twitter/reddit
အေမရိကန္ႏိုင္ငံ မီရွီဂန္ျပည္နယ္ေန အမ်ိဳးသမီးတစ္ဦးဟာ သန္းၾကြယ္သူေဌးၾကီးတစ္ဦးျဖစ္တဲ့ ဘီလ္ဂိတ္ဆီကေန လ်ိဳ႕၀ွက္ခရစၥမတ္လက္ေဆာင္ေတြ ရရွိခဲ့တယ္လို႔ fox8 သတင္းအရ သိရပါတယ္။ အဆိုပါ အမ်ိဳးသမီးဟာ ဒီတြားမက္ထရိုဧရိယာမွာ ေနထိုင္သူ ရွယ္လ္ဘီအမည္ရပါတယ္။ သူမဟာ 95 RedditGift exchanges အစီအစဥ္မွာ ပါ၀င္ခဲ့ကာ ဒီႏွစ္ခရစၥမတ္မွာေတာ့ ကံအၾကီးၾကီး ထူးခဲ့တာ ျဖစ္ပါတယ္။
ကမာၻ႔ဒုတိယအခ်မ္းသာဆံုးသူျဖစ္တဲ့ ဘီလ္ဂိတ္ဆီကေန ရွယ္လ္ဘီဟာ သူမအႏွစ္သက္ဆံုး ရုပ္ရွင္ဇာတ္ကားေတြ၊ စာအုပ္ေတြနဲ႔ ဗီဒီယိုဂိမ္းေတြပါ လက္ေဆာင္ရရွိခဲ့တာ ျဖစ္ပါတယ္။ တခ်ိဳ႕ ေသာ ထူးထူးျခားျခား လက္ေဆာင္ေတြထဲမွာေတာ့ ဟယ္ရီေပၚတာ စင္တာ ဦးထုပ္၊ ေဟာ့ဂ္၀ပ္ရဲတိုက္ၾကီးကို တည္ေဆာက္ႏိုင္မယ့္ Lego အရုပ္ဆက္တံုးေတြနဲ႔အတူ၊ R2D2 puzzle နဲ႔ F.Scott Fitzgerald ရဲ႕ စာေရးသူကိုယ္တိုင္ေရးသားထားတဲ့ The Great Gatsbyဇာတ္ညႊန္းေတြလည္း ပါ၀င္ပါတယ္။
ရွယ္လ္ဘီကေတာ့ The Great Gatsby က သူမအႏွစ္သက္ဆံုး၀တၳဳပါလို႔ ဆိုပါတယ္။ ဒီ၀တၳဳထဲက တစ္ခ်ိဳ႕ေသာ စာသားေတြကိုဆိုရင္ သူ႔မဂၤလာေဆာင္တဲ့အခ်ိန္က်ရင္ ကတိသစၥာဆိုဖို႔အထိေအာင္ ေရးမွတ္ထားတယ္လို႔လည္း ေျပာျပပါတယ္။ ဒါ့အျပင္ ရွယ္လ္ဘီက ဘီလ္ဂိတ္ကို သူမရဲ႕ ကြယ္လြန္သြားၿပီျဖစ္တဲ့ မိခင္ကိုရည္စူးၿပီး American Heart Association မွာ လွဴဒါန္းေပးခဲ့တာကိုလည္း ေက်းဇူးတင္ပါေၾကာင္း ေျပာျပခဲ့ပါေသးတယ္။
Reddit မွာေတာ့ ရွယ္လ္ဘီက ဘီလ္ဂိတ္ကို အခုလို ဆိုခဲ့ပါတယ္။ “….ကြ်န္မေက်းဇူးအတင္ဆံုးကေတာ့ အေမ့အတြက္ ရည္စူးၿပီးAmerican Heart Association ကို လွဴေပးခဲ့တာကိုပါ။ ဒီႏွစ္ကေတာ့ ကြ်န္မအတြက္ စိတ္ခံစားခ်က္ေတြက ရိုလာကိုစတာလိုပါပဲ။ ကြ်န္မအတြက္ အေကာင္းဆံုး ခရစၥမတ္ ျဖစ္ခဲ့ပါတယ္…”
ဘီလ္ဂိတ္ဟာ ႏွစ္စဥ္ႏွစ္တိုင္း RedditGift’s Secret Santaပစၥည္းလဲလွယ္တဲ့ အစီအစဥ္မွာ ပါ၀င္ခဲ့တာ ျဖစ္ပါတယ္။
လင္းလင္း (ShweMom)


Unicode


ဘီလ်ဂိတ်ဆီက လျို့ဝှက်ခရစ္စမတ်လက်ဆောင်ရရှိခဲ့သူ အမျိုးသမီး


twitter/reddit
အမေရိကန်နိုင်ငံ မီရှီဂန်ပြည်နယ်နေ အမျိုးသမီးတစ်ဦးဟာ သန်းကြွယ်သူဌေးကြီးတစ်ဦးဖြစ်တဲ့ ဘီလ်ဂိတ်ဆီကနေ လျို့ဝှက်ခရစ္စမတ်လက်ဆောင်တွေ ရရှိခဲ့တယ်လို့ fox8 သတင်းအရ သိရပါတယ်။ အဆိုပါ အမျိုးသမီးဟာ ဒီတွားမက်ထရိုဧရိယာမှာ နေထိုင်သူ ရှယ်လ်ဘီအမည်ရပါတယ်။ သူမဟာ 95 RedditGift exchanges အစီအစဉ်မှာ ပါဝင်ခဲ့ကာ ဒီနှစ်ခရစ္စမတ်မှာတော့ ကံအကြီးကြီး ထူးခဲ့တာ ဖြစ်ပါတယ်။


ကမ္ဘာ့ဒုတိယအချမ်းသာဆုံးသူဖြစ်တဲ့ ဘီလ်ဂိတ်ဆီကနေ ရှယ်လ်ဘီဟာ သူမအနှစ်သက်ဆုံး ရုပ်ရှင်ဇာတ်ကားတွေ၊ စာအုပ်တွေနဲ့ ဗီဒီယိုဂိမ်းတွေပါ လက်ဆောင်ရရှိခဲ့တာ ဖြစ်ပါတယ်။ တချို့ သော ထူးထူးခြားခြား လက်ဆောင်တွေထဲမှာတော့ ဟယ်ရီပေါ်တာ စင်တာ ဦးထုပ်၊ ဟော့ဂ်ဝပ်ရဲတိုက်ကြီးကို တည်ဆောက်နိုင်မယ့် Lego အရုပ်ဆက်တုံးတွေနဲ့အတူ၊ R2D2 puzzle နဲ့ F.Scott Fitzgerald ရဲ့ စာရေးသူကိုယ်တိုင်ရေးသားထားတဲ့ The Great Gatsbyဇာတ်ညွှန်းတွေလည်း ပါဝင်ပါတယ်။

ရှယ်လ်ဘီကတော့ The Great Gatsby က သူမအနှစ်သက်ဆုံးဝတ္ထုပါလို့ ဆိုပါတယ်။ ဒီဝတ္ထုထဲက တစ်ချို့သော စာသားတွေကိုဆိုရင် သူ့မင်္ဂလာဆောင်တဲ့အချိန်ကျရင် ကတိသစ္စာဆိုဖို့အထိအောင် ရေးမှတ်ထားတယ်လို့လည်း ပြောပြပါတယ်။ ဒါ့အပြင် ရှယ်လ်ဘီက ဘီလ်ဂိတ်ကို သူမရဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ မိခင်ကိုရည်စူးပြီး American Heart Association မှာ လှူဒါန်းပေးခဲ့တာကိုလည်း ကျေးဇူးတင်ပါကြောင်း ပြောပြခဲ့ပါသေးတယ်။

Reddit မှာတော့ ရှယ်လ်ဘီက ဘီလ်ဂိတ်ကို အခုလို ဆိုခဲ့ပါတယ်။ “….ကျွန်မကျေးဇူးအတင်ဆုံးကတော့ အမေ့အတွက် ရည်စူးပြီးAmerican Heart Association ကို လှူပေးခဲ့တာကိုပါ။ ဒီနှစ်ကတော့ ကျွန်မအတွက် စိတ်ခံစားချက်တွေက ရိုလာကိုစတာလိုပါပဲ။ ကျွန်မအတွက် အကောင်းဆုံး ခရစ္စမတ် ဖြစ်ခဲ့ပါတယ်…”

ဘီလ်ဂိတ်ဟာ နှစ်စဉ်နှစ်တိုင်း RedditGift’s Secret Santaပစ္စည်းလဲလှယ်တဲ့ အစီအစဉ်မှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။


လင်းလင်း (ShweMom)