်း ဘယ်လိုပိုကောင်းအောင် သင်ကြားပေးနိုင်တယ်ဆိုတာတွေကိုလည်း ရှာဖွေစနည်းနာပါ။ ဒီလိုဆရာနဲ့ ဒီလိုနည်းလမ်းတွေကို ပံ့ပိုးပြီး ကလေးကို အကောင်းဆုံးသင်ယူခွင့်ရဖို့ ဖန်တီးပေးပါ။

၄။ ဒီတလိုင်းချည်း ချွန်ထွက်နေထာမျိုးမဟုတ်ဘဲ ဘဝအတွက်အရေးပါတဲ့ စိတ်ထား ၊ လူ့ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်အောင် နေထိုင်နည်း ၊ လူနေမှုဘဝမှာ မရှိမဖြစ် ၊ မတတ်မဖြစ်တဲ့ ပညာရပ်တွေ သိရှိတတ်မြောက်ဖို့ လေ့ကျင့်သင်ကြားပေးတာတွေလည်း ထပ်လုပ်ရဦးမှာပါ။

၅။ ဒါတွေအကုန် စိတ်အေးသက်သာစွာ လုပ်ပေးနိုင်ဖို့ဆိုတာ လုံလောက်တဲ့ စားဝတ်နေရေးနဲ့ ပံ့ပိုးနိုင်တဲ့ ငွေအခြေအနေလည်း ရှိဦးမှဖြစ်မှာမို့ ငွေကြေးတောင့်တင်းဖို့ဆိုတဲ့ အခြေခံအချက်လည်း မေ့ပစ်ထားလို့မရပါဘူး။

ဒီအခြေခံ(၅)ချက်နဲ့ ကောင်းကောင်းပြုစုပျိုးထောင်ပေးသွားမယ်ဆိုရင် ကိုယ့်မျိုးဆက်ထဲမှာ ထူးချွန်အောင်မြင်တဲ့ မျိုးဆက်ကလေးကို ပျိုးထောင်နိုင်ပြီပေါ့။ ကိုယ်မထူးချွန်ရင်နေပါစေ ထူးချွန်တဲ့ မျိုးဆက်ကို အဆင့်ဆင့် ပြုစုပျိုးထောင်ပေးသွားနိုင်ရင် ထူးချွန်တဲ့မျိုးဆက်ကို ထိန်းသိမ်းသွားနိုင်မှာပါ။ နောက်မျိုးဆက်ဆိုတာ 

ဒီမျိုးဆက်ထက် ထူးချွန်နေပါမှ ပိုမိုကောင်းမွန်တဲ့ မျိုးဆက်သစ်တွေကို ပြုစုပျိုးထောင်ပေးနိုင်မှာပါ။

ကိုယ်ဟာ ကိုယ့်မိဘလောက်မထူးချွန်ခဲ့ဘဲ ကိုယ့်သားသမီးဟာလည်း ကိုယ့်လောက်မှ မထူးချွန်ရင် ကိုယ်တာဝန်ရှိနေတဲ့ ကိုယ့်မျိုးဆက်အပေါ် ကိုယ်တာဝန်ကျေပါရဲ့လား …..

ရတု (Burmesehearts.com)