
ဒီဇင္ဘာ(၂၄) ရက္ေန႔က ထြန္းထြန္းရဲ႕ ေမြးေန႔ပါ။ သူ႔ရဲ႕ ေမြးေန႔မွာ မိဘေတြနဲ႔အတူ အလႉအတန္းေတြ ျပဳလုပ္ခဲ့သလို “ေၾကာက္ေၾကာက္ေၾကာက္” အဖြဲ႕သားေတြက ေမြးေန႔ညေလးကို အတူတူ ျဖတ္သန္းခဲ့ပါေသးတယ္။
သ႐ုပ္ေဆာင္ ထြန္းထြန္းကေတာ့ ငယ္ငယ္တုန္းကေလာက္ ေမြးေန႔ကို ရင္မခုန္ေတာ့ဘူးလို႔ ဆိုပါတယ္။ ငယ္ငယ္က သူငယ္ခ်င္းေတြနဲ႔အတူေပ်ာ္ခဲ့၊ ကဲခဲ့တာေၾကာင့္ အသက္အ႐ြယ္ရလာတဲ့အခ်ိန္မွာ ေမြးေန႔ကို အရမ္း ရင္ခုန္တာမ်ိဳးမရွိေတာ့ဘူးလို႔ ဆိုပါတယ္။m “ေမြးေန႔တုန္းက အိမ္မွာ ဆြမ္းကပ္တယ္။ မႏွစ္ကေလာက္ေတာင္ ေမြးေန႔ကို ရင္မခုန္ေတာ့ဘူး အသက္အ႐ြယ္ေၾကာင့္လည္း ဆိုင္မယ္ထင္တယ္။ ကေလးလည္းမဟုတ္ေတာ့ဘူးဆိုေတာ့ေလ။ ငယ္ငယ္တုန္းက ေမြးေန႔ေတြမွာ သူငယ္ခ်င္းေတြနဲ႔ ေပ်ာ္ခဲ့တာေၾကာင့္ေနမယ္အသက္ႀကီးလာတဲ့ ေနာက္ပိုင္းမွာ အထူးတလည္ သိပ္မသတ္မွတ္မိေတာ့ဘူး။ေမြးေန႔တိုင္းမွာ စိတ္ခ်မ္းခ်မ္းသာသာနဲ႔ပဲ ေနခ်င္ေတာ့တယ္” လို႔ ဒီဇင္ဘာ(၂၄) ရက္ေန႔ကျပဳလုပ္တဲ့ “ေၾကာက္ေၾကာက္ေၾကာက္၂” အထူးပြဲမွာ ေျပာခဲ့တာပါ။
တစ္ႏွစ္ထက္တစ္ႏွစ္အသက္အ႐ြယ္ေတြ တျဖည္းျဖည္းရလာခ်ိန္မွာ အလုပ္ကို ပိုေကာင္းေအာင္ ႀကိဳးစားဖို႔နဲ႔ မိဘေတြကို ခ်မ္းခ်မ္းသာသာထားႏိုင္ဖို႔ကိုပဲ ေတြးမိေတာ့တယ္လို႔ ဆိုပါတယ္။”“မႏွစ္ ကဆိုလည္း ေတြးမိတယ္။ အလုပ္ကို တစ္ႏွစ္ထပ္တစ္ႏွစ္ပိုေကာင္းေအာင္ႀကိဳးစားရမယ္။ အေဖအေမကိုလည္း ခ်မ္းခ်မ္းသာသာ ထားႏိုင္ရမယ္ဆိုၿပီးေတြးမိတယ္။ဒီႏွစ္မွာလည္း ဒါပဲေတြးမိပါတယ္” လို႔ ဆိုပါတယ္။ သူ႔ရဲ႕ အိမ္ေထာင္ေရးနဲ႔ ပတ္သက္ၿပီးေတာ့လည္း အရာအားလုံး ေသခ်ာသြားတဲ့တစ္ေန႔ ပရိသတ္ေတြကို ေျပာျပသြားမွာပါတဲ့ ။
ထြန္းထြန္းကိုေတာ့ Examplez ဆိုတဲ့ အဆိုေတာ္အဖြဲ႕ကေနတဆင့္ ပရိသတ္ေတြ စတင္အားေပးခဲ့တာျဖစ္ပါတယ္။ လက္ရွိမွာေတာ့ သူဟာ ဂီတအလုပ္ေတြထက္ သ႐ုပ္ေဆာင္အလုပ္ကို ပိုၿပီးေတာ့ အာ႐ုံစိုက္ေနတာကို ေတြ႕ရပါတယ္။ ဂီတဘက္မွာလည္း ေအာင္ျမင္မႈမ်ားစြာရရွိခဲ့သူျဖစ္သလို သ႐ုပ္ေဆာင္ဘက္မွာလည္း ‘’အုတ္ၾကားျမက္ေပါက္’’ ႐ုပ္ရွင္ဇာတ္ကားႀကီးနဲ႔ ၂၀၁၆ ခုႏွစ္အတြက္ အေကာင္းဆုံး အမ်ိဳးသားဇာတ္ေဆာင္ဆုကို ထိုက္ထိုက္တန္တန္ ရရွိခဲ့တာ ျဖစ္ပါတယ္။
ဆယ္လီရပ္ကြက္
Unicode
ငယ်ငယ်တုန်းကလောက် မွေးနေ့ကို ရင်မခုန်တော့ဘူးဆိုတဲ့ ထွန်းထွန်း
ဒီဇင်ဘာ(၂၄) ရက်နေ့က ထွန်းထွန်းရဲ့ မွေးနေ့ပါ။ သူ့ရဲ့ မွေးနေ့မှာ မိဘတွေနဲ့အတူ အလှူအတန်းတွေ ပြုလုပ်ခဲ့သလို “ကြောက်ကြောက်ကြောက်” အဖွဲ့သားတွေက မွေးနေ့ညလေးကို အတူတူ ဖြတ်သန်းခဲ့ပါသေးတယ်။
သရုပ်ဆောင် ထွန်းထွန်းကတော့ ငယ်ငယ်တုန်းကလောက် မွေးနေ့ကို ရင်မခုန်တော့ဘူးလို့ ဆိုပါတယ်။ ငယ်ငယ်က သူငယ်ချင်းတွေနဲ့အတူပျော်ခဲ့၊ ကဲခဲ့တာကြောင့် အသက်အရွယ်ရလာတဲ့အချိန်မှာ မွေးနေ့ကို အရမ်း ရင်ခုန်တာမျိုးမရှိတော့ဘူးလို့ ဆိုပါတယ်။m “မွေးနေ့တုန်းက အိမ်မှာ ဆွမ်းကပ်တယ်။ မနှစ်ကလောက်တောင် မွေးနေ့ကို ရင်မခုန်တော့ဘူး အသက်အရွယ်ကြောင့်လည်း ဆိုင်မယ်ထင်တယ်။ ကလေးလည်းမဟုတ်တော့ဘူးဆိုတော့လေ။ ငယ်ငယ်တုန်းက မွေးနေ့တွေမှာ သူငယ်ချင်းတွေနဲ့ ပျော်ခဲ့တာကြောင့်နေမယ်အသက်ကြီးလာတဲ့ နောက်ပိုင်းမှာ အထူးတလည် သိပ်မသတ်မှတ်မိတော့ဘူး။မွေးနေ့တိုင်းမှာ စိတ်ချမ်းချမ်းသာသာနဲ့ပဲ နေချင်တော့တယ်” လို့ ဒီဇင်ဘာ(၂၄) ရက်နေ့ကပြုလုပ်တဲ့ “ကြောက်ကြောက်ကြောက်၂” အထူးပွဲမှာ ပြောခဲ့တာပါ။
တစ်နှစ်ထက်တစ်နှစ်အသက်အရွယ်တွေ တဖြည်းဖြည်းရလာချိန်မှာ အလုပ်ကို ပိုကောင်းအောင် ကြိုးစားဖို့နဲ့ မိဘတွေကို ချမ်းချမ်းသာသာထားနိုင်ဖို့ကိုပဲ တွေးမိတော့တယ်လို့ ဆိုပါတယ်။”“မနှစ် ကဆိုလည်း တွေးမိတယ်။ အလုပ်ကို တစ်နှစ်ထပ်တစ်နှစ်ပိုကောင်းအောင်ကြိုးစားရမယ်။ အဖေအမေကိုလည်း ချမ်းချမ်းသာသာ ထားနိုင်ရမယ်ဆိုပြီးတွေးမိတယ်။ဒီနှစ်မှာလည်း ဒါပဲတွေးမိပါတယ်” လို့ ဆိုပါတယ်။ သူ့ရဲ့ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီးတော့လည်း အရာအားလုံး သေချာသွားတဲ့တစ်နေ့ ပရိသတ်တွေကို ပြောပြသွားမှာပါတဲ့ ။
ထွန်းထွန်းကိုတော့ Examplez ဆိုတဲ့ အဆိုတော်အဖွဲ့ကနေတဆင့် ပရိသတ်တွေ စတင်အားပေးခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ သူဟာ ဂီတအလုပ်တွေထက် သရုပ်ဆောင်အလုပ်ကို ပိုပြီးတော့ အာရုံစိုက်နေတာကို တွေ့ရပါတယ်။ ဂီတဘက်မှာလည်း အောင်မြင်မှုများစွာရရှိခဲ့သူဖြစ်သလို သရုပ်ဆောင်ဘက်မှာလည်း ‘’အုတ်ကြားမြက်ပေါက်’’ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ၂၀၁၆ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့တာ ဖြစ်ပါတယ်။
ဆယ်လီရပ်ကွက်
0 Comments